Pages

Saturday, November 5, 2011

UK သံအရာရှိ ဦးဆောင်သောအဖွဲ့ အမေ့အိမ်ပညာဒါနကျောင်း(လှိုင်သာယာ) သို့လာရောက် လေ့လာကြည့်ရှူ...

သူငယ်ချင်းများအားလုံးမင်္ဂလာပါ..

အမေ့အိမ်(လှိုင်သာယာ)ကျောင်းလေးသို့ ဒီနေ့ နိုဝင်ဘာ(၂)ရက်နေ့ မနက် (၈)နာရီခန့်က UK သံရုံးမှ Mr.Paul Whiltinghan(Head, UK Department for International development, Rangoon) ဦးဆောင်ပြီး၊ အဖွဲ့ဝင်နှစ်ဦးဖြစ်သော Mr.Dominic Ashton(UK Department for International Development, Rangoon) နှင့် Mr.Joe Fisher(British Embassy,Rangoon) အတူ အမေ့အိမ်ကျောင်းများ ပညာရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် လာရောက် လေ့လာခဲ့ကြပါသည်။ အဖွဲ့ချုပ်ရုံးမှ ဦးနိုင်းနိုင်း၊ ဒေါက်တာမျိုးအောင်နဲ့ ကိုဖြိုးမင်းသိန်းတို့လည်း တက်ရောက်ခဲ့ကြပါသည်။

ခင်မင်စွာဖြင့်
ကိုငယ်( ၀၉ ၅၁၆၂၀၆၀ )
အမေ့အိမ် ပညာဒါနကျောင်း( လှိုင်သာယာ)

3 comments:

  1. မြန်မာပြည်မယ် ဒိထက်ကို ကြယ်ကြယ် ပြန့်ပြန့် လူမှုရေး လုပ်ငန်းတွေ ရရှိစေချင်တယ် လူမှုရေး ပညာရေး လုပ်ငန်းတွေကို ရှေ့ကနေလမ်းပြ ဦးဆောင်ပြီး ကြယ် ကြယ် ပြန့် ပြန့် လုပ်ဆောင် ပေးနေတဲ့ လူကြီးမင်းများကိုလည်း အထူးဘဲ ကျေးဇူးတင်ပါတယ် ငတ်မွတ်ခေါင်းပါးနေတဲ့ ပြည်သူအပေါင်းကို ကယ်တင်ကြပါ စို့ ..။
    ဦးနေ ( အမှန်တရားကိုဘယ် သူ အနိုင်ရဖူးလဲ)

    ReplyDelete
  2. ကျနော်အဲ့ဒီသွားတုန်းက ဆရာမတယောက်က ပြောတယ် အခုလမ်းလေးက (အောက်ဆုံးပုံက လမ်းလေးပါ)မိုးတွင်းဆို လမ်းတောင်လျှောက်လို့မရဘူးတဲ့။ တကယ်ဆို ပေ ၁၀၀ - ၁၅၀ သာသာ လောက်လေးဝေးတဲ့လမ်းလေးကို ကားဝင်လို့ရအောင်ခင်းထားမယ်ဆိုရင် အလှူရှင်တွေ ပစ္စည်းတွေသယ်လာတဲ့အခါ၊ လာလေ့လာတဲ့အခါ ပိုအဆင်ပြေမယ်ထင်တာပဲ။ ကျောင်းဘေးနားက ၁၀ ပေပတ်လည်သာသာ စာကြည့်ခန်းလေးလုပ်ဖို့လဲ ပြင်နေပါတယ်။ ပဉ္စမပုံထဲမှာ ဆိုရင် ကွန်ပျူတာအဟောင်းလေးတွေ ၃ ၄ လုံးပါနေတယ်။ ဒါပေမယ့် ဗမာပြည်ရဲ့အကျွမ်းကျင်ဆုံးလျှပ်စစ်ပညာရှင် (သူကိုယ်သူကြွားပြောတဲ့ ငကြွား) ဝံကျီး ဇော်မင်း ပြောတော့ လျှပ်စစ်ကပိုနေတာပဲတဲ့။ အဲ့ဒီကွန်ပျုတာတွေ ဖွင့်လို့မရတာက မီးမလာလို့နဲ့ လာတဲ့အချိန်မီးအားမနိုင်လို့ပါ။ အဲ့ဒီစာသင်ကျောင်းလေးထဲမှာ အစိုးရကျောင်းတွေလို ဆောင်ပုဒ်တွေ အများကြီးမရှိပါဘူး ဒါပေမယ့် အံ့သြစရာကောင်းလောက်အောင် ကလေးတွေက စိတ်ထားလေးတွေကောင်းကြတယ် စည်းကမ်းရှိတယ် ဆရာ ဆရာမစကားအတော်နားထောင်ပါတယ်။ သင်ကြားမှုပုံစံကလဲ အစိုးရကျောင်းတွေလို ဒါပေး ဒါကျက် ပုံစံမျိုးတွေထက် သူတို့ စိတ်ကူးလေးတွေကို လွတ်လွတ်လပ်လပ် စဉ်းစားခွင့်ပေးပြီးသင်တာမျိုးပါ။ (ကျနော့ ကိုယ်တွေ့ပါ။) ဒီကလေးတွေကို ကူညီတာဟာ ကျနော်တို့တိုင်းပြည် အနာဂါတ်ကို တည်ဆောက်ရာရောက်ပါတယ်ဗျာ။

    ReplyDelete
  3. အမေ့အိမ်လေး တိုးတက်ဖို့ ၀ိုင်းဝန်းကူညီ ဆောင်ရွက်ကြပါစို့..
    အခုလိုမြင်ရတွေ့ရတာ ကျေနပ်အားရစရာကောင်းလွန်းလှပါတယ်

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။