Pages

Saturday, December 17, 2011

ရွှေည၀ါသို့ (ကဗျာရှင် နေရဲနီ)

ရွှေည၀ါသို့
(ကဗျာရှင် နေရဲနီ)

တို့ဘ၀က ဘောလုံးလိုဘဲ
တအားကိုင်ပြီး ပစ်ချလေ
မြင့်မြင့်တက်လေဘဲ။
(အမရပူရ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ။ တဘ၀သံသရာ)

ဘုရားရှင်ဟာနိဗ္ဗာန်ကို တပါးတည်းသွားမယ်ဆိုရင်
သုမေဓာရသေ့ဘ၀မှာ ကတည်းက သွားလို့ရတယ်
အများအကျိုးကို ဆောင်ရွက်ချင်လို့
ဘုရားဆုပန်ပြီး လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း
ပါရမီဖြည့်ခဲ့တာ
(အရှင်ဇနကာဘိဝံသ။ နံနက်ခင်းသြ၀ါဒများ)

ပတ္တမြားရွှေဂူ
အရောင်တဖိတ်ဖိတ် တောက်သည်ကို
မနာလိုမရှုစိမ့်သော ၀က်တစ်အုပ်သည်
အရောင်မှိန်စေသောငှာ
မိမိတို့၏ ခန္ဓာကိုယ်ကို
မစင် ညွန်နှစ်များ လူးလျှက် ပွတ်သော်လည်း
ထိုပတ္တမြား ရွှေဂူသည်ကား
မမှိန်သည့်အပြင်
ပွတ်လေ ပြောင်လေဖြစ်လျှက်
နဂိုထက်ပိုကာ
ပြောင်သည်ထက်ပြောင် ၀င်းသည်ထက်ဝင်းကာ
ပို၍ပို၍ တဖိမ့်ဖိမ့် တလျှံလျှံ တ၀င်းဝင်း တောက်ကာ
ရှုမညီးဖွယ် တင့်တယ်ပေစွတကား။
(ငါးရာငါးဆယ် နိပါတ်တော်)

ရွှေည၀ါ ဆရာတော်ကြီးအား ဤစာဖြင့် ပူဇော်ကန်တော့ပါ၏။

နေရဲနီ

4 comments:

  1. ဘဘ(တိုကျို)December 17, 2011 at 3:44 AM

    သမိုင်းမှာမော်ကွန်းတင်လောက်အောင်ကြီးကျယ်မြင့်မြတ်ပါပေသည်၊
    အရှင်ရွှေညဝါဆရာတော်ဘုရားအားရိုသေမြတ်နိုးလက်စုံမိုး၍
    ရှစ်ခိုးကန်တော့လိုက်ပါဧ။်အရှင်ဘုရား

    ReplyDelete
  2. ကောင်းလိုက်တဲ့ကဗျာ
    ဒကာဒကာမ ပြည်သူနိုင်ငံတော် အကျိုးကိုရှေးရှုဆောင်ရွက်နေသော ရဟန်းရှင်လူများဘေးမသီရန်မခကြပါစေနှင့်
    အထက်ပါပုဂ္ပိုလ်များအပေါ်တွင်ကျရောက်နေသော အန္တရယ်များ မြတ်စွာဘုရား
    တန်ခိုးတော်ကြောင့် အမြန်ပပျောက်ပါစေ
    ဘုရားကွယ်နေသောပုဂ္ပိုလ်များ အမြန်ဆုံးအမြင်မှန်ရကြပါစေ

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။