Pages

Saturday, October 15, 2011

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ အောက်တိုဘာလ ၁၇ရက်နေ့မှ ၁၉ရက်နေ့အထိ ၃ရက်တိုင်တိုင် ဟောကြားတော်မူမည့် ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အကျိုးဆောင်ချုပ် ရွှေညဝါဆရာတော်ကြီး၏ တရားဓမ္မသဘင် ဖိတ်ကြားစာ...

ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အကျိုးဆောင်ချုပ် (ကြည့်မြင်တိုင် သာဓုပရိယတ္တိ စာသင်တိုက်ကြီး၏ နာယကဆရာတော်) ဘဒ္ဒန္တ ပညာသီဟ (ရွှေည၀ါဆရာတော်)ကြီးဟာ မလေးရှားနိုင်ငံ ပီနန်မြို့မှာ  ကြွရောက်သီတင်းသုံး နေတော်မူပြီး... မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအား ၁၅ရက်နေ့ ည(၇နာရီ)၌ ပီနန်ကျောင်းမှာ တရားဓမ္မတော်များ ဟောကြားတိုက်ကျွေးမှာ ဖြစ်ပါတယ်..။ အောက်တိုဘာလ ၁၇၊ ၁၈၊ ၁၉ရက်နေ့ တွေမှာတော့ မဲဆောက်မြို့သို့ ကြွရောက်တော်မူပြီး ကျောင်းကြီးကျောင်းတိုက်မှာ ၃ရက်တိုင်တိုင် တရားဓမ္မများ ဟောကြားတော်မူမှာ ဖြစ်ပါတယ်..။

အမျိုးဘာသာ၊ သာသနာအတွက် ရဲရဲဝံ့ဝံ့ တရားဒေသနာတော်များ ဟောကြားတော်မူခဲ့သည့် ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အကျိုးဆောင်ချုပ် ရွှေညဝါဆရာတော်ကြီးဟာ  ၂၀၁၁ခုနှစ် ဖေဖော်ဝါရီလ ၁၂ရက်နေ့မှ ၂၀၁၂ဖေဖော်ဝါရီလ ၁၂ရက်နေ့အထိ မြန်မာပြည်အတွင်း တနှစ်တိတိ တရားဓမ္မသဘင်ပွဲများ ဟောကြားခွင့် ပိတ်ပင်ခံထားရပါတယ်.။ ပြန်လည် ဟောကြားခွင့်ရမည့် လာမည့် ၂၀၁၂ခုနှစ် ဖေဖော်ဝါရီလ ၁၃ရက်နေ့ ဗိုလ်ချုပ်မွေးနေ့မှာတော့ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့မှာ ပထမဦးဆုံး တရားပွဲအား စတင်ဟောကြားဖို့ လက်ခံထားပါတယ်..။ ပြီးခဲ့တဲ့ စက်တင်ဘာလ(၁)ရက်နေ့က ရွှေညဝါဆရာတော်ကြီး၏ တရားပွဲအား သာသနာရေးဦးစီးဋ္ဌာနမှ ခွင့်ပြုခဲ့ပြီးမှ ပြည်ထဲရေးဝန်ကြီးဋ္ဌာနမှ ပြန်လည်ပိတ်ပင်ခဲ့ပါတယ်...။

3 comments:

  1. ရွေမြိုင်ထွန်းOctober 15, 2011 at 10:14 AM

    အမျိုးဘာသာ သာသနာအတွက်ရဲရဲတောက် တရားများကို ဟောကြား
    နေတဲ့ သံဃာတော်အရှင်သူမြတ်ကို ရိုသေမြတ်နိုး ရှစ်ခိုးပါဧ။်ဘုရား။

    ReplyDelete
  2. နည်းမှန် လမ်းမှန်စွာဖြင့် ဘာသာ သာသနာအတွက် အလုပ်လုပ်တယ်ဆိုရင်တော့ တကယ့်အာဇာနည်ကြီးပါ
    တရားဓမ္မနှင့် နိုင်ငံရေးကိုတော့ ခွဲခြားထားရမယ်

    ReplyDelete
  3. ကျေးဇူးတင် ဝမ်းမြောက်ပါ၏ဘုရား

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။