Pages
Saturday, November 26, 2011
နိုဝင်ဘာလ၂၅ရက်နေ့ က လှိုင်သာယာမှာ ဟောကြားမယ့် ဒယ်အိုးဆရာတော် ဥူးသုမင်္ဂလ တရားပွဲပိတ်ခံရပြီး၊ ဗီနိုင်းကြော်ငြာများအား ဆွဲစုတ်ဖျက်ဆီး၊ ခြိမ်းခြောက်ခြင်းခံရ...
25-11-2011 လှိုင်သာယာ။
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ တရားသဘင် ကျင်းပရန်အတွက် အခမ်းအနားပြင်ဆင် ပြီးသွားမှ တိုင်းညွန်ကြားချက်ဖြင့် မြို့နယ်မှ အုပ်ချုပ်ရေးတာဝန်ရှိသူများမှ လာရောက် တားဆီးပိတ်ပင် ဖျက်သိမ်း ခဲ့ပါသည်။ ဟောကြားမည့် ဆရာတော်မှာ ဆရာတော် ဥူးသုမင်္ဂလဖြစ်ပါသည်။ 
အခမ်းအနားကို လုံးဝ ဖျက်သိမ်းပစ်ရပါမည်ဟု အုပ်ချုပ်သူများ လာရောက် ပြောဆိုနေသောအချိန်တွင် မီးသတ်များ၊ နှင့် စွမ်းအားရှင်များသည် နံပါတ်တုတ်(ရာဘာ)များ ကိုင်ဆောင်ထားသည် ကိုလည်း တွေ့ရှိရပါသည်။ ဗွီနိုင်းများကိုလည်း ဆွဲစုတ် ဖျက်ဆီးသွားခဲ့ပါသည်။ တရားဟောရန် လူများပြည့်နှက် နေသည့်အချိန်မှ တရားဟောခွင့် မရှိကြောင်းလာပြောပြီး မီးသတ်ဝတ်စုံ အသစ်များဖြင့် တုတ်များကို လက်ဖြင့်ဆပြီး ခြိမ်းခြောက်မှုများလည်း ပြုလုပ်ခဲ့ပါသည်။ ပရိသတ်များ အားလုံးမှာလည်း တရားပွဲရရှိရန် အလွန်ကြိုးစားပြီးမှ အခုလို တရားပွဲ ပျက်သွားရခြင်းအပေါ် အလွန်ဝမ်းနည်း ခံစားရကြောင်း မျက်ရည်များ လည်၍ပင် ပြောကြား ကြပါသည်။
အဆိုပါဖြစ်စဉ်မှာ ဆရာတော်အား သံဃာနာယကအဖွဲ့မှာ ဗုဒ္ဓဟူးနေ့တွင် သတိပေးပြီးနောက် ဖြစ်ခဲ့သည့် ဖြစ်စဉ်လည်းဖြစ်ပါသည်။ ဆရာတော်မှာ တရားဟောပြီး ရရှိသော ဓမ္မပူဇာများဖြင့် ပရဟိတလုပ်ငန်းများကို အကုန်ပြန်လည် လှူဒါန်းနေသော ဆရာတော် တစ်ပါးလည်းဖြစ်ပါသည်။ ထို့ကြောင့် ပရဟိတ လုပ်ငန်းများ အနေဖြင့်လည်း အလွန်နစ်နာသော ဖြစ်ရပ်လည်းဖြစ်ပါသည်။ နိုင်ငံတော်ရှိ သဘာဝ ဘေးအန္တရာယ်များ ကြုံတွေ့ရာ နေရာများကိုလည်း ဆရာတော်သည် ကိုယ်စွမ်းဥာဏ်စွမ်း ရှိသမျှလှူဒါန်း ပေးနေသော ဆရာတော် တစ်ပါးလည်း ဖြစ်ပါသည်။ အဆိုပါဆရာတော် တစ်ပါးအား တရားပွဲမဟောရန် တားမြစ်ခြင်းသည် ယခုဖြစ်ပေါ်နေသော အခြေအနေများဖြင့်လည်း အလွန်သွေဖယ်နေသော လုပ်ရပ်လည်း ဖြစ်ပါသည်။
ကောင်းမွန်သော အခြေအနေများကိုလည်း ဖျက်ဆီးပစ်သော ဖြစ်ရပ်တစ်ခုလည်း ဖြစ်ပါသည်။ မြန်မာတစ်နိုင်ငံလုံးရှိ ပရဟိတလုပ်ငန်းများနှင့် ဆရာတော်အား ကြည်ညိုကြသော တရားနာ ပရိတ်သတ်များ သည် အလွန်မကျေမချမ်း ဖြစ်ကာ ၀မ်းနည်း ကြေကွဲနေရပါသည်။ အဆိုပါဖြစ်ရပ်ကြောင့် ယခုလက်ရှိ အုပ်ချုပ်နေသော အစိုးရသည် ဗုဒ္ဓပူဇနိယပွဲတော် အမည်တပ်ကာ စတိတ်ရှိုးများ၊ လောင်းကစားဝိုင်းများ၊ အခြားသော ပျော်ပွဲရွှင်ပွဲများကို ခွင့်ပြုချက်များပေးကာ ယခုလို တရားပွဲ စစ်စစ်များကို ဂုဏ်သိက္ခာမရှိ တားဆီး နှောက်ယှက်မှုများ ပြုလုပ်ခြင်းသည် နိုင်ငံတော်သစ်ဆီသို့ လှမ်းနေသော ခြေလှမ်းများအား ယုံမှားသံသယ ရှိဖွယ်ပင် ဖြစ်ပါတော့သည်။
တရားနာသွားရောက်သူ တဦး..
ပြည်တွင်းက တို့သံဃာတော်တွေကတော့ ဤသို့...
ပြည်တွင်းမှ အမျိုးဘာသာ သာသနာတော်အတွက် ကြိုးပမ်းနေတဲ့ ထေရဝါဒ ဗုဒ္ဓဘာသာ ဆရာတော်များအား နှိပ်စက် အနိုင်ကျင့်၊ ပိတ်ပင်မှုများ ပြုလုပ်နေပေမယ့် တရုတ် မဟာဟာန ရဟန်းတော်များအား ဤသို့ ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမျှော်နေခြင်းဟာ တရားပါသလား..
မနှစ်က တရုတ်ပြည် ခရီးစဉ်မှာ ဦးရွှေမန်းတို့ သီဟ၊သူရ တင်အောင်မြင့်ဦးတို့က ကြုံကြုံလေး အနောက်မှာ ဗိုလ်သန်းရွှေရဲ့ သမီးတော်တွေ၊ မြေးတော်တွေက ရှေ့မှာ...
မဟာယန ဘုန်းတော်ကြီးတွေ နိဗ္ဗာန်ရောက်ကြောင်း တရားတော်တွေကို လမ်းညွှန်ပေးနိုင်ပါသလား၊ ဗိုလ်သန်းရွှေတို့ အုပ်စုရည်ညွှန်းတဲ့ ကြည်ညိုထိုက်သော ရဟန်းတော်များဆိုတာ အနှီမဟာယာန ဘုန်းတော်ကြီးတွေကို ရည်ညွှန်းလေသလား...
ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက ပြည်တွင်း ပရဟိတ လုပ်ငန်းများ လုပ်ကိုင်နေတဲ့ NGO အဖွဲ့ဝင်များအား တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့မှုအတွက် ဆရာတော်ဥူးသုမင်္ဂလအား အာဏာပိုင်များမှ အလေးထား စောင့်ကြည့်ခြင်း ခံခဲ့ရပါတယ်..။ အမျိုး၊ ဘာသာ သာသနာအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နေတဲ့ ဆရာတော်ဟာ မြစ်ဆုံဆည်မံကိန်း အကြောင်းလေ့လာဘို့ အတွက်.. လွန်ခဲ့တဲ့ ၁နှစ်ခွဲခန့်ကတည်းက ဧရာဝတီမြစ်ဆုံမှ မချမ်းဘောမြို့ထိ တိုင်အောင် ခက်ခဲကြမ်းတမ်းသော ခရီးလမ်းများအား ဖြတ်ကျော်ကာ သွားရောက်လေ့လာခဲ့ပြီး အများပြည်သူ သိရှိနိုင်ဖို့ တရားပွဲများမှာ ဟောကြားခဲ့ပါတယ်..။
34 comments:
  1. နအဖသန်းရွှေ Phd ( ငတက်ပြား)ကြံဖွိ့သိန်းစိန်Phd(ငတို)November 26, 2011 at 6:17 PM
ွှအဲ့ဒါငါခိုင်းတာဟေ့.ငါ့တပည့်ထိပ်ပြောင်
    မင်းသိတ်တော်တယ်.ခိုင်းတဲ့အတိုင်းလုပ်တယ်.
    နောက်တစ်ခါဆိုသတ်ပြစ်ကြ..ဘုန်ကြီးဆိုမမြင်ချင်ဘူး..
    သန်းရွှေနဲ့ သိန်းစိန်ကွ.ကတုံးဆိုအသေသတ်ကြ.
    အဲ့ဒါအမိန့်ပဲ..သူခိုးစစ်တပ်ကိုလာမထိနဲ့.ဂွင်လာဖျက်လို့ကတော့.
    အကုန်ရိုက်သတ်ကြ..
    ReplyDelete
  2. ဦးသိန်းစိန်
    ဒါလား ဒီမိုကရေစီဖြင့်နိုင်ငံတော်သစ်ဆီချီတက်နေပါပြီဆိုတဲ့ မင်းတို့ ပြောပြောနေတဲ့ဟာ ။
    မင်းတို့တွေ ဘယ်သန္ဓေမျိုးက ပေါက်ဖွားလာကြတာလဲ ။ ဘာကြောင့် ဒီလောက်အသိမဲ့တဲ့ လုပ်ရပ်မျိုးကို လုပ်ရတာလဲ ။ မင်းတို့တွေက သာသနာဖျက် ဖြစ်နေကြပါလား ။ မင်းတို့ရဲ့ ခေါင်းထဲမှာ အသိကော ရှိကြရဲ့လား ။
    ReplyDelete
  3. စစ်အာဏာရှင်တို့ရဲ့ သရုပ်မှန်ကို ထုတ်ဖော်ပြသလိုက်တာပါ။
    ကြံ့ဖွံ့နဲ့စွမ်းအားရှင်လူရမ်းကားတွေကို ပြန်ပြီး အသုံးပြုလာတာပါ။
    ဒီမို အင်အားစုတွေဘက်ကလဲ ဘယ်လို တုန့်ပြန်မလဲ ဆိုတဲ့စီမံကိန်း ရှိသင့်ပါတယ်.
    ဒီချုပ်ကိုလည်း လူမိုက်တွေသုံးပြီး အနိုင်ကျင့်တော့မှာပါ။
    ReplyDelete
  4. နိုင်ငံတော်အစိုးရသစ်ကပြုပြင်ပြောင်းလဲရေးလုပ်နေပါတယ်ဆိုတဲ့ သိန်းစိန်ရဲ့စကားက အပြောနဲ့အလုပ်မညီ
    ဘူးဆိုတာကိုပြလိုက်တာဘဲ၊ ဆရာတော် သံဃာတောတွေအပေါ် ဒီလိုလုပ်နေတာဟာ ဗုဒ္ဒဘာသာမြန်မာ
    နိုင်ငံအတွက်တော့ ရင်လေးစရာပါဘဲ။
    အခင်ဖြစ်ပွားရာနေရာက ဓါတ်ပုံလေးတွေပါတင်ပေးပါလားဗျာ အားလုံးသိအောင်လုပ်ပေးရမယ်။
    ReplyDelete
  5. ခွေးမြီးကောက်ကျီတောက်စွပ်..အချိန်တန်ရင်ပြန်ကောက်သွားမှာဘဲ
    ကျီတောက်စွပ်ထားတုန်းတခဏပေါ့
    ReplyDelete
  6. လူတွေအများကြီး ရှိနေတဲ့အချိန်လာ ဖျက်တာခံရတယ် ခြိမ်းခြောက်တာ ခံရတယ်ဆိုတော့ အုပ်ချုပ်သူတွေ သိပ်တော်လို့ မဖြစ်နိုင်ဘူး ... အနားရှိလူတွေ ဆောက်သုံးမကျလို့ပေါ့ ခံလိုက်ကြပေါ့ ... စိတ်မကောင်းစရာ မရှိပါဘူး။
    ဓါးမိုးထားတဲ့ အချိန်တောင် ရအောင် သာသနာပြုခဲ့ကြ သေးတာပဲ။ အဲဒီလောက်မခက်ခဲတဲ့ အနေအထားမှာ မဖြစ်လာတာ ဘယ်သူတွေညံလို့လဲ
    မညံတဲ့လူတွေ များတဲ့နေရာမှာပဲ သာသနာထွန်းကားမှာ
    ReplyDelete
  7. ပြောင်ကြီးတို့ အဖွဲ့ဟာလည်း လူယောင်ဆောင်ထားတဲ့ စစ်ဘီးလူးတွေဆိုတာ
    မေ့မထားကြပါနဲ့။ ဒီတစ်ကောင်ပြောင်ကြီးကလည်း မဆလ ပြုတ်ပြီးတက်လာတဲ့
    နဖူးပြောင်ပြောင် ရူးကြောင်ကြောင် ဆိုတဲ့ မောင်မောင်တစ်ယောက်လိုပါပဲ။
    အပြောကတော့ ကြောင်ချေးလိုပါပဲ ။ ပျော့ပျော့နဲ့ တော်တော်နံတဲ့ ကောင်တွေ ဆိုတာ
    သတိထားကြဖို့လိုပါတယ်။ ပျော့ပျော့ ပျော့ပျော့ နဲ့ အပျော့ဆွဲဆွဲ နေတာကို နားယောင်
    မသွားဖို့ လိုပါတယ်။ စစ်ဘီလူးဆိုတာ ဘာသာရေးမရှိပါဘူး။ သန်းရွှေကိုကြည့်ပါ။ သေခါနီး
    မှ ဘုရားသွားယောင်ယောင်နဲ့ ဂယောင်ဂတမ်း ထလုပ်နေတယ်။ ကြေပါလိမ့်မယ် သံဃာသတ်
    ခဲ့တဲ့ ကံတွေ။ တရားပွဲပိတ်တာလောက်တော့ ဒီကောင်တွေအတွက် အသေးအမွှားပေါ့။
    စွမ်းအားရှင်ဆိုတဲ့အကောင်တွေလည်း ငရဲရိက္ခာအတွက် စစ်ဘီလူးတွေရဲ့ မသဒ္ဓါရေစာလေး မြိုဆို့ရင်း မသေခင်ရှင်သန်ကြလေဦးပေါ့။
    ReplyDelete
  8. ဘုန်းကြီးအရေခြုံပြီး နိုင်ငံရေးမလုပ်နဲ့ လုပ်ချင်ရင် လူထွက်
    ReplyDelete
  9. ဟုတ်တယ်ဗျ။မြိုနယ်လုံးဆိုင်ရာ တရားသဘင်ကို ကြံ့ဖွံ့နဲ့ စွမ်းအားရှင်က လာဖျက်တာကို ဘာမှပြန်မတုန့်ပြန်ဘူးဆို တော်တော်ညံ့တာဘဲဗျ။မူဆလင်တွေသာ လာအုပ်ချုပ်ရင် ဗုဒ္ဓဘာသာ ရက်ပိုင်းအတွင်းပျောက်သွားမယ်ထင်တယ် ဒီလိုသာ လုပ်တိုင်းခံနေရင်.
    ReplyDelete
  10. သက်ဆိုင်ရာသံဃနာယကအဖွဲ့ကို တစ်ခုခု လုပ်ချင်ရင် ရေလောင်းရပါတယ်၊
    ရေမလောင်းလို့ကတော့ ပြဿနာရှာတတ်ပါတယ်။
    တ၇ားပွဲခွင့်ပြုမိန့်ရဘို့ မြို့နယ်အဆင့်သံဃနာယကကို (၁၀ ဝ၀၀)ကျပ်လောက်ရေလောင်းမှ တရားပွဲသစ်ပင်က ပေါက်ပါတယ်။ဒါလေးတွေ သိထားဘို့လိုပါတတယ်.
    သန့်ရှင်းသောအစိုးရဆိုသော်လည်း ဒါလောက်တော့ ပေးနေရသေးတယ်။အာဏာပိုင်အဖွဲ့ကိုပေးရတာ မပါသေးဘူးနော်။
    ReplyDelete
  11. ကွန်မြူနစ်တရုတ်ကြီးက အထွတ်အမြတ်ထားတာ အောက်တိုဘာတော်လှန်ရေး-တဲ့
    ဒီမိုဟန်ဆောင် ဗကပတို့ က သူတို့ ပါဝင်တဲ့ ဘုန်းကြီးလှုပ်ရှားမူကို စက်တင်ဘာတော်လှန်ရေး-တဲ့
    ကွန်မြူနစ်အလံအရောင်အတိုင်း အနီ နဲ့ အ၀ါ ပေါင်းစပ်တင်စားခေါ် လိုက်တော့ ရွှေဝါရောင် တော်လှန်ရေး-တဲ့
    ဗကပယူဂျီခေါင်းဆောင် ဘိုကျင်မောင်က ပြောထားတယ် ဘုန်းကြီးထဲမှာသူတို့ လူရှိတယ်-တဲ့
    ReplyDelete
  12. တစ်ဆိတ်ရှိဗကပနဲ့.သူ့ပထွေးပဲဆွဲဆွဲထည့်ပြောနေတယ်.
    မင်းအမေလင်ဗကပ ကဘယ်ဆီရောက်မှန်းတောင်မသိ.ခောတ်မရှိတော့ကြာပီစောက်ရူးရဲ့.
    ဗကပ က ဘုန်းကြီးမသတ်ခဲ့ဘူးကွ.မင်းတို့စစ်တပ်မှ.လူသတ် ဘုန်းကြီးသတ်တာ.
    ဖက်ဆစ်တပ်မတော်ဆိုတာ မင်းတို့စစ်တပ်ပဲ.မင်းတို့ သူခိုးစစ်တပ်ထဲမှာ မှဗကပတွေစုနေတာ.
    ခောတ်သစ် ဗကပစစ်တပ်အစစ်ပဲ..
    ReplyDelete
  13. စစ်အာဏာရှင်တို့လက်ဝေခံ သံဃနာယကတွေက ပြတ်သားသည်။တရားပွဲ ပွဲမိန့်တောင်းရင် ဟေ.. မင်းတို့က ဘယ်လောက်ပေးမှာလဲကွ ဟု ဗြောင်မေးသည်၊ စာအိတ်ပါးလို့ကတော့ ဆောရီးဘဲ၊
    ဒါက လူအာဏာပိုင်တွေဆီ စာတင်ရတာ လာဘ်ထိုးရတာ မပါသေးဘူးနော်။
    တရားပွဲကျင်းပပြီးရင် အကျိုးဆောင်တွေ ဆေးထိုးယူရတယ်.စိတ်ပန်းလူပန်းဖြစ်လို့.
    အဲ ဘုရားပွဲ လောင်းကစားဝိုင်းထည့်ချင်ရင် အဲလောက် မခက်ပါဘူး။
    စစ်အာဏာရှင်ကြီးတွေက လူတွေသာမက သံဃာကိုပါဖျက်ဆီးပစ်လိုက်တာ။
    ReplyDelete
  14. အဲဒီလိုအချိန်မှာ ငုံ့ခံနေတာမှားတာပေါ့ဗျာ ခံရတာနည်းသေး။ ငိုပြမနေနဲ့။ သောက်တလွဲဆံပင်ကောင်းတဲ့မြန်မာတွေ။ မဟုတ်တဲ့အချိန် အချင်းချင်းဆိုသေအောင်ခွပ်ကြ။ သူများစော်ကားရင်တော့ ခံကြ။ကောင်းတယ်။ အမျီုးဘာသာသသနာပျောက်မယ့်စိတ်ဓါတ်တွေ.လည်လှီးအကြမ်းဖက်မွတ်ဆလိမ်တွေက ဒါကြောင့် တို့ဘာသာကိုထိပ်ပါးစော်ကားမော်ကားပြောလာတာ။ ဘာသရေးနဲ့မဆိုင်ပါဘ.ူး။ လူတွေညံ့ဖျင်းတာက အဓိကပါ။ သူရဲဘောကြောင်လို့ ငြိမ်ခံနေကြတာ။ အပြိုင်ချကြည့်လေ။ ပြည်သူလူထုနဲ့ ဖက်ဆစ်ဘယ်သူက နိုင်မလဲလို့။ လစ်ဗျားကိုကြည့် ခွေးသေတောင် သေကုန်မယ်။
    ReplyDelete
  15. အဲဒီအချိန်မှာ ဒယ်အိုးဆရာတော်ကိုကြည်ညိုမယ့်လူတွေအများကြီးက ဆရာတော်ကိုစွမ်းအားရှင်ဆိုက်ကားသမားငမူးအိမ်ယာမဲ့အောက်တန်းစားတွေက ဖမ်းဆီးဝိုင်းရိုက်နေရင်တော့ ကိုယ်နဲ့မဆိုင်သလိုနေမယ့်သူက ပြေးမယ့်သူက ငါမပါဘူးဆိုမယ့်သူက အများကြီးနေဦးမှာ မီဒီယာပေါ်လာငိုပြမနေနဲ့ သတ္တိရှိရင် အဲလိုအချိန်မှာချပစ်။ ဆရာတော်ကိုပဲ သနားတယ်။ကိုယ့်လူတွေအကြောင်းမသိလို့ လာဟောတာကိုပဲ။ သူတုတ်ကိုယ်တုတ်ကိုယ်ဓါး သေနတ်မပါဘူး ချပစ်။ခံမှန်းသိလို့ ဖင်ဆော်နေတာ။
    ReplyDelete
  16. ဘီလူး သိန်းစိန် တို့က သရုပ်မှန် ပြလိုက်တာပေါ့။
    သိန်းစိန် အစိုးရ ဆိုတာဟာ မင်းသားခေါင်း ဆောင်းထားတဲ့ ဘီလူးတွေပါ။
    အပျော့ဆွဲ သိန်းစိန်ကလည်း ၁၉၈၈ မှာ သားသတ်သမား စိန်လွင် ("စိန်လွင် ၆ တန်း၊ တဇောက်ကန်း") ထွက်ပေးရပြီး တက်လာတဲ့ "ရူးကြောင်မူးကြောင် နဖူးပြောင် ဦးမောင်မောင်" လို ပျော့ပျော့လေးနဲ့ တော်တော် နံတဲ့ ကြောင်ချေးပါပဲ။
    ပြည်သူတွေနဲ့ နိုင်ငံတကာကို လိမ်လည်လှည့်ဖြားပြီး ပုံစံအမျိုးမျိုးနဲ့ အာဏာကို ချုပ်ကိုင်ထားတဲ့ စစ်အုပ်စု၊
    ပြည်သူ့ငွေကို ဒေါ်လာ သန်းပေါင်း ထောင်နဲ့ချီပြီး ခိုးထား၊ လာဘ်စားထားတဲ့၊ ခိုးနေ၊ လာဘ်စားနေဆဲ စစ်အုပ်စု၊
    အမှန် ပြောတဲ့ ရဟန်းရှင်လူ ပြည်သူတွေကို ဥပဒေမဲ့ သတ်ဖြတ်၊ ဖမ်းဆီး၊ ထောင်ချ၊ နှိပ်စက်လာ၊ နှိပ်စက်နေတဲ့ စစ်အုပ်စု၊
    တိုင်းရင်းသားနယ်မြေတွေမှာ တိုင်းရင်းသားလက်နက်ကိုင်တွေကို ထိုးစစ်ဆင်ရင်း အပြစ်မဲ့၊ လက်နက်မဲ့ ပြည်သူတွေကို လူသတ်၊ ဓါးပြတိုက်၊ မုဒိန်းကျင့်၊ ပေါ်တာဆွဲ၊ ရွာမီးရှို့ လုလာခဲ့၊ လုပ်လာဆဲ စစ်အုပ်စု
    ပြည်သူတွေရဲ့ လူ့အခွင့်အရေး အမျိုးမျိုးကို ချိုးဖောက်ပြီး အနိုင်ကျင့်ခဲ့၊ အနိုင်ကျင့်ဆဲ စစ်အုပ်စု၊
    အရပ်သားအစိုးရ အယောင်ဆောင် စစ်အုပ်စုကို လုံးဝ ပြုတ်ကျတဲ့အထိ ဆက် မတိုက်ရင် ဒီလို မတရားမှု မျိုးစုံတွေက အမိ မြန်မာပြည်မှာ ဆက်ဖြစ်နေဦးမှာပါ။
    ReplyDelete
  17. ခေတ်ဘုန်းကြီးNovember 27, 2011 at 8:43 AM
    သံဃနာယက အဆင့်ဆင့်ကို မုန့်ပုံးထဲ ငွေထည့်ပြီး ကြီုတင် ကန်တော့မထားဘူး ထင်တယ်။ ဒယ်အိုးက တယ်ရိုးတာကိုး။
    တရားပွဲ ပိတ်ခံရပုံထောက်တော့ ကမ္ဘာအေးကို အရင်မ၀င်ဘူး ထင်ပ။ ကြံ့ဖွံ့ဘုန်းကြီးတွေ ဘာကြိုက်တယ်ဆိုတာ သိတယ် မဟုတ်လား ... ဟင်း ဟင်း ဟင်း ...
    ReplyDelete
  18. ဆရာတော် သံဃာတော်တွေရဲ့ တရားပွဲတွေကျတော့ ပိတ်ပင်တားဆီးတာလုပ် တရုပ်ဘုန်းကြီးကိုတော့ လက်အုပ်ချီရှိခိုး အမျိုးယုတ်အစိုးရကို သံဃာအပေါင်းနဲ့ ပြည်သူတွေ ဝိုင်းပြီး ကန့်ကွက်ပေးကြပါဗျာ
    ReplyDelete
  19. ဒီမိုမောင်November 27, 2011 at 12:04 PM
    ဒယ်အိုးဆရာတော်က အစိုးရမဟုတ်သော လူမှုရေး အဖွဲ့အစည်းတွေကို လှူဒါန်းဘို့ စီစဉ်ပါတယ်။
    အဲဒါကို ကြံ့ဖွံ့အစိုးရက အငြိုးထားပြီး တရားပွဲ ပိတ်တာပါ။
    ဒယ်အိုးဆရာတော် လှူမဲ့ အဖွဲ့တွေထဲမှာ ဗိုလ်ကြီးဟောင်းနေမျိုးဇင်တို့ သွေးလှူဒါန်းရေးအဖွဲ့ ပါနေလို့ပါ။
    သံဃနာယက အမိန့်မှာ (ဘီဂျီ သွေးအကူအညီပေးရေးအဖွဲ့) ကို လက်သဲကွင်းနဲ့ ဖော်ပြထားပါတယ်။
    ReplyDelete
  20. ကျွန်တော်က မူစလင်တစ်ယောက်ပါ။ ဒယ်အိုးဆရာတော်က သူတို့အကြောင်းကို အမှန်အတိုင်းဟောတော့ အငြိုးထားတာနေမှာပေါ့။
    ReplyDelete
  21. ပြည်သူလူထုတွေ ဒီလောက် ဆင်းရဲဒုက္ခ အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်နေကြရတဲ့ တိုင်းရင်းသား လူမျိုးစုတွေရဲ့ မျက်နှာကိုမှ မထောက်ဘဲ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူနေတာကတော့ အစိုးရသစ်ရဲ့ လူမဆန်တဲ့ လုပ်ရပ် ဖြစ်ပါတယ်။
    ကျနော်က ဒုက္ခိတဘဝနဲ့ ပြည်ပနိုင်ငံမှာ ရောက်နေရင်း အိမ်တွင်းမှုလုပ်ငန်းအတွက် ကြော်ငြာ Website လေးတခု လုပ်ရင်းနဲ့ သတင်းတွေကိုပါ ရှာတင်နေတာပါ။ ကျနော် Website မှာ ဒီမိုဝေယံက သတင်းတွေကို အများဆုံး ပြန်လည် ဖေါ်ပြပေးနေပါတယ်။
    ReplyDelete
  22. ဒီမိုဝေယံNovember 27, 2011 at 9:21 PM
    ကိုစောကျော်ဦးရေ ကျေးဇူးတင်ပါတယ်ခင်ဗျာ...။ ကိုယ်တတ်နိုင်တာလေး
    ကိုယ်လုပ်ပြီး အမှန်တရားဘက်က ရပ်တည်လှုပ်ရှားနေတဲ့အတွက်
    လေးစားပါတယ်ခင်ဗျာ
    ReplyDelete
  23. အခမ်းအနားကို လုံးဝ ဖျက်သိမ်းပစ်ရပါမည်ဟု အုပ်ချုပ်သူများ လာရောက် ပြောဆိုနေသောအချိန်တွင် မီးသတ်များ၊ နှင့် စွမ်းအားရှင်များသည် နံပါတ်တုတ်(ရာဘာ)များ ကိုင်ဆောင်ထားသည် ကိုလည်း တွေ့ရှိရပါသည်။ ဗွီနိုင်းများကိုလည်း ဆွဲစုတ် ဖျက်ဆီးသွားခဲ့ပါသည်။ တရားဟောရန် လူများပြည့်နှက် နေသည့်အချိန်မှ တရားဟောခွင့် မရှိကြောင်းလာပြောပြီး မီးသတ်ဝတ်စုံ အသစ်များဖြင့် တုတ်များကို လက်ဖြင့်ဆပြီး ခြိမ်းခြောက်မှုများလည်း ပြုလုပ်ခဲ့ပါသည်။
    ဒီသတင်းမှန်ခဲ့ရင်.....
    စစ်ဝါဒီ တွေ ဇာတိပြလာပြီ။ ပြည်သူအားလုံးသတိ။ သံဃမဟာနာယက ဆရာတော်ကြီးတွေက သတိပေးတာနဲ့ ပတ်သက်ပြီး တရားပွဲမှာ “ဖွင့်ချ” မျာစိုးလိုး လူမိုက်ဇာတ်ခင်းကြတာပါ။ လုပ်ရဲတယ်လေ
    သူတို့က ကမ္ဘာကျော် ဒေါ်စုကိုတောင် ဒီပဲယင်းက ကြည်ရွာမှာ ဗြောင်ဝင်ရိုက်ကြသေးတာပဲ ။ အခု အေးဆေးပဲ။ ပြည်သူတွေ သတိပြုစေချင်တာက “ မြန်မာနိုင်ငံမှာ စစ်တပ်ဆိုတာ အမြဲတမ်း ထင်ရာစိုင်းတဲ့ အမိုက်ရိုင်းကောင်တွေ” ဆိုတာ မှတ်ထားပါ။ ဘယ်တာ့မှ မယုံနဲ့။ လစ်ရင်လစ်သလို
    ပြန်ချရမယ်။
    ReplyDelete
  24. ဆရာတော်ကို မနာလို မရှုစိမ့်လို့ ဒီလို ဖျက်ဆီး စော်ကားနေတာ
    စစ်ခွေးတွေ ဇာတိ ဘီလူးရုပ်က ပြပီ
    ReplyDelete
  25. ဒယ်အိုးဆရာတော် နဲ့ မေတ္တာရှင်ဆရာတော် ပူးပေါင်းပြီး အစိုးရမဟုတ်သော လူမှုရေးအဖွဲ့များကို အကူအညီပေးဘို့ ညှိနှိုင်းတယ်. BG သွေးအကူအညီပေးရေးအဖွဲ့ ကိုပါ ပေးမယ် ပေါ့.
    ဒါကို "ပြောင်းလဲပါပြီ" ဆိုတဲ့ ကြံ့ဖွံ့ မဲခိုးအစိုးရက စိတ်ဆိုး မနာလိုပြီး သံဃနာယကကို ခုတုံးလုပ်ပြီး တရားပွဲတွေကို ပိတ်တာပါ. ထုံးစံအတိုင်း ရေးပြီးသား စာပေါ် လက်မှတ်ထိုးရတာပါ.
    အချို့သော ဓမ္မကထိကများက ပြည်သူကို အကူအညီမပေးဘဲ ဆင်းရဲသားပြည်သူ လှူတဲ့ ငွေတွေကို သိန်းထောင်ချီပြီး နအဖကို လှူခဲ့ပါတယ်. ဘွဲ့တွေ လိုချင်လို့ပါ. ရလဲ ရကြပါတယ်.
    ReplyDelete
  26. ဒီမိုဘုန်းဘုန်းNovember 28, 2011 at 6:12 AM
    ဓမ္မဒူတ အရှင်ဆေကိန္ဒက ထိပ်ဆုံးက နအဖကို ငွေတွေ ပုံအောပြီး လှူခဲ့ပါတယ်။
    ဒယ်အိုး နဲ့ မေတ္တာရှင် က ဆင်းရဲသားတွေကို BG အဖွဲ့ စသည်ကနေ လှူဘို့ စီမံတာပါ။
    ရွှေဝါရောင်တော်လှန်ရေးအတွင်းက ဦးဆေကိန္ဒက "သူ့ကျောင်းထဲ နိုင်ငံရေးသမား မ၀င်ရ" ဟု တင်းကြပ်စွာ အမိန့်ထုတ်ခဲ့ပါသည်။
    ဘယ်သူသည် ပြည်သူ့ဘက်က ရပ်သလဲ။
    ReplyDelete
  27. သစ္စာဝါဒီNovember 28, 2011 at 9:15 AM
    BG အဖွဲ့က ပြည်သူတွေကို စေတနာမှန်နဲ့ ကူညီတယ်. ဒေါ်စုရဲ့ လမ်းညွှန်မှုကို ခံယူတယ်.
    ဒယ်အိုးဆရာတော်က အဲလို လူမှုအဖွဲ့တွေကို ကူညီဘို့ ဆုံးဖြတ်တယ်.
    နအဖ အမွေခံ လက်ရှိအစိုးရက ယမ်းပုံမီးကျ ဒေါသထွက်ပြီး ပါတာဖတ် သံဃနာယကကို တရားပွဲတားမိန့် ထုတ်ခိုင်းတယ်.
    ကြံ့ဖွံ့နဲ့ စွမ်းအားရှင်က တုတ်နဲ့ ခြိမ်းချောက်တယ်. တရားပွဲ ဗီနိုင်းတွေ ဆုတ်ဖြဲတယ်.
    အဲဒါ သိန်းစိန်ရဲ့ ဘာသာရေးလွတ်လပ်ခွင့်ပါ.
    ReplyDelete
  28. သံဃာကိုစော်ကားပြစ်မှားတဲ့ မသာတွေသေရင်အ၀ီစိဆင်းမဲ့ဟာတွေ..။
    ReplyDelete
  29. I amit on behalf of Burmese military is still very bad and wild.
    y
    ReplyDelete
  30. မဂ္ဂင်ဆရာတော်November 28, 2011 at 1:55 PM
    မှန်ပါသည်။
    ဒယ်အိုးဆရာတော်အား လူမှုကူညီရေး မလုပ်ရန် သံဃနာယက အမိန့်ကို သတင်းများမှာ ဖတ်ရစဉ်က (BG သွေးအကူအညီပေးရေးအဖွဲ့ အပါအ၀င်) ဟု တိကျစွာ ပါရှိပါသည်။
    ReplyDelete
  31. သံဃနာယကဆိုတာ အာဏာပိုင်တွေရဲ့လက်ကိုင်တုတ်တွေပါ... အမှန်အတိုင်း ပြောဟောတတ်တဲ့ ပုဂ္ဂိုလ်များ ကို လိုက်လံ ပိတ်ဆို့နေတာဟာ လူ့အခွင့်ရေးကို ဖောက်ဖျက်တာပါပဲ... လူသားတွေကို အသိဥာဏ်ဖွင့်ပေးပြီး အကျိုးပြုနေတဲ့ သူများကို တားဆီးနေတာဟာ မဟုတ်တာ လုပ်တဲ့လူတွေကို အခွင့်အရေး ပေးတာနဲ့ အတူတူပဲ... ဒီအကျိုးဆက်တွေကို ပြန်ခံရမှာပါ....
    ReplyDelete
  32. တောက်ထိန်November 29, 2011 at 4:51 AM
    သံဃာတွေကို တရားဟောခွင့် ပိတ်ပင်တာဟာ ဘာသာအတွက် အလွန် အန္တရာယ်ရှိနေတယ်... မြန်မာပြည်မှာ ဘာသာတရားကို ဘယ်လို ကာကွယ်ရမယ်ဆိုတာ မသိတဲ့လူက အတော်လေး များနေသေးတယ်... မင်းလိုလိုက် မိုက်ဖက်ပါနေကြတာ...
    ReplyDelete
  33. FOR THIS MOST HEINOUS and HORRENDOUS ACT, THEIN SEIN WOULD BURN IN HELL UNTIL ETERNITY I say!
    At this rate Buddhism would be only in HISTORY lest people forget.
    PROTECT the NATION, LANGUAGE (literature) and RELIGION please!
    George Than Setkyar Heine
    Utrecht
    The Netherlands.
    ReplyDelete
  34. Onday all Burmese will disappear from this earth because of stupidity aand selfishness !!
    ReplyDelete
ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။