၂၀၀၈ခုနှစ်က ၁၁လပိုင်းက ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်း ရုံးခန်းထဲမှာ ရိုက်ထားတဲ့ ပုံဆိုပြီး ပေးပို့လာပါတယ်...။ ဘယ်သူတွေ ဘာအတွက် တွေ့ဆုံကြတယ် ဆိုတာ မပါရှိပေမယ့် ထိုစဉ်က တိုင်းပြည်ကို အနှစ်(၂၀ကျော်)အတွင်း ဖွတ်ဖွတ်၊ ညက်ညက် ကြေအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ အာဏာရှင် ဗိုလ်သန်းရွှေရဲ့ ဓာတ်ပုံအောက်မှာတော့ ကျွန်ုပ်သည် အမြဲတမ်း စေ့စပ်သေချာပါမည် ဆိုတဲ့ စာတန်းကို ရေးထိုးထားတာပါပဲ။
အာဏာရှင်ကြီး ဗိုလ်သန်းရွှေရဲ့ အဆိုအမိန့်လား ယခုတောင်ဥက္ကလာပမြို့နယ် ကြံ့ဖွတ်အမတ်ကြီး ဦးအောင်သိန်းလင်းရဲ့ အဆိုအမိန့်လား ဆိုတာတော့ မပြောနိုင်ပါ...။ ကျွန်ုပ်သည် အမြဲတမ်း စေ့စပ်သေချာစွာ အရိုးမနင်အောင် စားပါမည် ဟုဆိုလေသလား။ ဒါမှမဟုတ် သခင်၏ အမိန့်တော်အတိုင်း ဦးထိပ်ထား၍ ကျွန်ုပ်သည် အမြဲတမ်း စေ့စပ်သေချာပါမည်ဟု မေ့မှာစိုး၍ ဆောင်ပုဒ်ကို ကပ်ထားလေသလား... ။ ဒါမှမဟုတ် သခင်၏ ကျေးဇူးတော်ကို စောင့်သိစွာဖြင့် လာဘ်ယူရာ၌ ကျွန်ုပ်သည် အမြဲတမ်း စေ့စပ်သေချာပါမည် ဟု စာတတန်ပေတတန်နဲ့ မေ့မှာစိုး၍ ကပ်ထားလေသလား။ လာဘ်စားသည့်နေရာ၊ မိုက်ကန်းသည့် နေရာ၌ ကျွန်ုပ်သည် အရှင်နှင့် တသွေမသိမ်း အမြဲတမ်း စေ့စပ်သေချာပါမည်ဟု ဆိုလေသလား..ဆိုတာကတော့ စဉ်းစားစရာပါပဲ...။
ကျွန်တော့်အမြင်ကတော့ ကြွက်တွေ သောင်းကျန်းတဲ့ အိမ်တွေ၊ ဆိုင်တွေမှာ ရေးထားတဲ့ သတိ ကြွက်ရောင်းရန်ရှိသည် ဆိုတဲ့ အဓိပ္ပါယ်မရှိတဲ့ စာသားကိုပဲ.. ပြေးပြီး မြင်ယောင်မိပါတော့တယ်....။
ဒီမိုဝေယံ...
ကျွန်တော့်အမြင်ကတော့ ကြွက်တွေ သောင်းကျန်းတဲ့ အိမ်တွေ၊ ဆိုင်တွေမှာ ရေးထားတဲ့ သတိ ကြွက်ရောင်းရန်ရှိသည် ဆိုတဲ့ အဓိပ္ပါယ်မရှိတဲ့ စာသားကိုပဲ.. ပြေးပြီး မြင်ယောင်မိပါတော့တယ်....။
ဒီမိုဝေယံ...

ဒီမိုဝေယံ... နိုင်ငံရေးသမားတွေထဲမှာရော ၀န်ထမ်းတွေထဲမှာရော အနာဂတ်တိုင်းပြည်ကို တည်ဆောက်မဲ့သူ များထဲမှာရော အထူးလိုအပ်နေတဲ့ စွမ်းဆောင် ရည်မြင့်မားအောင် လုပ်ဆောင်ပေးရေး (capacity building) နဲ့ ပတ်သက်တဲ့ ပညာပေးဆောင်းပါးတွေ ရှာပြီးတင်ပါအုံး။ ရထားပြီးတဲ့ နာမည်တစ်ခု တန်ဖိုးရှိတဲ့ အချိန်တွေ အကျိုးမရှိတဲ့ နေရာတွေမှာ မပျောက်ကွယ် သွားစေပါနဲ့။
ReplyDeleteကိုထွန်လင်းပြောတာမှန်ပါတယ်၊. အတို့အထိဆောင်းပါးတွေကတော့. ဒီတသက်လုံးထိုင်ရေးနေရင်တောင်. ကုန်နိုင်ဘွယ်ရာမမြင်ဘူး။. ဂျပန်ကဝန်ထမ်တွေရဲ့. တာဝန်ယူတတ်မှု. ကိုယ်ကျင့်တရားကောင်းမွန်မှု၊
ReplyDeleteအလုပ်ကို အသက်လိုတန်ဘိုးထားပြီးကြိုးစားခဲ့မှုတွေကြောင့်. ဒုတိယကမ္ဘာစစ်ဖြစ်ပြီး. ပြာပုံဘဝကနေ
ကမ္ဘာ့စီးပွားရေးနံပါတ်နှစ်ရောက်အောင်တိုးတက်ခဲ့တာတွေကို. ရေးသင့်ပါပြီ၊
မြန်မာ့နိုင်ငံရေးမှာ ကိုမင်းကိုနိုင်တို့ကဲ့သို့သော ပုဂ္ဂိုလ်မျိုးလိုအပ်သလို ကိုဇာဂနာကဲ့သို့သော ပုဂ္ဂိုလ်မျိုးလည်း လိုအပ်ပေသည်။ သံချပ်ကဲ့သို့သော အတို့အထိများနှင့် satireများသည် ခေတ်အဆက်ဆက် မည့်သည့်အခါမျှ ပျောက်ပျက်သွားမည် မဟုတ်ပေ။ နိုင်ငံရေးအကျဉ်းသားများ မလွှတ်သရွေ့ စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေး မပေါ်ပေါက်သရွေ့ မအပ်စပ်မလျော်ညီသော ရရှိထားသည့် သတင်းဓာတ်ပုံများအား အများပြည်သူ သိရှိစေရန် ဆက်လက်ဖော်ထုတ် တင်ပြသွားပါမည်။ မြန်မာ့နိုင်ငံရေး game over မဖြစ်သေး 。。。。。
ReplyDeleteDemowaiyan
ကျုပ်ကတော့ ဒီမိုဝေယံကို သဘောကျသဗျ။
ReplyDeleteပြည်သူကို ဒုက္ခပေးတဲ့လူတွေကို နည်းလမ်းမျိုးစုံနဲ့ ဖော်ထုတ်ပေးရမယ်။
ရုရှားကကောင်တွေ မင်းတို့ အဆောင်မှ ဆက်နေရအောင်ဘဲ အရင်လုပ်ဦး။
ကိုယ့်နိုင်ငံကို ချစ်ပါ။ ဗမာတွေဟာ လူဖျင်းတွေ၊ လူကြောက်တွေ၊ လူပိုတွေ၊ လူရိုင်းတွေ လူဂွစာတွေ၊ လူမတရားတွေလို့  ကမ္ဘာက အထင်ခံရအောင် မလုပ်ပါနှင့်။ ဗမာတွေဟာ ဒီလိုမဟုတ်ဘူးဆိုတာ အလုပ်လုပ်ပြီး ဂုဏ်ယူကြပါ။
ReplyDelete(ဗိုလ်ချုပ်အောင်ဆန်း)
အပေါ်က စာပိုဒ်လေးက အလွန် တန်ဖိုးရှိပါတယ်။
http://arzarni.blogspot.com/ က ကူးယူဖေါ်ပြတာပါ။
လက်တွေ့ မှာလည်းကြုံခဲ့ဖူးပါတယ် မြင်ခဲ့ဖူးပါတယ်။ ဂျပန်ကို အကြောင်းအမျိုးမျိုးနဲ့  ရောက်လာကြတဲ့ မြန်မာလူမျိုးတွေရဲ့  မခိုမကပ် မိမိကိုယ်ပိုင် အလုပ်လို သဘောထားပြီး အလုပ်ကြိုးစားမူကြောင့် ၁၉၉၄ ကနေ ၁၉၉၈ လောက်မှာ ဂျပန်က စားသောက်ဆိုင် နဲ့  ဟိုတယ်များမှာ မြန်မာများကြီးစိုးခဲ့ပါတယ်။
ကြီးစိုးရခြင်း အကြောင်းရင်းမှာ မြန်မာများ အလုပ်လုပ်တာကို သဘောကျလာတဲ့ ဂျပန်လူမျိုး ပိုင်ရှင်များက အရင်ရှိနေတဲ့ တရုတ်လူမျိုးများကို ဖြုတ်ပြီး မြန်မာလူမျိုးတွေ အစားထိုးခဲ့ ခြင်းကြောင့် ဖြစ်ပါတယ်။
ဘယ်နေရာဘဲ ရောက်ရောက် ဗိုလ်ချုပ်အောင်ဆန်း ဆုံးမခဲ့ သလိုဘဲ အလုပ်လုပ်ပြီး ဂုဏ်ယူနိုင်ကြပါစေလို့ ။
ကျွန်ုပ်သည် အမြဲတမ်း စေ့စပ်သေချာပါမည်
ReplyDeleteဆိုတာငါရေးခိုင်းထားတာဟေ့.
ခိုးဆိုး.လူသတ်.ဒမြတိုက်.ဘုန်းကြီးသတ်.ကလိမ်ကကျစ်.
အကုန်လုံး.အလုံးစုံ.မကောင်းတာမှန်သမျှ အမြဲတမ်း စေ့စပ်သေချာ
အောင်လုပ်ဖို့.ငါ့ရဲ့ငနွားလေးတွေကိုခိုင်းထာတာဟေ့..ခုထိငနွားတွေကမှာတဲ့
အတိုင်းလုပ်တယ်လေ.သူတို့လဲစား.ငါ့လဲပေး.ဟေဟေ့.အဆင်ကိုပြေနေတာပဲ..
မင်းတို့မစုကြီးလဲ.မျက်စေ့လည်နေပီ.အာဆီယံဌက္ကဥတောင်ဖြစ် အဲလေ.
ဥက္ကဌ...ဆောရီး.ကျွန်ုပ်သည် အမြဲတမ်း စေ့စပ်သေချာပါမည် ဥက္ကဌ ဥက္ကဌ..ဟီးဟီး
ဟိုအပေါ်ကလူ မြန်မာတွေ နာမည်ရတာ ထားပါတော့ ကျုပ်ကဂျပန်က မဟုတ်လို့ မသိပေမယ့် နိုင်ငံတကာလှည့်နေတဲ့ သဘောင်္သားတယောက်ပါ
ReplyDeleteမြန်မာတွေ ဂျပန်မှာနာမည်ရတာနဲ့ မြန်မာလူမျိုးနံမည် မဖျက်ပါနဲ့ဆိုတာ ဘာဆိုင်လို့လဲ ခင်ဗျားဗိုလ်ချုပ်တွေ နိုင်ငံတကာမှာ နံမည်ပျက်တာ စာရိတ္တပျက်တာ
တကမ္ဘာလုံးသိတယ် နာမည်ဆိုတာ လူတယောက်ရဲ့ အကျင်သိက္ခာနဲ့ပဲဆိုင်တယ်
မဆီမဆိုင်လက်ပံသား မချိုင်နဲ့ နိုင်ငံတကာမှာ မြန်မာတွေ မျက်နှာငယ်နေရတာ
သတင်းဝက်ဆိုက်တွေကြောင့်လား ခင်ဗျားပထွေး ဗိုလ်ချုပ်တွေကြောင့်လား
inn
ReplyDelete