Pages

Saturday, November 19, 2011

သာဓုခေါ်လိုက်ပါတော့ မရင်ငြိမ်းပွင့်

သာဓုခေါ်လိုက်ပါတော့ မရင်ငြိမ်းပွင့်

စင်ကာပူနိုင်ငံ၊ Serangoon Central, Block 420 နေ မရင်ငြိမ်းပွင့်သည် ၁၇.၁၁.၂၀၁၁ နံနက်ပိုင်း တွင် သူမနေထိုင်ရာတိုက်ခန်းမှ ခုန်ချပြီး မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ကြောင်း သတင်းအား နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ သိရှိလိုက်ရသောအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သား များသည် များစွာအံ့သြခဲ့ရသည်။ မရင်ငြိမ်းပွင့်သည် စင်ကာပူနိုင်ငံ နန်ယန်ပိုလီတက္ကနစ်မှ သူနာပြု ဒီပလိုမာဘွဲ့ရရှိခဲ့ပြီး Kandang Kerbau အမျိုးသမီးနှင့် ကလေးသူငယ်ဆေးရုံတွင် အလုပ်လုပ်ကိုင်ခဲ့ ကြောင်း သိရှိရသည်။
(၃၁) ဘုံတွင်ရခဲလှသော လူ့ဘ၀တွင် အို၍သေခြင်း၊ နာ၍သေခြင်းစသည့် သေခြင်းတရားများ အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အတက်နိုင်ဆုံး ကူညီဖေးမ ပေးလျှက်ရှိရာ ယခုကဲ့သို့ လူ့ဘ၀ သက်တမ်း မကုန်ဆုံးခင် မိဘ၊ ဆွေမျိုး၊ မောင်နှမများအား လိမ္မာရေးခြားရှိစွာဖြင့် မိမိတတ်စွမ်းသော ပညာရပ်ဖြင့် အလုပ်အကျွေးပြုနေရှာသော နိုင်ငံ၏ သားကောင်း၊ သ္မီးကောင်းများ အချိန်မတန်ဘဲ လူ့ဘ၀မှ ထွက်ခွာသွားရခြင်းအတွက် ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းမိပါသည်။

မရင်ငြိမ်းပွင့်၏ ရုပ်အလောင်းအား စင်ကာပူနိုင်ငံမှ ရန်ကုန်မြို့သို့ ၁၈.၁၁.၂၀၁၁ ရက်နေ့ ညနေ ပိုင်းတွင် မိဘများမှ ပြန်လည်သယ်ဆောင်လာခဲ့သည်။ လေဆိပ်သို့ ရောက်ရှိလာသော မရင်ငြိမ်းပွင့်၏ ရုပ်အလောင်းအား နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အကြောင်းကြားခဲ့၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အသင်းသားများ၊ ၀န်ထမ်းများမှ သယ်ဆောင်ပို့ဆောင်ပေးခဲ့ပါသည်။ ယနေ့ ၁၉.၁၁.၂၀၁၁ နေ့လည် (၁း၀၀) နာရီအချိန်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အအေးခန်းမှ ရေဝေးသုဿန်သို့ နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ပို့ဆောင်မီးသင်္ဂြိုလ်ပေးခဲ့သည်။ မီးသင်္ဂြိုလ်ခြင်း အခမ်းအနားပြီးဆုံးချိန်တွင် ကျန်ရစ်သူမိသားစု နှင့် ဆွေမျိုးသားချင်းများမှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်၍ မရင်ငြိမ်းပွင့် အသက် (၂၂)နှစ်အတွက် ရည်စူး၍ အလှူငွေပေးအပ် လှူဒါန်းခဲ့ပါသည်။
ရောက်ရာဘုံဘ၀မှ မရင်ငြိမ်းပွင့်အား အမျှ … အမျှ … အမျှ ပေးဝေလိုက်ပါသည်။
တို့သေရတဲ့တစ်နေ့ အနှစ်မပါ ဗလာပြန်သွားရမှာကိုသာကြောက်ပါ။ အနှစ်ပါပါ ပြန်ရရင်တော့ မြေအိုးနဲ့ ရွှေအိုးလဲရတော့မယ်လို့ ၀မ်းမြောက်လိုက်ပါတော့ . . . . ။ (၀ဋ်ကြွေးတော်ပြေဆရာတော်ကြီး)

6 comments:

  1. တောဂေါ်လီNovember 20, 2011 at 1:20 AM

    စင်ကာပူကမိတ်ဆွေများခင်ဗျား...သေဆုံးသူညီမငယ်ရဲ့ဂုဏ်သိက္ခာအတွက် အမှန်တရားကိုကျိုးစားဖေါ်ထုတ်ပေးကြပါ။ကျေးဇူးတင်ပါတယ်ခင်ဗျား။

    ReplyDelete
  2. စင်္ကာပူကြောင့် သေဆုံး.ဘဝပျက်ရတဲ့သူတွေအမျာကြီးပါပဲ..
    အတော့်ကိုစိတ်မကောင်း.စိတ်ပျက်မိပါတယ်..ဒါဟာကျုပ်တို့တိုင်းပြည်ရဲ့.
    စနစ်ဆိုးကြောင့်.ပြည်ပထွက်ရှာဖွေစားသောက်ရတာ.စ လုံးတရုတ်တွေရဲ့.
    မညာမတာ.ခိုင်းစေခြင်း.အနိုင်ကျင့်ဗိုလ်ကျမူ့တွေရဲ့ဒဏ်တွေကို.ငယ်ရွယ်တဲ့.
    ခလေးတွေအတွက်.စိတ်ဒုက္ခအကြီးအကျယ်ရောက်ရတာပဲ.မလုပ်ချင်လို့.မခံနိုင်လို့.
    ကိုယ့်တိုင်းပြည်ပြန်မယ်ဆိုတော့လဲ.ရှက်စရာနဲ့.မိဘဆွေမျိုးတွေရဲ့ပြစ်တင်ခံရမှာကိုကြောက်.
    နောက်ဆုံးမခံနိုင်တဲ့သူကတော့.ခုလိုအဖြစ်မျိုးရောက်ရတော့တာပဲ..
    မိဘတွေအနေနဲ့လဲ.ကိုယ့်သာသမီးလေးတွေကို.အတင်းဇွတ်ဖန်တီးပီး.မလုပ်သင့်ပါဘူး.
    ယနေ့စင်္ကာပူမှာ.ဒီလိုခလေးမျိုးတွေ.အများကြီးရှိနေဦးမှာပဲ.စိတ်ညစ်စရာ.အနိုင်ကျင့်မတရားပြော
    ဆိုတာခံရလို့.ဒီလိုမလုပ်ကြပါနဲ့.ကိုယ့်မိဘရင်ခွင်ကိုပြန်ပါ..
    တချို့ကပြောကြတယ်.ရည်းစားပျက်လို့တဲ့.မဖြစ်နိုင်ပါဘူး.
    ကျုပ်တို့ရွှေတွေက.အဆင်မပြေတာ.အနိုင်ကျင့်ခံရတာတွေကိုဖုံးကွယ်ပီး.
    အားလုံးအဆင်ပြေချင်ယောင်ဆောင်ကြတာများပါတယ်.
    မြန်မာလူငယ်ကလေးများအမှာမလုပ်ကြပါစေနဲ့လို့..

    ReplyDelete
  3. အမှန်ပါပဲ ။ သူတို့စလုံးတ၇ုတ်တွေပြောတာ ဆိုတာတွေ အနိုင်ကျင့်တာတွေ မိဘဆွေမျိုးတွေပြောပြမိ၇င် စိတ်မကောင်းဖြစ်ကြမှာစိုးလို့ ကိုယ်တယောက်တည်းပဲကြိတ်မှိတ်ခံစားခဲ့၇ပါတယ်။ သူမသေဆုံး၇တာ အဓိက အကြောင်း၇င်းတခုတော့၇ှိမှာပါ။ ၇ီးစားကိတ်စတော့မဖြစ်နိုင်ပါဘူး။ ခံစားနေ၇တဲ့သူတွေလဲ ဒီလိုတော့မလုပ်ကြပါနဲ့ ။ တို့မှာလဲ တိုင်းပြည်၇ှိပါတယ်။ ဖြေ၇ှင်းဖို့ နည်းလမ်း၇ှိမှာပါ။း'(

    ReplyDelete
  4. http://www.facebook.com/notes/thorn-nay-soe/%E1%80%80%E1%80%AD%E1%80%AF%E1%80%9A%E1%80%B7%E1%80%B9%E1%80%80%E1%80%AD%E1%80%AF%E1%80%9A%E1%80%B9%E1%80%80%E1%80%AD%E1%80%AF-%E1%80%9E%E1%80%90%E1%80%B9%E1%80%B1%E1%80%9E%E1%80%81%E1%80%AB%E1%80%94%E1%80%AE%E1%80%B8-%E1%80%96%E1%80%90%E1%80%B9%E1%80%96%E1%80%AD%E1%80%AF%E1%82%94-%E1%80%9E%E1%80%BC%E1%80%94%E1%80%B9%E1%80%B8%E1%80%B1%E1%80%94%E1%80%85%E1%80%AD%E1%80%AF%E1%80%B8-/233257836741106
    ကိုယ့်ကိုယ်ကို သတ်သေခါနီး ဖတ်ဖို့။ [ သွန်းနေစိုး ]

    ReplyDelete
  5. ဟုတ်ပါတယ်။ကျွန်မလည်းစင်ကာပူမှာနေသူပါ။အချစ်တစ်ခုတည်းတော့မဖြစ်နိုင်ပါဘူး။
    ဒီမှာကအလုပ်ရဲ့သောကလည်းတော်တော်များပါတယ်။လူငယ်ဆိုတော့အချစ်လည်းမကင်းနိုင်ဘူးပေါ့
    အားလုံးစုစည်းသွားတာဖြစ်မှာပါ။မိဘညီအစ်ကိုမောင်နှမသာအတူ၇ှိကြရင်ဖြစ်ဖို့အလားအလာအရမ်းနည်း
    ပါတယ်။မပြည့်စုံသေးတဲ့ကိုယ့်နိုင်ငံကြောင့်ရေမြေခြားကိုထွက်ပြီးငွေရှာနေကြရတာပါ။အချိန်မတိုင်ခင်ကြွေသွား
    တဲ့ညီမငယ်လေးကိုနှမြောရင်းနဲ့ပဲကောင်းမွန်ရာဘ၀ရောက်ဖို့ပဲဆုတောင်းပေးပါတယ်

    ReplyDelete
  6. စင်္ကာပူမှာအလုပ်လာလုပ်လို့.သန်းကြွယ်သူဌေးမဖြစ်နိုင်ပါ.
    နေနိုင်စားနိုင်ရုံကလွဲပီးဘာမှဖြစ်မလာပါဘူး.
    အဆင်မပြေရင်.ကိုယ့်မိဘဆီပြန်ကြဖိုတိုက်တွန်းပါရစေ.
    ဒီလိုအဖြစ်ဆိုးမျိုးတော့.အဖြစ်မခံကြပါနဲ့.

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။