Pages

Tuesday, October 25, 2011

တပ်မတော်စည်းကမ်းရှိမှ ရုရှားမှာ နေခွင့်ရမည်.. (ရုရှားမှစစ်ဗိုလ်များ စည်းမဲ့ကမ်းမဲ့ နေထိုင်မှုကြောင့် အဆောင်မှနှင်ထုတ်မည့် အခြေအနေအား ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၏ လျှို့ဝှက် သတိပေးချက်)

၂၀၁၀စက်တင်ဘာလ ၈ရက်နေ့က မြန်မာစစ်ဗိုလ် ကျောင်းသား ၅၁ဦးအဖွဲ့ မော်စကိုမြို့ရှိ MSTU ကျောင်းသို့ ရောက်ရှိလာစဉ်..
ရုရှားမှ မြန်မာစစ်ဗိုလ်များရဲ့ ၂၀၁၀ ပြည်ထောင်စုနေ့က မြန်မာ့ရိုးရာ အတာသင်္ကြန် သရုပ်ပြပွဲ..
ရုရှားမှ နောင်တခေတ်ရဲ့ အောင်စစ်သည်များ စည်းမဲ့၊ ကမ်းမဲ့ စည်းပျက်၊ ကမ်းပျက် နေထိုင်မှုကြောင့် အဆောင်မှ ထွက်ပေးရန် တောင်းဆိုခံရမှုနှင့် ၂၀၁၀သြဂုတ်လက ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၏ လျှို့ဝှက် သတိပေးချက်တဲ့ဗျို့...
၂၀၁၀ခုနှစ် ဖေဖော်ဝါရီလက ရုရှားမှာ ပြုလုပ်တဲ့ ပြည်ထောင်စုနေ့ အခမ်းအနားမှာ တွေ့ရတဲ့ သံအမတ်ကြီး ဦးမင်းသိန်း (ဝဲ-ဒု)၁၆ သြဂုတ် ၂၀၁၀ ခုနှစ်က မြန်မာသံအမတ်ကြီး ဦးမင်းသိန်း၏ လျှို့ဝှက် သတိပေးစာ

47 comments:

  1. ငိုကျော်ဆန်း(ကြပ်ပြေးနေပြည်တော်)October 26, 2011 at 1:05 AM

    ဒီမိုဝေယံ. မင်းကိုတော့လေ. စိစိညက်ညက်ကြေအောင်. အမှုံ့ကြိတ်ပြစ်လိုက်ချင်ပြီ၊. လျို့ဝှက်ပါဆိုမှဘဲ. ရုရှားကမြန်မာတပ်မတော်သား. အရာရှိတွေ. စည်းကမ်းမရှိတာ. တကမ္ဘာလုံး. သိအောင်ဖွလိုက်ပြန်ပီ၊. မင်းသိထားဘို့က. အခုအရာရှိတွေဟာ. အရင်ခေတ်ကလို. နိုင်ငံချစ်စိတ်နဲ့စစ်ထဲဝင်တာမဟုတ်ဘူးကွ၊
    အဖေဗိုလ်ချုပ်. ဦးလေးဗိုလ်ချုပ်တို့. ရဲ့ရာထူးအမွေ. ဆက်ခံဘို့ဝင်တာကွ၊. အဖေဗိုလ်ချုပ်. ဦးလေးဗိုလ်ချုပ်
    တို့ခိုးထားတာက. ဆယ်သက်စားလို့မကုန်ဘူးကွ၊. အသက်ကြီးလာမှ. ကဒါဖီလိုဖြစ်မှာ. စိုးလို့စိတ်ချရအောင်
    ဆွေမျိုးတွေချည်း. ဗိုလ်သင်တန်းပေးတက်ခဲ့တာကွ၊. ဒါကြောင့်. ကိုယ်ဆွေကိုယ်မျိုး. တပ်မတော်ဖြစ်နေပြီး
    အဖေက. ဗိုလ်ချုပ်ဆိုတော့. တပ်မတော်သာအမိ. တပ်မတော်သာအဖ. ဖြစ်နေတာပေါ့ကွ၊. ဥပမာ. ဦးအောင်သောင်း
    နဲ့သူခိုးကြီး. အဲလေယောင်လို့သူဌေးကြီးဦးခင်ရွှေလို. ခမည်းခမက်လားဘာလား။. မင်းတို့ကိုအဲဒါကြောင့်. စာပေ
    လွတ်လပ်ခွင့်. မပေးတာကွ၊. ပေးလိုက်ရင်. အခုပခုက္ကူရေကြီးသလို. တခါထဲခေတ်ရေးစီးချောင်းထဲမှာ. မျောပါကုန်
    ပြီး. အန္တရယ်ဖြစ်မှာစိုးလို့ကွ၊. ကျုပ်ကတခါဘဲငိုဘူးတာ. မင်းတို့ဖွလို့မဆုံးတော့ဘူး။

    ReplyDelete
  2. အမေကျော်ဒွေးတော်လွမ်း
    သူခိုးကိုဓားရိုးကမ်းတဲ့ပုဆိမ်ရိုးအဖွဲ့ 
    ကိုယ့်ဆွေကိုယ်မျိုးစိုးမိုးထားတဲ့တပ်ကမတော်တဲ့
    အဖွဲ့ တွေဆိုတော့သွားလေရာအနံ့ တစ်ထောင်းထောင်းပေါ့ဗျာ..

ဲ့

    ReplyDelete
  3. ဒီမို ရေ မင်းသိပ်တော်တယ်

    ReplyDelete
  4. very good post,I know about the military .

    ReplyDelete
  5. ကိုဒီမို ခွေးကလူကို ကိုက်တာ သတင်းမဟုတ်ဘူး ။ လူကခွေးကိုကိုက်တာမှ သတင်းပါ။ တိုင်းပြည်မှာ စည်းမရှိကမ်းမရှိ ခိုး ကိုယ်ထုတ်တဲ့ဥပဒေကိုကိုယ်က စပြီးပြန်ချိုးဖေါက်တဲ့ဗီဇရှိသူတွေက မွေးထားတဲ့အကောင်တွေလေ ။ သူခိုးတွေ လူလိုသူလို နေရာပေးထားတော့ မျိုးရိုးဗီဇ က ၁၂-ရာသီပတ်လုံး ဘယ်ငြိမ်နေပါ့မလဲ ။ ပေါ်လာတာပေါ့ ။ သူတို့ စည်းကမ်းမရှိတာ သတင်းမဟုတ်ပါဘူး ။

    ဒါပေမဲ့ လျှို့ ဝှက်ချက်ကိုတင်ပေးနိုင်တဲ့ အဆက်အသွယ်အစွမ်းအစကိုတော့ ချီးကျူးတယ်ဗျာ ။ တရက်အာဏာကိုချုပ်ကိုင်မဲ့သူတွေက လမ်းမကြီးတွေပေါ်မှာ ဆိုင်းဘုတ်ကြီးတွေနဲ့ ပြည်သူလူထုကိုတော့ စည်းကမ်းရှိကြပါတဲ့ ။

    ဒီလိုစည်းကမ်းဥပဒေ ကိုအလေးမထားသူတွေလက်ထဲအာဏာ ၂၅-% ပေးထားရတာ ဘယ်လောက်တိုင်းပြည်နာသလဲ ။ ရုရှားတက္ကသိုလ်က လျှို့ ဝှက်မှတ်တမ်းတွေမှာ နာမည်ပျက်ထားသူတွေ အခုကျနော်တို့ လွှတ်တော်မှာ ဘယ်နစ်ကောင်ဝင်ထိုင်နေမယ်ဆိုတာ ရုရှားကကြည့်နေမှာဘဲ ။

    ဒီလိုအကောင်တွေကို လွှတ်တော်မှာ ဘဏ္ဍာရေးကော်မတီမှာထားလို့ကတော့ ...ငါးပါးမဟုတ်ဘူး သံဃာစင်ပါမှောက်ပြီ ။ သူခိုးဗီဇက ဗိုက်ထဲကထည်းကပါလာသူတွေ ။ စောရနက္ခတ်က ကာလလရေကြည်တည်ကထဲက ပါလာသူတွေလေ။

    ReplyDelete
  6. ကိုဒီမိုရေ..
    ကိုဒီမိုရဲ့ ကလောင်တစ်လက်ဟာ
    ပြည်သူတွေအတွက်တော့အားဆေးတစ်ခွက်ပါဘဲ

    ReplyDelete
  7. ဖိုးဖိုးဝံသာနုOctober 26, 2011 at 11:13 AM

    တပ်မတော်အရာရှိတွေကို. မိန်းကလေးဝတ်စုံဝတ်ပြီး. ရိုးရာအက
    ကခိုင်းတာ. ရည်ရွယ်ချက်ရှိတယ်၊. ယောကျာင်္းရင့်-မ-ကြီးတွေဖြစ်ရဲ့
    သားနဲ့. မိန်းမလိုမိန်းမရ. မုန်လာဥလုပ်တတ်အောင်၊. စကားကိုဗလောင်း
    ဗလဲပြောတတ်အောင်. မောင်ခင်ညွန့်. တို့တတွေလဲ. လေ့ကျင့်ခဲ့ကြတာ
    ပါဘဲ၊. စစ်တန်းလျားပြန်ပါ့မယ်လို့. ကတိတွေပေးပြီး. အသစ်တန်းစားတွေ
    တွေ့တော့. တချိန်တုံးကပါတီနိုင်ငံရေးကို. ပြည့်တန်ဆာလုပ်စားသလို
    ပက်ပက်စက်စက်သမုတ်ခဲ့၊. ပြီးတော့ကြံ့ဖွတ်ပါတီဖွဲ့. အထုပ်ကြီးရေးကောက်
    ပွဲကိုလုပ်။ဒီလောက်အောက်တန်းကျ. ယုတ်မာတာတွေကိုလုပ်ခဲ့တယ်ဆိုတဲ့
    သမိုင်းမှန်ကတော့. ကမ္ဘာတည်သ၍. ဖျောက်ဖျက်ပြစ်လို့မရတော့ဘူး။

    ReplyDelete
  8. Is it, they are gay??

    ReplyDelete
  9. ဒီကောင်တွေအကြောင်း မရေးနဲ့ကွာ ပြည်သူထဲက ဖြစ်သွားတဲ့ကောင်တွေက အပွင့်လေး တစ်ပွင့် နှစ်ပွင့်ချိတ်လိုက်တာနဲ့ ပြည်သူကို ပြန်ပညာပြ ပြည်သူကိုပြန်သတ်တဲ့ကောင်တွေ တော်တော်စိတ်နာတယ်လေ ပြည်သူကကျွေးတဲ့ထမင်းစား ပြည်သူကို မကာကွယ်ပဲ ပြည်သူကို ဘယ်လိုဒုက္ခပေးရမလဲ ချောင်းနေတဲ့ သူခိုးတွေ ဘာစည်းကမ်းရှိတာလဲ တပ်မတော်မှာ စည်းကမ်းက အဓိကတဲ့ ဘာစည်းကမ်းလဲ ငနွားတွေ တီးလိုက်ရင်တော့ အမျိုးပြုတ်တော့မယ်

    ReplyDelete
  10. လျို့ ဝှက်ကို သတင်းအဖြစ်တင်နိုင်တာ မချီးကျူးဘဲ မနေနိုင်ပါဘူး။

    ReplyDelete
  11. ဒီမိုခင်ဗျားစာလုံးအရွယ်နဲနဲကြီးပေးဖို့နဲ့.စာတွေကွယ်မသွားအောင်ပြင်ပေးစေချင်ပါတယ်.

    စာကြောင်းတချို့ကွယ်နေတယ်အပေါ်၂ခုကိုကြည့်ပါ..ကျေးဇူးတင်ပါတယ်.

    ReplyDelete
  12. နအဖသန်းရွှေ Phd ( ငတက်ပြား)ကြံဖွိ့သိန်းစိန်Phd(ငတို)October 26, 2011 at 3:26 PM

    ခွေးမသားတွေ.ငါထုတ်ထားတဲ့လျှို့ဝှက်အမိန့်တောင်လုံခြုံအောင်သိမ်းမထားနီုင်ဘူး

    ပြန်လာမှတွေ့မယ်.

    ReplyDelete
  13. ဒီမိုဝေယံOctober 26, 2011 at 3:55 PM

    ဟုတ်ကဲ့ခင်ဗျာ.. စာလုံးနဲနဲ ကြီးပေးထာပါတယ်... အချိန်ရရင် ဆက်လက် လိုအပ်တာတွေ ပြင်ဆင်ပေးပါမယ်... ကျေးဇူးတင်ပါတယ်...။ လိုအပ်တာတွေ အကြံပေးနိုင်ပါတယ်..။

    ReplyDelete
  14. ဟားဟား! ဒီစစ်ကျွန်ဂန္ဒူးတွေမှာ နဂိုကထဲက အဆင့်အတန်းမရှိတာတော့ သိနေပြီးသားပါ။ ဒါပေမယ့် ဒီလောက် ယင်တလောင်းလောင်း ပိုးဟပ်တရွရွ ကြွက်တစီစီ ပိုးထိုးလောက်တက်လောက်အောင် ညစ်ပတ်စုတ်ပဲ့မယ့်ကောင်တွေမှန်းသာ မထင်ခဲ့မိတာ။ ခုတော့ စာတတန်ပေတတန်နဲ့မို့ သူတို့ရုရှားကောင်တွေ ထုံးစံအတိုင်း ငါ့စကားနွားရအတင်းဖင်ပိတ်ငြင်းလို့မရတော့တာ ပိုကောင်းတာပေါ့။ ဘာတဲ့.. သူတို့ပြောနေကျစကား အမျိုးဂုဏ်ဇာတိဂုဏ်တွေဆိုတာ ခုတော့ ပိုးဟပ်ကိုက်ကြွက်စားသွားပြီထင်ပါရဲ့။ နိုင်ငံတကာမှာ တိုင်းပြည်နဲ့လူမျိုးသိက္ခာကို အဖတ်ဆည်မရအောင် စွမ်းစွမ်းတမာန် ကြိုးပမ်းနေလိုက်ကြတာ၊ သူတို့အတွက်ကုန်ကျနေရတဲ့ တိုင်းပြည်ဘဏ္ဍာတွေအတွက်၊ ဟိုမှာ ငတ်ပြတ်ဒုက္ခရောက်နေရတဲ့ ရေဘေးဒုက္ခသည်တွေကိုယ်စား ရင်နာမိတယ်။

    ReplyDelete
  15. ကျွန်တော်တခုလောက်ပြောချင်တယ် ရုရှကစစ်ဗိုလ်တိုင်း စည်းမဲ့ကမ်းမဲ့ စုတ်တီးစုတ်ပြတ်နေထိုင်နေတာမဟုတ်ဘာဘူး။ တိုင်းပြည်တပြည်မှာ ဥပဒေ တခု အဖွဲ့အစည်းတခုမှာ စည်းကမ်း စည်းမျဉ်း တွေ ချမှတ်တာ အဲ့တိုင်းပြည် တပြည်လုံး အဖွဲ့အစည်းတခုလုံး က လူတွေစည်းကမ်းဖောက်ဖျက်နေလို.လား အဲ့တိုင်းပြည် အဲ့အဖွဲ့အစည်း စည်းကမ်းစနစ်တကျနဲ့ ရပ်တည်နေနိုင်ဖို.လား ဦးနှောက်ရှိပီး ပညာရှိပီပီသသ တွေးတောတတ်ရင် သိမှာပါ.လောကမှာ အသန့်ရှင်း အမွန်အမြတ်ဆုံးအဖွဲ့အစည်းလို. ပြောလို.ရတဲ့ ဗုဒ္ဒရဲ့သာသနာတော်မှာတောင် ရဟန်းတွေအတွက် ကျင့်ဝတ်တွေကို ဗုဒ္ဒမြတ်စွာဟာ အချိန်အားလျော်စွာ ထုတ်ပြန်ပေးခဲ့ရတယ်ဆိုတာ စာပေလိုက်စားသူ သိမှာပါ။ ဘ.်အဖွဲ့အစည်း ဘယ်နေရာမှာမဆိုတော့ ခြောက်ပြစ်ကင်းသဲလင်းစဉ်း တော့ မဖြစ်နိုင်ဘူးပေါ့ ။မြတ်ဗုဒ္ဒရဲ့သာသနာတော်မှာတောင်မှဘဲ ဒေ၀ဒတ္တရဟန်းတော်လို. ရဟန်းမျိုးတွေပါဝင်သေးတာဘဲ ပုထဇဉ်လူသား တွေနဲ့ ဖွဲ့စည်းထားတဲ့ ဒီ စစ်ဗိုလ် ဆိုတဲ့ မတစ်ထောင် သားအဖွဲ့အစည်းမှာလဲ မကောင်းတာတွေလဲ ပါမှာဘဲ ဒါဟာ သဘာဝါကျတဲ့ကိစ္စတခုပါ။။ လူကြီးတယောက်အနေနဲ့ ကိုယ့်နိုင်ငံ သိက္ခာမကျအောင် ကြိုတင်ကာကွယ်တဲ့ အနေနဲ့အမိန့်ထုတ်ပြန်တာပါ။ အချို.ချို.လဲ ဖောက်ဖျက်တာရှိမှာပါဘဲ ။အခုရေးတာ ရုရှကစစ်ဗိုလ်တယောက်အနေနဲ့ ရေးတာမဟုတ်ဘူးနော် သာမာန် လူပဂ္ဂိုလ်တယောက်အနေနဲ့ ယထာဘူတ ကျကျ ပြောပြတာပါ ။ဒါပါဘဲ အားလုံးကို ကျေးဇူးတင်ပါတယ်... :DND

    ReplyDelete
  16. မင်းသိန်း(မော်စကို)October 27, 2011 at 3:11 AM

    နောင်တခေတ်ရဲ့ ကြောင်စစ်သည်ရေ မင်းစစ်သွေးရေ မိုးကြိုးပစ်ထန်းလက်နဲ့ မကာနဲ့မောင်ရင် မောင်ရင်တို့ တိုင်းပြည်ကို ချစ်လှပါပေတယ်ဆိုပြီး ပြောလိုက်ရတာလည်း မောင်ရင်တို့ အပြင် ၂ယောက်မရှိ၊ ခုလုပ်ရပ်က မောင်ရင်တို့ မြန်မာလူမျိုးတွေမျက်နှာကို အိုးမည်းသုတ်တာမောင်ရင်၊ မောင်ရင်တို့ ပြည်သူ့ဘဏ္ဍာငွေတွေနဲ့ ကျောင်းသွားတက်ရတာ မောင်ရင်တို့ သတိထားမိပါလေစ၊

    လူကြီးတယောက်အနေနဲ့ သိက္ခာမကျအောင် ကြိုတင်ကာကွယ်တယ်ဆိုလို့ မောင်ရင်အဘမင်းသိန်း ထုတ်ပြန်ချက်သေချာဖတ်ကြည့်မောင်ရင် သိက္ခာကကျပြီး အဖတ်မဆည်နိုင်ဖြစ်တော့မှ သံရုံးက အမိန့်ထုတ်ရတာလေ မောင်ရင်၊ အမှန်တရားကို အရှိအရှိတိုင်းမြင်လေ.. ဘာမှမဆိုင်တဲ့ ရဟန်းတော်တွေ ဆွဲမထည့်နဲ့လေ ဆွမ်းဆန်ထဲက ကြွက်ချေးပြောရအောင် ကျောင်းသား ၁၇၃ယောက်လုံးဆိုတော့ မောင်ရင်တို့ ကျောင်းမှာ အကုန်ကြွက်ချေးတွေပါလား၊ မောင်ရင်တို့က မတောင်းပန်တဲ့အပြင် ဟိုလူလွှဲချ ဒီလူလွှဲချနဲ့ ဒီပုပ်ထဲက ဒီပဲတွေပါလား မောင်ရင်တို့လို စစ်တပ်က စည်းမဲ့ကမ်းမဲ့တွေကြောင့် တိုင်းပြည်ပျက်ရတာ မောင်ရင်ရေ..
    မောင်ရင့်ဘကြီး ဒေဝဒတ် သန်းရွှေ ရွှေမျက်တော် ရှလောက်ပြီ သတိသာထားနေတော့မောင်ရင်ရေ

    မင်းသိန်း(မော်စကို)

    ReplyDelete
  17. ကို ဒီမို ရေ.......ဒီကသတင်းတွေကို တခြားသူငယ်ချင်းတွေ ဆီ ပို ချင့်တာ share ချင်တာ မရဘူး.......ဖေစ့်ကို လှမ်းတင်မယ်ဆိုလည်းမရဘူး ....ဘာကြောင့်ပါလဲ ........

    ReplyDelete
  18. သောက်ကျင့်တွေက ဘိုးစဉ်ဘောင်ဆက် သားစဉ်မြေးဆက် “အခုရေးတာ ရုရှကစစ်ဗိုလ်တယောက်အနေနဲ့ ရေးတာမဟုတ်ဘူးနော် သာမန်လူပုဂ္ဂိုလ်တယောက်အနေနဲ့ ယျထာဘူတကျကျ ပြောပြတာပါ” တဲ့၊ မင့်အဘတွေလဲ ဒီလိုအချိုးမျိုးပဲလေ၊ သူတို့မှာခုဆိုရင် စစ်တပ်ကဗိုလ်ရှုပ်ဗိုလ်စုတ်တွေမဟုတ်တော့ဘူးလေ၊ ချိတ်ထဘီဝတ် ကယ်တင်ရှင်ကြီးတွေအနေနဲ့ တိုင်းပြည်စုတ်ကြီးကို (ဘယ်သူကစုတ်အောင်လုပ်ခဲ့သလဲ? အငြင်းပွားပါအုံး) ပြန်လည်ထူထောင်နေတယ်လို့ ကြွေးကြော်နေကြလေရဲ့။

    ReplyDelete
  19. ကပ္ပိယ(တိုကျို)October 27, 2011 at 11:55 AM

    မင်းစစ်သွေးငပေါလေး၊ဗုဒ္ဓကဝိနည်းတော်တွေကို. အချိန်ကျမှထုတ်ပြန်တာနဲ့. အခုရုရှားပညာတော်သင်စစ်ဗိုလ်တွေ. စည်းကမ်းဖေါက်လို့. သတိပေးစာထုတ်ပြန်တာက. ဘာမှကိုမဆိုင်ဘူး၊. နှိုင်းလဲမနှိုင်းယှဉ်အပ်ဘူး၊ဗုဒ္ဓရဲ့ဥာဏ်တော်
    အတိုင်းအဆမဲ့ကြီးမြတ်မှုနဲ့. အခုလိုကလေကချေလုပ်ရပ်. နဲ့ဘာမှ. မဆိုင်ဘူး။. မင်းတော့. အမိန့်တော်ခံယူပြီး
    အိပ်ပျော်သင့်ပါပြီကွာ။. အရင်တုံးက. မြန်မာ့အမှောင်တို့. ဗိုလ်ချုပ်တသောင်းတို့. သတင်စာတွေမှာလဲ ဆောင်းပါးရေး
    ရင်. လုပ်သားပြည်သူတဦးတို့. လျှပ်စစ်ဝန်ထမ်းတဦးတို့. ပေါက်စတို့. တတွေလဲ. ရေးခဲ့ကြတော့. မင်းဟိုဒါကြိုက်လို့
    စားပြီးပြောတယ်ဘဲ. ယူဆလိုက်တော့မယ်။

    ReplyDelete
  20. ဒီမိုဝေယံOctober 28, 2011 at 3:36 AM

    ကို ဒီမို ရေ.......ဒီကသတင်းတွေကို တခြားသူငယ်ချင်းတွေ ဆီ ပို ချင့်တာ share ချင်တာ မရဘူး.......ဖေစ့်ကို လှမ်းတင်မယ်ဆိုလည်းမရဘူး

    ဟုတ်ကဲ့ ပြန်ပြင်ထားပါတယ်.. ရမရစမ်းကြည့်ပါ..

    ReplyDelete
  21. ကဲ..ရုရှက အမောင်စစ်သည်တို့ ပြောစရာတွေတော့ ဖြစ်ကုန်ပီ.. နေတာ၊ ထိုင်တာ လေးတွေတော့ သတိထားကြကွာ၊ ရွာက စရိုက်တွေ ရွာမှာဘဲ ထားခဲ့ကြ၊ မင်းတို့ လုပ်တာနဲ့ စည်းကမ်းပြည့်ဝသော ခေတ်မှီတပ်မတော်ဆိုတာကြီးကို ဘယ်နား သွားထားရမှန်း မသိဘူး။ မင်းတို့ လုပ်ပုံက မျက်နှာမှာ သနပ်ခါး အဖွေးသား ဖင်မှာ သေးအကွက်လိုက် ဆိုတာမျိုး ဖြစ်နေပီ။

    ReplyDelete
  22. မှားတော. မှားနေပြီထင်တယ်ဗျာ ခင်ဗျား တု.ိရေးထားတာတွေ ဒီလို မျိုးတွေ လုပ်ပေးရတယ်ဆိုတာက
    ကျုပ်တု.ိနိုင်ငံရဲ. ရိုးရာ ဓလေ. ထုံးတမ်းအစဉ်အလာတွေ ပွဲတော်တွေရဲ. အကြောင်းတွေကို ရုရှားက လူမျိုးတွေ သိအောင် ထုတ်ဖော်ပြတာပါ ခင်ဗျားတု.ိတွေထင်သလိုမျိုး တော. လုံးမဟုတ်ဘူး
    ခင်ဗျားတု.ိရဲ. အမေဆိုတဲ. ဒေါ်စုကြည်တောင် တိုင်းတစ်ပါးသားယူထားတာကိုတောင် ခင်ဗျားတု.ိ အမေ တွေထက် ပိုပြီး ကိုးကွယ်သေးတာဘဲ သူလည်း ယူပြီးတော. နိုင်ငံအတွက် ကောင်းကျိုး ဘာများလုပ်ပေးဖူးပါသလဲ?

    ReplyDelete
  23. ဒီမိုဝေယံရေ ခင်ဗျားလည်း ဒီလောက်တောင်သိနေရင် ကျွန်တော်တု.ိနိုင်ငံက လူမျိုးတွေ မသိသေးတဲ. နည်းပညာအကြောင်းတွေ ရေးပြီးတော. တစ်ဖက်တစ်လမ်းကနေ ကူညီပါလားဗျာ ခင်ဗျားတု.ိတွေ သာ ဒီ မဟုတ်တဲ. ဘလော.တွေ ရေးပြီး ပေါက်ကရတွေလုပ်နေကြတာ စော်ကားတာတော.မဟုတ်ပါဘူး

    ReplyDelete
  24. အပေါ်ကကောင် ဒီစကားကို မင်းတို့ စစ်ခွေးဘလောက်တွေမှာ သွားပြောစမ်းပါ။ ဒီထဲမှာ မဟုတ်တာဘာပါနေလဲ။ ဓာတ်ပုံတွေ စာတွေအားလုံး အစစ်အမှန်တွေချည်းပဲ လုပ်ကြံရေးထားတာ တခုမှ မပါဘူး။

    ReplyDelete
  25. ချစ်ကိုကြီးOctober 28, 2011 at 4:38 PM

    မှားခဲ့တဲ့လုပ်ရပ်အတွက်ပြည်သူတွေကို. ရိုးရိုးသားသားလေးဘဲ. ဝန်ချတောင်းပန်ရင်. ပြည်သူတွေက. သဘောထားကြီးပါတယ်၊. ညီငယ်တို့ဟာ. နားတဖက်ဘဲကြား၊. မျက်စေ့တဖက်ဘဲမြင်ပြီး. ဘောင်ကျဉ်းကျဉ်း
    လေးထဲမှာ. စာပေစိစစ်ရေးကဖြတ်ပြီးထွက်လာတဲ့. တလမ်းသွားစာပေတွေ. လောက်ဘဲဖတ်ပြီးကြီးပြင်းခဲ့တာရယ်၊
    ပေါက်နေတဲ့ခွက်နဲ့တောင်ရေပါအောင်ခပ်ရမယ်ဆိုတဲ့. "အမိန့်"အောက်မှာဘဲ. ခေါက်ရိုးကျိုးနေလေတော့. အမိန့်ပေး
    နိုင်တဲ့. အထက်အရာရှိကလွဲရင်. လုပ်သားပြည်သူတွေကို. သေနတ်မိုးပြီး. လူမလေးခွေးမခန့်. လုပ်ချင်နေကြတယ်၊
    ညီငယ်တို့ဟာ. ကျဉ်းကြပ်တဲ့လှောင်အိမ်ဆိုတဲ့. မြန်မာပြည်ကနေ. နဲနဲလေးအသက်ရှူ. ချောင်ရုံ သံဇကာ
    အိမ်ဖြစ်တဲ့. ရုရှားရောက်ရုံရှိသေး. စည်းမဲ့ကမ်းမဲ့. လွတ်ထွက်သွားတာကိုလဲ. နားလည်ပေးနိုင်ပါတယ်၊. ဒါပေမဲ့
    မှားခဲ့တဲ့. အမှားကို. မတောင်းပန်ဘဲ. နဲ့. အထက်အရာရှိမဟုတ်လို့. ဖင်ပိတ်ငြင်းတာမျိုးဟာ. ပြည်သူရဲ့လစာ
    စားပြီး. ပြည်သူကိုပြန်စော်ကားတဲ့. ကျွေးတဲ့လက်ကိုကိုက်တာနဲ့အတူတူဘဲဖြစ်ပါတယ်။. ညီငယ်တို့တတွေ
    အပါအဝင်နိုင်ငံတော်ရဲ့လခကို. ယူတဲ့သူမှန်သမျှဟာ. ပြ ည်သူ့ဝန်ထမ်းဖြစ်တာမို့. ပြည်သူ
    ကိုဦးထိပ်ထားရပါမယ်၊. ပြည်သူတွေကို. ပြန်တောင်းပန်ဘို့. အချိန်မနှောင်းသေးပါဘူး
    ညီငယ်တို့ရာ။. အမြင်မှန်ရစေချင်သူ.

    ReplyDelete
  26. စောက်ပေါတွေ .

    ReplyDelete
  27. ဒေါ်စုကြောင်. နိုင်ငံတော်ကြီး မှာ တော်တော်တိုးတက်မူတွေ ကျရူံးနေပြီ
    လွတ်လပ်ရေးရအောင် လုပ်ပေးခဲ.တဲ. ဗိုလ်ချုပ်အောင်ဆန်းသာ ဒါတွေ သိရင် တော်တော် ကို စိတ်ပျက်မိမှာဘဲ ဗိုလ်ချုပ်ကတော. ကျွန်တော်တု.ိရင် ထဲမှာ အမြဲလေးစားလျက်ပါ
    လေးစားပါတယ် ဗိုလ်ချူပ်

    ReplyDelete
  28. အဲဒါတွေက ကြာပါပြီ။ အခုနေနေရတဲ့ အခြေနေကို လက်တွေ့ လေ့လာသင့်ပါတယ်။ သူများနိုင်ငံသွား သူများကျွေးတာစားပြီး သူများခိုင်းတာ လုပ်နေ ပြောနေ ရေးနေ ကြသူတွေ သူတို့မိဘကရော ဘယ်နိုင်ငံကလဲ။ သူတို့ပြောပြောနေတဲ့ တိုးတက်ဖို့ဆိုတာ ဒီလို ဘေးထိုင်ဘုပြောနေလို့များ ဖြစ်လာမယ်ထင်နေလား။ ဒီအဆင့်လောက်ရောက်အောင်ပဲ ဘယ်သူတွေက လုပ်နေရတာလဲ။ ကိုယ့်မိသားစုတောင် ကိုယ့်နိုင်င်ငံမှာ ၀၀မကျွေးနိုင်လို့ သူတစ်ပါးဆီသွားပြီး သူများခိုင်းတာလုပ်နေရတာပါ။ ကိုယ့်အမေမကောင်းကြောင်းရေးလိုက် ကိုယ့်အဖေ မကောင်းကြောင်းရေးလိုက် ကိုယ့်မိန်းမအကြောင်း ကိုယ့်သားသမီးအကြောင်းရေးလိုက်နဲ့ ရေးစရာကော ကျန်ကြသေးရဲ့လား။ Negative View နဲ့ဆိုရင်တော့ သင်မြင်နေတာတွေက သင့်အတွက်တော့ ပြောစရာတွေပါ။ ဒါပေမဲ့သင်ရော ဘယ်လောက်ကောင်းနေပြီလဲ။ နိုင်ငံတိုးတက်ဖို့မပြောနဲ့ ကိုယ်ဘ၀တိုးတက်ဖို့ ကိုယ့်မိသားစုအတွက် ဘာတွေလုပ်နေလဲ။ ဒီလိုရေးနေ ပြောနေရမှ စားရမယ်ဆိုရင် တော့ မပြောတော့ပါဘူး။ ကောင်းကြောင်းလေးတွေ ရှာရေးကြည့်ပါလား။ ရေးတတ်မှာတောင်မဟုတ်ဘူး။
    ဒီမှာ လက်တွေ့နေနေရတဲ့ အခြေအနေကို လာကြည့်လိုက်ဦး ပြီးမှ ဆက်ပြော။ ၀ါဝါမြင်တိုင်း ရွှေထင်နေရင် တော့ ဒုက္ခတွေ့မယ်နော်။ နဲနဲတော့ လေ့လာစေချင်ပါသေးတယ်။ ဒီထက်ပိုပြီး အတွင်းကျကျဆိုပါတော့။……

    ReplyDelete
  29. သူတစ်ပါးဆီသွားပြီးခိုင်းတာလုပ်နေရတယ်ဆိုတာက ကိုယ်.ကိုကိုယ်ပြောနေတာနဲ. တူပါတယ်ဗျာ
    ကိုယ်.ကိုကိုယ် ပြန်သုံးသပ်ပါအုံး

    ReplyDelete
  30. ဗိုလ်ချုပ်ကိုလေးစားတယ်ဆိုတဲ့. ညီလေး. ! တကယ်လေးစားတယ်ဆိုရင်. ညီလေးအခုနေတဲ့. ရုရှားက. မြန်မာသံရုံးကိုသွား. ဦသန်းရွှေဓါတ်ပုံနေရာမှာ. နိုင်ငံတကာထုံးစံအတိုင်း. လွတ်လပ်ရေးပိသုကာ. ဗိုလ်ချုပ်
    အောင်ဆန်းပုံကို. ပြန်လည်ချိတ်ဆွဲသင့် တယ်လို့. အကြံဥာဏ်ပေး. ပြောဆိုရဲသလား?

    ReplyDelete
  31. အထက်ပြောသွားခဲ့သော ညီအကိုအပေါင်းကိုပြောပြချင်ပါသည်....အထက်ပါကိစ္စရပ်များနှင့်ပတ်သတ်ပြီး လျှို့ ဝှက်သတိပေးစာထုတ်ခဲ့သည်မှာ ဥပမာ-ငယ်ငယ်တုန်းက မိဘတွေက ကိုယ့်ကလေးကို တခြာကလေးထက်သာစေချင် ပညာပိုတတ်စေချင်တဲ့အခါမှာ ကိုယ့်ကလေးကို မင်းကသူ့ထက်အစစအရာရာသာတယ် အေးဆေးနေလည်းရတယ်လို့လည်း အားပေးမလား...?ဒါမှမဟုတ်သူ့တို့ရဲ့စိတ်ကို မခံချင်စိတ်ဖြစ်လာအောင် နှိုးကြွပေးစေချင်တဲ့မိဘစေတနာကြောင့် မင်းသူ့လောက်တောင် အသုံးမကျသေးဘူး မင်းဘယ်လိုဖြစ်နေသေးတယ် ဘာတွေထပ်လုပ်သင့်သေးတယ်ဆိုပြီး သူများထက်သာစေချင်တဲ့မိဘစိတ်နဲ့ ဆုံးမခဲ့သလိုပေါ့ဗျာ...အခုထုတ်ပြန်ခဲ့တဲ့ သတိပေးစာဆိုတာကလည်း အဲ့လိုပါပဲဗျာ အဆောင်ပေါ်က နှင်ချခံခဲ့ရတဲ့ကျောင်းဆိုတာကလည်း အနေအထိုင်ညစ်ပတ်လို့ သန့်သန့်ရှင်းရှင်းမနေလို့မဟုတ်ပါဘူးခင်ဗျာ အခြားသောကိစ္စများကြောင့် အဆောင်ပြောင်းခိုင်းခြင်းဖြစ်ပါသည်... ကျွန်တော်တို့စစ်အရာရှိကျောင်းသားများဆိုတာကလည်း ပြည်သူထဲကမွေးဖွားလာတဲ့စရိုက်ပေါင်းစုံကမွေးဖွားလာတဲ့ မတစ်ထောင်သားတွေသာဖြစ်ပါတယ် ... မြန်မာအစားအစာတွေက တခြားနိုင်ငံခြားသားတွေစားသုံးတာထက်ပိုမိုပြီး အညစ်အကြေးများလွန်းသဖြင့် ကျွန်တော်တို့ကိုယ်တိုင် နေ့စဉ်မီးဖိုခန်းများ ရေချိုးခန်းများ အိမ်သာများကို အလှည့်ကျစနစ်ဖြင့်လုပ်ဆောင်ပေးလျက်ရှိပါတယ် ဘာလို့လည်းဆိုတော့ အဆောင်မှာသန့်ရှင်းရေးလာလုပ်ပေးနေတဲ့အဖွားအိုကြီးကို ကျွန်တော်တို့မြန်မာလူမျိုးတို့ရဲ့စိတ်အရင်းခံရိုသေသနားတတ်သောစေတနာအသိတရားတို့ကြောင့် သန့်ရှင်းရေးကိုနေ့စဉ်လုပ်ဆောင်ပေးခြင်းဖြစ်ပါတယ် အထက်ပါညီအကိုအပေါင်းတို့ကို တခြားနိုင်ငံခြားများအခန်းနှင့် ကျွန်တော်တို့အခန်းများကို ဖြစ်နိုင်ရင်ယှဉ်ပြချင်မိပါတယ်....ရုရှားဆိုတဲ့နိုင်ငံအလွန်အေးလှတဲ့နိုင်ငံတစ်ခုမှာ ကိုယ့်ကိုယ်ကိုရောဂါအဖြစ်ခံပြီး ညစ်ပတ်နေအောင်နေကြမလားဆိုတာကို ဦးနှောက်ရှိရင်တော့စဉ်းစားမိကြမှာပါ.....ဘယ်သူမှတော့ ရောဂါဖြစ်အောင် ကိုယ့်ကိုယ်ကိုညစ်ပတ်အောင်မနေပါဘူးဗျာ....ကျွန်တော်တစ်ခုတော့မေးချင်ပါတယ်ခင်ဗျာ အထက်ပါပြောဆိုသွားတဲ့ဝေဖန်ပုတ်ခတ်သွားတဲ့ ညီအကိုတွေကကော မိမိတို့ဘ၀မှာ အခုအချိန်အထိ စည်းကမ်းရှိစွာအပြောမခံရအောင် နေပြီးဖြစ်ကျော်လာခဲ့တာလားဆိုတာကို အဖြေကိုကိုယ့်ကိုယ်ကိုသိမှာပါ မဟုတ်တဲ့အရာလေးတွေကို လူမျိုးသိက္ခာတွေပဲအကုန်ကျသွားသလို အကြောင်းစုံကိုအတိအကျမသိပဲနဲ့ ပြောဆိုနေတော့မှာလား...?မြန်မာလူမျိုးဆိုတာက အစောကြီးကတည်းက အဲ့လိုအကောင်းမမြင်ဝေဖန်တဲ့လူတွေများနေကတည်းက သိက္ခာတွေကရှိကိုမရှိတော့တာ အမျိုးမျိုးရှုတောင့်အမျိုးမျိုးကနေ အားတိုင်းယားတိုင်းဝေဖန်နေတတ်တဲ့လူတွေများနေမှတော့ နိုင်ငံတော်ကြီးကတိုးတက်အုံးပါ့မလား အဲ့လိုဝေဖန်တတ်တဲ့လူတွေအများစုသာ ထိုးထွင်းကြံဆတတ်တဲ့ လူတွေသာဖြစ်ခဲ့ရင် ကျွန်တော်တို့နိုင်ငံကြီးဟာ တော်တော်တိုးတက်နေလောက်ပါပြီဗျာ...နောက်ဆိုရင် အိမ်သာတက်ရင်တော့ သော့ခတ်ပြီးသေချာလုံခြုံအောင်တက်ရမလိုဖြစ်နေပြီဗျာ... တဖက်ကို မကောင်းတဲ့အမြင်နဲ့အတွေးနဲ့ကြည့်နေမှတော့ အဲ့လူတွေဘာတွေကောင်းတာလုပ်လုပ် သူတို့စိတ်မှာကတော့ အကောင်းကိုမြင်တော့မှာမဟုတ်ပါဘူးဗျာ...လူတိုင်းအမှားမကင်းသလို အမှန်တွေပဲလုပ်နေတတ်ကြတာမဟုတ်ပါဘူးခင်ဗျာ အမှားလုပ်မိတဲ့အချိန်မှာ ဝေဖန်ရေးသားနိုင်သကဲ့သို့ အမှန်လုပ်မိတဲ့အချိန်မှာလည်း မျှတစွာမြင်နိုင်ကြပါစေလို့ပြောဆိုရင်း.... ကျေးဇူးတင်ပါတယ်ခင်ဗျာ...

    ReplyDelete
  32. ပုံ။ ငပေါများအဆောင် (မော်စကို)October 29, 2011 at 4:35 AM

    ဟုတ်ပါတယ် ကိုဒီမိုရေ အပေါ်က မှားတော. မှားနေပြီထင်တယ်ဗျာ ခင်ဗျား တု.ိရေးထားတာတွေ လို့ရေးထားတဲ့သူကို သူတို့ ရေးစေချင်တဲ့ စာအမှန်ကို ဒီလိုပြန်ရေးပေးလိုက်ပါ။

    ၂၀၁၀စက်တင်ဘာလ ၈ရက်နေ့က မြန်မာစစ်ဗိုလ် ကျောင်းသား ၅၁ဦးအဖွဲ့ မော်စကိုမြို့ရှိ MSTU ကျောင်းသို့ ရောက်ရှိလာစဉ်.. ဆိုတဲ့နေရာမှာ

    နယ်စပ်မှ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ ၅၁ဦးအား အထုတ်အထည်များနှင့် ဖမ်းဆီးရမိလို့ ပြင်ရေးပေးလိုက်ပါ။

    ရုရှားမှ မြန်မာစစ်ဗိုလ်များရဲ့ ၂၀၁၀ ပြည်ထောင်စုနေ့က မြန်မာ့ရိုးရာ အတာသင်္ကြန် သရုပ်ပြပွဲ.. ဆိုတဲ့နေရမှာ

    တောင်ပြုန်း မော်စကိုနတ်ကနားပွဲ၌ အလှဖန်တီးရှင်များမှ ကပြအသုံးတော်ခံစဉ်လို့ ပြင်ပေးလိုက်ပါ။

    ၂၀၁၀ခုနှစ် ဖေဖော်ဝါရီလက ရုရှားမှာ ပြုလုပ်တဲ့ ပြည်ထောင်စုနေ့ အခမ်းအနားမှာ တွေ့ရတဲ့ သံအမတ်ကြီး ဦးမင်းသိန်း (ဝဲ-ဒု) ဆိုတဲ့နေရာမှာ

    နတ်ကနားပွဲသို့ တက်ရောက်လာသော ရွှေပွဲလာ ဧည့်ပရိသတ် ကန္နားစီး ဦးမင်းသိန်း (ဝဲ-ဒု) လို့ပြန်ရေးပေးလိုက်ပါ။

    ၁၆ သြဂုတ် ၂၀၁၀ ခုနှစ်က မြန်မာသံအမတ်ကြီး ဦးမင်းသိန်း၏ လျှို့ဝှက် သတိပေးစာ ဆိုတဲ့နေရာမှာ

    မော်စကိုနတ်ကနားပွဲ အထိမ်းအမှတ်သို့ မြန်မာသံအမတ်ကြီး ဦးမင်းသိန်း၏ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာလို့ အမှန် ပြန်ပြင်ရေးပေးလိုက်ပါ။

    ပုံ။ ငပေါများအဆောင် (မော်စကို)

    ReplyDelete
  33. ငပေါများအဆောင်(မော်စကို)လို့ပြောသွားသောလူ၏(ပထွေး)October 29, 2011 at 7:08 AM

    လမင်းကို ခွေးဟောင်ပေမဲ့ လမင်းကတော့ အရောင်တောက်ပစွာ ဆက်လက်တောက်ပလျက်ပါ....မိမိ၏တန်ဖိုးရှိလှသော အချိန်တွေကို တဖက်လူရဲ့အမှားများကို ထောက်ပြပြောဆိုရင်း မိန်းမလိုမိန်းမစကားလုံးများဖြင့် ပုဆိုးအစား ထမိန်ဝတ်ပြီးဆက်လက်ဝေဖန်ဖော်ပြနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ....

    ReplyDelete
  34. ဒီမောင်တွေမှာ Responsibility ဆိုတာ၊ တာဝန်ယူလိုစိတ်၊ တာဝန်ခံတတ်တဲ့စိတ်ထားဆိုတာကို လုံးဝနားမလည်ကြဘူးဆိုတာကိုတော့ အထက်မှာ အဲဒီသတိပေးစာနဲ့ပတ်သက်လို့ ဆင်ခြေဆင်လက်မျိုးစုံပြပြီး ချေပပြောဆိုထားသူအားလုံးရဲ့ ကွန်မန့်တွေထဲမှာ တာဝန်ခံစကားတလုံးတပါဒမှ မပါဝင်တာကိုကြည့်ခြင်းဖြင့် သိနိုင်ကြပါတယ်။ နဝတ-နအဖတွေမွေးထားတဲ့ စစ်ကျွန်တွေမို့ ဘာဆန်းလို့ဘာထူးလာမှာလဲဆိုပြီး နားလည်နိုင်ပေမယ့်၊ နိုင်ငံတကာမှာ ပညာတော်သင်သွားနိုင်လောက်အောင် သင်ကြားပေးခံထားရတာတောင် ဒီလောက်မှ အသိဉာဏ်မရှိကြတာကိုတော့ အံ့သြလက်ဖျားခါရလောက်ပါတယ်။ စစ်ဘုရင်တွေရဲ့ စစ်ကျွန်စိတ်ဓာတ်သွပ်သွင်းမှုဟာ ဒီလောက်တောင်မှထိရောက်လှချေလားလို့ ချီးကျူးရမလိုဖြစ်နေပါတယ်။ ဒီလို စိတ်ဓာတ်ချွတ်ခြုံကျနေကြပုံကိုကြည့်ပြီး တိုင်းပြည်နဲ့လူမျိုးအတွက်လည်း အလွန်စိတ်မကောင်းဖြစ်ရပါတယ်။

    ReplyDelete
  35. မှားတာလုပ်မိရင် မှားသွားပါတယ်၊ ဝန်ချတောင်းပန်ပါတယ် ရှင်းရှင်းပေါ့ကွာ၊ ယောက်ျားတွေမဟုတ်ဘူးလားကွ၊ ခုတော့ ကမ္ဘာပတ်ပြီးတော့ကို မဆီရေးချမှမဆိုင်တာတွေနဲ့ မိမိတကိုယ်ရေသန့်ရှင်းရေးမရှိတာ ညစ်ပတ်တာတွေထဲ မြတ်စွာဘုရားကော၊ ရဟန်းသံဃာတော်တွေကော၊ ကိုယ့်အမေ သူ့အဖေ သားသမီး ခလေးကော၊ မြန်မာအစားအစာတွေကပဲ အထူးတလည် အညစ်အကြေးပိုရတာတွေကော သန့်ရှင်းရေးလုပ်တဲ့အဖွားအိုကြီးကို သနားရတာတွေကော ဘယ်သူမှမပတ်သက်ပဲ အငြိမ်မနေရ ဝါးလုံးဖျားမှာ ဟိုဟာတွေသုတ်ပြီး လျှောက်ရမ်းနေပုံနဲ့ မပြီးနိုင်မစီးနိုင် ဒီလိုအချိုးမျိုးတွေကြောင့် မင့်တို့အဘ ငိုကျော်ဆန်းမှာ လူပုံအလယ် မျက်ရည်ကျနှပ်ချေးသုတ်နေရတာ။

    ReplyDelete
  36. လှမင်း(မော်စကို)October 29, 2011 at 3:56 PM

    ဇာတိကပြလာပြီ၊. ပထွေးဖြစ်နေရဲ့သားနဲ့. ကျုပ်သာအမိ. ကျုပ်သာအဖဆိုပြီးတောက်လျှောက်ကြွေးကြော်. ခဲ့တာ
    လေ၊. စည်းကမ်းဟာအသက်ဆိုတဲ့အဖွဲ့အစည်းက စည်းကမ်းဖေါက်တယ်ဆိုတော့၊. ကြာခဲ့ပြီဆိုတဲ့. စကားဟာ
    ဟုတ်ကြောင်းဝန်ခံပြီး. အပြစ်ကိုရှောင်ချင်တဲ့သဘော၊. တကယ်လို့ညီလေးတို့ဟာ. ပြည်သူ့လစာစားနေတဲ့. ပြည်သူ့ဝန်ထမ်းမဟုတ်ခဲ့ရင်. အကိုတို့ရဲ့တန်ဘိုးရှိတဲ့. အချိန်တွေကို. အလဟသ. အကုန်ခံပြီး. အပြစ်ကိုထောက်ပြ
    ဆိုဆုံးမနေမှာ. မဟုတ်ပါဘူး၊. မြန်မာပြည်ကဘာကြောင့်ထွက်လာသလဲဆိုတော့. လယ်ယာမြေတွေကို. စစ်တပ်က
    သိမ်းလိုက်လို့ဘဲ ၊. အလုပ်ကောင်းကောင်းလုပ်နိုင်တဲ့. အရွယ်တွေ. နိုင်ငံခြားကိုများများထွက်သွားတာဟာ. နိုင်ငံအုပ်ချုပ်တဲ့သူ. တွေရဲ့အုပ်ချုပ်မှုစံနစ်မကောင်းလို့ဘဲ။. စစ်တပ်ကအုပ်ချုပ်လို့. စီးပွာရေးတိုးတက်ဖွံ့ဖြိုးသွားတဲ့
    နိုင်ငံရှိခဲ့ရင်. ပြပေးစမ်းပါ၊. ကမ္ဘာပေါ်မှာ. လာဘ်ပေးလာဘ်ယူအဆိုးဝါးဆုံးတိုင်းပြည်တွေထဲမှာ. ဇင်ဘာဘွေပြီးရင်
    မြန်မာပြည်က. နံပါတ်(၂)။. စစ်တပ်အုပ်ချုပ်နေတဲ့တိုင်းပြည်မှာ. ဘယ်သူကလာဘ်စားလဲ. ရှင်းနေတာဘဲ၊. စည်းကမ်းရှိတယ်ဆိုတဲ့. ညီလေးတို့အထက်ဆုံးလောက်က. စစ်အရာရှိကြီးတွေကစားတယ်။. ဘယ်သူစစ်ဆေးပိုင်ခွင့်
    ရှိလဲ။. ပြောရင်ကုန်နိုင်ဘွယ်ရာမရှိလောက်အောင်ကို. လက်နက်ကိုင်တဲ့. ကိုယ့်ကိုကိုယ်တရားဝင်တယ်လို့ထင်တဲ့. အဖွဲ့
    အစည်းကြီးက၁၉၆၂. ခုနှစ်မှ အာဏာသိမ်းလိုက်တာ၁၉၈၈. လဲကျရော. ကမ္ဘာ့အဆင်းရဲဆုံးတိုင်းပြည်ဖြစ်သွားရော။. ခိုးလိုက်တဲ့. စစ်အရာရှိတွေ၊. တခါ၁၉၈၈. ခုနောက်တခါအာဏာထပ်သိမ်း. အခု. ၂၀၁၁ခု. မှာဆင်းရဲတာအပြင်. မွဲတေနေပါပြီလို့. သမ္မတကြီးဦးသိန်းစိန်ကဝန်ခံပြီး. ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးအတွက်. သူဌေးတွေစုပြီးဆင်းရဲမွဲတေနေတဲ့
    သူတွေကို. အတိုးနံးသက်သက်သာသာနဲ့ငွေချေးပေးမဲ့. ဆေးမြီးတိုနည်းနဲ့စလိုက်ပြန်ပြီ၊. ဆင်းရဲတာဟာငွေမရှိလို့. ငွေချေးပေးလိုက်ရင်ဆင်းရဲတာပျောက်သွားမှာလား? ငွေမရှိတာဟာအလုပ်မရှိလို့၊ဒါကြောင့်အလုပ်အကိုင်ဖန်တီးပေးရမှာမဟုတ်လား? လာဘ်မစားဘူးတဲ့. ဗိုလ်ချုပ်တယောက်လောက်ကို. ညီလေးတို့သက်သေပြနိုင်ရင်. အကို. ဒီမော်စကိုရင်ပြင်ရှေ့မှာ. ကိုယ့်ကိုကိုယ်မီးရှို့ပြလိုက်မယ်။. အချိန်မရတော့လို့။
    ညီငယ်စစ်အရာရှိများ. ကိုယ်ကျင့်တရားစောင့်ထိန်းနိုင်ပါစေ။

    ReplyDelete
  37. ဒီစစ်ဗိုလ်တွေမှာ ကိုယ့်ဖာကိုယ် အနေအထိုင်စည်းကမ်းမဲ့လို့ ညစ်တီးညစ်ပတ်ဖြစ်လို့ တဖက်ကမြန်မာသံရုံးကို တရားစွဲဖို့နို့တစ်စာပို့ခဲ့တာ၊ ကျောင်းတခုထဲလည်းမဟုတ် နောက်တကျောင်းက နောက်ဆုံးဝါနင်စာလည်းပို့ခဲ့တာ ခုမှအများသိလို့ ဝိုင်းဝေဖန်ကြတာကို မြန်မာတမျိုးသားလုံးက အကောင်းမမြင်တတ်ကြလို့တဲ့ ဝေဖန်တတ်ကြလို့ နိုင်ငံတော်ကြီးမတိုးတက်တာတဲ့ ဝေဖန်တတ်ကြလို့ မြန်မာတမျိုးသားလုံး သိက္ခာဆိုတာရှိကိုမရှိတော့တာတဲ့ အလွန်အင်မတန်မှပဲ ကြောင်းကျိုးကောင်းဆိုးဆက်စပ်တွေးခေါ်နိုင်တဲ့ ဦးဏှောက်ပိုင်ရှင်တွေပဲဗျာ၊ ဒီလိုလူမျိုးတွေလက်ထဲ လူသေစေနိုင်တဲ့ လက်နက်တွေ အမိန့်ပေးပိုင်ခွင့်အာဏာတွေ အပ်နှင်းထားရတာ လွှတ်တော်ထဲမှာလဲ မိုးကျရွှေကိုယ်အခန့်သားအစန့်သား တမတ်သားပေးထားရတာ အောင်မယ်လေးဟဲ့ အခါခါအပြန်ပြန်သေလိုက်ဖို့ပဲကောင်းပါတော့တယ်။

    ReplyDelete
  38. ပြည်သူ့ဝန်ထမ်းတစ်ဦးအနေနဲ့ တိုင်းပြည်ဂုဏ်ကို ဆောင်မှာလား၊ဖျက်မှာလား။တိုင်းပြည်ငွေကို ဖြုန်းမှာလား၊ သုံးမှာလား။
    အရှိတရားအတိုင်း သုံးသပ်ရရင် တိုင်းပြည်မတိုးတက်ခြင်းသည် သမိုင်းတရားခံ ဦးနေ၀င်း နှင့် ဦးသန်းရွှေ တို့ကြောင့်သာ ဖြစ်ပါသည်။

    ReplyDelete
  39. ရုရှားမှာ ပညာသင်တဲ့အတွက် ပညာတတ်တစ်ယောက်ရဲ့ အတွေးအခေါ်၊ international standard view အရ မိမိရဲ့ အစိုးရကို ပြန်လည်သုံးသပ်သင့်သလို၊ မိမိရဲ့ အပြုအမူတွေကိုပါ ပြန်လည်သုံးသပ်သင့်ပါသည်။

    ReplyDelete
  40. ပေါက်ကရတွေလျှောက်မရေးရဘူး။ အဲ့ဒါနောင်တခေတ်ရဲ့အောင်စစ်သည်တွေ။ အဲ့ဒါမှခံနိုင်ရေရှိမှာလေ

    ReplyDelete
  41. .

    စစ်အုပ်စုကို ပြတ်ပြတ်သားသား ဆန့်ကျင်တဲ့ ဒီမိုကရေစီဘက်တော်သား ဘလော့ဂါ မငယ်နိုင်ကို ရုရှက စစ်ခွေးတကောင်က ဒေါက်တာလှိုင်မြင့် နာမည်ကို အလွဲသုံးစား လုပ်ပြီး တိုက်ခိုက်ထားတာကို "စစ်ခွေးဘလော့မှာ ဒေါက်တာလှိုင်မြင့် နာမည်ကို အလွဲသုံးစားလုပ်ပြီး မငယ်နိုင်ကို တိုက်ခိုက်ထားတဲ့ ဆောင်းပါးတပုဒ်" ခေါင်းစဉ်ကို နှိပ်ပြီး သွားဖတ်နိုင်ပါတယ်။


    Nge Naing ဘလော့မှာ တင်ထားတဲ့ "ဗေဒါလမ်း နှင့် ငယ်နိုင်လမ်း" ( http://nge-naing.blogspot.com/2011/07/blog-post_14.html ) ကို Myanmar Express ဘလော့ကနေ လာဖတ်တဲ့ စာဖတ်သူတွေ မနေ့ (၁၀-၁၁-၁၁ ရက်) နဲ့ ဒီနေ့ (၁၁-၁၁-၁၁ ရက်) မှာ အရမ်း များနေတာရဲ့ အကြောင်းရင်းက ဒီလိုပါ။

    ဒေါက်တာလှိုင်မြင့် (အတု) (Myanmar Express ဘလော့ ဝိုင်းတော်သား ရုရှက စစ်ခွေးတကောင်) က ပြည်သူ့ဘလော့ဂါ မငယ်နိုင်ကို တိုက်ခိုက်ထားတဲ့ ဆောင်းပါး တပုဒ်ကြောင့်ပါ။

    (( အသက်ငယ်တဲ့လူတွေက လုပ်လို့၊ အသက်ကြီးတွေက တားရကောင်းမှန်းလည်း မသိဘူး။ တစ်ခါတုန်းကလည်း http://nge-naing.blogspot.com/2011/07/blog-post_14.html မှာ အသက် ၄၀ ကျော် အမျိုးသမီးကြီးလုပ်နေပြီး ဆရာဇော်ဂျီရဲ့ ဗေဒါလမ်း ကဗျာကို သူ့နာမည် တပ်ပြီး ဗေဒါလမ်း လို့ပေးထားတာတွေ့တုန်းက ဝင်ပြောမိသေးတယ်။ ))

    ဆိုပြီး Myanmar Express ဘလော့ ဝိုင်းတော်သား ရုရှက စစ်ခွေးက ဒေါက်တာလှိုင်မြင့် နာမည်ကို အလွဲသုံးစား လုပ်ပြီး မငယ်နိုင်ကို တိုက်ခိုက်ထားတာပါ။


    အကြောင်းမသိသေးတဲ့ မြန်မာနိုင်ငံက စာဖတ်သူ အသစ်တွေအတွက် ပြောရမယ် ဆိုရင် Myanmar Express ဘလော့ ဆိုတာက အန်တီစု အပါအဝင် ဒီမိုကရေစီ အတွက် တိုက်ပွဲဝင်နေသူ ပြည်သူတွေနဲ့ ပတ်သက်တဲ့ အရည်မရ အဖတ်မရ လုပ်ကြံဇာတ်လမ်း ကလိမ်ကကျစ် သတင်း မျိုးစုံကို ရေးနေတဲ့ ဘလော့ပါ။

    စစ်အုပ်စု အလိုကျ ဖော်လံဖားပြီး ရေးစားနေတဲ့ "ဒေါ်လာစား" အမည်ခံ ကြေးစား အရိုးအရင်းစား စစ်ခွေးတကောင်ရဲ့ ဘလော့ပါ။

    Myanmar Express ဘလော့ဟာ ဂျာနယ်လစ်ကျင့်ဝတ်ကို လိုက်နာဖို့ ဝေးလို့ ဘလော့ဂါကျင့်ဝတ်ကိုတောင် မလိုက်နာတဲ့ ဘလော့ပါ။

    ဂျာနယ်လစ်ကျင့်ဝတ်၊ ဘလော့ဂါကျင့်ဝတ် ဆိုတာတွေ အသာ ထားလိုက်ဦး၊ အနိမ့်ဆုံးအဆင့် ဖြစ်တဲ့ လူ့ကျင့်ဝတ်ကိုတောင် လိုက်နာရကောင်းမှန်း မသိတဲ့ သိက္ခာ၊ အဆင့်အတန်း လုံးဝ မရှိတဲ့ အောက်တန်းစားဘလော့ပါ။

    ReplyDelete
  42. ကိုကို မင်းသိန်းရေ ခင်ဗျားကတော့ တပ်မတော်ဆေးတက္ကသိုလ်မှာ ငါကွပါမောက္ခချုပ်ဆိုပြီး ကိုယ့်ဟာကိုချုပ်ခဲ့တုန်းက တစ်ခါ ၂၀၀၄မှာ ဆေးဗိုလ်လောင်းတွေနဲ့ အဆောင်ကပ်ရပ် အရိုးဆေးရုံက အရာရှိဆိုသူတစ်ယောက်နဲ့ ရိုက်ကြလို့တစ်ခါ တိုင်းမှုးအဖြစ်ကို စိတ်ကူးယဉ်နေရာက မယဉ်ရရှာတော့ဘဲ စစ်သံမှုးဖြစ်ခဲ့ရတယ်။ အခုတော့တဖန် ခင်ဗျားရဲ့ရုရှားရောက် ဂျူနီယာ့ ဂျူနီယာလေးတွေကို ဘယ်လို လုပ်ရမလဲ စဉ်းစားနေရပြီ။ အဲဒီဂျူနီယာလေးတွေ က ခင်ဗျားတို့ အပါတ်စဉ် ၁၁ တုန်းကလိုတော့ မဟုတ်ကြရှာတော့ဘူးခင်ဗျ။ DSA ဗိုလ်လောင်းဘ၀မှာကတည်းက ဆီနီယာတွေ outpass ခိုးထွက်တာ သတင်းပေးနိုင်ရင် လေ့ကျင့်ရေးရုံးက ဆုတော်ငွေ ၆၀၀၀ ချီးမြှင့် တဲ့ ထူးခြားတဲ့ခေတ်မှာမှ ကျောင်းဆင်းလာကြတာကိုးဗျ။ အရာရှိဖြစ်တာနဲ့ တပ်ရင်းမှုးတွေကို ၀င်ပြီး "ဂါ" ပြီးတော့ စခန်းထိုင်ရဖို့အရေး ၊ ဂိတ်ထိုင်ရဖို့ အရေးကို သူ့ထက်ငါ အသည်းအသန် ကြိုးစားကြတာများ တော်ကြပါပေတယ်ဗျာ။ သတိလည်းထားအုန်းနော် ...........

    ReplyDelete
  43. "ရုရှက စစ်ခွေးတွေက သူတို့ရဲ့ အမေအရွယ်၊ အဒေါ်အရွယ် ပြည်သူ့ဘလော့ဂါ မငယ်နိုင် ကို ဆဲဆို ပုတ်ခတ် စော်ကားနေပုံ" ခေါင်းစဉ်ကို နှိပ်ပြီး သွားဖတ်နိုင်ပါတယ်။


    ရုရှက စစ်ခွေးတွေက သူတို့ရဲ့ အမေအရွယ်၊ အဒေါ်အရွယ် ဘလော့ဂါ မငယ်နိုင် (စစ်အုပ်စုကို ပြတ်ပြတ်သားသား ဆန့်ကျင်တဲ့ ပြည်သူ့ဘလော့ဂါ မငယ်နိုင်) ကို အောက်တန်းကျကျ ပက်ပက်စက်စက် ရက်ရှည်လများ ဆဲဆို ပုတ်ခတ် စော်ကားနေပုံတွေကို Nge Naing ဘလော့မှာ တင်ထားတဲ့ "ဗေဒါလမ်း နှင့် ငယ်နိုင်လမ်း" post ( http://nge-naing.blogspot.com/2011/07/blog-post_14.html ) မှာ သွားဖတ်နိုင်ပါတယ်။


    ဒီလို အုတ်ကြားမြက်ပေါက်၊ ရေမျောကမ်းတင်၊ ပေါက်လွတ်ပဲစား၊ မိမဆုံးမ ဖမဆုံးမ၊ ကလေကဝ အကောင်မျိုးတွေကို ပြည်သူ့ ဘဏ္ဍာ အကုန်အကျ ခံပြီး ရုရှကို ပညာတော်သင် လွှတ်ထားတော့ တိုင်းပြည်နာတာပေါ့။


    http://nge-naing.blogspot.com/2011/07/blog-post_14.html

    ReplyDelete
  44. Min sit thway ..... Sout yuu kg ...Russia ka kg twe sout yuu tway ...

    ReplyDelete
  45. ၂၀၁၁ခုနှစ်အတွက်စည်းပျက်ကမ်းပျက်. အဆိုးဆုံးအကယ်ဒမီဆုကို. ရုရှား
    ရောက်. ငကြောင်စစ်သည်အရာရှိ၃၇ဦး(၁၄ဦးမှာစည်းကမ်းလိုက်နာသည်)
    MSTU. မော်စကိုမှရရှိသွားပါကြောင်း။နာမည်စာရင်းအသေးစိတ်ကိုမကြာမီ
    ဖေါ်ပြပေးသွားမည်ဖြစ်ပါသည်။

    ReplyDelete
  46. ငိုကျော်ဆန်း(ပြန်ကြားရေးဝန်ကြီး)February 12, 2012 at 10:21 AM

    ဟေ့ !အောင်ဘ. အကယ်ဒမီဆုဆိုတာ. ကျုပ်ကပေးရ. မှာဗျ။
    ၂၀၁၁ခုအတွက်. စည်းပျက်ကမ်းပျက်. အဆိုးဆုံးအကယ်ဒမီဆုရ
    စာရင်းအရ(၃၇)ဦးMSTUမော်စကိုကျောင်းကငကြောင်စစ်သည်တွေကို
    နေပြည်တော်ပြန်ရောက်ရင်. တန်းပြီးကွာတားချပစ်မယ်။ ။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။