Pages

Monday, November 14, 2011

ငြိမ်းချမ်းရေးပြယုဂ်...

ငြိမ်းချမ်းရေးပြယုဂ်
မြန်မာနိုင်ငံတစ်ခွင် ဘုရားသခင်၏ သာသနာတော်အလင်းတွင် လူမျိုးမရွေး၊ ဂိုဏ်းကဏမရွေး တပည့်တော်အချင်းချင်း ကူညီထောက်ပံ့အားပေးရန်၊ သာယာရွှင်လန်းစွာ ၀တ်ပြုနိုင်ရေးကို ရည်ရွယ်လျက် မြန်မာအစီအစဉ်ကို ဧမာနွေလနှစ်ခြင်းအသင်းတော်၌ စတင်ခဲ့ရာ ယနေ့ ၁၃.၁၁.၂၀၁၁ ရက်နေ့တွင် (၂၁) နှစ်မြောက် နေ့ကောင်းနေ့မြတ် တစ်ရက်ဖြစ်သည်။ ထို (၂၁)နှစ်မြောက် မဟာဓမ္မသဘင်ပွဲကို အမှတ် (၄၁၁)၊ မဟာဗန္ဓုလလမ်း၊ ရန်ကုန်မြို့တွင် ကျင်းပခဲ့ရာ ဧည့်ပရိသတ်ပေါင်းများစွာဖြင့် ဧမာနွေလနှစ်ခြင်း အသင်းတော် အဆောက်အဦးတစ်ခုလုံး ပြည့်လျှံသွားတော့သည်။

ယင်းအခမ်းအနားတွင် Doctor of Divinity (D.D) ဘွဲ့အား Sayamagyi Daw May May Khin, Doctor of Humane Social Services (D.H.S.S) ဘွဲ့အား U Kyaw Thu @ Kyaw Win (Free Funeral Service Society – Yangon), Master of Humane Social Services (M.H.S.S) ဘွဲ့အား Daw Peggy Gyaw၊ Daw Maw Maw @ La Min Aein (ဆရာချစ်စံဝင်း၏ ဇနီး), Daw Rowena Hein, Daw Myint Myint Khin Pe @ Shwe Zee Kwet တို့အား သိက္ခာတော်ရ သင်းအုပ်ဆရာတော်ကြီး Rev.Dr.Paul F. Johns မှ ချီးမြှင့်ပေးအပ်ခဲ့သည်။ ဧမာနွေလနှစ်ခြင်း အသင်းတော်ကြီး၏ သိက္ခာတော်ရ ဆရာတော်ကြီး ဦးပေါလ်အက်(ဖ်)ဂျွန်(စ်)သည် ဦးကျော်သူအား ဒေါက်တာဘွဲ့ (D.H.S.S – Doctor of Humane Social Services)ဘွဲ့ ချီးမြှင့်ရခြင်းအကြောင်းရင်းအား “ဦးကျော်သူကို ဖာသာတို့က ဂုဏ်ထူးဆောင်ဘွဲ့ပေးအပ် ရတဲ့ အကြောင်းရင်းက ဘာလဲဆိုရင် ဦးကျော်သူက လူမှုရေးလည်းလုပ်တယ်။ လူမျိုးမရွေး၊ ဘာသာမရွေး ကူညီမစတတ်တဲ့ လူပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့် ဦးကျော်သူကိုပေးအပ်ရတာ ဖြစ်ပါတယ်။ သမ္မာကျမ်း စာထဲမှာ ဘုရားသခင်က လူတွေရဲ့ မျက်ရည်သုတ်ပေးတယ်တဲ့။ အဲဒီတော့ လူတွေရဲ့ မျက်ရည်ကို သုတ်ပေးတဲ့လူတွေ အကုန်လုံးက ဘုရားသခင်ရဲ့ အလုပ်ကိုလုပ်တာနဲ့ အတူတူပါပဲ။ သေခြင်းတရား တွေ့မှဘဲ လူတွေက မျက်ရည်ကျတာများတယ်လေ။ ” ဦးကျော်သူက အဲဒီလိုလူတွေကို မျက်ရည်သုတ်ပေး တာက တစ်ကြောင်း၊ ဆင်းရဲချမ်းသာမရွေး မှန်အခေါင်းလေးနဲ့ အသုဘပို့ပေးတယ်လေ။ ဘုရားသခင် လုပ်တဲ့ အလုပ်ကို ကျော်သူကလုပ်တယ်။ ဒါကြောင့် ဘုရားသခင်အလိုတော်ရ ဒီဘွဲ့ကို ချီးမြှင့်ပေးခြင်း ဖြစ်တယ်” ဟူ၍၄င်း၊ ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်အား (M.H.S.S – Master of Humane Social Services)ဘွဲ့ ချီးမြှင့်ခြင်းနှင့် ပတ်သက်၍ “ခင်ပွန်းဖြစ်သူနှင့်အတူ လူမှုရေးလုပ်ငန်းများကို မောင်တစ်ထမ်း မယ်တစ်ရွက် တက်တက်ကြွကြွ ဆောင်ရွက်ပေးသည့်အတွက် ချီးမြှင့်ရခြင်းဖြစ်တယ်။” ဟူ၍ ပြောကြား ခဲ့ပြီးနောက် ဘွဲ့များအား အသီးသီးချီးမြှင့်ပေးခဲ့သည်။

ဦးကျော်သူမှ ဘွဲ့ချီးမြှင့်ခံရပြီးသည့်နောက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာတွင် “ယခု ကဲ့သို့ ချီးမြှင့်ခံရခြင်းအတွက် အံ့သြ၀မ်းသာမိပါကြောင်း၊ အံ့သြရခြင်းမှာ မိမိတို့ ဗုဒ္ဓဘာသာမှ ယခုကဲ့သို့ ချီးမြှင့်ခံရခြင်းမရှိဘဲ မိမိတို့နှင့် ဘာသာမတူသော ခရစ်ယာန်အဖွဲ့မှ ချီးမြှင့်ပေးသည့်အတွက် အံသြရခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ မိမိဤဘွဲ့အားရရှိခြင်းမှာ မိမိတို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/ သားများ၏ ပေးဆပ်မှုများ၊ အလှူရှင်များ၏ လှူဒါန်းမှုများနှင့် ပါဝင်ပတ်သက်မှုကြောင်း၊ နိုင်ငံတော်အစိုးရ အား မိမိတို့ တစ်ဖက်တစ်လမ်း လူမှုရေးကူညီမှုများဖြင့် ပံ့ပိုးပေးခဲ့သလို၊ တိုင်းရင်းသားဒေသ၊ နယ်စပ် ဒေသများရှိ စစ်ပွဲများကိုလည်း အမြန်ဆုံးရပ်ဆိုင်းခွင့်ရရှိကာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသော နိုင်ငံရေးသမားများအားလုံး လွတ်ငြိမ်းခွင့်ရရှိစေရန် ဘုရားသခင်မှ ကောင်းချီးပေးပါစေ” ဟူ၍ ပြောကြား သွားခဲ့သည်။ ထိုအတူ ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်မှလည်း “ယခုကဲ့သို့ ဘွဲ့ချီးမြှင့်ခံရသည့်အတွက် များစွာ ၀မ်းမြောက်မိပါကြောင်း၊ မိမိတို့လို ဘာသာခြားကို မုဒိတာထားနိုင်တဲ့ ဆရာတော်ကြီးတွေကို ကျွန်မ ကျေးဇူးအများကြီး တင်ပါတယ်။

ယခုကဲ့သို့ အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့်ခြင်းသည် နိုင်ငံတော်တွင် အထူးလိုအပ်နေသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေးမှာ ဘာသာတွေကွဲပြားနေခြင်း၊ လူမျိုးများ ကွဲပြားနေခြင်းကို အမြန်ဆုံးစည်းလုံးညီညွတ်မှုကိုရနိုင်မယ့် ပြယုဂ်လေးတစ်ခုဖြစ်ပါစေလို့ ကျွန်မ ဆုတောင်းပေးပါတယ်။” ဟူ၍ ပြောကြားခဲ့သည်။ ထို့နောက် ဧမာနွေလဘုရားကျောင်းရှိ ဆရာတော်ကြီး များမှ ကောင်းချီးပေးခြင်း၊ ငြိမ်းချမ်းရေးဖယောင်းတိုင်နှင့် မွေးနေ့အထူးဖယောင်းတိုင်များ ထွန်းငြိ၍ ဆုတောင်းခြင်း၊ ပရိသတ်များမှ ဓမ္မသီချင်းများ သီဆိုခြင်း၊ တေးသံရှင် ဖြူဖြူကျော်သိန်းနှင့် UBS အဖွဲ့မှ ဓမ္မတေးများ သီဆိုဖျော်ဖြေခဲ့ကြကာ အခမ်းအနားအား အောင်မြင်စွာဖြင့် ပြီးဆုံးသွားခဲ့သည်။

အထက်ဖော်ပြပါ ဘွဲ့များကို IMMANUEL THEOLOGICAL INSTITUTE (ပင်မကျောင်းတော်ကြီး)၊ UNION BIBLICAL SEMINARY (ရန်ကုန်)၊ INTERNATIONAL SCHOOL OF THEOLOGY (ဘန်ကောက်)၊ ONLINE BIBLE COLLEGE INTERNATIONAL (သြစတြေးလျ)တို့မှ ပေးအပ်ချီးမြှင့် ဂုဏ်ပြုခြင်းဖြစ်သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှုဆောင်ပုဒ်အတိုင်း လူမျိုးဘာသာမခြား ဆင်းရဲ ချမ်းသာမရွေးတို့အား ပေးဆပ်မှုများ ပြုလုပ်ပေးခဲ့သည်နှင့်အညီ ဗုဒ္ဓမြတ်စွာဘုရား ဟောကြားခဲ့တော် မူသော “ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည်” ဟူသော စကားအတိုင်း ယခုကဲ့သို့ လူမျိုးဘာသာကွဲတို့၏ အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့်ခြင်းကို ခံရခြင်းဖြစ်သည်ဟု ယုံကြည်မိပါတော့သည်။ ယင်းကဲ့သို့ တိုင်းရင်းသား လူမျိုးဘာသာကွဲများ၏ လူသားချင်းစာနာထောက်ထားမှု၊ ပေးဆပ်မှု၊ ဂုဏ်ပြုမှု၊ ချီးမြှင့်မှုများသည် ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးကို ရှေးရှုသော ပြယုဒ်တစ်ခုပင် ဖြစ်တော့သည်။

နာရေးကူညီမှုအသင်း (ရန်ကုန်)

အထက်က ရေးသားချက်ပါ... ယခု ကဲ့သို့ ချီးမြှင့်ခံရခြင်းအတွက် အံ့သြ၀မ်းသာမိပါကြောင်း၊ အံ့သြရခြင်းမှာ မိမိတို့ ဗုဒ္ဓဘာသာမှ ယခုကဲ့သို့ ချီးမြှင့်ခံရခြင်းမရှိဘဲ မိမိတို့နှင့် ဘာသာမတူသော ခရစ်ယာန်အဖွဲ့မှ ချီးမြှင့်ပေးသည့်အတွက် အံသြရခြင်း ဖြစ်ကြောင်း ရေးသားထားချက်နဲ့ ပတ်သက်ပြီး ဦးကျော်သူမှ အွန်လိုင်းမှ ယခုလို ပြောကြားခဲ့ပါတယ်..။

" ကိုယ့်ဘာသာက ပြည်တွင်းမှာ ယခုလိုအသိအမှတ် မပြုခဲ့တာကို စိတ်မကောင်းဖြစ်မိလို့ ရေးမိတာ အမှား ပါသွားရင်တော့ ခွင့်လွှတ်ပါ။ အသိအမှတ်မပြုတဲ့ အပြင် အနှောက်အယှက်ပါ အလုပ်ခံနေရတဲ့ အတွက်ကြောင့်ပါ။ ဒါကိုစာဖတ်သူတွေ သဘောပေါက် စေချင်ပါတယ်။ ကျေးဇူးပါ။ ဟုဦးကျော်သူမှ ဖြေကြား ပြောဆိုသွားပါတယ်.. "

အွန်လိုင်းမှ ပြောကြားချက်အား ဦးကျော်သူ၏ ခွင့်ပြုချက်ဖြင့် ဖြည့်စွက်ရေးသား ဖော်ပြပါသည်..။

19 comments:

  1. ၊ အံ့သြရခြင်းမှာ မိမိတို့ ဗုဒ္ဓဘာသာမှ ယခုကဲ့သို့ ချီးမြှင့်ခံရခြင်းမရှိဘဲ မိမိတို့နှင့် ဘာသာမတူသော ခရစ်ယာန်အဖွဲ့မှ ချီးမြှင့်ပေးသည့်အတွက် အံသြရခြင်း ဖြစ်ကြောင်း၊


    ဂုဏ်ပြုတာကိုလည်း ကြိုက် ပါ တယ် ၊ ဒါပေမယ့် ဗုဒ္ဓဘာသာ မှာမချီးမြင့်ဘဲ နှင့် ယခု လို ခရစ်ယာန်အဖွဲ့မှ ချီးမြှင့် တယ် ဆို တာ ပြော တာကို တော့ ဦးကျော်သူကို သဘော မကျပါ၊ ဗုဒ္ဓဘာသာမှာကိုယ်ပြုသမျှကုသိုလ်ဆိုတာ သူ့အလိုလို ရပြီးသား၊ လူ တိုင်း က လည်း ဝမ်းမြောက်စွာ နှင့် ကျေးဇူးတင် ဂုဏ်ပြုပြီးသားပါ ဦးကျော်သူ၊ ဘာသာ ရေး မှိုင်းတိုက် တာ မဟုတ် ပါစေနှင့်လို့ ဆုတောင်းပေး ပါတယ်၊

    ReplyDelete
  2. Its just a recognition of U Kyaw Thu and Daw Myint Myint's FFSS works by the Christian organizations. May be not with diploma and certificate but in person, U Kyaw Thu and Daw Myint Myint and their organization were praised by Daw Aung San Suu Kyi, NLD leadership and Our Theravada Bante Sayadaws also recognized their excellence FFSS services to the ordinary people of Burma-Myanmar under very difficult situation for many years.

    ReplyDelete
  3. ခုမှသိတယ် ကိုကျော်သူက ဂုဏ်ပြုခံချင်လို့ဒါတွေလုပ်နေတာကို

    ReplyDelete
  4. ဒေါက်တာသန်းရွှေ (PHD ငတို၊ ကြပ်ပြေးတက္ကသိုလ်)November 14, 2011 at 4:52 AM

    အပေါ်ကကောင် စကားဆင်ခြင်ပြော
    မင်းပထွေးသန်းရွှေတို့ရော
    အာဏာရှုးဘွဲ့လိုချင်လို့ လူသတ်နေတာလား
    မင်ပထွေး ဗိုလ်ချုပ်တွေရော ဒီလိုဘွဲ့တွေပေးမယ့်သူရှိလား
    PHD ငတို၊ PHD ငတက်ပြား PHD ခိုးသား၅၀၀ ဘွဲ့တော့
    မပေးပဲရနေတာလေ

    ဒေါက်တာသန်းရွှေ PHDငတို (အလီဘာဘာနှင့် ခိုးသား၅၀၀ ကြပ်ပြေးတက္ကသိုလ်)

    ReplyDelete
  5. သိပကောင်းမြတ်တဲ့ သတင်းထူးတခုပါ။ ဒါကြောင့် ကျနော့်ဆိုက်ဖြစ်တဲ့ www.sawkyawoo.com
    မှာပါ (သတင်း-ဒီမိုးဝေယံ) ဟုဖေါ်ပြပေးထားပါတယ်။

    ReplyDelete
  6. ကိုကျော်သူတို့ ဇနီးမောင်နှံတို့ အခုလို ဂုဏ်ပြုခံရတာ အင်မတန် ၀မ်းမြောက်မိပါတယ်။ ကောင်းတာလုပ်တဲ့ သူတွေအဖို့ နောင်ဘ၀ကို မပြောနဲ့ ၊ အခုဘ၀မှာတောင် တင့်တယ်ကြပါလား ဆိုပြီး ကုသိုလ်ယူမိပါတယ်။ မကောင်းသော စိတ်၊ အပြော နဲ့ အလုပ်တို့ ကို ရှောင်ကျဉ် ဖို့ အသိတိုးမိပါတယ်။ ဂုဏ်ပြုကြတဲ့ သူတွေကိုလည်း ကျေးဇူးပါ။ ကံဆိုတာ အလုပ်ပါ။ မည်သူမဆို ကောင်းသောအလုပ်ကို လုပ်ရင် ကောင်းသော ကံတွေသာ ကိုယ့်ထံပြန်လာပြီး ကောင်းကျိုးတွေသာခံစားရမှာပါ။

    ReplyDelete
  7. အများအကျိုးအတွက် ဆောင်ရွက်သူတွေတွေကို ဂုဏ်ထူးဆောင်ဘွဲ့ပေးအပ်တဲ့ ဒီလိုအခမ်းအနားမျိုးမှာ ဘာသားရေး လူမျိုးရေးတွေ မပြောသင့်ပါ။ ပြီးတော့ ဦးကျော်သူဟာ "ဗုဒ္ဓဘာသာ" နဲ့ "ဗုဒ္ဓဘာသာကိုးကွယ်သူ" ကို သေသချာချာ ခွဲခြားသိမှာပါ။ ကိုယ့်ဘာသာက အသိအမှတ် မပြုခဲ့တာ မဟုတ်ပါဘူး။ နာမည်ခံ ဗုဒ္ဓဘာသာဝင်တွေက နားလည်းမပေးနိုင်ခဲ့တာပါ။

    ReplyDelete
  8. လူသားချင်းစာနာထောက်ထားမှု၊ ပေးဆပ်မှု၊ ဂုဏ်ပြုမှု၊ ချီးမြှင့်မှုများသည် ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးကို ရှေးရှုသော ပြယုဒ်တစ်ခုပင် ဖြစ်တော့သည်။
    ကိုယ့်ဘာသာက ပြည်တွင်းမှာ ယခုလိုအသိအမှတ် မပြုခဲ့တာကို စိတ်မကောင်းဖြစ်မိလို့ ရေးမိတာ အမှား ပါသွားရင်တော့ ခွင့်လွှတ်ပါ။ အသိအမှတ်မပြုတဲ့ အပြင် အနှောက်အယှက်ပါ အလုပ်ခံနေရတဲ့ အတွက်ကြောင့်ပါ။
    စိတ်တော့ မကောင်းမဖြစ်ပါနဲ့ ဒကာတော် ကိုကျော်သူ စနစ်ဆိုးတခုကြောင့် လူတွေ အသိဥာဏ်ကင်းမဲ့နေကြတာ ဒကာတော်တို့ကို အားလုးံက အသိအမှတ်ပြုပေးထားပြီးသားပါ ဒီနေ့ ဒီအချိန်အခါမယ်တော့ အသိအမှတ်ပြုပါတယ်ဆိုတဲ့ စကားလေးနဲ့ တင် ဒကာတော်တို့ လုံလောက်ပေးပါဦး ..။ ဦးဇင်းပြောကြားပါရစေ..။
    စက်တင်ဘာဦးနေမိန္ဒ( အမှန်တရားကို ဘယ်သူ အနိုင်ရဖူးလဲ)

    ReplyDelete
  9. မြန်မာဘုန်းဘုန်းNovember 14, 2011 at 10:15 PM

    ကျော်သူကို လေးစားလာခဲ့တာ ဒီစကားတစ်ခွန်းတော့ ဖောင်းဖြစ်သွားပြီဗျာ။
    သူ့နာရေးအသင်းကို အဓိက ပံ့ပိုးပေးခဲ့တာ ဗုဒ္ဒဘာသာအလှူရှင်တွေပါ။ရဟန်းသံဃာများကလဲ သိန်းချီပြီးထောက်ပံ့ခဲ့တာပါ။ခုမှ ဘွဲ့လေးပေးတာနဲ့ ကိုယ့်ဘာသာကို ပုတ်ခတ်တာကတော့ စိတ်ပြောင်းလဲမြန်လွန်းတယ်ထင်တယ်။
    တချို့ဘာသာတွေက သွေးခွဲသပ်လျှိတဲ့နည်းနဲ့ သာသနာပြုတယ်ဆိုတာတော့ ကိုကျော်သူကြားဘူးမယ်ထင်ပါရဲ့

    ReplyDelete
  10. I am really glad for U Kyaw Tun.He have done a good deed for many people..Every person can't do like that.I am so proud of him.....

    ReplyDelete
  11. ၊ (အံ့သြရခြင်းမှာ မိမိတို့ ဗုဒ္ဓဘာသာမှ ယခုကဲ့သို့ ချီးမြှင့်ခံရခြင်းမရှိဘဲ မိမိတို့နှင့် ဘာသာမတူသော ခရစ်ယာန်အဖွဲ့မှ ချီးမြှင့်ပေးသည့်အတွက် အံသြရခြင်း ဖြစ်ကြောင်း ။)
    ဟ ။ သူ ပြောတာ မှန်နေတာပဲ ၊ မှားနေလို့လား ။ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုရမှာပေါ့ ။ ပူဇော်ထိုက်သူကို ပူဇော်ရမှာပေါ့ ။ အဲတာ မင်္ဂလာ တရားမဟုတ်လား ။ ဒီစစ်အစိုးရက သူကလွဲလို့ ဘယ်သူ့ကိုမှ ဂုဏ်ြပုတာ မကြိုက်ဖူး ။ အဲတာကိုဆိုတာ ငတ ရဲ့ ။

    ReplyDelete
  12. ချီးမြှင့်ခံရခြင်းဟာ ဂုဏ်ယူစရာပါ
    အတိုင်းမသိ ပီတိဝေဖြာမိပါတယ်...

    ReplyDelete
  13. I think some readers misinterpreted U Kyaw Thu's comment about getting acknowledgement from Christianity organization instead. The way I see what he is trying to say is he is just purely surprised that his effort is recognized by other religion too.

    He absolutely didn't compare two religions. I am sure he doesn't look for any return to do all those work he has done. Actually it was very risky last couple of years to lead that organization but current government is moving our country in right direction - a bit too early to say that since we have to wait and see.

    I suggest please read and see from every angle before commenting in public unless you are purposely attacking or lobbying. :D

    Cheers!!

    ReplyDelete
  14. ထင်ရှားသူရဲ့ စကား တစ်ခွန်းဟာ တွင်ကျယ်ပြီး ထိရောက်တာမို့  တစ်ဖက်အတွက် ၀မ်းသာစရာဖြစ်ဖို့ လိုသလို အခြားတစ်ဖက်အတွက် စိတ်မကောင်းဖြစ်မသွားဖို့ လဲ လိုပါတယ်။ ကိုကျော်သူအသင်း တည်ထောင်မှုမှာ ဗုဒ္ဓဘာသာတွေရဲ့  ပံ့ပိုးမူ ကူညီမှု လှူဒါန်းမှုကို ထည့်သွင်းစဉ်းစားပြီး သူတို့ စိတ်မကောင်း မဖြစ်ရအောင် ပြောဖြစ်ခဲ့ရင်တော့ အကောင်းဆုံးပေါ့။ သူတို့ ဆီ ဘွဲ့ တံဆိပ်မလာပေမယ့် ပံ့ပိုးမှုတွေကတော့ လာမြဲ လာနေမှာပါ။ ကျနော်ကိုယ်တိုင်လဲ သိန်းနဲ့ ချီပြီး ကိုကျော်သူ့ အသင်းကို လှူဒါန်းခဲ့ပါတယ်။

    ReplyDelete
  15. ကျွန်တော်လဲ ပြီးခဲ့တဲ့နွေဦးပိုင်းကပဲ သုံးသိန်း ထပ်ပြီး လှူဒါန်းခဲ့ပါသေးတယ်။ ကျွန်တော်တို့  ဗုဒ္ဓဘာသာဝင်တွေက အခုလို ငွေတွေ ၀ိုင်းဝန်းလှူဒါန်းကြတာ၊ သီတဂူဆရာတော်ကြီးကတောင် အလွန်တန်ဖိုးကြီးတဲ့ ကားတစ်စင်း ကိုကျော်သူ့ တို့ ကို လှူဒါန်းထားတာ ဘွဲ့ တံဆိပ် တစ်ခုလောက် တန်ဖိုး မရှိတော့ဘူးလား။

    ReplyDelete
  16. နအဖသန်းရွှေ Phd ( ငတက်ပြား)ကြံဖွိ့သိန်းစိန်Phd(ငတို)November 15, 2011 at 7:01 PM

    ကျော်သူရာမင်းကခုမှ PHD ရတာကွ.
    ငါကလွန်ခဲ့တဲ့၁၉၆၂ထဲက PHD (ငတက်ပြား)နဲ့
    ငါ့တပည့်ကြံ့ဖွံ့သိန်းစိန် PHD (ငတို)ရတာကြာပီပေါ့.
    ငတက်ပြားတပ်မတော်နဲ့.ငတိုစစ်တပ်တက္ကသိုလ်ကပေးတာလေ.
    မင်းလောက်တော့အပျော့ပေါ့..

    ReplyDelete
  17. ကိုကျော်သူရေ ကိုကျော်သူပြောတဲ့ === ယခု ကဲ့သို့ ချီးမြှင့်ခံရခြင်းအတွက် အံ့သြ၀မ်းသာမိပါကြောင်း၊ အံ့သြရခြင်းမှာ မိမိတို့ ဗုဒ္ဓဘာသာမှ ယခုကဲ့သို့ ချီးမြှင့်ခံရခြင်းမရှိဘဲ မိမိတို့နှင့် ဘာသာမတူသော ခရစ်ယာန်အဖွဲ့မှ ချီးမြှင့်ပေးသည့်အတွက် အံသြရခြင်း ဖြစ်ကြောင်း === ရေးသားထားချက်နဲ့ ပတ်သက်ပြီး ကွယ်လွန်သူ အဘဦးသုခများ ကြားခဲ့ရင်တော့ ဘယ်လောက်စိတ်ထိခိုက်လေမလဲမသိ။ ကိုကျော်သူအတွက် အခုလို အခြေအနေရောက်အောင် အဓိက ပံ့ပိုးလာခဲ့တာ ဗုဒ္ဓဘာသာဝင်တွေပါ။ လက်တဆုပ်စာလူတွေကြောင့် ပင်လယ်ပြင်လောက်ရှိတဲ့ ကိုယ့်ဘာသာဝင်တွေကို ဝါးလုံးသိမ်းရမ်းလိုက်တာတော့ မကောင်းပါဘူး။ ကိုကျော်သူလျှောက်ခဲ့တဲ့ လမ်းတွေကို ကျနော်တို့ ဗုဒ္ဓဘာသာဝင်တွေက အဓိက လမ်းခင်းပေးခဲ့တာ။ ဘဝမမေ့ပါနဲ့ ကိုကျော်သူ။

    ReplyDelete
  18. အဲ့ဒီခရစ်ယာန်အသင်းအနေနဲ့ ဘာ့ကြောင့်ပေးတယ်.
    ဘယ်လိုရည်ရွယ်ချက်နဲ့ပေးတယ်ဆိုတာ.ဖြေရှင်းသင့်ပါတယ်.
    ဒီလိုမှမဟုတ်ရင်.ကိုကျော်သူအပေါ်.အားလုံးကအထင်အမြင်လွဲတာခံရလိမ့်မယ်.
    ကိုကျော်သူဆောင်ရွက်နေသော.လူမူ့ရေးလုပ်ငန်းများဟာ.
    လူမျိုးမရွေးဘာသာမရွး.ဆောင်ရွက်နေသောလုပ်ငန်းများဆိုတာ.မမေ့သင့်ပါဘူး.
    လူမူ့ရေးဆောင်ရွက်ချက်တွေကြောင့်.ဂုဏ်ပြုသောလုပ်ရပ်အား.ဘာသာရေးနဲ့မရာထွေးသင့်ပါဘူး.
    ခုဝေဖန်သူတွေတခုမေးပါစေ.ကိုကျော်သူလိုလုပ်နိုင်ကြမလား.ရုပ်ရှင်မင်းတစ်ယောက်ကနေ.
    သုဘရာဇာအလုပ်ကိုပြောင်းလုပ်ရဲတာ.သူ့ရဲ့မွန်မြတ်တဲ့.စိတ်ဓါတ်ဆိုတာနားလည်ပေးဖို့လိုပါတယ်.
    ကိုကျော်သူကိုမကျေနပ်ရင်.သူ့လိုသုဘရာဇာ.အလုပ်ပြောင်းလုပ်ကြ.
    ကိုကျော်သူကကျေကျေနပ်နပ်နဲ့.ခင်ဗျားတို့ကိုလွဲပေးပါလိမ့်မယ်..

    ReplyDelete
  19. ကိုကျော်သူ့ ရဲ့ စေတနာကို အပြည့်အ၀ နားလည်ပြီးသား တန်ဖိုးထားပြီးသားပါ။ တစ်ချိန်တည်းမှာ အလှူရှင်ဗုဒ္ဓဘာသာဝင်တွေရဲ့ စေတနာနဲ့ ခံစားမိကြတာကိုလဲ နားလည်ပါတယ်။ သူတို့ လဲ ဘွဲ့ တံဆိပ်နဲ့ ဂုဏ်မပြုတတ်ပေမယ့် ကိုကျော်သူ့ ကို ဆက်လက်လှူဒါန်း အားပေးကြလိမ့်မယ်လို့  ယုံကြည်ပါတယ်။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။