Pages

Friday, November 4, 2011

ဝမ်းနည်းရမှာလား ဝမ်းသာရမှာလား ငိုကျော်ဆန်းရေ...

ယခင် စာနယ်ဇင်း အခမ်းအနားတခုမှ အစွယ်လိုသူငိုကျော်ဆန်း အသွားစေခိုင်းသူ တခါစားမြတ်ခိုင်
ပြီးခဲ့တဲ့ အဂါင်္နေ့က အစိုးရ သတင်းစာများမှာ (ပြန်ကြားရေး ၀န်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ခေတ္တပြည်ထောင်စုဝန်ကြီး နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးဟု ဖော်ပြပါရှိတဲ့အတွက် ပြည်တွင်း၊ ပြည်ပမှ စွယ်စုံရ အနုပညာရှင်  ငိုကျော်ဆန်းအား လက်ခုပ်သြဘာ တီးသံ၊ လက်ခေါက်မှုတ်သံများ ဟိုလေးတကျော် ညံခဲ့ပါတယ်..။
ယခုနောက်ပိုင်း ရရှိတဲ့ သတင်းမျိုးစုံကတော့ ဘုန်းကြီးပဲဝတ်နေသလိုလို၊ ဘရှုးနိုင်းနိုင်ငံကို ဆဒ္ဒန်ဆင်မင်းဇာတ်မှာ ခါချဉ်ကောင်နေရာက ချစ်ကြည်ရေး ဇာတ်သွားကနေသလိုလို၊ ဝန်ကြီးအဖွဲ့ကပဲ အဖြုတ်ခံလိုက်ရသလိုလို အမျိုးစုံ သတင်းတွေ ပေါ်ထွက်နေပါတယ်...။ ဘာပဲပြောပြော ငိုကျော်ဆန်းကို ချစ်တဲ့၊ ခင်တဲ့ ပရိသတ်တွေ ဘယ်လောက်များခဲ့တယ်ဆိုတာ ပွဲဆူညံခဲ့ရတဲ့ သြဘာလက်ခုပ်သံများက သက်သေပါပဲ..။ ထို့အတူ လက်စွဲတော်ကြီး သောနုတ္တရမုဆိုးကျော် လျှက်တပြက် အယ်ဒီတာချုပ်ကြီးလည်း ငိုကျော်ဆန်းသတင်း မမှန်စေဖို့ ကြိတ်ဆုတောင်း နေခဲ့ရတယ်လို့လည်း အသံတွေ ထွက်ပေါ်လာပါတယ်..။ ရာထူးမှ အနားပေးလိုက်ရပြီ ဆိုတဲ့သတင်းကြောင့် ဝမ်းသာနေတဲ့ ပြည်သူတွေ မပြုတ်သေးဘူး ရှိနေသေးတယ် ဆိုတဲ့သတင်းတွေကြောင့် ဝမ်းနည်းရမလို ဖြစ်နေပါပြီ...။ အစွယ်အဖွေးသားနဲ့ ဘယ်နေရာက အသုံးတော် ခံဦးမလဲဆိုပြီး စောင့်ကြည့်နေတဲ့ သူတွေလည်း အများသားပါပဲ..။

ပြည်သူ့နှလုံး မသိမ်းကြုံးလျှင်၊ ပြည်သူ့ခွန်အား မကိုးစားလျှင်တော့ ကလောင်လည်းသေ၊  နာမည်လည်း သေနေမှာ ဖြစ်ပါတယ်..။ ငိုကျော်ဆန်း ဆက်လက်အသုံးတော် ခံဦးမယ်ဆိုတဲ့ ဝမ်းနည်းဖွယ်ရာ သတင်းထက် အနားယူသွားပြီဆိုတဲ့ ဝမ်းသာစရာ သတင်းကိုပဲ မျှော်လင့်နေတဲ့   ပြည်သူအများစုကိုယ်စား တင်ပြလိုက်ရပါတယ်..။
မနေ့က လွှတ်တော် အစည်းမှာ  နယ်စပ်ရေးရာဝန်ကြီးဋ္ဌာန အမည်ဖြင့်တွေ့ရတဲ့ ဒုတိယဗိုလ်ချုပ်ကြီးသိန်းဋ္ဌေး

5 comments:

  1. ကောင်းတယ် ပြုတ်သွားရင် သူ့အတွက်လည်းကောင်းသလို အများအတွက်လည်းကောင်းပါတယ်..။
    ဦးနေ (အမှန်တရားကိုဘယ်သူ အနိုင်ရဖူးလဲ)

    ReplyDelete
  2. ကျော်စမ်းနဲ့ မြက်ခိုင် ရုပ်ချင်းစိတ်ချင်း တူပါ့
    စိတ်ဓာတ် အောက်ကျတာခြင်းတူပါ့

    ReplyDelete
  3. အမှန်တရားကို ကြောက်တဲ့သူအတွက် ရှေ့ထွက်မလာတာ အကောင်းဆုံးဘဲ
    မုသာဝါဒနဲ့ နှစ်ပါးသွား ကနေရတာ သေရင်အပါယ်နဲ့ငရဲမှာ အဖော်လေးနဲ့နေရမှာ..
    မြေကြီးလက်ခတ်မလွဲပါဘဲ ပြန်ကြားရေးဝန်ကြီးဆိုတဲ့ ဦးကျော်ဆန်းရေ..

    ReplyDelete
  4. အသက်မရှိတဲ့ရုပ်သေးရုပ်လေးတွေ တစ်ခန်းရပ်အတွက် ခံစားပေးနေတာထက် ဇာတ်ဆရာရဲ့ စီစဉ်ထားတဲ့ ဇာတ်ကွက်
    ကလေးများကိုလည်း ဆုံးအောင်ခံစားပေးကြပါအုံး

    ReplyDelete
  5. ပြည်သူချစ်တဲ့လူရွှင်တော် ကိုဇာဂနာ ထောင်ထဲကထွက်လာလို့ ၀မ်းသာလို့မဆုံးဖြစ်နေချိန်မှာ စွယ်စုံရလူပြက်ကြီး ငိုကျော်ဆန်း(အမည်ပေးသူကို ကျေးဇူးတင်ပါသည်)တစ်ယောက် ထောင်ထဲဝင်ရမယ့်အခြေအနေမျိုးရောက်နေတာကြားရတော့ တိုင်းသူပြည်သားအားလုံး ၀မ်းသာလို့မဆုံး ပျော်မဆုံး မော်မဆုံး တရုန်းရုန်းနဲ့ ဖြစ်နေကြတော့သည်။ဟီး..ဟီး..ဟီး....။
    ဆက်လက်ပျော်ရွှင်နိုင်ကြပါစေ။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။