သမ္မတကြီးဦးသိန်းစိန်၏ ဆုတောင်း
ဆောင်းပါးရှင် (သီတလ)
ဒီနေ့ (၂၈၊၁၁၊၂၀၁၁) နေ့ထုတ် မြန်မာ့အလင်းသတင်းစာကို ကောက်ဖတ်လိုက်တော့ မျက်နှာဖုံးမှာ သမ္မတကြီး ဦးသိန်းစိန် ဧရာဝတီတံတား(ညောင်တုန်း) ဖွင့်ပွဲ တက်ရောက်တဲ့ သတင်းကို တွေ့လိုက်ရပါတယ်။ ထုံးစံအတိုင်း တံတားဖွင့်ပွဲမှာ မိန့်ခွန်းချွေတာ ဖြစ်လို့ ဘာမှ သိပ်မထူးပါဘူး။ အဲ- ထူးတာကတော့ သူ့စကားအဆုံးမှာ တွေ့ရတဲ့ သူ့ဆုတောင်းပါ။ ဒါကတော့-
သြော် ကြေးမှုံ သတင်းစာပါ.. သမ္မတရဲ့ မှတ်သားလောက်ဖွယ် ဧရာဝတီတိုင်းသားတွေ အပေါ်နှိုင်းစရာရှားလို့ ဆင်နဲ့နှိုင်းတဲ့ စကား... သြော်ကောင်းလေစွ...
(ဆင်ဖြူတော်မှီပြီး လံကြုပ်စကားပေါ့)
“ဧရာဝတီတိုင်း ဒေသကြီးအတွင်းက တိုင်းပြည်၏ ရတနာတစ်ပါး ဖြစ်သည့် ဆင်ဖြူတော်တစ်စီး ရှားရှားပါးပါး ပေါ်ပေါက်ခဲ့ပြီးဖြစ်ကြောင်း၊ ဆင်ဖြူတော်ကြီးကဲ့သို့ ဖြူစင်သန့်ရှင်း မွန်မြတ်သည့် စိတ်ထားများ ထားနိုင်ကြပါစေ၊ ဆင်ဖြူတော်ကြီးကဲ့သို့ အားခွန်ဗလနှင့် ပြည့်စုံပြီး ဒေသအကျိုး တိုင်းပြည်အကျိုးအတွက် စွမ်းစွမ်းတမံ သယ်ပိုးဆောင်ရွက်နိုင်သည့် ဧရာဝတီတိုင်းသားများ ဖြစ်ပါစေဟု ဆုမွန်ကောင်း တောင်းပါကြောင်း ပြောကြားသည်။” ဆိုတာပါဘဲခင်ဗျား။
ကျွန်တော် ဒါလေး ဖတ်လိုက်ရတဲ့အခါ ပြေးပြီး သတိရတာက- ဆရာကြီးဦးအောင်သင်းနဲ့ ဆရာအော်ပီကျယ်တို့ ပြောသွားကြတဲ့ စကားတွေပါ။ ဆင်ဟာ လူထက် အားခွန်ဗလ ကောင်းပေမဲ့ လူ့လောက် အသိဥာဏ်မရှိလို့ လူက ခိုင်းတာ လုပ်ရတယ်။ မြင်းဟာ လူ့ထက် အပြေးမြန်သော်လဲ အသိဥာဏ်ရှိတဲ့လူက မြင်းကို တက်စီးသွားနိုင်တယ်။ ငါးဟာ ရေနေသတ္တ၀ါဖြစ်လို့ လူထက် ရေကူးတတ်သော်လဲ အသိဥာဏ်ရှိတဲ့လူက ငါးကို ဖမ်းပြီး စားလို့ရတယ်-ဆိုတဲ့ စကားတွေပါဘဲခင်ဗျား။ ကျွန်တော်တို့ သမ္မတကြီးကတော့ လူ့ဘ၀ထက် ကာယအင်အားပိုကောင်းတဲ့ ဆင်ဘ၀ကို ပိုပြီး မြတ်နိုးနေတယ်ထင်ပါ့။ ဒါ့ကြောင့်လဲ ဧရာဝတီသားတွေကို ဆင်ကြီးနဲ့နှိုင်းပြီး ဆုပေးသွားပုံရတယ်။ “လူ့ဘ၀ ရခဲတယ်”ဆိုတဲ့ စကားကို “ဆင်ဖြူတော်ဘ၀ ရခဲတယ်”လို့တောင် ပြင်ရမလို ဖြစ်နေပါပြီ။
နောက်ပြီး “ဆင်ဖြူတော်ကြီးကဲ့သို့ ဖြူစင်သန့်ရှင်း မွန်မြတ်သည့်စိတ်ထားများ ထားနိုင်ကြပါစေ” ဆိုတဲ့ စကားကိုတော့ ကျွန်တော် ကောင်းကောင်း နားမလည်ဘူးခင်ဗျား။ ဥပမာအလင်္ကာအနေနဲ့ ပြောတယ်ဆိုတာလောက်တော့ သိတာပေါ့ဗျာ။ ဒါပေမဲ့ အဒီ ဆင်ဖြူတော်မှာ ဘယ်လိုမျိုး ဖြူစင်သန့်ရှင်း မွန်မြတ်တဲ့ စိတ်ထားတွေ ရှိနေတယ်ဆိုတာကတော့ ကျွန်တော်ဆက်ပြီး လေ့လာရပါအုံးမယ်။ လောလောဆယ်တော့ ကြိုးမချည်ထားတဲ့ ဆင်ဖြူနားကို ကျွန်တော် မကပ်ဝံ့ဘူး ခင်ဗျား။ သမ္မတကြီး ကပ်ဝံ့တယ်၊ နားရွက်တွေ နှာမောင်းတွေကိုလဲ ကိုင်ကြည့်ဝံ့တယ်၊ ဆင်ကြီးရဲ့ ဗိုက်အောက်မှာလဲ စိတ်ချလက်ချ စက်တော်ခေါ်ဝံ့တယ်ဆိုရင်တော့ သမ္မတကြီးစကားကို လက်ခံပေးရမှာပေါ့ဗျာ။
ဧရာဝတီသားတွေအပေါ်မှာ တခြား ဆုတောင်းတွေ မတောင်းဘဲနဲ့ ဆင်ကြီးနဲ့မှ နှိုင်းပြီး ဆုမွန်ကောင်း တောင်းသွားတာကို ကြည့်ရင် ဒီဆုတောင်းရဲ့ နောက်ကွယ်မှာ တခြားတခြားသော ရည်ရွယ်ချက်တွေများ ရှိနေမလားလို့လဲ သံသယ၀င်မိတယ်ခင်ဗျ။ ဆင်စိတ်နဲ့ ဆင်အသိသာရှိပြီး ဆင်လိုအလုပ် လုပ်နိုင်မှ ချွန်းကိုင်ပြီး လိုရာခိုင်းလို့ရမယ်လေ။ ဒါကြောင့်များလားလို့လဲ တွေးမိပါရဲ့။
သီတလ
ဆင်ကြံကြံနေတယ်လို့ မဆိုလိုပါ.. သို့ပါသော်လည်း
ဆင်ဖြူတော်မှီပြီး လံကြုပ်တဲ့လုပ်ရပ်တွေ ရပ်တန်းက ရပ်ပါတော့
တတိယမြောက် ဆင်ဖြူများရှင် သမ္မတကြီးခင်ဗျား...
ဆင်ကြံကြံနေတယ်လို့ မဆိုလိုပါ.. သို့ပါသော်လည်း
ဆင်ဖြူတော်မှီပြီး လံကြုပ်တဲ့လုပ်ရပ်တွေ ရပ်တန်းက ရပ်ပါတော့
တတိယမြောက် ဆင်ဖြူများရှင် သမ္မတကြီးခင်ဗျား...
ဆောင်းပါးရှင် ဆရာသီတလရဲ့ သမ္မတကြီးဦးသိန်းစိန်၏ ဆုတောင်း ဆောင်းပါးခေါင်းစဉ် ဖတ်မိတော့ ငယ်ငယ်က နိုင်ငံကျော် အဆိုတော် စိုင်းထီးဆိုင်ရဲ့ လှေငယ်ရှင်ဆုတောင်း သီချင်းခေါင်းစဉ်လေးကို ပြေးသတိရမိပါတယ်... ဆင်ဖြူရှင် ဆုတောင်းပေါ့...။ ချမ်းသာတဲ့ ဂျပန်တို့၊ အမေရိကန်တို့လို နိုင်ငံတွေမှာ ဆင်ဖြူလည်း တကောင်မှ မမြင်ဘူးပါ..။ ရွှေ တို့ စိန်တို့ဆိုတဲ့ အဘိုးတန် သယံဇာတတွေဆိုတာ ရှားပါးပြီး အထွက်နည်းတဲ့ အတွက် ရတနာအဖြစ် သတ်မှတ် ဝတ်ဆင်ကြတာပါ..။ နေရာတကာမှာ ထွက်နေရင်တော့ Value ဆိုတဲ့ တန်ဘိုးဆိုတာ မရှိတော့ပါဘူး..။ ချမ်းသာချင်လို့ မောင်ချမ်းသာ ဆိုတဲ့ နာမည်မှည့်ခေါ်ပေမယ့် မချမ်းသာတဲ့ သူတွေဒုနဲ့ဒေးပါ..။ စိန်၊ ရွှေဆိုတဲ့ တန်ဘိုးရှိတဲ့ ရတနာ နာမည်တပ်ထား ကြပေမယ့် မြင်မြတ်ဘို့ဆိုတာ ထိုသူရဲ့ အကျင့် သိက္ခာ၊ သမာဓိပေါ်မှာ မူတည်ပါတယ်..။ ပညတ်ဆိုတဲ့ အခေါ်အဝေါ်တွေပါ.. ပရမတ်မဟုတ်ပါ...။ ဆင်ဖြူရှိတိုင်း တိုင်းပြည်တိုးတက်၊ သာယာအေးချမ်းမယ်ဆိုရင်တော့ တကမ္ဘာလုံး ဆင်ဖြူဖမ်းပွဲတွေနဲ့ ပြည့်နေမှာပေါ့.. များများချမ်းသာချင်ရင် များများဖမ်းပေါ့။ ယခင် ပထမဦးဆုံး ဆင်ဖြူများရှင် ဗိုလ်ချုပ်ခင်ညွှန့်လည်း ဆင်ဖြူကြောင့် အကျယ်ချုပ်နဲ့ ထောင်နန်း စံနေရလို့ ခေါင်းပါဖြူပြီး ဆေးတောင် မဆိုးနိုင်ပါ..။
၂၁ရာစု IT ခေတ်ကြီးထဲ ရောက်ရှိနေပါပြီ ခေတ်နောက်ပြန် မဆွဲပါနဲ့တော့...။ ထေရဝါဒ ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ သီရိလင်္ကာနိုင်ငံရဲ့ တောထဲမှာ ဆင်ဖြူတွေ တွေ့ရှိပေမယ့် သဘာဝအတိုင်း လွှတ်ထားတာပါ..။ သေချာတာကတော့ ဆင်ဖြူ မကြာမကြာ တွေ့ရတဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့်ရှ်ကတော့ သူမသာကိုယ်မသာ ဆင်းရဲနေရတဲ့ အခြေအနေပါ..။ ဒီတိုင်းသာဆိုရင် ဆင်ဖြူတွေရောက်လာမှ ရေတွေကြီး၊ ပြည်သူပြည်သားတွေ ဆင်းရဲကြပ်တည်း၊ နာဂစ်လို မုန်တိုင်းတွေဝင်၊ တိုင်းပြည်မှာ တိုင်းရင်းသားတွေနဲ့ စစ်တလင်းတွေခင်းနေရတဲ့ အခြေအနေတွေ ဖြစ်နေရတယ်လို့ ပြောရင် လက်ခံနိုင်ပါ့မလား။ လူ့ဘုံမှာ လူဖြစ်နေရတဲ့ မြင့်မြတ်တဲ့ ဘုံဘဝကို ရောက်နေတာတောင်.. အကုသိုလ်ကံကြောင့် နိမ့်ကျတဲ့ အပါယ်လေးဘုံက တိရိစ္ဆာန်က လူထက် မြင့်မြတ်၊ မမြင့်မြတ် သာမန်လူတွေတောင် စဉ်းစားနိုင်ပါတယ်..။ ဆရာကြီး ဒေါက်တာသန်းထွန်း စကားနဲ့ဆိုရရင် ဆင်ဟာဖြူဖြူ၊ မဲမဲ တိရစ္ဆာန်ဟာ တိရိစ္ဆာန်ပဲတဲ့.. လူထက် တိရိစ္ဆာန်က ဘာမှမြင့်မြတ်စရာ အကြောင်းမရှိလေ..။ ပြည်သူလူထုကို မှိုင်းမတိုက်ပါနဲ့ ၊လက်နက်နဲ့ ခြောက်လိုက် တိရိစ္ဆာန်နဲ့ မြှောက်လိုက် လုပ်ရပ်တွေ ရပ်တန်းက ရပ်ပါတော့လို့ တိုက်တွန်းလိုက်ရပါတယ်.. တတိယမြောက် ဆင်ဖြူများရှင် သမ္မတကြီးခင်ဗျား...။
ဆောင်းပါးရှင် သီတလရဲ့ ဆောင်းပါးအောက်မှာ ဖြည့်စွက် ရေးသားလိုက်ရပါတယ်..
ဒီမိုဝေယံ



.
ReplyDeleteသိန်းစိန် နဲ့ နှိုင်းယှဉ်ပြထားတဲ့ လင်တရူးမ အပျိုကြီးမမြခင် အကြောင်းကို ဖတ်ချင်ရင် "သိန်းစိန်က လင်တရူးမ လိုပဲ" ခေါင်းစဉ်ကို နှိပ်ပါ။
သိန်းစိန်က လင်တရူးမ လိုပဲ
ဗာလီညီလာခံမှာ သိန်းစိန်က အိုဘားမား မျက်နှာကို ကြည့်ပြီး ရှက်ပြုံးလေး ပြုံးနေတာဟာ လင်တရူးမ အပျိုကြီးမမြခင်က ဇာတ်မင်းသားသိန်းဇော် ကြာပစ်တာကို ကြည့်ပြီး မမြခင်ရဲ့ မျက်လုံးမှာ မျက်ရည်ကြည် စို့ပြီး တလက်လက် ဖြစ်နေသလိုပဲ
.
ReplyDeleteသိန်းစိန် အစိုးရ ဆိုတာဟာ လူယောင်ဆောင်ထားတဲ့ စစ်ဘီလူးတွေ ဖြစ်ပြီး လူယောင်ဆောင်ထားတဲ့ စစ်ဘီလူး စစ်အုပ်စု အာဏာ တည်မြဲဖို့ ဆိုရင် သိန်းစိန် အစိုးရဟာ သန်းရွှေ အစိုးရလက်ထက်မှာလိုပဲ ရဟန်းသံဃာတော်တွေကို နှိပ်ကွပ်ဖို့ လက်မတွန့်ဘူး ဆိုတာကို ပြသနေတဲ့ အကျည်းတန်လုပ်ရပ် အကြောင်းကို ဖတ်ချင်ရင် "ဘီလူး သိန်းစိန် သရုပ်မှန် ပြခြင်း" ခေါင်းစဉ်ကို နှိပ်ပါ။
ဘီလူး သိန်းစိန် သရုပ်မှန် ပြခြင်း
သိန်းစိန် အစိုးရ ဆိုတာဟာ လူယောင်ဆောင်ထားတဲ့ စစ်ဘီလူးတွေပါ
"ဒီတစ်ကောင်ပြောင်ကြီးကလည်း ၁၉၈၈ မှာ သားသတ်သမား စိန်လွင် ("စိန်လွင် ၆ တန်း၊ တဇောက်ကန်း") ထွက်ပေးရပြီး တက်လာတဲ့ "ရူးကြောင်မူးကြောင် နဖူးပြောင် ဦးမောင်မောင်" လို ပျော့ပျော့လေးနဲ့ နံတဲ့ ကြောင်ချေးလိုပါပဲ။
လူကမွေးတဲ့လူတွေကို လူကမွေးတဲ့ဗိုလ်ချုပ်လူထွက်တွေကဦးဆောင်ပြီးတော့ တိရစ္ဆာန်ကမွေးတဲ့ဆင်ကို အရိုအသေပြုကြတယ်တဲ့ဗျာ။ကြားရနားဝမချမ်းသာလိုက်တာ။
ReplyDeleteတလောတုံးကဓါတ်တော်ပေါ်တယ်ဆိုလား သတင်းစာထဲတောင်ပါတယ်ဆို????
ReplyDeleteတခြားဘာသာဝင်တွေကကြည့်ရင် အသိညာဏ်မဖွံ့ဖြိုးသေးတဲ့စစ်ဗိုလ်တွေ
ကပြည်သူကိုဘာသာရေးနဲ့အာရုံပြောင်းပီးတခုခုကြံစည်နေပြီဆိုတာသဘောပေါက်
နေပြီးသား။
အော် ဦးသိန်းစိန်ခင်ဗျာ. ခင်ဗျားတို့တပ်မတော်နဲ့တပ်ထွက်တွေကကြီးဘဲလူပြောင်းတယ်ပြော
ReplyDeleteလိုက်စံနစ်ပြောင်းတယ်ပြောလိုက်နဲ့တိုင်းပြည်ကိုဖွတ်ဖွတ်ညက်ညက်ကြေအောင်
နှစ်ပေါင်းငါးဆယ်နီးပါးခိုးဆိုးသောင်းကျန်းလိုက်တာပြည်သူတွေမှာရုပ်ဝတ္ထုပိုင်း
ဆင်းရဲသွားပေမဲ့တိရစ္ဆာန်ထက်နိမ့်ကျတဲ့အသိညာဏ်လောက်ဘဲရှိတယ်ထင်ရင်တော့
မှားသွားပါလိမ္မယ်။
ဒီမိုဝေယံ မင်းဘာတွေလုပ်ပြီးပြီလဲ တော့မသိဘူးကွ.. ရှက်တတ်ရင်လဲ သေဖို့ကောင်း
ReplyDeleteတယ်..။ သမ္မတကြီး လုပ်ခဲ့တဲ့ အလုပ်တွေက မင်းတို့ဆယ်သက်လုပ်ရင်တောင်မမီ
ဘူးကွ..။မင်းစစ်သားတွေကို နည်းနည်းလေးတော့အားနာဖို့ကောင်းတယ်..။ မင်းတို့လို
နိုင်ငံခြားက ပေးတဲ့ဒေါ်လာလည်းရတာမဟုတ်ဘူး.. ။
http://www.facebook.com/photo.php?fbid=327542083936663&set=a.327541157270089.82719.100000426236687&type=1&theater
အဲဒီမှာကြည့် မင်းရော သူတို့လိုလုပ်နိုင်ပါ့မလား........။
အပြစ်တင်စရာမလိုတာကို ကြံဖန်ပြီမတင်ပါနဲ
ReplyDeleteလူရာဝင်ချင်လို့ သူများကိုအပြစ်တင်တဲ့လေသံနဲ့
ဝေဖန်တာကို သတင်းအဖြစ်မတင်သင့်ပါဘူး