Pages

Sunday, November 13, 2011

အဝေးရောက် မီးအိမ်ရှင်မိသားစု (စင်္ကာပူ)ရဲ့ မွန်မြတ်တဲ့ ပညာဒါနအလှူ...

အဝေးရောက် မီးအိမ်ရှင်၏ (၁၁.၁၁.၁၁.)နေ့ ပညာ့အလင်း မြတ်ဒါန

ထူးခြားသော (၁၁.၁၁.၁၁.) တစ်ခြောက်လုံးနေ့တွင် မွန်မြတ်သောကုသိုလ်ဒါနပြုရန် ရည်ရွယ်၍ အဝေးရောက် မီးအိမ်ရှင် မိသားစု(စင်္ကာပူ) Differ Illumination Family (DIF) S'pore မှ အမေ့အိမ် ပညာဒါနကျောင်းတွင် ပညာသင်ကြားလျှက်ရှိကြသော ကလေးငယ်များအတွက် ပညာသင် ထောက်ပံကြေး အလှုငွေကျပ် (၁,၀၀၀,၀၀၀) ဆယ်သိန်းတိတိကို အမေ့အိမ် ပညာရေးကော်မတီထံသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက် လှုဒါန်းသွားခဲ့ပါသည်။ ထိုအတူ ဗေဒါ သင်တန်းကျောင်း (Bayda Institute) သို့လည်း ပညာသင် ထောက်ပံကြေး အဖြစ် အလှုငွေကျပ် (၁,၀၀၀,၀၀၀) ဆယ်သိန်းတိတိကို ထောက်ပံ့ လှုဒါန်းသွားခဲ့ပါသည်။ ပညာရေးတွင် ထောက်ပံ့ လှူဒါန်းခြင်းသည် တိုင်းပြည် တည်ဆောက်ခြင်းမည်၏။ ဘာသာရေးအရလည်း ပညာပါရမီမြောက်သော ဒါနကုသိုလ်ဖြစ်၏။

အားလုံး သာဓုခေါ်နိုင်ရန် မျှဝေလိုက်ပါသည်။

ကိုငယ်(၀၉ ၅၁၆၂၀၆၀)
အမေ့အိမ် ပညာရေးကော်မတီ
လှိုင်သာယာ

1 comment:

  1. သာဓု သာဓု သာဓု ပါဗျာ။ ကျနော်တွေ့ဖူးတဲ့သူတွေထဲမှာ စင်ကာပူက လူမှုရေး အသင်းအဖွဲ့တွေအတွက် အားကြိုးမာန်တက် ပါဝင်လုပ်ဆောင် လှူဒါန်းတာတွေလုပ်ပြီး မြန်မာပြည်ပြန်လာလည်ရင် တုံ့ဏိဘာဝေ ဆိတ်ဆိတ်နေလို့ အပန်းဖြေခရီးထွက်သလောက်သာ သဘောထားတဲ့ ဗမာစစ်စစ်ကြီးတွေကို စိတ်မကောင်းစရာ မြင်တွေ့နေတဲ့ကြားက ဒီလိုအလှူမျိုးကို မြင်ရတာ အရမ်းကို ဝမ်းသာပိတိဖြစ်မိပါတယ်ဗျာ။ ကျနော့ ညီငယ်တရုပ်လေး(ကျနော်ကိုယ်တိုင်လဲ တရုပ်ပါပဲ) သူ့အဒေါ်ကိုပြန်ပြောတဲ့စကားလေး စိတ်ထဲစွဲနေတယ်။ ကျနော်တို့တွေက ဗမာပြည်မှာသာ တရုပ်ဗျ တခြားနိုင်ငံရောက်သွားရင် ဗမာပဲတဲ့။ ဇာတိမမေ့တာ မင်္ဂလာပါပဲဗျာ။ အားကြိုးမာန်တက် အလှူကို လှိုက်လှိုက်လှဲလှဲ ထပ်ပြီးသာဓု ခေါ်ပါတယ်။ သာဓု သာဓု သာဓု ပါဗျာ။ တခြားသူတွေလဲ ဖတ်ဖြစ်အောင် fb ကနေတဆင့်ရှဲလိုက်ပါတယ်။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။