Pages

Wednesday, November 9, 2011

ယူနန်ပြည်နယ် ကူမင်းမြို့က မြန်မာကောင်စစ်ဝန်ရုံး မြင်ကွင်း၊ ပဟေဠိ အဖြေမရှိတဲ့ ဧရာဝတီမြစ်အစနဲ့ အီတလီလုပ် ပြိုင်ကားတစ်စီး..

ကူမင်းမြို့မှာ ပြီးခဲ့တဲ့ ၂၀၁၀ခုနှစ် စက်တင်ဘာ ၁၂ရက်နေ့က ဖွင့်လှစ်ခဲ့တဲ့ မြန်မာကောင်စစ်ဝန်ရုံး
အထက်က ပုံတွေကတော့ ယခုနှစ် ဧပြီလက ရိုက်ကူးခဲ့တဲ့ ကောင်စစ်ဝန်ရုံးနဲ့ ဧည့်ခန်း အတွင်းပိုင်းမြင်ကွင်း.. ဖြစ်ပါတယ်..။ ပေးပို့လာတဲ့ပုံ အောက်မှာ ရက်စွဲ ရေးသားချက်အရ...
ကောင်စစ်ဝန်ရုံး ဖွင့်ပွဲအခမ်းအနားရဲ့ မြန်မာပြည်မြေပုံမှာ ဧရာဝတီမြစ်ကို တရုတ်ပြည်က စတင် မြစ်ဖျားခံသယောင် ပုံဖော် ထားတာကို စာဖတ်ပရိတ်သတ် တစ်ဦး ကွန်မာန့်ပေးထားလို့ ပြန်လည် ဖော်ပြလိုက်ပါတယ်...။
ပြီးခဲ့တဲ့ ၂၀၁၀ခုနှစ် စက်တင်ဘာလ ၁၂ရက်နေ့က တရားဝင်ဖွင့်လှစ်ခဲ့တဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့က ကောင်စစ်ဝန်ရုံး ဖွင့်ပွဲအခမ်းအနားမြင်ကွင်းပါ...။ ကောင်စစ်ဝန်ကတော့ ဗိုလ်သန်းရွှေရဲ့ သားမက် သန္တာရွှေရဲ့ ခင်ပွန်း တရုတ်ပြည်ကို နောင်ရေးအတွက် ကြိုတင်ပို့ထားတဲ့ ကောင်စစ်ဝန် ဦးဇော်ဖြိုးဝင်းပါ..။ ကောင်စစ်ဝန်ရုံးဖွင့်ပွဲမှာ မြင်တွေ့ရတဲ့ ဧရာဝတီမြစ်အစကို တရုတ်ပြည်က စတင်သယောင် လိမ်လည်ဖော်ပြချက်နဲ့ ယခုထက်တိုင် ဦးထိပ်ထား ကိုးကွယ်နေတဲ့ ဗိုလ်သန်းရွှေပုံ မြင်ကွင်းကို ကြည့်မယ် ဆိုရင်တော့ မြန်မာပြည်ကို ကိုယ်စားပြုတဲ့ သံရုံးလား အာဏာရှင်နဲ့ တရုတ်ကို ကိုယ်စားပြုတဲ့ မြန်မာပြည်သူတွေနဲ့ သက်ဆိုင်မှုမရှိတဲ့ သီးခြားအဖွဲ့အစည်း ရုံးလားဆိုတာ သုံးသပ်ကြည့်နိုင်ပါတယ်...။
 ထားတော့ ဒီအထိဓာတ်ပုံ ပေးပို့လာတာ ပြဿနာမရှိ.. ခက်တာက တပါတည်း အတူတွဲ ပေးပို့လာတဲ့ ဓာတ်ပုံတွေထဲက အီတလီနိုင်ငံလုပ် Lamborghini Sport ပြိုင်ကား.. အဝါရောင် အမျိုးအစားကားတစီး ပါပဲ..။ ၂၀၀၉မော်ဒယ်လောက် ဖြစ်မယ်ထင်ပါတယ်..။ ရောင်းဈေး ဒေါ်လာ (၂)သိန်းအထက်မှာ ရှိပါတယ်..။ ပြီးခဲ့တဲ့ ၂၀၁၀နှစ်ကုန်လောက်က တရုတ်မှာ ပြိုင်ကားဝယ်စီးတယ်ဆိုပြီး သတင်းထွက်နေတဲ့ ဦးဇော်ဖြိုးဝင်းကားလား ဘာလားတော့မသိပါ..။ ဒီပြိုင်ကားပုံနဲ့ အပေါ်က ပုဂ္ဂိုလ် ဘယ်လို ဆက်စပ်နေပါသလဲ..။ ဓာတ်ပုံတွေ ပေးပို့ပေးနေသူနဲ့ ကျွန်တော်နဲ့ကတော့ ငယ်ငယ်က မူလတန်းမှာ သင်ကြား ရွတ်ဆိုခဲ့ရတဲ့ စာသားလေးလို သူစကား ကိုယ်မသိ၊ ကိုယ့်စကားသူမသိ သနားပါဘိ ဆိုသလိုပါပဲ..။ မေးရင်လည်း ပြန်မဖြေ ဘာဘာသာနဲ့ ပြောရမှန်း မသိတော့ ခက်တော့ ခက်သားနော်..။ ဒီပြိုင်ကားနဲ့ ဗိုလ်ရွှေ သားမက် ဘယ်လို ဆက်စပ်နေတယ်ဆိုတာ သိတဲ့သူတွေ အများသိအောင် လက်တို့ ပေးကြပါဦး..။

ဒီမိုဝေယံ
ပေးပို့ပေးတဲ့ ရှောင်မိန်(Kunming)ရေ 謝謝ပါ...

11 comments:

  1. အောင်မြင်November 9, 2011 at 6:24 AM

    ဘယ်လိုဖြစ်တာလဲဗျ..နောက်ကပန်းချီကားထဲမှာဧရာဝတီမြစ်အစကို တရုတ်ပြည်ထဲထိအောင်ပို့ထားပါလား... ကျုပ်တို့သင်လာခဲ့ဘူးတာတော့ သံလွင်မြစ်ကတော့တရုတ်မှာမြစ်ဖျားခံတယ်ဗျာ... အခုတော့ ဧရာဝတီရော သံလွင်ရောတရုတ်မှာမြစ်ဖျားခံတဲ့ပုံဖြစ်နေတယ်။

    ReplyDelete
  2. မှန်လိုက်လေ ကိုအောင်မြင်..မြင်တတ်တယ်.ကဲအဲဒီပြသနာ ဘယ်လိုရှင်းကြမလဲ..

    ReplyDelete
  3. ဒီအစိုးရနဲ့ အာဏာရှင်တွေက တော်တော် တော်တာပဲ...
    မြန်မာနိုင်ငံ မြေပုံကိုတောင် သူတို့လိုသလို ဆွဲပြင်နိုင်တယ်...
    သူတို့ ပထွေးတယုတ်ကြီး အလိုကျပေါ့...

    ReplyDelete
  4. ဒီမိုဝေယံNovember 9, 2011 at 3:31 PM

    ကိုအောင်မြင်ရေ
    ကျေးဇူးပါဗျာ ထောက်ပြပေးသွားလို့...

    ReplyDelete
  5. မြန်မာတွေ သတိထားကြဟေ့ မြန်မာပြည် ငယ်ထိတ်ကနေ တရုပ်မတွေ သေးပန်းချဖို့ ကြံစည်နေကြပီ ဘယ်လိုလုပ်ကြမလဲ လုပ်တတ်သလို ဝိုင်းလုပ်ကြပါ

    ReplyDelete
  6. ရှင်းရှင်းကလေးပါ ကိုအောင်မြင်၊ သဘောကတော့ ဗမာပြည်ဟာ တရုတ်ရဲ့ ပြည်နယ်တစ်ခုပါလို့ စတင်ပုံဖော်နေခြင်းပါပဲ။

    ReplyDelete
  7. နအဖသန်းရွှေ Phd ( ငတက်ပြား)ကြံဖွိ့သိန်းစိန်Phd(ငတို)November 9, 2011 at 11:44 PM

    Dမို လုပ်ပြန်ပီ..ဖွပြန်ပီ.
    ငါနဲ့ထိပ်ပြောင်နဲ့ ကဒါဖီနောက်လိုက်ရမှာစိုးလို့.နွားသမက်လေးကိုတရုတ်ပြည်.
    ပို့ထားတာ.အရေးအကြောင်းပြေးပေါက်ရအောင်လုပ်ထားရတာ.မောင်ဒီမိုကထပ်ဖွပြန်ပီ.
    ဒီဓါတ်ပုံတွေပို့နေတဲ့ကောင်တွေလဲ.ဆလိုင်းခင်မောင်ဦးနောက်ပို့ပြစ်ရမယ်..
    ငါခွေးသေဝက်သေမသေဖို့ကအဓိကပဲ.တရုတ်ပြေးစုတ်တယ်.လိုချင်တာအကုန်ပေးတယ်ဘာဖြစ်လဲ.
    ငါ့သမီးတောင် ဝူဂျင်တောင်နဲ့တစ်ညပေးသိတ်ခဲ့တာ.ဘာဖြစ်လဲ.
    လွယ်လွယ်လေး.နွာတစ်ကောင်ကိုပေးကြွးလိုက်တာကိစ္စပြတ်ရော.
    ခုလဲဟိုပြောင်းဒီပြောင်းလုပ်ပြထားတာ.မင်းတို့ မစုကြီးမျက်စေ့လည်နေပီ.ဟီဟိ.

    ReplyDelete
  8. သန်းရွှေနဲ့ သူ့နောက်လိုက်တွေဟာ မြန်မာပြည်ကို တယုတ်လက်ထဲ ရရာဈေးနဲ့ တစ်ခုပြီးတစ်ခုလက်ညိုးထိုးရောင်းစားခဲ့တယ် နိုင်ငံနဲ့လူမျိုးနောင်ရေး ဘာမှထည့်မတွက်ပဲ မိသားစု ဆွေမျိုးတွေ သားစဉ်မြေးဆက် ကြီးပွါးချမ်းသာရေး ကိုပက်ပက်စက်စက် ကြံစည်ခဲ့တယ်

    ReplyDelete
  9. ရုရှားရောက်နေတဲ့ စစ်မင်းသား ညီတော်မောင်တွေ ဒါမျိုးကျတော့ ဘာမှ ၀င်မပြောကြပါလား။ ပြောတော့တိုင်းပြည်ကို ဒီမိုတွေထက်ပိုပြီးချစ်ပါတယ်လေးဘာလေးနဲ့ သူတို့ အဘတွေ တိုင်းပြည်ကို တယုတ်လက်ထဲ တတိတိချရောင်းနေတာကျတော့ ဘာစောက်သံမှထါက်မလာကြဘူး

    ReplyDelete
  10. ဓာတ်ပုံက အတုလား အစစ်လား။ အစစ်ဆို၇င်တော့ ဦးသန်းေ၇ွဟာ မြန်မာလူမျိုးတို့၇ဲ့သစ္စာဖောက်ဘဲဗျို့။ ဒါဟာ တစ်နိုင်ငံလုံးကျွန်ဖြစ်မယ့်လက္ခဏာဗျ။ ဓာတ်ပုံအတုဖြစ်ဘို့ မျှော်လင့်ပါတယ်ဗျာ။ ။

    ReplyDelete
  11. ခင်ဗျားဗျာ ကျားတကောင်လုံး မြင်ရဲ့သားနဲ့ ကြောင်လားမေးနေသေးတယ်...

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။