``လက်ဆောင်မိုးယံ အာဂအားမာန်´´
နေအားပိုဆဲ
ရေများမစိုလည်း မြေသားကိုခွဲလို့
ရဲရဲကြီးထွက်ခဲ့တယ်။
အမှောင်ဘုံထဲက
အတောင်မစုံဆဲဘ၀ အောင်ဂုဏ်ဇွဲပြဖို့
လှလှကြီးပျံခဲ့တယ်။
ကိုယ့်အကြံ ကိုယ်ရင်း
ကိုယ့်မာန်ကိုယ်သွင်း ညှို့သံပိုပြင်းလို့
မြှားတစ်စင်းလို နှင်ခဲ့တယ်။
ခိုင်ခန့်တဲ့ခြေလှမ်း
မယိုင်မတန့်တဲ့ ခြေလှမ်း ကြိုင်သန့်တဲ့ သန္ဓေအစွမ်းနဲ့
ရွှေလမ်းမပေါ် နင်းလျှောက်တယ်။
တင့်တယ်ကာ တောက်ကြွား
ဝင့်ထည်စွာ မောက်မား အမြင့်နယ်မှာ ဖောက်လွှားဖို့
အာဂလူသား ဖြစ်ရမယ်။
အပ္ပမာဒေါ အမတံ ပဒံ
နေစကြာနိုင်
29.9.2011
တင့်တယ်ကာ တောက်ကြွား
ReplyDelete၀င့်ထည်စွာ မောက်မား အမြင့်နယ်မှာ ဖောက်လွှားဖို့ အာဂ လူသားဖြစ်မဖြစ်တော့ မသိဘူး အုတ်နံရံကို ကျော်လွှာထွက်ပြေးခဲ့ရတာတော့ ဒူးတွေ ပြဲ ခဲ့ရတယ် ..။
စက်တင်ဘာဦးနေမိန္ဒ ( အောင်ပွဲမရသေးခင် အပြစ်ပြောတာ မဆန်းပါဘူး)
ကောင်းကင်တစ်မွတ် ကြယ်ကိုဆွတ်ဆိုတဲ့ ရှေးခေတ်ဆိုစကားထားခဲ့ပေမယ့် ယနေ့လူသားက
ReplyDeleteလကမ္ဘာမှာခြေချနိုင်ခဲ့သလို ဘယ်အရာကိုမဆို ရယူနိုင်တာဟာ အာဂလူသားဖြစ်လို့ဆိုတာ
မငြင်းကွယ်နိုင်ပါဘူး..ပြည်သူတွေအတွက် အားမာန်တက်စေမယ့် အောင်မြင်မှုကိုလှမ်းမြင်နိုင်တဲ့
ကဗျာလေးကိုရေးဖွဲ့ ပေးတဲ့ နေစကြာနိုင်ကိုလေးစားပါတယ်လို့ ပြောလိုက်ပါရစေ..