Pages

Saturday, November 12, 2011

ကိုယ်စားပြုသူတွေ အချိန်မှီ ရောက်မလာနိုင်သေးတဲ့ ခုံနံပါတ် (၁၁)

Eleven Media Group မှ ကျင်းပတဲ့ ၁၁.၁၁.၂၀၁၁ တစ်ခြောက်လုံးနေ့ အခမ်းအနား....
(ကိုယ်စားပြုသူတွေ အချိန်မှီ ရောက်မလာနိုင်သေးတဲ့ ခုံနံပါတ် ၁၁)
မနေ့က တန်ဆောင်မုန်း လပြည့်နေ့အမှီ သက်ဆိုင်သူတွေ ပြန်ရောက်လာခဲ့မယ် ဆိုရင်တော့ ဒီကနေ့ အခမ်းအနားမှာ ဒီထိုင်ခုံလေးတွေ အသက်ဝင်ပြီး အရာရာတိုင်းဟာ လှပစိုပြေသွားမှာပါ...။

၁၁.၁၁.၂၀၁၁ တစ်ခြောက်လုံးနေ့ ထူးခြားတဲ့နေ့ အထိမ်းအမှတ်အဖြစ် ဆီဒိုးနားဟိုတယ်မှာ Eleven Media Groupမှ ဦးစီးကျင်းပတဲ့ အနာဂတ်အတွက် ဖယောင်းတိုင်မီးညှိ ဆုတောင်းခြင်း အခမ်းအနား၌  သက်ဆိုင်ရာ နယ်ပယ်မှ ကိုယ်စားလှယ် ၁၁ဦးမှ ကိုယ်စားပြု ဆုတောင်းပေးခဲ့ကြပါသည်..။
နိုင်ငံကျော် ပြည်သူ့အချစ်တော် ဟာသအနုပညာရှင် (၁) ဦးဇာဂနာ၊ လူမှုရေးအသင်းအဖွဲ့များ ကိုယ်စား နာရေးကူညီမှုအသင်းဥက္ကဋ္ဌ (၂)ဦးကျော်သူ၊ သတင်းမီဒီယာကိုယ်စား ပြည်သူ့ခေတ်ဂျာနယ် အယ်ဒီတာချုပ် (၃)ဒေါက်တာဖေမြင့် NGO အဖွဲ့များကိုယ်စား (၄) ဒေါက်တာကျော်သူ၊ စီးပွားရေး လုပ်ငန်းရှင်များကိုယ်စား ဒဂုံဆိပ်ကမ်းစက်မှုဇုန် အတွင်းရေမှုး (၅)ဦးကျော်သူယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများ ကိုယ်စား ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်တစ်ဦး ဖြစ်သည့် ကိုဌေးကြွယ် ညီမ (၆)မခင်မိမိကြွယ်၊ လူငယ်နိုင်ငံရေး ခေါင်းဆောင်များ ကိုယ်စား GWမှ (၇)ဇေယျာသော်၊ လူငယ်အနုပညာရှင်များကိုယ်စား (၈)ချစ်သုဝေ၊ အလုပ်သမားများကိုယ်စား လှိုင်သာယာမြို့နယ်မှ (၉)ကိုအောင်ထွန်း၊ တိုင်းရင်းသားများကိုယ်စား ချင်းတိုးတက်ရေးပါတီမှ ဥက္ကဋ္ဌ (၁၀)ဦးဇိုဇမ် လယ်သမားများကိုယ်စား တွံတေးမြို့နယ်မှ တက်ရောက်လာသူ (၁၁)ကိုဇော်မင်းထွန်း တို့မှ ဖယောင်းတိုင် မီးထွန်းညှိ ပေးခဲ့ကြသည်။
ယင်းနောက် အခမ်းအနားတွင် ခုံနံပါတ် (၁၁)အား ယုံကြည်ချက်ကြောင့် မလွတ်မြောက် သူများအတွက် ၀ိုင်းအလွတ် အဖြစ်ထားရှိပြီး ဂုဏ်ပြုခဲ့ကြပါသည်...။ အခမ်းအနားသို့ သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ ကျော်ကြားသူများ စုံစုံလင်လင် တက်ရောက်ခဲ့သည်။

အားလုံးသောလူတွေရဲ့ ဆန္ဒတွေအားလုံး ဒီကနေကစပြီး ပြည့်ကြပါစေလို့ ကိုဇာဂနာမှ ဆုတောင်းခဲ့ပါသည်။

သတင်း... ဇော်တူး ရေးသား ပေးပို့ပါသည်..

7 comments:

  1. ပိုင်ရှင်မဲ့ ခုံလေးတွေမှာ ကိုယ်စားပြုသူတွေ အမြန်လွတ်မြောက်လာနိုင်
    ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်

    ReplyDelete
  2. 2011 မှသည် လူသစ် စိတ်သစ် အတွေးအခေါ် အသစ်နှင့် အတူ 2012 သို့ 
    ချီတက်ရာတွင်ပြည်သူ့ ဆန္ဒ ပြည်သူ့ အသံတို့ ဖြင့်လိုအင်ဆန္ဒ ပြည့်ဝပါစေကြောင်း ဆုမွန်တောင်းလျှက်..

    ReplyDelete
  3. နအဖသန်းရွှေ Phd ( ငတက်ပြား)ကြံဖွိ့သိန်းစိန်Phd(ငတို)November 12, 2011 at 3:44 PM

    ဇာဂနာရေ.မင်းငါလွတ်ပေးမိတာမှားပီ.
    ဆီဒိုနားတောင်တက်လုပ်ရလားကွ..အခြေအနေကြည့်ပီးလွတ်ပေးမှာပေါ့.
    မင်းကိုနိုင်တို့အဖွဲ့တော့.ငါနဲ့ထိပ်ပြောင်အကြောက်ဆုံးပဲ..ဒီကောင်တွေကလူထုတွေပါလာအောင်
    ဆွဲဆောင်နိုင်တယ်.လွတ်မပေးရဲဘူးဟေ့.တော်ကြာ ကဒါရွှေတို့ ကဒါစိန်တို့ဖြစ်နေရင်
    ဘယ်လိုလုပ်မလဲ.ဟဲဟဲ ငါကတော့.ငါ့ပထွေးဝူဂျင်တောင်းဆီပြေးမယ်.
    ဟိုမှာ နွားသမက်ကလေးလဲရှိတယ်.

    ReplyDelete
  4. အတော်ကိုပဲ အရှက်တရားမရှိတဲ့.စစ်ဗိုလ်တွေပဲ.
    လူတကာကဒီလောက်ဝိုင်းပြောနေတာတောင်.ပြောင်ငြင်းနေသေးတယ်.
    ပြောင်လိမ်ပြောင်စား စစ်တပ်ပဲ..အမြန်ဆုံးလွတ်ပေးပီးလူထုရဲ့ ဆန္ဒကိုအမြန်ဆုံးဆောင်ရွက်
    မယ်ဆိုရင်.အချိန်မှီသေးတယ်..

    ReplyDelete
  5. လယ်သမားများကိုယ်စား တွံတေးမှ ကိုဇော်မင်းထွန်းစသည့် သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ ကိုယ်စားပြုပုဂ္ဂိုလ် ၁၁ ဦးက ဦးစွာပြုလုပ်ခဲ့ကြသည်။
    I saw this news at ELEVEN web site and different with native town by Ko Zaw Minn Tun

    ReplyDelete
  6. ကောင်းလိုက်တဲ့ အစီအစဉ်လေး ဒီလိုမျိုး အစီအစဉ်တွေများများလုပ်ပေးရမယ် ..။
    ဦးနေ( အမှန်တရားကိုဘယ်သူအနိုင်ရဖူးလဲ)

    ReplyDelete
  7. သန်းထွန်းအောင်ဆိုတဲ့ ငတိအကြောင်းမသိကြဘဲကိုး ဒီကောင်ကမှ အမှန်တကယ် ကလိမ်ကကျစ်အစစ်..နအဖထက်တောင်ဆိုးသေး။ နယ်ပယ်အသီးအသီးကဆိုတဲ့လူတွေ သန်းထွန်းအောင်ရဲ့  အသုံးချခံ ဖြစ်ကြရတာ သနားတယ် တုံးပါ့..အပါ့.

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။