Pages

Friday, November 18, 2011

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှတ်ပုံတင်ရန်နှင့် ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ရန် အများသဘောတူ ဆုံးဖြတ်..

ယနေ့ အမေစု အဖွဲ့ချုပ်သို့ ရောက်ရှိလာသည့် မြင်ကွင်း (AP)
ယနေ့ ကျင်းပသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်နှင့်တိုင်း CECနှင့် CC အစည်းအဝေးမှ ပါတီမှတ်ပုံတင်ရန်နှင့် ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ရန် အများသဘောတူ ဆုံးဖြတ်လိုက်ကြောင်း သိရှိရပါသည်...။

ယနေ့ သမိုင်းတွင်မည့် သမိုင်းဝင် အစည်းအဝေးသို့ ပြည်နယ်နဲ့တိုင်းမှ ကိုယ်စားလှယ်များ အပါအဝင် တက်ရောက်ခွင့်ရှိသူ ၁၁၆ဦးအနက် ကျန်းမာရေး မကောင်းသူ၊ ခရီးလွန်နေသူများမှ လွဲ၍ ကိုယ်စားလှယ် ၁၀၆ဦးတက်ရောက် ခဲ့ကြပါသည်။

11 comments:

  1. Very Good. This is not the best way but it is the right way to be followed this time.

    I hope Ahmay Su and all NLD members can handle this tough situation and our country could achieve the real democracy very ..very soon.

    ReplyDelete
  2. NLD and 90 election results are all destroyed, but there are no other way, for all opposition group must follow to junta, this is only one way, if they accepted earlier (over 20 years ago)our country will not be like this, now junta are already on top, they do not care others and they have plan, now they already get what they wanted. in parliament,NLD will not be do anythings without change Nargi Rule. just sit one side only, As Daw Su said, democracy is must follow to decided by more people, that is right. so just follow to junta decision only, when ever NLD give good or bad idea, they will against, bcz they are not thinking for country and only thinking for family.NLD re-register is good, but shouldn't be join to this election and should be arrange for next. So now all democracy are going to die...

    ReplyDelete
  3. ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် က ပြောခဲ့တယ်၊ ”ကိုယ့်မှာ အင်အားရှိရင် ကိုယ်သွားချင်တဲ့ လမ်းကို သိကြားမင်းတောင် တားလို့မရပါဘူး”..တဲ့ စစ်အာဏာပိုင်တွေက ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD တို့ ပြည်သူ တို့ နဲ့ ခွဲခြားထားနှိုင်ခဲ့လို့ (အင်အား လျှော့အောင် လုပ်ထားနှိုင်ခဲ့လို့) အနှစ် ၂၀ ကျော် ယက်ကန်ယက်ကန်နဲ့ နစ်နာမှုများသာ များခဲ့ပါတယ်။ ဒီတော့ ဘာဘဲ လုပ်လုပ်” ဒီမိုကရေစီ အင်အားဒု အင်အား ခိုင်မာတောင့်တင်း” နေဘု့် ကိုယ့်ခေါင်းဆောင်ပိုင်းမှာ အင်အား ရှိနေဘို့ ငါတို့ အားလုံး ခေါင်းဆောင်ကောင်းရဲ့ အနောက်မှာ တစုတစည်းထဲ ထောက်ခံ ရပ်တည်နေဘို့ ဒီနေ့ အရေးကြီးဆုံး ကိစ္စ ဖြစ်တယ်လို့ အခိုင်အမာ ယုံကြည်တယ်။
    ဦးစိန်၊ ဂျပန်။

    ReplyDelete
  4. မှတ်ပုံတင်တာကောင်းပါတယ်.ဒါမှ ဒီမိုကရေစီအတွက် အင်တိုက် အားတိုက် လုပ်နိုင်မှာပါ။
    ပါတီလဲ အင်အား ပြုန်းတီးပြီး ဘာမှ မလုပ်နိုင်တာ နှစ် ၂၀ ရှိပါပြီ။
    အဲလို မဟုတ်ရင် ကြံ့ဖွံ့က တစ်ပါတီထဲ ထင်တိုင်းကြဲနေတာကို ခေါင်းငုံ့ခံနေရမှာ။
    ပြည်သူအပေါင်းကလဲ ဒီချုပ်ကို မဲပေးချင်နေကြတာ။

    ReplyDelete
  5. နအဖသန်းရွှေ Phd ( ငတက်ပြား)ကြံဖွိ့သိန်းစိန်Phd(ငတို)November 18, 2011 at 9:45 PM

    ကောင်းတယ် ကောင်းတယ်.
    မင်းတို့တွေ ခုလိုတစ်ယောက်တစ်ပေါက်.ဖြစ်လေရွှေရွှေကကြိုက်လေပဲ.
    ဇာဂနာဂတုံးနဲ့ မင်းတို့မစုကြီး.တစ်ယောက်တစ်ပေါက်ဖြစ်နေတာ.အရသာရှိလိုက်တာ..
    ငါဆင်ထားတဲ့အကွက်ထဲရောက်လာပီ..မင်းတို့ကမတဲ့မှ.ဘာညာဘာညာဖြစ်မှ.
    ရွှေရွှေက ချောက်ထဲကျမယ်.ဘာညာပြောပီး.ပြန်သိမ်းလိုက်.ကွက်တိပဲ..ဟိဟိ.
    မင်းတို့အချင်းချင်းမတည့်လေကောင်းလေပဲ..တစ်ခြားအကွက်တွေလဲ
    ငါဖန်ထားသေးတယ်.မင်းတို့မတည့်လေ.ငါခိုးပို့အချိန်ရလေပဲ.ဟဲဟဲ.

    ReplyDelete
  6. .
    ခေါင်းစဉ်ကို နှိပ်ပြီး ကိုဟန်လေးရဲ့ ကာတွန်းကို ကြည့်နိုင်ပါတယ်။


    အမေရိကန် အချက် ... တရုတ် အခက် ... သန်းရွှေတို့အကွက် ...
    (ဟန်လေး ကာတွန်း)


    ကိုဟန်လေး ရဲ့ ကာတွန်းက မှန်လိုက်တာဗျာ

    ReplyDelete
  7. လက်ခံတယ် NLD ရွေးကောက်ပွဲဝင်တာကို အားလုးံက လည်း အရင်ထက်ပိုပြီးတော့ NLD ကို ၀ိုင်းရံသင့်တယ်..။
    စက်တင်ဘာဦးနေမိန္ဒ(အမှန်တရားကိုဘယ်သူ အနိုင်ရဖူးလဲ)

    ReplyDelete
  8. The result of 90 election has not been done away with but rather it has been renewed and enforced by the decision made by NLD. It has come to life now. We will watch it growing.

    ReplyDelete
  9. NLD မှတ်ပုံတင်ခြင်း၊ရွေးကောက်ပွဲဝင်ခြင်းကိုထောက်ခံသူများရှိသလိုကန့်ကွက်သူများလဲရှိသည်။ထောက်ခံသူများအနေဖြင့်အောက်ပါအချက်အလက်များကြောင့်ထောက်ခံသည်ဟုသုံးသပ်မိသည်။

    ၁။ မှတ်ပုံတင်လိုက်ခြင်းအားဖြင့် တရားဝင် နိုင်ငံရေး ပါတီဖြစ်သွားတဲ့ အတွက်ကြောင့် NLD ပါတီဝင်တွေ အနေနဲ့ အစိုးရ၇ဲ့ အဖမ်းအဆီး မခံရနိုင်တော့ဘုူး (အရိုးရှင်းဆုံးတွေးကြည့်လိုက်တာ)။
    ၂။ အစိုးရရဲ့ မှားယွင်းတဲ့ လုပ်ရပ်တွေကို တရားဝင် ထုတ်ဖော် ပြောဆိုဝေဖန်ခွင့်ရှိလာမယ်။
    ၃။ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်လို့ တရားမမျှတမှုတွေ ရှိနေသေးတာတွေ့ရင်တောင် တရားဝင် ပြောဆိုလို့ ရသွားမယ်။
    ၄။ လူငယ်နိုင်ငံရေး သမားတွေ အများကြီးကို အစိုးရိမ်ကင်းစွာ မွေးထုတ်ပေးလာနိုင်မယ်။ (မဟုတ်ရင် မတရားသင်းဖွဲ့စည်းမှုနဲ့ အဖမ်းအဆီး ခံနေရဦးမယ်။)
    ၅။ လွှတ်တော်ထဲမှာ လက်ညိုးထောင် ခေါင်းငြိမ့် လွှတ်တော်အမတ်ကိုယ်စားလှယ်ကို ပြန်လှန် ဝေဖန်ထောက်ပြနိုင်မယ့် ပညာရှင်လူတော်တွေ ပါလာမယ်။
    နောက် မသိသေးတဲ့ အကျိုးအမြတ်တွေ အများကြီး ရှိလာဦးမယ်။

    ၁၉၉၀ရွေးကောက်ပွဲအနိုင်ရပီးချိန်မှနအဖအဆိုးရဟာအာဏာလွှဲပေးခြင်းမရှိပဲပါတီဝင်များကိုနည်းအမျိုးမျိုးဖြင့်ဖမ်းဆီးနှိပ်စက်ထောင်ချအကြမ်းဖက်ခဲ့တာလူတိုင်းသိပါတယ်။ဒါပေမဲ့သိတဲ့သူတိုင်းဘာမှပြန်မလုပ်နိုင်ခဲ့(လေသံနဲ့တောင်ပြောလို့မရခဲ့)တာယနေ့အချိန်အထိအနှစ်၂၀ကျော်ပါပီ။အခုအချိန်ကလိုချင်တာကိုပြောင်းယူဖို့အကောင်းဆုံးအချိန်လို့မြင်မိတယ်။ပြည်ပကိုအကြောင်းအမျိုးမျိုးကြောင့်ထွက်ခွာခဲ့တဲ့နိုင်ငံရေးစကားပြောသူတွေလဲအများကြီးပါ။ဘာပြန်လုပ်ပေးနိုင်ခဲ့လဲ။လေသေနတ်နဲပစ်တာကလွဲပီးဘာမှပြန်မလုပ်နိုင်ခဲ့ပါဘူး။NLDကိုယ်တိုင်လဲအစပိုင်းမှာ၉၀ရလဒ်ကိုအတင်းဆုပ်ကိုင်ပီးအားလုံးဆန့်ကျင်ခဲ့တာပဲ။ဒါပေမယ့်ဒီနေ့ဒီလိုဆုံးဖြတ်တာဟာပြည်သူ့ဘက်ကပါတီတခုပြည်သူ့ထောက်ခံမှုအမြဲရနေတယ်..ဘယ်ချိန်ပြိုင်ပြိုင်နိုင်ရမယ်ဆိုတဲ့ယုံကြည်ချက်နဲ့ဆုံးဖြတ်တာပါ။နိုင်လို့နေရာရတော့စည်းစိမ်ခံစားဖို့ထက်လုပ်သင့်လုပ်ထိုက်တာတွေ၊ပြောင်းလဲသင့်တာတောင်းဆိုပြုပြင်သင့်တာတွေရဲရဲဝံ၀ံတောင်းဆိုနိုင်ဖို့အတွက်သက်သက်ပဲလို့ထင်တယ်လက်ညှိုးထောင်ခေါင်းငြှိမ့်လမ်းစဉ်ကိုဖျက်ဖို့၊လွှတ်တော်တိုက်ပွဲတကယ်ဝင်ဖို့ပါ။နိုင်ငံရေးဆိုတာအလှည့်အပြောင်းဗျူဟာများသလိုလူကြီးဆန်ပီးတဘက်သတ်တလမ်းသွားလုပ်လို့မရဘူးထင်ပါတယ်NLDဟာပြောပီးစကားမတည်ဘူး၊အရောင်ပြောင်းအစိုးရရဲ့လှည့်ကွက်ထဲဝင်သွားတယ်လို့ထင်စရာရှိပါတယ်။ဒါပေမဲ့NLDဟာသူငယ်နှပ်စား၊ဘာမှကြိုမတွေးတဲ့သူတွေမှမဟုတ်တာ။နောက်မှာလူထုရှိတယ်။MEDIA ရှိတယ်။နိုင်ငံတကာကစောင့်ကြည့်နေတယ်။လက်ရှိအစိုးရကော၊လွှတ်တော်ကိုယ်စားလှယ်တွေကော၊တကယ်ပြောင်းလဲချင်စိတ်ရှိကြရင်အတိုက်အခံပါတီ(NLD)ဆိုတာလုံးဝမလိုအပ်ပါဘူး

    ReplyDelete
  10. This is not Demo, junta style..3 comment only able to read, others are against to Daw Su..so unable to read..your people are waiting for demo.. sure you will get soon G3 OK...

    ReplyDelete
  11. ဒီမိုဝေယံNovember 19, 2011 at 1:58 PM

    အပေါ်က မိတ်ဆွေထင်သလို ဖျက်ထားတာ မဟုတ်ပါ..
    ဒီပိုစ့်မှာ ကွန်မာန့်အကုန်တင်ပါတယ်...
    ဘာကြောင့် ကွန်မာန့်တွေ ပျောက်နေတယ်ဆိုတာ
    အဖြေရှာမရဖြစ်နေပါတယ်..
    ကွန်မာန့် ၆ခုမေးလ်ထဲ ရောက်လာပေမယ့်
    ဒီမှာ မပေါ်ဖြစ်နေတာပါ
    ကျန်တဲ့ ကွန်မာန့်တွေလည်း ထောက်ခံတဲ့ ကွန်မာန့်တွေပါ။

    ဖျက်ထားတာ ဟုတ်မဟုတ်
    တခြားပိုစ့်က ကွန်မာန့်တွေနဲ့ ယှဉ်ကြည့်နိုင်ပါတယ်..

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။