Pages
Sunday, November 27, 2011
စားစရာမရှိ ဝယ်စရာရှိတဲ့ ... အဆင်းရဲဆုံး တိုင်းပြည်မှ အရှေ့တောင် အာရှရဲ့ အင်အား အကြီးမားဆုံး မြန်မာ့လေတပ်...
နိုဝင်ဘာလ ၉ရက်နေ့က မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ရပ်နားထားတဲ့ ရုရှားနိုင်ငံမှ An-124-100 
(ဓာတ်ပုံ ဒီမိုဝေယံ)
ပြီးခဲ့တဲ့ နိုဝင်ဘာလ (၉)ရက်နေ့က ရုရှားသတင်း ဝက်ဘ်ဆိုက်များမှာ မြန်မာနဲ့ ချုပ်ဆိုထားတဲ့ ဒေါ်လာ သန်း၅၇၀တန်ဘိုးရှိတဲ့ MIG 29 တိုက်လေယာဉ် အစီး(၂၀)အား မြန်မာနိုင်ငံသို့ လာမည့် ၂၀၁၂ခုနှစ်မှာ ပို့ဆောင် ပေးအပ်သွားမှာ ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာပါတယ်..။ တိုက်တိုက်ဆိုင်ဆိုင် အဆိုပါနေ့များက မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ Antonov An-124-100/ 224 လေယာဉ်သို့ ဆိုက်ရောက်လာပြီး စစ်ဘက်ဆိုင်ရာ ပစ္စည်းများ လာရောက်ပို့ဆောင် သွားပါတယ်..။
မည်သည့် စစ်ဘက်ဆိုင်ရာ ပစ္စည်းများ သယ်ဆောင် လာတယ်ဆိုတာ မသိရပေမယ့်.. ညဘက်မှာ လုံခြုံရေး တင်းကြပ်စွာနဲ့ ကြီးမားတဲ့ ကုန်တင် ထရပ်ကားကြီးတွေနဲ့ သယ်ဆောင် သွားတယ်လို့ ဆိုပါတယ်...။ (အဆိုပါ ကမ္ဘာ့အကြီးဆုံး ကုန်တင်လေယာဉ်ဖြစ်တဲ့ An-124-100 လေယာဉ်များဟာ အရှည်၂၂၆ပေရှိကာ အလေးချိန်ပေါင် (508,000 lb) အထိ သယ်ဆောင်နိုင်ပြီး တစ်ကြိမ် ပျံသန်းချိန်မှာ အရှည် ၅၇ပေရှိပြီး ပေါင် (24,250 lb)သာရှိတဲ့ MiG-29 ၃စင်းအထိ သယ်ဆောင် ပျံသန်းနိုင်ပါတယ်..) အောက်မှာ An-124-100လေယာဉ် သယ်ဆောင် ပျံသန်းမယ့် ရေငုပ်သဘောင်္တစီး၊ ယူအေအီးနိုင်ငံသို့ ပို့ဆောင်မယ့် Air Bus A-380 ရဲ့အလယ်ကိုယ်ထည်နဲ့ Mig-29 လေယာဉ်တို့ရဲ့ ပုံကိုယှဉ်ကြည့်နိုင်ပါတယ်..။
 အထက်ပါ ဓာတ်ပုံများကို ကြည့်ရင် မြန်မာပြည်ကို ရောက်ရှိလာတဲ့ An-124-100 ရုရှားလေယာဉ် မည်မျှကြီးမားကြောင်း ခန့်မှန်းနိုင်ပါတယ်...။
ရုရှားနိုင်ငံဟာ ၂၀၀၉ခုနှစ်ကစပြီး မြန်မာပြည်ရဲ့ တိုက်လေယာဉ် ဈေးကွက်ကို ရရှိထားတဲ့ ပြိုင်ဘက် တရုတ်ကို ရိုက်ချိုးပြီး ယခင်တရုတ်ထံမှ ဝယ်ယူထားတဲ့ J 10နဲ့ FC 1တိုက်လေယာဉ်တွေအစား MIG 29ဈေးကွက်ကို ရယူခဲ့ပါပြီ။ ပြီးခဲ့တဲ့ ၂၀၀၆ခုနှစ် အောက်တိုဘာလကတည်းက ရုရှားMIG 29 မြန်မာလေတပ်အတွက်  အဆင့်မြင့်တင်ပေးဖို့နဲ့ ပြုပြင်ထိန်းသိမ်းရေး ကိုယ်စားပြုတဲ့ ရုံးခန်းတွေက မိတ္ထီလာ ရှမ်းတဲလေတပ်စခန်းမှာ ဖွင့်လှစ်ထားခဲ့ပြီး ဖြစ်ပါတယ်..။
 အပေါ်ကတော့ မြန်မာ့လေတပ်ရဲ့ ဧရာဝတီသိမ်းငှက် တရုတ်လုပ်F-7နဲ့ Q-5တို့ဖြစ်ပြီး အောက်ပုံကတော့ ရုရှားလုပ် MiG-29ဖြစ်ပါတယ်..
ရုရှားဟာ မြန်မာလေတပ်အတွက် ဒေါ်လာ ၇၁သန်း တန်ဘိုးရှိတဲ့ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်များနဲ့ ၂၀၀၉ခုနှစ်က ဒေါ်လာ သန်း၁၃၀တန်ဘိုးရှိတဲ့ Mig 29 တိုက်လေယာဉ် ၁၂စီးနဲ့ တိုက်ခိုက်ရေး၊ အမောင်းသင် ၂မျိုးသုံးလို့ရတဲ့ တိုက်လေယာဉ် ၂စင်းကို ရောင်းချခဲ့ပြီး ဖြစ်ပါတယ်.။ ဒါအပြင်ရုရှားမှ စစ်တပ်သုံး အမြောက်ကြီးများ၊ ရေဒါ၊ တင့်ကားများ၊ လေကြောင်း ကာကွယ်ရေးစံနစ်နဲ့ တခြားစစ်တပ်ဆိုင်ရာ ပစ္စည်းများအား မြန်မာစစ်တပ်အတွက် ထောက်ပံ့ပေးခဲ့ပါတယ်..။
မြန်မာစစ်တပ်ရဲ့ ယူကရိန်းလုပ် MT-LBMSH တင့်ကား..
 အတွင်းပိုင်း မြင်ကွင်း
ယူကရိန်းလုပ် မြန်မာစစ်တပ်မှာ အသုံးပြုမယ့် MT-LBMSH တင့်ကားများရဲ့ တိုက်ခိုက်ရေး စွမ်းရည် ရုပ်သံ... (ပြည်ပရန်ကာကွယ်ဖို့သာ အသုံးပြုသင့်ပါတယ်..)
ထို့အတူ ယူကရိန်းနိုင်ငံမှလည်း ၂၀၀၇ခုနှစ်က အဆင့်မြှင့်တင် မွန်းမံထားတဲ့ MT-LBMSH တင့်ကား ၁၀စီးနဲ့ ၂၀၀၉ခုနှစ်မှာတော့ ၁၆စီးပေးပို့ခဲ့ပါတယ်..။
မြန်မာလေတပ်မှ K-8 အမောင်းသင်လေယာဉ် အစီး(၅၀) ဝယ်ယူတဲ့ တရုတ်သတင်း ရုပ်သံ
 နောက်ဆုံး အနေနဲ့ တင်ပြလိုတာကတော့ တရုတ်နိုင်ငံရဲ့ မြန်မာ့လေတပ်အပေါ် သုံးသပ်ချက် သတင်းတပုဒ်ပါ..။ ၂၀၁၀ခုနှစ်က တရုတ်နိုင်ငံက ဝယ်ယူခဲ့တဲ့ အမျိုးသမီးတွေပါ အမောင်းသင်လို့ရတဲ့ K-8 အမောင်းသင်လေယာဉ် အစီး ၅၀ကျော် ဝယ်ယူတဲ့ သတင်းနဲ့အတူ မြန်မာနိုင်ငံဟာ အရှေ့တောင် အာရှမှာ လေတပ် အင်အားအကြီးဆုံး နိုင်ငံဖြစ်လာပြီလို့ ဆိုပါတယ်..။
တရုတ်က သုံးသပ် လေ့လာထားတဲ့ မြန်မာ့လေတပ်ရဲ့ တိုက်လေယာဉ် စာရင်းကတော့ အစီး ၅၀ကျော်တဲ့ F-7IIK fighter aircraft ၊ အစီးရေ ၃၀ ရှိလာတော့မယ့် ရုရှားလုပ် MiG-29 fighter aircraft ၊ အစီးရေ ၃၀ကျော်တဲ့ Q-5 attack aircraftနဲ့ စီးရေ ၆၀ခန့်ရှိတဲ့ K-8 trainer aircraft တို့ဖြစ်ပြီး အရှေ့တောင် အာရှရဲ့ အင်အားအကြီးဆုံး လေတပ်ကို ပိုင်ဆိုင်ထားကြောင်း ရေးသားထားတာကို တင်ပြလိုက်ရပါတယ်...။
တရုတ်သတင်း.. (http://news.ifeng.com/mil/jsdg/detail_2011_05/18/6467710_9.shtml)
ဤ၍၊ ဤမျှသော ဆင်းရဲတဲ့ နိုင်ငံမှ ဤ၍၊ ဤမျှသော စစ်အသုံးစားရိတ်ဟု မထင်မှတ် ရလောက်တဲ့ စစ်တပ် အသုံးစားရိတ်တွေပါ..။ တိုက်လေယာဉ်တွေကတော့ ပြောင်ပြောင်ရောင်ရောင်ပါ.။ အောက်ခြေက  အကြပ်၊ တပ်သားတွေနဲ့ ပြည်သူတွေကတော့ ဝမ်းခေါင်ခေါင်ပါ..။ တပ်မတော်အင်အားရှိဖို့ အသုံးပြုနေသလို.. ပြည်သူတွေ အင်အားပြည့်ဖို့လည်း အထူးအရေးကြီးလှပါတယ်...။ စာဖတ်သူများ နှိုင်းယှဉ် သုံးသပ်နိုင်ရန်အတွက် ရရှိထားသော. သတင်း၊ ဓာတ်ပုံများနှင့် ရုရှား၊ တရုတ်သတင်းဋ္ဌာနများမှ သတင်းများအား အကြမ်းဖျဉ်း ဘာသာပြန်ဆို တင်ပြလိုက်ရပါတယ်..။
ဒီမိုဝေယံ...
16 comments:
  1. ပြည်သူ့အကျိုး တိုင်းပြည်အကျိုး မဆောင်ရွက်တော့ ပြည်သူက မေတ္တာမရှိမှန်း သိတော့ လက်နက်တွေ
    ဒါပေမဲ့ ကိုယ့်လက်နက်နဲ့ကိုယ်ပြန်ပြီး သေတတ်တာလဲ မေ့ထားလို့မရဘူး။
    ဒီမိုဝေယံကတော့ အထောက်အထား ခိုင်လုံအောင် ရှာဖွေတင်ပြတာ သတင်းသမား ပီသလှပါတယ်.
    ReplyDelete
  2. .
    ခေါင်းစဉ်ကို နှိပ်ပြီး တုန်လှုပ်ခြောက်ခြားဘွယ်ရာ ဓါတ်ပုံတွေကို ကြည့်နိုင်ပါတယ်။
    (နှလုံးရောဂါ ရှိသူများ၊ သွေးလန့်တတ်သူများ အနေနဲ့ ခေါင်းစဉ်ကို နှိပ်ပြီး အဲဒီ လင့် ကို ဖွင့်မကြည့်ပါရန် ကြိုတင် သတိပေးပါတယ်။)
    စစ်တပ်ရဲ့ လူမဆန်စွာ အသတ်ခံထားရတဲ့ ပြည်သူတွေရဲ့ ရုပ်ကလပ် ဓါတ်ပုံတွေကို နိုင်ငံတကာက စာဖတ်ပရိသတ် အများစုကတော့ ကြည့်ပြီးပါပြီ။ ဒါပေမယ့် မြန်မာနိုင်ငံအတွင်းက ဝင်ကြည့်တဲ့ စာဖတ်ပရိသတ် အသစ် အများစုက မကြည့်ရသေးတဲ့အတွက် ပြည်တွင်းပရိသတ်အတွက် အဲဒီ ဓါတ်ပုံတွေကို ပို့စ်အဖြစ် တင်ထားတဲ့ လင့် ကို ထပ်တင်ပေးလိုက်ပါတယ်။
    ခေါင်းစဉ်ကို နှိပ်ပြီး လက်နက်မဲ့၊ အပြစ်မဲ့ ရွာသားတွေကို စစ်အုပ်စု အာဏာတည်မြဲရေးအတွက် စစ်အုပ်စုခေါင်းဆောင် လူသတ်ကောင်၊ စစ်ရာဇဝတ်ကောင်၊ သူခိုးကြီးတွေရဲ့ ခါးပိုက်ဆောင်တပ် အဖြစ် အသုံးချခံနေရတဲ့ မြန်မာစစ်တပ်က ရက်ရက်စက်စက် ဥပဒေမဲ့ ပစ်သတ်ခဲ့တဲ့ ပြည်သူတွေရဲ့ ရုပ်အလောင်း ဓါတ်ပုံတွေကို ကြည့်နိုင်ပါတယ်။
    မြန်မာစစ်တပ် ရဲ့ လုပ်ရပ်တွေဟာ လူစိတ်မရှိတဲ့ စစ်ခွေးစစ်စစ်တွေသာ လုပ်လေ့ရှိတဲ့ (သေဒဏ်ထိုက်သော ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှု နှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုတွေ) ဖြစ်ပါတယ်။
    ReplyDelete
  3. အနုမြူပိုင်ဆိုင်တဲ့ နိုင်ငံကြီး နှစ်နိုင်ငံကြားမှာ ရှိတဲ့ ဒို့ တိုင်းပြည်ကို ပြည်ပရန်က ကာကွယ်ဖို့  ဒါ့ထက်ကောင်းတဲ့ လက်နက် ထပ်ဝယ်သင့်ပါတယ်။
    ReplyDelete
  4. Instead of buying high value weapons they should look at the good for nothing issue uniform and training.All air force personnel life are depends on fuel which is feeding tube to them.Like our own saying "Look great but nothing inside".
    ReplyDelete
  5. ဆက်လက်ပြီး အများသိအောင် ဖော်ထုတ်တင်ပြပေးဖို့ တောင်းဆိုအပ်ပါတယ်
    ဘယ်ဆိုဒ်မှာမှ မရှိတဲ့ ထူးခြားတဲ့ သတင်းတွေ တင်ပြပေးတဲ့အတွက် အမြဲအားပေးနေပါတယ်
    ReplyDelete
  6. နအဖသန်းရွှေ Phd ( ငတက်ပြား)ကြံဖွိ့သိန်းစိန်Phd(ငတို)November 27, 2011 at 11:18 PM
    ဒီမို.မင်းကတော့မလွယ်တဲ့ကောင်ပဲ.
    တယ်ဖွတာကိုး.တို့ခိုးဝယ်ထားတာတွေလဲ.ဘယ်လိုဘယ်လို.သတင်းရပီးဖေါ်
    ကောင်လုပ်နေရတာလဲ..သိတ်မဖွပါနဲ့.ဝေစု ၁၀ရာနုန်းပေးမယ်.
    ဘုန်ကြီးသတ်လူသတ်ဖို့တော့လက်နက်ဝယ်မှရမယ်လေ.ထိပ်ပြောင်ရေ.တို့အထဲမှာ
    Dမိုရဲ့ငဖွကောင်တွေရှိနေတယ်.စွမ်းအားဖင်နဲ့.ကြံ့လပြွတ်တွေ.ကိုခေါ်ပီးဖေါ်ခိုင်းဦး.
    ReplyDelete
  7. စွမ်းအားဖင်နဲ့ကြံ့လပြွတ်.November 27, 2011 at 11:31 PM
    အဖေကြီးနဲ့အဘတို့.
    စိတ်ချ.ခိုင်းတဲ့အတိုင်းဖြစ်ရစေမယ်.
    ReplyDelete
  8. "အနုမြူပိုင်ဆိုင်တဲ့ နိုင်ငံကြီး နှစ်နိုင်ငံကြားမှာ ရှိတဲ့ ဒို့ တိုင်းပြည်ကို ပြည်ပရန်က ကာကွယ်ဖို့  ဒါ့ထက်ကောင်းတဲ့ လက်နက် ထပ်ဝယ်သင့်ပါတယ်။" ma aye bay...lu tway nghat nay p.. bar wel chin tay tar lae?
    ReplyDelete
  9. Most of the air crafts are useless and outdated per international norm. Like MI 2 chopper U Nu got as a gift from Russia during Russian Primer visit to Burma in late 50's. After military coup it was grounded and used as a watch house in Shante air base checkpoint. But in early 90's thanks to Tay Za Burma bought a trash piles of MI2 chopper and spare parts from Poland garage sale because it wanted to get rid of Soviet era trash. Than Shwe son in law lead a crew team to be trained in there. It just only a one example. How can you called Burma is a regional air power. Generals and their cronies made millions of dollars from these deals and we got trash.
    ReplyDelete
  10. အောင်မြင်November 28, 2011 at 4:09 PM
    MAI မှာပြည်တွင်းပြည်ပပြေးဆွဲနေတာ လေယာဉ်ဘယ်နှစ်စီးလောက်ရှိလဲဗျ။
    ReplyDelete
  11. တစ်ယောက်ပြောသွားသလိုပါပဲ ။ လေယာဉ်တော်တော်များများကဘာမှ ပျံသန်းဖို့ သက်တန်းကုန်နေပါပြီ ။ ပြတိုက်ပို့ဖို့ အဆင့်ပဲရှိတာပါ။ ကိုယ်တွေ့နော်။ အဲဒီလိုလေတပ်ကိုများ ခင်ဗျား မို့ ပြောတတ်တယ် အေ၇ှ့တောင်အာရှရဲ့ အင်အားအကြီးဆုံးလေတပ်လို့----
    ReplyDelete
  12. (အစီး ၅၀ကျော်တဲ့ F-7IIK fighter aircraft ၊ အစီးရေ ၃၀ ရှိလာတော့မယ့် ရုရှားလုပ် MiG-29 fighter aircraft ၊ အစီးရေ ၃၀ကျော်တဲ့ Q-5 attack aircraftနဲ့ စီးရေ ၆၀ခန့်ရှိတဲ့ K-8 trainer aircraft ) --
    F-7 fighter aircraft အလွန်ဆုံးကောင်းလှ ၄စီးလောက် ကျန်တယ်။ MiG 29 က အသစ်ဝယ်တယ်ဆိုတဲ့လေယာဉ်လောက်ပဲရှိမယ် အဟောင်းတွေက ၅စီးတောင်မကောင်းတော့ဘူး။ ခင်ဗျား Q 5 လို့ ပြောတဲ့ A-5 လေယာဉ် တစ်စီးမှ အကောင်းမရှိတော့ဘူး။ k 8 trainer ၀ယ်တဲ့ဆိုတဲ့အသစ်ရှိမယ်။ အဲဒါအကုန်ပဲ လေတပ်အင်အား။ကဲ -- အဲဒါ အေ၇ှ့တောင်အာရှက အင်အားအကြီးဆုံးလေတပ်လား---
    ReplyDelete
  13. ဒီမိုဝေယံDecember 4, 2011 at 5:40 AM
    ပြန်လည် ထောက်ပြပြောဆိုတာ ကျေးဇူးတင်ပါတယ်..။
    တရုတ်သတင်း.. (http://news.ifeng.com/mil/jsdg/detail_2011_05/18/6467710_9.shtml) ဆိုပြီး ကျွန်တော် တင်ပြထားပါတယ်..။
    တရုတ်သတင်းဋ္ဌာနက ရေးသားချက်အမြင်နော်။
    နိုင်ငံတိုင်းမှာတော့ စစ်တပ် Home Pageတွေထားပြီး သိသင့်တာကို
    အများပြည်သူသိအောင် တင်ပြနေကြတယ်ဗျ.. အကုန်လုံးကို မဆိုလိုပါ.။ ကိုယ့်တိုင်းပြည်ရဲ့ စစ်တပ် အခြေအနေကို
    တခြားနိုင်ငံကပြောမှ သိနေရတာတော့ မဟုတ်သေးဘူးဗျ။ လေယာဉ်ဘယ်နှစ်စီး၊ တင့်ကားဘယ်နှစ်စီး ဝယ်တယ် ရောက်တယ်ဆိုတာ ရောင်းတဲ့နိုင်ငံတွေကတောင် ပြောပြနိုင်တာ ကိုယ့်နိုင်ငံက ဘာလို့ မပြောနိုင်တာလဲဗျ... ဖြစ်သင့်တာကို ပြောပြတာနော်။
    ReplyDelete
  14. အင်း-- အဲဒါကတော့ ကျွန်တော်လုပ်ပိုင်ခွင့်ရှိတဲ့ ဟာမဟုတ်တော့ မသိဘူးဗျ။ ကျန်တာကတော့ ကိုယ်တွေ့မို့သိတာ--
    ReplyDelete
  15. ဒီမိုဝေယံDecember 4, 2011 at 6:03 AM
    အေးဗျာ ဘာပဲပြောပြောကိုယ်တွေ့ လာပြောပြတော့ အားလုံးသိရတာပေါ့..
    ၉ယောက်မြောက် ပြောသွားသလို ကျွန်တော်တို့ ရုရှားက စွန့်ပစ်တာတွေ ရတာလား.
    တရုတ်ရဲ့ သုံးမရတာတွေရတာလား ဆိုတာတော့ ကာယကံရှင်တွေ အသိဆုံးပါ..။
    ငွေကုန်ပြီး အလဟဿ ဖြစ်ရတယ် ဆိုရင်တော့ ဆန်းစစ်ဖို့ လိုလာပြီပေါ့..။
    အင်အားလည်း ကြီးမလာ ပြည်သူ့ဘဏ္ဍာတွေပဲ ဆုံးရှုံးရတယ်ဆိုရင်တော့ ရေရှည်မှာ ကောင်းတဲ့ အလားအလာ မဟုတ်ပါ။ ပြည်ပရန် တကယ်ကြုံလာရင် ဘယ်လိုသွားဖြေရှင်းကြမလဲ..။
    လေတပ်က ဒုံရင်းက ဒုံရင်း ကြားကပွဲစားပဲ အမြတ်ထွက်သွားတယ် ဆိုရင်တော့
    တနေ့အဖြစ်မှန်ကတော့ ပေါ်လာမှာပါ...။ အလကားရတာ ဆိုရင်တမျိုးပေါ့ ခုဟာ တန်ရာတန်ကြေးပေးပြီး ဝယ်ရတာလေ..။
    ဘာပဲပြောပြော အားလုံးသိရအောင် နောင်လည်း ပါဝင်တင်ပြပေးဖို့ ဖိတ်ခေါ်ပါတယ်.။
    ReplyDelete
  16. အေးဗျာ သေချာမှတင်ရင်တော့ ပိုကောင်းတာပေါ့ဗျာ မဟုတ်ရင် ပြည်သူတွေထင်ယောင်ထင်မှားတွေဖြစ်ကုန်တတ်ပါတယ်
    ReplyDelete
ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။