တန်ဘိုးနားမလည်ကြသူများ
တို့ရွာနံဘေးက ကားလမ်းမှာ
ကုန်စိမ်းကားတစ်စီး ဘီးပေါက်လို့
ကားဆရာကားအောက်ဝင် နတ်ဖြုတ်နေတုန်း
ဖြတ်သွားဖြတ်လာ လူတစ်ယောက်က
ကားဆရာအလစ်မှာ နတ်တစ်လုံးကိုကောက်ယူလို့
သံတိုသံစ၀ယ်တဲ့ဆိုင် သွားရောင်းတာ ၁၅၀ တောင်ရသတဲ့။
သူ့အတွက်တော့
ကွမ်းယာဆေးလိပ် တစ်နေ့စာ ဖူလုံသွားပေမဲ့
ပုံစံတူနတ်ရှာမရလို့ ကုန်စိမ်းကားကတော့
အဲဒီနေရာမှာ ၂ ညတောင်အိပ်လိုက်ရသတဲ့။
ကုန်စိမ်းတွေလည်း အချိန်မှီ ဈေးမရောက်တော့ပုပ်ကုန်ပြီး
အမှိုက်ပုံ ရောက်သွားကြတယ်။
ကုန်စိမ်းသည်တွေလည်း ရှုံးလိုက်တာ ခွက်ခွက်လန်ဘဲ။
တို့ရွာနားက လယ်ကွင်းမှာ
ဘိုဒူဇာတစ်စီး မြေတူးရင်းမိုးကျလာလို့
နောက်နှစ်အတွက် မပြန်တော့ဘဲ
နီးရာလယ်သမား တစ်ယောက်ကို အပ်ခဲ့သတဲ့။
ရွာမှာ ဇရှိတဲ့လူတွေက
ဘိုဒူဇာအတွင်း ကလီဇာကို ဖြုတ်ဖျက်ပြီး
သံရည်ကြိုတဲ့ ဆိုင်သွားရောင်းတာ ၂သောင်းခွဲတောင်ရသတဲ့။
ဘိုဒူဇာပြင်ဘို့ ကုမ္မဏီက
စင်္ကာပူကိုပစ္စည်းမှာတာ သိန်း၃၀၀ဘိုးကျသတဲ့။
သူခိုး နွားကောင်းမသိရ ဆိုတာ
ဒါမျိုးနဲ့တူပါရဲ့။
မုတ္တမကွေ့က ရေနံနဲ့ သဘာဝဓာတ်ငွေ့ကို
ယိုးဒယားကိုရောင်းတာ
တစ်စည်ကို ၁၇ ဒေါ်လာကြီးများတောင် ရသတဲ့။
ယိုးဒယားကလာတဲ့ ဓာတ်ဆီက
တစ်ဂါလံမှ ၅၅၀၀ိ တည်းရယ်။
မနက်မိုးလင်းတိုင်းမှာ
ထိုင်းပြည်သူတွေက
ဆာဝါသီခပ် မြန်မာပြည်ဆိုပြီးနေ့တိုင်း
နှုတ်ခွန်းဆက်နေလေရဲ့။
ရွှေလီမြစ်ပေါ်က
ရေအားလျှပ်စစ်ရဲ့ကျေးဇူးကြောင့်
တရုပ်ပြည် ယူနန်ပြည်နယ်မှာ
တနှစ်ကိုကျောက်မီးသွေးတန်ချိန် ၂ သောင်းတောင်သက်သာသွားလေရဲ့။
လျှပ်စစ်အရောင်းအ၀ယ် ဘယ်လိုဆိုတာ
ကျုပ်တို့ပြည်သူတွေမသိရပေမဲ့
ယူနန်ပြည်သူအပေါင်းကတော့
ညနေမိုးချုပ်လေတိုင်း
ထောင်သောင်းမက ရှဲရှဲနီပါရဲ့မြန်မာပြည် ဆိုပြီး
အိပ်ယာဝင်တိုင်း
ကျေးဇူးတင်လေရဲ့။
ကျုပ်တို့မြန်မာပြည်မှာတော့
မီးအားမမှန်လို့ ၀ါယာရှော့ဖြစ်ပြီး
မင်္ဂလာဈေးကြီးမီးလောင်တာ သိန်း......ထောင်ဘိုး
သင်္ကန်းကျွန်းဈေး........................................
ပခုက္ကူဈေး.................................................
မုံရွာဈေး......................................................
မော်လမြိုင်ဈေး...........................................
ဈေးတွေ..............ဈေးတွေ.............................
မီးတွေလောင်တာ သိန်းရာထောင်သောင်းပေါင်းများစွာ
လျှပ်စစ်မလုံလောက်တော့ ထင်းမီးနဲ့ချက်လို့
လောင်တဲ့မီးက မရေမတွက်နိုင်တဲ့ အကြိမ်ပေါင်းများစွာ
အိုးမဲ့ အိမ်မဲ့ ထောင်သောင်းပေါင်းများစွာ
ပူအိုက်တဲ့ရာသီမှာ မီးမလာလို့
မီးစက်နဲ့ အဲယားကွန်းတွဲဖွင့်ပြီးအိပ်တာ
အိမ်ထဲရှိရှိသမျှ လူအားလုံးကလေး လူကြီးခွေးကြောင်ပါမကျန်
ကာဗွန်အဆိပ်သင့်ပြီး
မာလက ဈန်ကြွ သွားရတာတွေလည်းရှိရဲ့။
ဒီအချိန်မှာ မီးပျက်နေကျ
မီးပျက်တုန်း ၀ါယာပြင်လိုက်ဦးမှဆိုပြီး
လက်နဲ့အကိုင် သူနဲ့ကျမှတိုက်တိုက်ဆိုင်ဆိုင်
ဆိုသလို ဓာတ်လိုက်ပြီးသေတာလည်း ရှိရဲ့။
တမြို့လုံးညံနေတဲ့မီးစက်သံနဲ့ ထွက်လာတဲ့
ကာဗွန်ဓာတ်ငွေ့တွေကြောင့်
ထောင်သောင်းမကသော
အဆုတ်ရောဂါသည်တွေဟာ
တရုပ်ကလာတဲ့ ဈေးပေါပေါဆေးကို
ကွမ်းယာသည်ကုလားဒေါက်တာအပ်ပနားရဲ့
လမ်းညွှန်မှုနဲ့ ၀ယ်သောက်နေကြရတယ်။
၅၀တန်တဲ့ဆေးကို ၁၅၀ ရောင်းပြီး အနုတ်မရှိတဲ့ အကြောင်းပြချက်နဲ့
သကြားလုံးက အဆစ်ပါလာသေးတယ်။
ချောင်းဆိုးရင် ရွှေတောင်ကြီး
ရင်ကြပ်တော့ ထက်လင်း
သွေးတိုး လေငန်း နှလုံးစတာတွေက အေးငြိမ်းသီတာ
ဒီထက်ပိုလာရင်တော့ ဖြူနီပြာဝါ ရောင်မျိုးစုံပြီး
ဘာမှန်းမသိတဲ့ ဆေးတွေနဲ့
၂ပါးသွားနေလိုက်ကြတာ
ကွမ်းယာသည် ကုလားအတွက်တော့
ဟီးနေတဲ့တိုက်အိမ်ကြီးကို
အပြီးတိုင်စေခဲ့တယ်။
ဆေးထိုးအပ်ကိုင်ပြီး စတိုင်အပြည့်နဲ့ ရမ်းကုတွေကလည်း
မြို့ပြနဲ့အလှမ်းဝေးတဲ့ဒေသတွေမှာ
မှိုလိုပေါလာခဲ့တယ်။
ငွေကြေးတက်နိုင်တဲ့ သူတွေကတော့
ကိုယ့်တိုင်းပြည်က ဆေးရုံကို
ဘာကြောင့်ရယ်မသိ ကျော်ခွလို့
ယိုးဒယားသွား ဆေးကုဘို့အတွက်
သံရုံးမှာ ဗီဇာတန်းစီနေလေရဲ့။
တရုပ်နဲ့ ထိုင်းကလာတဲ့
လျှပ်စစ်နဲ့ ပတ်သက်သမျှသော
တီဗီအောက်စက် ရေခဲသေတ္တာအစရှိသော
လူသုံးကုန်ပစ္စည်း အပေါင်းတို့သည်လည်း
မမှန်လေသော လျှပ်စစ်မီးကြောင့်
ပျက်အစဉ် ပြင်ခဏ ဆိုသောစကားကဲ့သို့
ပြင်လျှင်ခဏသာကောင်းပြီး အမြဲပျက်နေသောကြောင့်
ပြင်ခမတတ်နိုင်ရကား
အမှိုက်ပုံသို့ သာမြန်းရလေသတည်း။
လျှပ်စစ်မီး မလုံလောက်သောကြောင့် သော်လည်းကောင်း
လျှပ်စစ်မီးမရ လေသောကြောင့် သော်လည်းကောင်း
ဘတ္ထရီအိုး ၀ယ်သုံးလေသောကြောင့်
အက်စစ်နှင့်ခဲ ဓာတ်ပြုကာ ထွက်လာသောအနံ့ကို ရှူမိသောကြောင့်
ခဲဆိပ်သင့်ရသော ခလေးငယ်တို့ကား မရေတွက်နိုင်ကုန်။
နံနက်လင်းတိုင်း
ရှဲရှဲမြည်ပြီးမှ စီးတတ်လေထသော အရည်ကြောင်းမှ အစပြု၍
မြန်မာပြည်တ၀ှမ်းရှိရှိသမျှ မြောင်းချောင်းမြစ်အပေါင်းတို့၏
အကြောင်းချင်းရာအစုံလင်ကို
နှံ့စပ်သိမြင်သောအရာ၌
ငါ့လောက်သိသူ ဤမြန်ပြည်၌ ငါသည်ပင်လျှင်မရှိဟူ၍
မိမိကိုယ်ကို မိမိဘာသာအမွန်းတင်လွန်းသော
မြစ်ချောင်းမြောင်းတကာအရာ၌ ပါရဂူ
ဆည်အရာ၌ ဧတဒဂ်ရတော်မူသော
နွားနှင့်ပင်လျှင်
လျှပ်စစ်ထုတ်ရန်ကြိုးပမ်းဘို့ရာ လမ်းညွှန်တတ်သောဝန်ကြီးအဖွဲ့၌
သူလည်းတပါးအပါဝင်ဖြစ်သော
ဟိုဝန်ကြီးပြောစကားအရ
လျှပ်စစ်ဟူသည် ပါကင်ထုပ်၍မရ
မြန်မာပြည်၌ ပိုလျှံလွန်းသောကြောင့်
အိမ်နီးချင်းတိုင်းပြည်ကို
အလကားနီးပါးဈေးနှင့်
ကြိုးသွယ်၍ရောင်းရသည်။
ထိုစကားကို ကျွန်ုပ်တို့မြန်မာပြည်သူအပေါင်းသည်
ဒေါနတောင်တန်းသို့တိုင် ရိုက်ခတ်၍လာသော
ရနောင်း မဲဆောက် ဘန်ကောက် အနှိပ်ခန်းတို့မှ
လုံမပျိုတို့၏ရှိုက်သံကဲ့သို့ သော်လည်းကောင်း
ရှမ်းကုန်းမြေမြင့်ကိုပင် တုန်ခါစေခဲ့သော
ကြယ်ခေါင် ကာရာအိုကေခန်းမှ
ပလောင်ပျိုဖြူငယ်တို့၏
ငိုညည်းသံကဲ့သို့သော်လည်းကောင်း
ဧရာဝတီမြစ်ကိုပင် လှိုင်းတံပိုးထစေအပ်သော
တိမ်သလ္လာဖုံးအုပ်သော
လကွယ်ည၏သန်းကောင်ယံအခါကာလ၌
တောအုပ်အလယ်တွင် ရောက်နေသော သူကဲ့သို့
အမှောင်တွင်းမှ ကျွန်ုပ်တို့မြန်မာပြည်သူအပေါင်းသည်ကား
ညအိပ်ယာဝင်လေတိုင်း
ယိုးဒယားဘက်သို့လည်း ရှိခိုးရ၏။
တရုပ်ဘက်သို့လည်း လက်အုပ်ချီရလေသည်။
ကုလားပြည်ဘက်သို့လည်း မေတ္တာအစစ်ပို့လွှတ်ရသေး၏။
စက်မှုစွမ်းအား ခေတ်ကျော်လွှား
ခေတ်မီဖွံ့ဖြိုးတိုးတက်သော စက်မှုနိုင်ငံတော်ကြီးတည်ဆောက်အံ့
အစရှိသောဆောင်ပုဒ်တို့ဖြင့် ကြွေးကြော်ကာ
စက်မှုစွမ်းအားအတွက် မရှိမဖြစ်လိုအပ်သော
လျှပ်စစ်ဓာတ်အားကို
ဈေးပေါပေါဖြင့် ရောင်းစားဝံ့သော
ကျွန်ုပ်တို့၏ ခေါင်းဆောင်အပေါင်းတို့သည်ကား
ဘူရိဒတ် ဇာတ်တော်လာ
စူဠလိပ်အား ရေနစ်သတ်ရန် အကြံပေးသော
ပုဏ္ဏားနှင့်သာ တူချေတော့သည်။
နံနက်လင်းသော်
တိုင်းပြည်၏ ပကတိ အခြေအနေများအား ပြောင်မြောက် ထိမိလှသော ကဗျာဖြင့် ရေးသားဖော်ပြပေးတဲ့ ဆရာနေရဲနီအား အထူးကျေးဇူးတင်ပါသည်...။
ဒီမိုဝေယံ
ဒေါနတောင်တန်းသို့တိုင် ရိုက်ခတ်၍လာသော
ရနောင်း မဲဆောက် ဘန်ကောက် အနှိပ်ခန်းတို့မှ
လုံမပျိုတို့၏ရှိုက်သံကဲ့သို့ သော်လည်းကောင်း
ရှမ်းကုန်းမြေမြင့်ကိုပင် တုန်ခါစေခဲ့သော
ကြယ်ခေါင် ကာရာအိုကေခန်းမှ
ပလောင်ပျိုဖြူငယ်တို့၏
ငိုညည်းသံကဲ့သို့သော်လည်းကောင်း
ဧရာဝတီမြစ်ကိုပင် လှိုင်းတံပိုးထစေအပ်သော
ကိုယ့်တိုင်းပြည်မှာ အလုပ်မရှိလေသောကြောင့်
တိုင်းတပါး၌ ရရာအလုပ်ကိုအောက်ကျခံကာ လုပ်ကိုင်နေကြရသော
မြန်မာတို့၏ တောက်ခေါက်သံ ကဲ့သို့သော်လည်းကောင်း
အံကြိတ်ကာ ဟန်လုပ်ပြီး လက်ခုပ်တီး၍
ထောက်ခံအပ်၏။
တိမ်သလ္လာဖုံးအုပ်သော
လကွယ်ည၏သန်းကောင်ယံအခါကာလ၌
တောအုပ်အလယ်တွင် ရောက်နေသော သူကဲ့သို့
အမှောင်တွင်းမှ ကျွန်ုပ်တို့မြန်မာပြည်သူအပေါင်းသည်ကား
ညအိပ်ယာဝင်လေတိုင်း
ယိုးဒယားဘက်သို့လည်း ရှိခိုးရ၏။
တရုပ်ဘက်သို့လည်း လက်အုပ်ချီရလေသည်။
ကုလားပြည်ဘက်သို့လည်း မေတ္တာအစစ်ပို့လွှတ်ရသေး၏။
စက်မှုစွမ်းအား ခေတ်ကျော်လွှား
ခေတ်မီဖွံ့ဖြိုးတိုးတက်သော စက်မှုနိုင်ငံတော်ကြီးတည်ဆောက်အံ့
အစရှိသောဆောင်ပုဒ်တို့ဖြင့် ကြွေးကြော်ကာ
စက်မှုစွမ်းအားအတွက် မရှိမဖြစ်လိုအပ်သော
လျှပ်စစ်ဓာတ်အားကို
ဈေးပေါပေါဖြင့် ရောင်းစားဝံ့သော
ကျွန်ုပ်တို့၏ ခေါင်းဆောင်အပေါင်းတို့သည်ကား
ဘူရိဒတ် ဇာတ်တော်လာ
စူဠလိပ်အား ရေနစ်သတ်ရန် အကြံပေးသော
ပုဏ္ဏားနှင့်သာ တူချေတော့သည်။
နံနက်လင်းသော်
ယိုးဒယားပြည်ဘက်မှ ဆာဝါသီခတ် ဟူ၍လည်းကောင်း
ညနေမိုးချုပ်သော်တရုပ်ပြည်ဘက်မှ ရှဲရှဲနီ ဟူ၍သော်လည်းကောင်း
မြန်မာပြည်ဘက်သို့ လှည့်ကာ
နှစ်ပေါင်းသုံးဆယ် မပြည့်မချင်း
မင်္ဂလာနှုတ်ခွန်း ဆက်လေတော့သတည်း။
နေရဲနီ
ဒီမိုဝေယံ



ဗိုလ်ချုပ်ပြောသလို
ReplyDeleteစည်းကမ်းမရှိရင်ဖာနိုင်ငံဖြစ်မှာဘဲ
စစ်အာဏာရှင်တစ်စုကတော့ ရက်စက်မှုအပေါင်း သရဖူဆောင်းပြီး
ပြည်သူအပေါင်းကို ဒုက္ခလှလှကြီးပေးထားတာ သံယာတွေကိုပါပြစ်မှားထားတဲ့
အကောင်တွေသေရင်တော့ ငရဲအိုးထဲမှာအ၀ီစိဂျိုးကပ်မဲ့ကောင်တွေ
အခုဘ၀မှာလဲ ကဒါဖီလို အဖြစ်မျိုးထက် ပိုဆိုးမဲ့အကောင်တွေဆိုတာ သိဖို့ပိုကောင်းတယ်
နေရဲနီရေ..အားပေးပါတယ် ပြည်သူတွေသိအောင် များများသာရေးပါဗျာ
အဲ့ဒါ ကြောင့်ပြောတာ..
ReplyDeleteပြည့်စုံကြွယ်ဝတဲ့ မြန်မာနိုင်ငံကို ဆင်းရဲအောင်လုပ်သွားတဲ့ ဗိုလ်ချုပ်ကြီးတွေကို ဘာမှမရှိတဲ့နိုင်ငံကို ချမ်းသာအောင် လုပ်ပေးနှိုင်ခဲ့တဲ့ စင်ကာပူနိုင်ငံခေါင်းဆောင် လီကွမ်ယူး က အသုံးမကျတဲ့ မြန်မာနိုင်ငံက ဗိုလ်ချုပ်ကြီးတွေလို့ ဆိုတယ်။ ဒီတော့ ငါတို့ကကာယကံရှင်တွေ တကဲ့ကို မနာသင့်ဘဲ အနာခံခဲ့ ခံဆဲ မြန်မာနိုင်ငံသားတွေက ဒီလို... စောက်သုံးမကျတဲ့ ဗိုလ်ချုပ်ကြီးတွေကို ဆဲယုံဆဲတာ မလွန်ပါဘူး။ စင်ကာပူမှာ အင်ဂျင်နီယာ(စက်မှု)အဖြစ် လေးနှစ်အလုပ်လုပ်ခဲ့လို့ စာတွေ့မဟုတ် လက်တွေ့ သိမြင်ခဲ့ရ လို့ပိုသိ ပိုနာလို့ပြောနေ ဆဲနေရတာ...
ဦးစိန်။ ဂျပန်။
15 December 2010
ReplyDeleteစင်္ကာပူ ၀ါရင့်ဝန်ကြီး လီကွမ်ယူက မြန်မာစစ်အစိုးရကို "မိုက်မဲ ထုံထိုင်း အနသူများ" (stupid and dense) ဟု ပြောဆိုမှု ပါသော အမေရိကန်သံရုံး လျှို့ဝှက် အစီရင်ခံချက်ကို ၀ီကီလိခ်မှ ယခုအပတ် ထပ်မံ ဖွင့်ချလိုက်သည်။
ဝန်ကြီးချုပ်ဟောင်း လီကွမ်ယူနှင့် အရှေ့တောင်အာရှနှင့် ပိစိဖိတ်ရေးရာ အမေရိကန် လက်ထောက်တာဝန်ခံ Thomas Christensen တို့ ၂၀၀၇ ခုနှစ်တွင် ပြောဆို ဆွေးနွေးခဲ့တဲ့ စင်္ကာပူသံရုံး လျှို့ဝှက် အစီရင်ခံစာကို ယခုအပတ် ၀ီကီလိခ်စ်မှ ထပ်မံဖွင့်ချလိုက်ခြင်း ဖြစ်သည်။ သံရုံးလျှို့ဝှက်ပေးပို့ချက်တွင် လီကွမ်ယူက မြန်မာစစ်ခေါင်း ဆောင်တွေနဲ့ ဆက်ဆံရတာ “လူသေကောင်တွေကို ပြော နေရသလိုမျိုးပဲ” ဟု ပါရှိသည်။
စင်္ကာပူရှိ အမေရိကန် သံအမတ်ကြီး Patricia L. Herbold ရဲ့ ၀ါရှင်တန်သို့ ရေးသားပေးပို့ချက်တွင် လီကွမ်ယူက “တရုတ်ဟာ တခြားနိုင်ငံတွေထက် ပိုပြီး မြန်မာစစ်ခေါင်းဆောင်များကို ဩဇာအလွှမ်းမိုးဆုံး ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ပေါက်ကွဲပြိုလဲသွားရင် သူတို့ ရင်းနှီးမြှုပ်နှံမှုတွေ ဆုံးရှုံးမှာ တရုတ်တို့ အမြဲစိုးရိမ်ကြောင်း’’ပြောထားချက် ပါဝင်သည်။
လီက “စစ်ခေါင်းဆောင်တွေဟာ တန်ဖိုးကြီးလှတဲ့ မြန်မာ့သဘာဝရင်းမြစ်တွေအပေါ် အလွဲစီမံခန့်ခွဲနေကြောင်း၊ မြန်မာနိုင်ငံ အကျပ်အတည်းအတွက် ဖြေရှင်းဖို့ ဖြစ်နိုင်တဲ့ နည်းလမ်းက ခပ်တုံးတုံး မဟုတ်တဲ့ နောက်ပေါက် စစ်တပ်အရာရှိငယ်တွေနဲ့ ဒီမိုကရေစီလှုပ်ရှားသူတွေ အကြား အာဏာခွဲဝေမှုနဲ့ သွားမှ ဖြစ်နိုင်ကြောင်း” ပြောကြားထားသေးသည်။
အသက် ၈၇ နှစ်ရှိ လီကွမ်ယူမှာ ၁၉၅၉မှ ၁၉၉၀ ခုနှစ်အထိ စင်္ကာပူဝန်ကြီးချုပ် ရာထူး ထမ်းဆောင်ခဲ့ပြီး လက်ရှိဝန်ကြီးချုပ် သူ့သား လီရှိန်လွန်းကို အနီးကပ် အကြံပေးလျက် ရှိသည်။
သတင်း AP & The Strait Times & WikiLeaks
(Maukkha)
မြန်မာ စစ်အစိုးရ ခေါင်းဆောင်တွေက ထုံပေပေနဲ့ ...
ReplyDeleteထုံတုံတုံ ထိုင်းတိုင်းတိုင်း၊ အူတူတူ အတတ တွေ ...
တစ်ခုခု ဆွေးနွေးလိုက်ရင် အပြန်အလှန် မဆွေးနွေးပဲ မထုံတက်သေး လုပ်လုပ်နေတာ ...
မြန်မာစစ်ခေါင်းဆောင်တွေနဲ့ စကားပြောရတာ သေနေတဲ့ မသာနဲ့ စကားပြောရသလိုပဲ ...
မစ္စတာ လီကွမ်ယူ (စင်ကာပူ ၀န်ကြီးချုပ်ဟောင်း)
(ရင်းမြစ် - AP News)
သန်းရွှေ၊ မောင်အေး၊ သိန်းစိန်၊ ရွှေမန်း၊ တင်အောင်မြင့်ဦး၊ အောင်သောင်း၊ မောင်သောင်း၊ ဉာဏ်ဝင်း၊ ကျော်ဆန်း .................
ReplyDelete=
"မိုက်မဲမဲ" ၊ "ထုံပေပေ" ၊ "တုံဏှိဘာဝေ" တွေ၊
မတုန်မလှုပ် ကျောက်ရုပ်တွေ၊
လူသေလို ပါးစပ်ပိတ် နှုတ်ဆိတ် လုပ်နေသူတွေ၊
သုံးစားမရအောင် ဦးနှောက်မဲ့တဲ့ လူပေါကြီးတွေ
မစ္စတာ လီကွမ်းယူ
စင်ကာပူနိုင်ငံ၏ သြဇာတိက္ကမကြီးသော နိုင်ငံရေးခေါင်းဆောင်
(၂၀၀၇ ခုနှစ်က အမေရိကန်အစိုးရ အရာရှိများနှင့် မစ္စတာ လီကွမ်းယူတို့ တွေ့ဆုံရာတွင် ယင်းသို့ ပြောကြောင်း အမေရိကန် သံတမန် လျှို့ဝှက်ပေးစာတွင် ရေးသားထားသည်။)
ဝီကီလိ(ဂ်) နဲ့ စင်ကာပူ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယူကို ကျေးဇူးတင်လိုက်တာ။
ReplyDeleteလီကွမ်ယူ က အဘကြီးတို့၊ အဘအေးတို့ ... အားလုံးကို `stupid and dense´ (`ဒူကြီးတွေ´) လို့ ပြောတယ် ဆိုတာကို ဝီကီလိ(ဂ်) က ဖွင့်ချလိုက်တာ ဘုရား မ တာပါပဲ။
နို့မို့ ရင် အဘရွှေတို့၊ အဘအေးတို့ ဒူတာကို ကမ္ဘာက မသိဘူး၊ မြန်မာပြည်ထဲမှာတောင် လူသိရှင်ကြား မကြားဖူးဘူး။
ဟိုတလောက အောင်လင်းထွဋ် က ငါ့ ငယ်ကျိုးငယ်နာတွေကို ဖေါ်တဲ့အနေနဲ့ `ဒူကြီး မြင့်အောင်´ ဆိုတဲ့ ငါ့ ငယ်နာမည်ကို အင်တာဗျူးတွေမှာ ပြောထားတော့ `ဒူကြီး မြင့်အောင်´ ဆိုတာ အင်တာနက်မှာ ပြန့်သွားပြီး ငါ တယောက်ထဲ နာမည်ကြီးနေတာ။
အခု ဝီကီလိ(ဂ်) က ဖွင့်ချလိုက်တော့မှ `ဒူကြီး သန်းရွှေ´ `ဒူကြီး မောင်အေး´ `ဒူကြီး သိန်းစိန်´ `ဒူကြီး ရွှေမန်း´ `ဒူကြီး တင်အောင်မြင့်ဦး´ `ဒူကြီး အောင်သောင်း´ `ဒူကြီး မောင်သောင်း´ `ဒူကြီး ဉာဏ်ဝင်း´ `ဒူကြီး ကျော်ဆန်း´ ဆိုတာ တကမ္ဘာလုံး ဟိုးဟိုးကျော်သွားတော့တယ်။
.
ReplyDeleteလဒူကြီး သန်းရွှေ
လဒူကြီး မောင်အေး
လဒူကြီး ရွှေမန်း
လဒူကြီး အောင်သောင်း
လဒူကြီး မောင်သောင်း
လဒူကြီး ဉာဏ်ဝင်း
လဒူကြီး စောထွန်း
............
............
ဆိုသည့် နအဖ စစ် လဒူကြီးများက လဒူ ဇာတ်ကို ဆက်မကတော့ဘဲ အောက်ပါ လဒူကြီးများဖြင့် ဖွဲ့စည်းထားသော ချိတ်ထမိန်ဝတ် အရပ်သားအယောင်ဆောင် ပြည်ထောင်စု လဒူ အစိုးရအဖွဲ့သစ်က လဒူ ဇာတ်ကို ဆက်ကနေပြီ ဖြစ်ပါသည်။
ပြည်ထောင်စု လဒူ အစိုးရအဖွဲ့
(၁) လဒူကြီး သိန်းစိန် (နိုင်ငံတော် သမ္မတ)
(၂) လဒူကြီး တင်အောင်မြင့်ဦး (ဒုတိယသမ္မတ)
(၃) လဒူကြီး စိုင်းမောက်ခမ်း (ခ) မောင်အုန်း (ဒုတိယသမ္မတ)
(၄) လဒူကြီး လှမင်း (ဝန်ကြီး ကာကွယ်ရေး ဝန်ကြီးဌာန)
(၅) လဒူကြီး ကိုကို (ဝန်ကြီး ပြည်ထဲရေး ဝန်ကြီးဌာန)
(၆) လဒူကြီး သိန်းဌေး (ဝန်ကြီး နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် မြန်မာ့စက်မှု ဖွံ့ဖြိုးရေး ဝန်ကြီးဌာန)
(၇) လဒူကြီး ဝဏ္ဏမောင်လွင် (ဝန်ကြီး နိုင်ငံခြားရေး ဝန်ကြီးဌာန)
(၈) လဒူကြီး ကျော်ဆန်း (ဝန်ကြီး ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန)
(၉) လဒူကြီး မြင့်လှိုင် (ဝန်ကြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန)
(၁ဝ) လဒူကြီး ဝင်းထွန်း (ဝန်ကြီး သစ်တောရေးရာ ဝန်ကြီးဌာန)
(၁၁) လဒူကြီး လှထွန်း (ဝန်ကြီး ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန)
(၁၂) လဒူကြီး ခင်မောင်မြင့် (ဝန်ကြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန)
(၁၃) လဒူကြီး တင်နိုင်သိန်း (ဝန်ကြီး အမျိုးသားစီမံကိန်းနှင့် စီပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန နှင့် မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန)
(၁၄) လဒူကြီး ဝင်းမြင့် (ဝန်ကြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန)
(၁၅) လဒူကြီး သိန်းထွန်း (ဝန်ကြီး ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန)
(၁၆) လဒူကြီး အောင်ကြည် (ဝန်ကြီး အလုပ်သမားဝန်ကြီးဌာန နှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန)
(၁၇) လဒူကြီး သိန်းထိုက် (ဝန်ကြီး သတ္တုတွင်း ဝန်ကြီးဌာန)
(၁၈) လဒူကြီး အုန်းမြင့် (ဝန်ကြီး သမဝါယမ ဝန်ကြီးဌာန)
(၁၉) လဒူကြီး မြတ်ထွန်းအောင် (ဝန်ကြီး ပို့ဆောင်ရေး ဝန်ကြီးဌာန)
(၂ဝ) လဒူကြီး တင့်ဆန်း (ဝန်ကြီး ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနနှင့် အားကစား ဝန်ကြီးဌာန)
(၂၁) လဒူကြီး ကျော်စွာခိုင် (ဝန်ကြီး အမှတ်(၁) စက်မှုဝန်ကြီးဌာန)
(၂၂) လဒူကြီး စိုးသိန်း (ဝန်ကြီး အမှတ် (၂) စက်မှုဝန်ကြီးဌာန)
(၂၃) လဒူကြီး အောင်မင်း (ဝန်ကြီး ရထားပို့ဆောင်ရေး ဝန်ကြီးဌာန)
(၂၄) လဒူကြီး သန်းဌေး (ဝန်ကြီး စွမ်းအင်ဝန်ကြီးဌာန)
(၂၅) လဒူကြီး ဇော်မင်း (ဝန်ကြီး အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန)
(၂၆) လဒူကြီး ခင်မောင်စိုး (ဝန်ကြီး အမှတ် (၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန)
(၂၇) လဒူကြီး မြအေး (ဝန်ကြီး ပညာရေးဝန်ကြီးဌာန)
(၂၈) လဒူကြီး ဖေသက်ခင် (ဝန်ကြီး ကျန်းမာရေး ဝန်ကြီးဌာန)
(၂၉) လဒူကြီး သူရ မြင့်မောင် (ဝန်ကြီး သာသနာရေး ဝန်ကြီးဌာန)
(၃ဝ) လဒူကြီး အေးမြင့် (ဝန်ကြီး သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန)
(၃၁) လဒူကြီး ခင်ရီ (ဝန်ကြီး လူမှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန)
(၃၂) လဒူကြီး သိန်းညွန့် (ဝန်ကြီး သမ္မတရုံး ဝန်ကြီးဌာန)
(၃၃) လဒူကြီး စိုးမောင် (ဝန်ကြီး သမ္မတရုံး ဝန်ကြီးဌာန)
(၃၄) လဒူကြီး ထွန်းရှင် (ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး)
(၃၅) ညွှန်ကြားရေးမှူးချုပ် အမည်ခံ လဒူကြီး အစိုးရ အဖွဲ့ရုံး အတွင်းရေးမှူး
အပျိုရည်တော့ပျက်သွားပြီ ဖာမဖြစ်ဖို့ အတွက်ကျုပ်တို့ အပေါ်မှာမူတည်ပါတယ် ။ဝမ်းနည်းရပေမဲ့ အရှိကိုအရှိအတိုင်းမြင်နိုင်အောင်နှလုံးသားနဲ့ ရင်းပြီး ရေးစပ်ခဲ့တဲ့ ဆရာနေရဲနီနဲ့ အတူ ဖြန့် ဝေပေးတဲ့ဒီမိုဝေယံကို ကျေးဇူးအထူးတင်ပါတယ်။
ReplyDeleteလဒူကြီးတွေအုပ်ချုပ်တဲ့တိုင်းပြည်မှာ
ReplyDeleteဘယ်လိုလူလုပ်လို့ရမှာလဲ လူပီသအောင်နေဖို့ လဒူကြီးတွေကို ဖြုတ်ပစ်မှရမှာဗျို့ ..
ကုလားပြည်ဘက်သို့ မေတ္တာအဆစ် ပို့လွှတ်ရသေးသည် ဟုဖတ်ပါ။အပိုအဆစ် ကိုဆိုလိုခြင်းဖြစ်ပါသည။ကျွန်တော့်အမှားပါ။နေရဲနီ
ReplyDeleteဆရာနေရဲနီ ဆက်လက်ရေးသားဖို့ တိုက်တွန်းပါတယ်
ReplyDeleteပြောင်မြောက်တဲ့ ကဗျာအတွက် ချီးကျူးပါတယ်
ကဗျာချစ်သူ
ဆရာနေရဲနီ. ဆရာ့ရဲ့အရေးအသားက. တိုင်းပြည်မှာဖြစ်ပျက်တာတွေနဲ့
ReplyDeleteအတိအကျထပ်တူထပ်မျှပါဘဲ၊. ရင်ထဲကို. တဲ့တဲ့ထိသွားတယ်ဆရာ။
ဒီမို..မင်းကတော့ အတော်ဖွတဲ့ကောင်ပဲ.
ReplyDeleteကုမ္မဏီလေးဘာလေးဖွင့်.ပါမစ်လေးဘာလေးနဲ့.ငါတို့မင်းကို..ဂွင်ဖန်ပေးပါ့မယ်ကွာ.
အဲ့သလောက်တော့မဖွပါနဲ့.သောက်ရှက်တွေကွဲပီးရင်း.ကွဲပဲ.