ပခုက္က္ကူမြို့ ရေဘေးသင့် ကျေးရွာများအတွက် စာရေးကိရိယာနှင့် သင်ထောက်ကူ ပစ္စ္စည်းများ ထပ်မံလှူဒါန်းနိုင်ရန် အကူအညီတောင်းခံခြင်း
ကျွန်ုပ်တို့ BG သွေးအကူအညီပေးရေးသည် (၃၁.၁ဝ.၂ဝ၁၁ ) ရက်နေ့တွင် ရေဘေးသင့် ဒေသ ဖြစ်သော ပခုက္က္ကူမြို့နယ်၊ ဂဝံလေးတိုင်ရွာသို့ အဝတ်အထည်၊ ဆန်၊ ဆီ၊ ဆေး၊ ဆား စသည့်ပစ္စည်းများကို လှူဒါန်းခဲ့ပါသည်။ ယခုထပ်မံ၍ စာရေးကိရိယာများ၊ စာသင်ခုံများနှင့် သင်ထောက်ကူ ပစ္စ္စည်းများ လိုအပ်နေသေးကြောင်း အကူအညီတောင်းခံလာသောကြောင့် နိုဝင်ဘာလကုန်တွင် ၄င်းဒေသရှိ ရေဘေးသင့် (၇၁)ရွာအား သွားရောက် လှူဒါန်းကြမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ လှူဒါန်းလိုသူများ ကိုယ်တိုင် ကိုယ်ကျလိုက်ပါ လှူဒါန်းနိုင်ကြောင်းနှင့် ကိုယ်တိုင် မလိုက်ပါနိုင်သူများ အနေဖြင့် အထက်ပါသင်ထောက်ကူပစ္စည်းများအား (၃ဝ.၁၁.၂ဝ၁၁) ရက်နေ့တွင် နောက်ဆုံးထား၍ အမှတ်-၈၃၉(ခ)၊ မြရည်နန္ဒာလမ်း၊ ၁၉-ရပ်ကွက်၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ သွေးအကူအညီပေးရေးနှင့် ပညာဒါန သင်တန်းကျောင်းနှင့် အောက်ပါ ဖုန်းနံပါတ်များအား ဆက်သွယ် လှူဒါန်းနိုင်ကြပါသည်။
ဆက်သွယ်ရန် –
ကိုညီညီ (တာဝန်ခံ) ဝ၉-၄၉၃၂၈ဝ၅၅
ကိုလင်းထက် ဝ၉-၇၃၁၂၅၈၈၅
ကိုသီဟန် ဝ၉-၄၉၃ဝ၈၄၃၃
ကိုလင်းဆက် ဝ၉-၄၃ဝ၈၅၅၉၂
ဒေါ်သီတာ ဝ၁-၃၉၆၄၇၆
မထိုက် ဝ၉-၇၃၁၇ဝ၁၆၅
မဥမ္မ္မာဝင်း ဝ၉-၇၃ဝ၇၉၇၉၂
မှတ်ချက် ။ ။ မည်သူမဆိုလိုက်ပါလှူဒါန်းကူညီဆောင်ရွက်နိုင်သည်။



You all are invited to come and listen to Myanmar Musics and Songs at Myanmar Online Music: http://www.demowaiyan.co.cc/
ReplyDeleteThanks!
မင်းလဲသီချင်းကြီးလိုက်ကြော်ငြာနေတော့တာဘဲ၊သတိလဲထားအုံး
ReplyDelete