Pages

Saturday, November 12, 2011

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ၃၆လမ်း(အထက်) လမ်းသူလမ်းသားများ၏ မရှိဆင်းရဲသားများအား တနပ်စာ ထမင်းစတုဒီသာ အလှူ...

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ၃၆လမ်း(အထက်) လမ်းသူလမ်းသားများ၏ မရှိဆင်းရဲသားများအား ထမင်းစတုဒီသာ လှူဒါန်းတဲ့ အလှူမြင်ကွင်းပါ..။ ကျွန်တော်တို့ အောက်ခြေလူတန်းစား မြန်မာပြည်သူတွေ့ရဲ့ လက်ရှိအခြေအနေ မြင်ကွင်းပါ..။ လတ်တလော ဓာတ်ဆီဈေးတွေ နိုင်ငံတကာ ဈေးနှုန်းနဲ့ ရောင်းမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတော့.. ကုန်ဈေးနှုန်းတွေ ထိုးတက်ပေါ့..။ ဒီမြင်ကွင်းတွေကို နေပြည်တော်က အရောင်တလက်လက် အသစ်အဆန်းတွေကြားမှ သမ္မတကြီးနဲ့တကွ အနှီသော ပုဂ္ဂိုလ်များ မမြင်ချင်ယောင်ဆောင် မသိချင်ယောင်ဆောင် နေလို့မရပါ...။
အောက်ခြေလူတန်းစား မြန်မာကလေးငယ်လေးတွေရဲ့ ဒီလိုတမနက်စာဟာ သူတို့အတွက် နတ်သုဒ္ဓါအလားပေါ့..။ သားသမီးချင်း၊ မြေးမြစ်ချင်း ကိုယ်ချင်းစာကြည့်ကြပါ.... တိုင်းပြည်အုပ်ချုပ်သူများ ဆိုပြီး နေရာယူထားတဲ့.. နေပြည်တော်မှ  တာဝန်ရှိပြီး တာဝန်မသိတဲ့ အနှီသော ပုဂ္ဂိုလ်များ ခင်ဗျား...
ဤသို့ တနပ်စာအတွက် တိုးတိုးဝှေ့ဝှေ့..
ကျောက်တံတားမြို့နယ်၊ ၃၆လမ်း(အထက်) လမ်းသူလမ်းသားများရဲ့ မွန်မြတ်သော အလှူဒါနအား ဝမ်းမြောက်၊ ဝမ်းသာ သာဓု အနုမောဒန ခေါ်ဆိုလိုက်ပါတယ်..။

ဒီမိုဝေယံ
ဓာတ်ပုံ... ဒီမိုကောင်းကင်၊ ဒီမိုဝေယံ

9 comments:

  1. ရွှေမြိုင်ထွန်းNovember 12, 2011 at 2:54 AM

    ၁၉၈၈ ခုမှာ ကမ္ဘာ့အဆင်းရဲဆုံးဖြစ်အောင်. ဦးနေဝင်းနဲ့စစ်တပ်ကလုပ်ခဲ့၊
    ဆက်လက်ပြီးဦးစောမောင်နဲ့ဦးသန်းရွှေက. မွဲတေ ကြွေးထူတဲ့နိုင်ငံဖြစ်အောင်
    ဆက်ခိုးလိုက်တော့ ၂၀၁၁. ခုမှာထ္မင်းတနပ်စားရဘို့. အဲဒီလောက်ခက်ခဲတဲ့
    နိုင်ငံဖြစ်သွားတာတောင်. ဆက်လိမ်ဘို့ ကြိုးစားတုံး၊နောက်ဆိုရင်လူတွေ
    ညနေစာမစားဘဲ. ဥပုသ်စောင့်ရမဲ့ကိန်းဆိုက်နေပြီ။

    ReplyDelete
  2. ဒေါ်စုရေ-ဆုရတွေပိုက်ဆံတွေနဲ့ အဲဒီလိုကျွေးပြလိုက်ပါ။

    ReplyDelete
  3. နေပြည်တော်မှ ခိုးသား၅၀၀November 12, 2011 at 1:43 PM

    ငသန်းရွှေနဲ့ အာဏာရှင်ဗိုလ်ချုပ်တွေရေ
    ခိုးထားတဲ့ ပြည်သူပိုင်ငွေတွေနဲ့
    အဲ့ဒီလို ကျွေးပြလိုက်ပါ

    ReplyDelete
  4. နအဖသန်းရွှေ Phd ( ငတက်ပြား)ကြံဖွိ့သိန်းစိန်Phd(ငတို)November 12, 2011 at 4:05 PM

    ကျွှေးတော့ကျွှေးချင်သား..
    ပြေးဖို့စရိတ်နဲ့ .
    ငါရွှေသေနတ်.လုပ်ထားလို့နောက်မှပဲ ဟဲဟဲ..

    ReplyDelete
  5. ခုလိုကျွှေးမွေးတာ.အတော်ကိုကောင်းပါတယ်.
    ဒီထက်ပိုကောင်းတာက အဲ့ဒီ.သူတွေကိုနေ့စဉ်အလုပ်အကိုင်ရအောင်လုပ်ပေး
    နိုင်ရင်.အကောင်းဆုံးဆောင်ရွက်ချက်တခုပါပဲ.
    ဒါကို လက်ရှိအစိုးရမှာအဓိကတာဝန်ရှိပါတယ်.

    ReplyDelete
  6. ကြည့်ရတာနဲ့တင် ၀မ်းသာကြည်နူးပြီး မျက်ရည်တောင်လည်မိပါတယ်....

    ReplyDelete
  7. BEWARE!
    they will ban this kind of charity!!!

    ReplyDelete
  8.့ မြ၀တီမြို. မှာ လွန်ခဲ့တဲ့ ၁နှစ် ကျော်က အဲ့ဒီလို စတုဒီသာ ၇ ရက်တိတိ ကျွေးတာ ကြားဘူးတယ်၊ အားလုံးကို သာဓု သာဓု သာဓု

    ReplyDelete
  9. ငယ်ငယ်လေးတုန်းက အတိတ်မလှခဲ့ဖူးတဲ့ဘ၀ကိုပြန်လည်သတိရမိတယ် .. ဘ၀တူ ညီလေး/ညီမလေး တွေအားလုံး မနက်ဖြန်အတွက် ဒီတညတာခရီး အိပ်မက်လှလှမက်နိုင်ပါစေ။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။