ဓာတ်ပုံပေးပို့လာသူအား ကျေးဇူးတင်ပါသည်...
ဓာတ်ပုံပါ ယခင်သတင်းများ အောက်မှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်....
ဓာတ်ပုံပါ ယခင်သတင်းများ အောက်မှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်....
ပုသိမ်တွင် လယ်သမားများ ချီတက်ဆန္ဒပြ
သတင်းရင်းမြစ်...။ 17 September 2011(The Voice Journal)
လယ်မြေ သိမ်းယူခြင်း ခံထားရသည့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ လယ်သမားများသည် ယနေ့မနက် ၁ဝ နာရီခန့် က ပုသိမ်မြို့ပေါ်တွင် ချီတက် လမ်းလျှောက် ဆန္ဒပြခဲ့ကြ ကြောင်း ပုသိမ်မြို့ခံ တစ်ဦးထံမှ သိရှိရသည်။
ဆန္ဒပြ လယ်သမား အယောက် တစ်ရာခန့်သည် ပုသိမ် ကမ်းနားလမ်း တစ်လျှောက်တန်းစီ လမ်းလျှောက်လာကြပြီး နာရီစင်အနီးတွင် ရှိသည့် တိုင်းအုပ်ချုပ်ရေးမှူးရုံး (ယခင် တယ က) ရုံးရှေ့တွင် နာရီဝက်ခန့်ကြာ ထိုင်ပြီး ငြိမ်သက်စွာ ဆန္ဒပြခဲ့ ကြသည်ဟုလည်း အဆိုပါ ဒေသခံ တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။
ယင်းနောက် မကြာမီ လယ်သမားများသည် ရွှေမောဓော ဘုရားပေါ်သို့ ရောက်ရှိလာကြပြီး ကြွေးကြော်သံများ၊ အော်ဟစ်ခြင်း၊ ဆူပူခြင်း မရှိဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သည်ကို တွေ့မြင် ရသည်ဟုလည်း ၎င်းတို့က ပြောကြားသည်။
အဆိုပါ လယ်သမားများသည် ပုသိမ်နှင့် မိုင် ၃ဝ ကျော် ဝေးသည့် ငွေဆောင်နှင့် ချောင်းသာ ကြားတွင် တည်ရှိသော သဇင်ရွာမှ ဖြစ်ပြီး အစိုးရ၏ ငွေဆောင် လေယာဉ်ကွင်း စီမံကိန်း အပါအဝင် အခြား စီမံကိန်းဒေသတွင်း လယ်မြေများ သိမ်းပိုက်ခြင်း ခံခဲ့ရသောကြောင့် လာရောက် ချီတက်ဆန္ဒပြခြင်း ဖြစ် ကြောင်းလည်း ၎င်းတို့နှင့် နီးစပ်သူများထံမှ သိရှိရသည်။
သဇင်ရွာ အနီးတွင်ရှိသည့် ငွေဆောင်ဒေသတွင် လွှတ်တော် ကိုယ်စားလှယ် ဦးဌေးမြင့်ပိုင် ယုဇန ကုမ္ပဏီသည် ဒေသခံ လယ်သမားများ၏ လယ်မြေများကို ထိုက်သင့်သည့် နစ်နာ ကြေး မပေးဘဲ အတင်း အဓမ္မ သိမ်းပိုက်ထားသည်ဟု ငွေဆောင်ဒေသခံများထံမှ သိရှိရသည်။
နောက်ဆုံး ရရှိသော သတင်းများအရ ဆန္ဒပြလယ်သမားများသည် ရွှေမုဋ္ဌောဘုရားပေါ်တွင် နေရာယူဆဲ ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးက လွှတ်တော်ကိုယ်စားလှယ် တစ်ဦး သည် ဆန္ဒပြ လယ်သမားများနှင့် တွေ့ရန် စီစဉ်နေကြောင်း သိရှိရသည်။
ဆက်လက်ပြီး ဆန္ဒပြလယ်သမားများအား တိုင်းဝန်ကြီးချုပ်တွေ့ဆုံ ပြန်ဖတ်ချင်ရင်.. Click
ဆက်လက်ပြီး ဆန္ဒပြလယ်သမားများအား တိုင်းဝန်ကြီးချုပ်တွေ့ဆုံ ပြန်ဖတ်ချင်ရင်.. Click
မတရားမှုကို ခေါင်းငုံ့မခံ တွန်းလှန်ရဲတဲ့ လယ်သမားကြီးများအား ဂုဏ်ပြု ဦးညွတ်ပါသည်ခင်ဗျား။
ReplyDeleteခေတ်သစ်ဆရာစံ. ပေါ့ဗျာ၊. ဒါပေမဲ့. နယ်ချဲ့တွေမှာက. ပြန်ပြေးစရာ
ReplyDeleteမြေရှိတယ်. စစ်အာဏာရှင်တွေမှာက. ပြေးစရာမြေမရှိတော့. ပြည်
သူတွေဘဲပြေးနေရတယ်။
ယုဇန ကုမ္ပဏီပိုင်ရှင် ဌေးမြင့်ဟာလဲတရုတ်ပါပဲ.English လက်ထက်ကလယ်တွေကိုချစ်တီးကုလားတွေက အတင်းအမ္ဓသိမ်းခဲ့ကြတာ English ကအုပ်ချုပ်နေလို့ထားပါတော့ဗျာ..ဗမာအစိုးရအုပ်ချုပ်တဲ့လွတ်လပ်တဲ့တိုင်းပြည်မှာ.ချစ်တီးတရုတ်ကလယ်တွေသိမ်းနေတယ်ဆိုတာအတော်ကိုကြားမကောင်းတဲ့ပြသနာဘဲ..
ReplyDeleteပီးတော့တရုတ်တယောက်ကဘယ်လိုဘယ်လို.လွှတ်တော်ကိုစားလှယ်ဖြစ်နေရတာလဲ..စစ်ဗိုလ်ချုပ်တွေဟာတိုင်းပြည်ဖျက်နေတဲ့လူ.အမျိုးဖျက်နေတဲ့တပ်မတော်ဆိုတာရှင်းနေတာပဲ..