Pages

Sunday, October 9, 2011

(၄)နှစ်သား Generation Wave (သတင်း၊ ဆောင်းပါးရှင် အောင်မျိုးထွန်း)

(၄)နှစ်သား Generation Wave
(သတင်း၊ ဆောင်းပါးရှင် အောင်မျိုးထွန်း)

Generation Wave အဖွဲ့ရဲ့ (၄)နှစ်ပြည့်မွေးနေ့ အခမ်းအနားဟာ အေးအေးဆေးဆေး တည်ငြိမ်အောင်မြင်စွာနဲ့ ပြီးဆုံးခဲ့ပါတယ်။ ယောလုံချည်၊ ရှပ်အကျီင်္ အဖြူလေးတွေ တူညီဝတ်စုံ ၀တ်ဆင်ထားတဲ့ လူငယ်အများအပြားကို မြင်တွေ့ရတဲ့အခါ သူတို့အဖွဲ့ရဲ့အင်အားဟာ စုစုစည်းစည်းနဲ့ ကျစ်လျစ်စွာ တည်ရှိနေတယ်လို့ ခန့်မှန်းမိပါတယ်။

နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များ၊ လူမှုအထောက်အကူပြုအဖွဲ့ဝင်များ၊ (၈၈) မျိုးဆက် ကျောင်းသားများနဲ့ နိုင်ငံရေးပါတီတချို့မှ ပုဂ္ဂိုလ်များ၊ စာပေအနုပညာရှင်တချို့ အပါအ၀င် အင်အား (၃၀၀) နီးပါး တက်ရောက် အားဖြည့်ကြပါတယ်။
GWဟာ ရွှေဝါရောင်တော်လှန်ရေးနဲ့ အတူ စတင်ပေါက်ဖွားခဲ့ပြီး တည်ထောင်သူ ၄ ဦးထဲက ၂ ယောက်ဟာတိုင်းပြည်ပြင်ပကို ရောက်ရှိနေပါတယ်။ ဖောင်ဒါတစ်ယောက်ဖြစ်တဲ့ ဟစ်ဟော့အဆိုတော် ဇေယျာသော်တစ်ဦးသာ ယခုအချိန်မှာ တာဝန်ယူဦးဆောင်နေရပြီး အခြားတစ်ယောက်ဟာဖြင့် အာဏာရအစိုးရရဲ့ နိုင်ငံရေး အကျဉ်းသားအဖြစ် သံတိုင်တွေနောက်မှာ တားဆီးချုပ်နှောင် ခံထားရဆဲ ဖြစ်ပါတယ်။

GW အဖွဲ့ဟာ မြေအောက်လှုပ်ရှားမှုများကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့တာကြောင့် မြန်မာ့နိုင်ငံရေးမှာ စိတ်ဝင်တစားနဲ့ စောင့်ကြည့်ခဲ့ရတဲ့ အတိုက်အခံ မျိုးဆက်သစ်အဖွဲ့လို့ ရေပန်းစား လူသိများခဲ့ပါတယ်။ အရင်စစ်အစိုးရရဲ့ အပြင်းအထန် နှိပ်ကွပ်မှုကို ခံခဲ့ရတာကြောင့် ဗီဒီယိုအင်တာဗျူးတွေ ပေးတဲ့အခါ သူတို့ရဲ့ မျက်နှာကို မဖော်ပြဘဲ မျက်နှာဖုံးစွပ်ပြီး ကင်မရာ အရိုက်ခံခဲ့ရတာကြောင့် ပိုမိုကျော်ကြားခဲ့ရပါတယ်။ ပြည်တွင်းမှာလည်း လှုံ့ဆော်ဆန့်ကျင်ရေး စာရွက်စာတမ်းများ၊ ဗီနိုင်းပိုစတာများကို ပြည်သူလူထုကြားထဲ ရဲရဲဝံ့ဝံ့ထိုးဖောက် ဖြန့်ချိခြင်းကို တစိုက်မတ်မတ်လုပ်ဆောင်ခဲ့ကြပါတယ်။

ပြောင်းလဲလာတဲ့ နိုင်ငံရေးအခြေအနေ၊ သမ္မတဦးသိန်းစိန်နဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးမှု၊ အာဏာပိုင်တွေဘက်က လူထုအသံကို နာယူလာခြင်း စတဲ့ အခင်းအကျင်းများကြောင့်
GW အဖွဲ့ကို လူအများ ထင်မြင်နေကြဖြစ်တဲ့ မြေအောက်အဖွဲ့အစည်း အဖြစ်မှ ပေါ်ပေါ်ထင်ထင်နဲ့ အားလုံးမှ ရဲရဲတင်းတင်း ပူးပေါင်း ဆောင်ရွက်လာနိုင်တဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ပြောင်းလဲလိုပါတယ်လို့ ကိုဇေယျာသော်က သူ့ရဲ့ဆန္ဒကို ပြောဆိုတာကြားရပါတယ်။

အစိုးရသစ် တက်လာပြီးနောက်ပိုင်းလည်း GW နာမည်နဲ့ စာရွက်စာတမ်းများ လှို့ ဝှက်ဝေငှခြင်း၊ ဗီနိုင်းများ ကပ်၍ လှုံ့ဆော်ခြင်း၊ အွန်လိုင်းမှ GW အဖွဲ့များကို ကြားသိရခြင်း စတဲ့ နိုင်ငံရေးဆောင်ရွက်ချက်များ ဆက်တိုက် ပေါ်ပေါက်လာနေခြင်းများကြောင့် GWကို မြေပေါ်သို့ ထင်သာမြင်သာဖြစ်အောင် လုပ်ဆောင်ချိန် တန်ပြီလို့ လောလောဆယ် GWအဖွဲ့ကို တာဝန်ခံထားရသူ ကိုဇေယျာသော်က ဖွင့်ဟခဲ့တယ်လို့  သိရပါတယ်။

ဟစ်ဟော့အဆိုတော် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဇေယျာသော်ဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးခရီးစဉ်များမှာ ရှေ့တန်းမှ တက်ကြွစွာ ပါဝင်ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး လူ့အခွင့်အရေးနဲ့ မြန်မာပြည်ဒီမိုကရေစီ ရရှိရေးအတွက် အတိုက်အခံ နိုင်ငံရေးလောကမှာ ထင်ရှားလာတဲ့ မျိုးဆက်သစ်လူငယ် တစ်ဦးအဖြစ် အသိအမှတ်ပြုခြင်း ခံထားရသူလည်း ဖြစ်ပါတယ်။

အောင်မျိုးထွန်း
၉- ၁၀- ၂၀၁၁

4 comments:

  1. နိုင်ငံချစ်သူOctober 9, 2011 at 3:58 PM

    လေးစားချီးကျုးလျှက်ပါ။

    ReplyDelete
  2. အင်မတန်ကောင်းပါတယ် GW အဖွဲ့ ဟာ လူငယ်တွေ့ ဖြစ်တာကြောင့် သတ္တိရှိရှိ ရဲရဲဝံ့ဝံ့နဲ့ ခေတ်မှီဖွင့်ဖြိုး တိုး တက်တဲ့ ဒီမိုကရေစီနိုင်ငံတော် သစ်ကြီးစီကို သူတို့ လေးတွေ နောင် တချိန်မှာ တိုင်းပြည်ရဲ့ တာဝန်တွေကိုပုခုံးလွဲယူကြမှာမလွဲမသွေပါ ဒါကြောင့် ယ္ခုလို အရွယ်ကောင်း တဲ့ အချိန်မှာ မိမိတို့ နဲ့ တန်တူညီမျှတဲ့ မိမိလို သူငယ်တွေ ပြည်သူပြည်သား တွေကို အသိဥာဏ်ပွင့်လာအောင် မိမိတို့ နဲ့ အတူတူ တိုင်းပြည်နဲ့ လူမျိုးအတွက် လက်တွဲလာအောင် စီးရုံးသိမ်း သွင်းပြီးတော့ မိမိတို့ သိရှိထားတဲ့ နိုင်ငံရေး နိုင်ငံအတွက်တိုးတက်အောင်ဘယ်လို လုပ်ဆောင်နိုင်ကြမလဲဆိုတဲ့ အသိတရားတွေ ဗဟုသုတာတွေ များများပေးနိုင်အောင် ဆောင်ရွက်နိုင်ပါစေလို့ ဆန္ဒပေးလိုက်ပရစေ။

    ReplyDelete
  3. အင်မတန်ကောင်းပါတယ် GW အဖွဲ့ ဟာ လူငယ်တွေ့ ဖြစ်တာကြောင့် သတ္တိရှိရှိ ရဲရဲဝံ့ဝံ့နဲ့ ခေတ်မှီဖွင့်ဖြိုး တိုး တက်တဲ့ ဒီမိုကရေစီနိုင်ငံတော် သစ်ကြီးစီကို သူတို့ လေးတွေ နောင် တချိန်မှာ တိုင်းပြည်ရဲ့ တာဝန်တွေကိုပုခုံးလွဲယူကြမှာမလွဲမသွေပါ ဒါကြောင့် ယ္ခုလို အရွယ်ကောင်း တဲ့ အချိန်မှာ မိမိတို့ နဲ့ တန်တူညီမျှတဲ့ မိမိလို သူငယ်တွေ ပြည်သူပြည်သား တွေကို အသိဥာဏ်ပွင့်လာအောင် မိမိတို့ နဲ့ အတူတူ တိုင်းပြည်နဲ့ လူမျိုးအတွက် လက်တွဲလာအောင် စီးရုံးသိမ်း သွင်းပြီးတော့ မိမိတို့ သိရှိထားတဲ့ နိုင်ငံရေး နိုင်ငံအတွက်တိုးတက်အောင်ဘယ်လို လုပ်ဆောင်နိုင်ကြမလဲဆိုတဲ့ အသိတရားတွေ ဗဟုသုတာတွေ များများပေးနိုင်အောင် ဆောင်ရွက်နိုင်ပါစေလို့ ဆန္ဒပေးလိုက်ပရစေ။

    ReplyDelete
  4. ဇေယျာသော်ကိုတော့လေးစားတယ်.....သူ့လို အနုပညာရှင်မျိုးရှားမှ ရှားပါ....ဆက်လက်ပြီးတိုင်းပြည်အတွက် ကောင်းကျိုးတွေ အများကြီးလုပ်နိုင်ပါစေ ဇေယျာသော်ရေ....GW လည်းထာဝရအောင်မြင်ခြင်းတွေနဲ့ ပြည့်စုံပါစေ....

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။