Pages

Saturday, November 26, 2011

တရုတ်ပြည်မှ ဗုဒ္ဓစွယ်တော် နိုဝင်ဘာလ(၆)ရက်နေ့က နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်တွင်း ပူဇော်ထားရှိစဉ် မြင်ကွင်း ဓာတ်ပုံများ။။

တရုတ်ပြည်မှ ဗုဒ္ဓစွယ်တော်အား နိုဝင်ဘာလ(၆)ရက်နေ့က နေပြည်တော် ဥပ္ပါတသန္တိ စေတီတော် လှိုဏ်ဂူအတွင်း ပူဇော်ထားရှိစဉ် မြင်ကွင်း ဓာတ်ပုံတွေပါ...။ နေပြည်တော်မှ ပရိသတ်တဦး ပေးပို့လာတဲ့ ဓာတ်ပုံများအား ဖော်ပြလိုက်ပါတယ်...။
ပေးပို့ လာသူအား MHYNအားကျေးဇူးတင်ပါသည်..

7 comments:

  1. ပြည်သူတွေရဲ့အိတ်ကပ်ထဲက ငွေတွေကို ဖုံးရောင်း၊ကားလေလံပစ်၊ကားဟောင်း ကားသစ်လဲပြီး နှိုက်ထုတ်၊လက်ဝေခံတွေနဲ့ စီးပွါးရေးလက်ဝါးကြီးအုပ်ပြီး ငွေတွေယူ၊
    ခု ပြည်သူ့အိတ်ကပ်ထဲမှာ ကပ်ပြီးကျန်နေတဲ့ ငွေလေးတွေကို တရုတ်လူသတ်အစိုးရနဲ့ပေါင်း စွယ်တော်ပင့်ပြီး လက်ကုန်နှိုက်၊
    ပြည်သူတွေ ဘာနဲ့သွား ထမင်းစားတော့မလဲ စစ်အာဏာရှင် ကုဍေကြွယ်သူဌေးကြီးတို့ရယ်။

    ReplyDelete
  2. အပေါ်က ဘာသာမရှိတဲ့ ဗကပ ကိုယ်လှူမှဖြစ်တာကွ။ ကိုယ်ဖာသာကိုယ်လှူတော့ ဘာဖြစ်လဲ။

    ReplyDelete
  3. ညီမက အသက်ငယ်တော့ ဗဟုသုတကလဲ ငယ်လောက်ပါတယ်.. ဖတ်ဖူးတဲ့စာပေတွေနဲ့ ကြားဖူးတဲ့ စကားတွေကိုအရ ပြောရရင်တော့.... ဘာသာရေးနဲ့ဆိုင်တဲ့လုပ်ငန်းတွေမှာ ကိုယ့်အမြင် သူ့အမြင် ငြင်းဆန်မနေသင့်ပါဘူး...ဘာသာရေးဟာ အနိုင်အရူံးတွက်ပြီး ပြောနေမယ်ဆိုရင် ကျယ်ပြန့်သည်ထက် ပိုကျယ်ပြန့်ပါတယ်....မိမိဟာ ဗုဒွဘာသာတစ်ယောက်ဆိုရင်တော့ မြတ်စွာဘုရားက တွေ့ရှိခဲ့တဲ့ ကံ ကံ၏အကျိုးကို ယုံကြည်သင့်တယ်... မိမိ စိတ်ပြတ်လို့ လှူလိုက်တဲ့အလှူဟာ လက်ရှိမှာ စေတနာဖြစ်ပြီး နောက်ပိုင်းမှာ ကံဖြစ်လာပါတယ်....သူများလှူတာကိုလဲ မပိတ်ပင်သင့်သလို ကိုယ်လဲ လှူချင်မှလှူပေါ့...လှူပြီးတဲ့နောက်ပိုင်း ကိုယ်ကျိုးအတွက်သုံးရင်လဲ သုံးတဲ့သူနဲ့ပဲဆိုင်တော့တယ်....ငါ့ပစ္စည်းကို ဘာလုပ်ပစ်မှာလဲဆိုတဲ့ အတွေးမျိုးရှိရင်တော့ မလှူတာအကောင်းဆုံးပါပဲ... ကုသိုလ်တစ်ပဲ ငရဲတစ်ပိသာာတဲ့...စကားပုံတွေ အလကားမထားခဲ့ပါဘူး... ဘယ်ဘာသာပဲဖြစ်ဖြစ် ကိုယ်ကောင်းတာလုပ်ရင် ကောင်းတာပြန်ခံစားရမှာပဲလို့ တွေးပြီးလုပ်ရင် ဘယ်သူမှမကောင်းတာလုပ်မှာမဟုတ်တော့ပါဘူး... အဓိကက အဲ့ဒီအတွေးမထားကြလို့ပါပဲ ... နှလုံးသွင်းမှားကြတာပေါ့... ညီမကတော့ ဘယ်တော့မှ ဘာသာရေးနဲ့ပတ်သတ်ရင် မငြင်းဘူး...

    ReplyDelete
  4. နအဖသန်းရွှေ Phd ( ငတက်ပြား)ကြံဖွိ့သိန်းစိန်Phd(ငတို)November 26, 2011 at 5:40 PM

    မျောက်ပြဆန်တောင်းတဲ့အလုပ်ကငါ့အလုပ်.
    ထေထဝါရ.တွေပြစ်သတ်.ထောင်ထဲထည့်.
    တရုပ်ဘုန်းကြီးတော့.ထိုင်ရှစ်ခိုးတယ်.အဲ့ဒါဘာဖြစ်လဲ.
    ရွှေရွှေကွ.တစ်ရွေထဲရှိတယ်.၂ရွှေရှိရင်.အပေါင်ဆိုင်ပို့ပြစ်မယ်.

    ReplyDelete
  5. ဘကြီးဖြိုး(မုံရွာ)November 29, 2011 at 12:25 AM

    မှန်ပါတယ်ယူတတ်ရင်တော့ကုသိုလ်ပေါ့ဗျာ၊အရင်အခေါက်တွေတုံးကသစ်တန်
    ချိန်သုံးရာလှူပြီးပင့်ခဲ့ပါတယ်၊ဒီတခေါက်တော့မကြေငြာတော့ဘူး။ဓါတ်တော်အစစ်
    ကိုဖူးရတာလဲဗုဒ္ဓဘာသာဝင်တွေအတွက်ကြုံခဲပါတယ်။သူတို့ကတော့ရည်ရွယ်
    ချက်အမျိုးမျိုးရှိချင်ရှိမှာပေါ့ ၊မြစ်ဆုံကိစ္စနဲ့မြန်မာတွေကတရုတ်တွေကိုစိတ်ဆိုးနေ
    တာလေးတွေပြေပျောက်အောင်၊တရုတ်အစိုးရကိုလဲ ဟန်မပျက်ပုံမှန်ဆက်ဆံ
    နေတယ်ဆိုတာမျိုးထင်စေချင်အောင် တခြားရည်ရွယ်ချက်တွေလဲရှိမှာပေါ့၊
    ကျုပ်တို့ကကုသိုလ်ရအောင်ယူတတ်ဘို့လိုတယ်။

    ReplyDelete
  6. အစိုးရက ရည်ရွယ်ချက်ရှိရှိနဲ့လုပ်တာပါ။
    ပြည်သူတွေရဲ့လက်ထဲ ငွေမကျန်အောင်လုပ်နေတာပါ။
    ပြည်သူမွဲမှ ရေရှည်အုပ်ချုပ်လို့ရမှာ သိနေတယ်လေ။
    ပြည်သူပိုင်ပစ္စည်းရောင်းချပစ်တာလဲ ကုန်ပြီဆိုတော့ ဘုရားပြပြီး တောင်းတာပါ။

    ReplyDelete
  7. အင်းဘာပြောရမှန်းတောင်မသိတော့ဘူး ဘာသာရေးနဲ့ နိုင်ငံရေးရောတာကိုတော့ မကြိုက်လှဘူးဗျာ ကျွန်တော်တို့ရဲ့ ဗုဓ္ဒဘာသာညှိုးနွမ်းမှာကိုတော့ ဆိုးကြောက်မိပါတယ်

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။