Pages
Tuesday, December 6, 2011
မတရားဖမ်းဆီး ထောင်ချခံတော့မည့် လယ်သမားတဦးအား အချိန်မှီ ကယ်တင်ပေးကြပါရန် (တိုင်ကြားစာ).
ပန်းတနော်မြို့နယ်တွင်းရှိ မိရိုးဖလာ လယ်လုပ်ငန်းဖြင့် အသက်မွေးနေသူ ဦးသန်းထွန်းအား လွန်ခဲ့သည့်(၁၃.၇.၂၀၁၁)နေ့တွင် ပန်းတနော်မြို့နယ် ရဲဝန်ထမ်းများမှ မတရားအမှုဆင် ဖမ်းဆီးခဲ့ပြီး မနက်ဖြန်တွင် ပန်းတနော်မြို့နယ် တရားရုံးတွင်  မြို့နယ် တရားသူကြီး ဦးစိန်ကြည်မှ မိန့်ချမှတ်မည်ဖြစ်သည်။ သို့သော် ယခုညနေပိုင်းတွင် စွပ်စွဲခံရသူ ဦးသန်းထွန်း၏ ရှေ့နေ ဖြစ်သူအား မြို့နယ်တရားသူကြီးမှ ဖုန်းဖြင့်ဆက်သွယ်၍ ငွေကျပ် ၂၅သိန်း ပေးမည်ဆိုပါက ထောင်ဒါဏ် တနှစ်ခွဲသာ ချမှတ်မည်ဖြစ်ကြောင်း အကယ်၍ မပေးနိုင်ပါက ၂ နှစ်မှ ၃နှစ်အထိ ချမည် ပြောဆိုခဲ့သည်ဟုသိရပါသည်။ 
ထို့သို့ရှေ့နေမှတဆင့် အကြောင်းကြားလာသည့်အတွက် ဦးသန်းထွန်း၏ အကိုဖြစ်သူ ဦးကျော်ဆန်းနှင့် ဦးသန်းထွန်းဇနီး ဒေါ်အုန်းမြင့်တို့ မှ ရှေ့နေဖြစ်သူ ဦးကျော်အောင်နှင့် သွားရောက် တွေ့ဆုံခဲ့ရာ (6.12.2011) မနက်ဖြန် အမိန့်ချမည့် နံနက် (၇) နာရီတွင် အမိန့်မချမှီ တရားသူကြီး ဦးစိန်ကြည်နှင့် တွေ့ဆုံ ရမည် ဖြစ်ကြောင်းကို ထပ်မံပြောဆိုခဲ့ ပါသည်။
ယခုအမှုဖြစ် စဉ်သည် မတရားအမှုဆင်ဖမ်းဆီးခံခဲ့ရသည်အတွက် ၂၀၁၁ ခုနှစ် နိုင်ဝင်ဘာလ ၂၈ ရက်တွေ တွင် ပူးတွဲပါ အမှုဖြစ်စဉ်အကျဉ်းနှင့် အသနားခံစာကို နိုင်ငံတော်သမတ္တကြီးထံ အသနားခံစာ ပေးပို့ခဲ့သော်လည်း မည်သို့မှ ဆောင်ရွက်ပေးခဲ့ခြင်း မရှိဟုသိရပါသည်။ သို့ပါသောကြောင့် အများပြည်သူများ သိရှိကူညီနိုင်ရန် အတွက် သတင်းပေးပို့လာပါသည်။
အသေးစိတ် သိရှိလိုပါက တရားစွဲဆိုခြင်း ခံရသည်မိသားစုများအား အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းပြီး အမှုမှန် ပေါ်ပေါက်ရေးအတွက် ကူညီဆောင်ရွက်ပေးကြပါရန် တိုက်တွန်းလိုက်ရပါသည်။
ဦးသန်းထွန်း အိမ်ဖုန်း ( 0949719453 )
မှတ်ချက်- (6.12.2011)မနက်ဖြန်တွင် တရားရုံးသို့ မိသားစုဝင်များ သွားရောက်မည် ဖြစ်သောကြောင့် ညနေပိုင်းတွင်သာ ဆက်သွယ်နိုင်မည်ဖြစ်သည်။
4 comments:
  1. မင်းနိုင်December 6, 2011 at 5:41 AM
    ဒီသတင်း ဖြစ်ရပ်မှန်ကို ဒေါ်အောင်ဆန်းစုကြည် သိသင့် ပါသည် ရောက်အောင် ပို့ ပေးကြပါ။ မတရား အမှုဆင် ငွေညှစ်တာ ဆိုရင်တော့ တရားဥပဒေ စိုးမိုးရေး လက်တွေ အကောင်အထည်ဖော်နိုင်ဖို့  NLD ကဖွဲ့ စည်းထားတဲ့  ရှေ့ နေကွန်ယက်ကအစွမ်းကုန် အကာအကွယ်ပေးသင့် တယ်ဟုမြင်ပါသည်။
    ReplyDelete
  2. အမှုမှန်ပေါ်ပေါက်ဖို့က အရေးကြီးပါတယ်...
    (၁) မတရားစွပ်စွဲခံရတာလဲဖြစ်နိုင်ပါတယ်...
    (၂) ကာယကံရှင်ကိုယ်တိုင် အရောင်းအ၀ယ်လုပ်တာမဟုတ်ဘဲ... လယ်သမားဆိုတာကို အကာအကွယ်ယူပြီး အခြားသူတစ်ယောက်က စီးပွါးရေးလုပ်တာလဲ ဖြစ်နိုင်ပါတယ်...ဘာလို့လဲဆိုတော့ နေရာတိုင်းမှာ ၂ လုံး ၃ လုံးဆိုတာက အလွယ်တကူ လုပ်ဆောင်နေကြလို့ပါပဲ။
    ယခုစာအရ အိမ်တစ်အိမ်ကို ၀င်ရောက်ဖမ်းဆီးမည်ဆိုတာက ရက်ကွက်လူကြီး အနည်းဆုံး ၂ ဦး၊ မြို့နယ်မှုးရဲ့ ၀ရမ်းစာ ပါရပါမည်... ရဲများက ကာယကံရှင်နဲ့ လူကြီးတွေရှေ့မှာ ရှာဖွေပုံစံနှင့်သာ သိမ်းဆည်းဖမ်းဆီးရမည် ဖြစ်ပါတယ်... တရားသူကြီး တစ်ဦးက တဆင့် တရားသူကြီးကို ငွေကျပ် ၂၅ သိန်း အမှန်တကယ်တောင်းဆိုပါက ဒါဟာ အမှန်တကယ် ငွေကြောင့် မတရားစွပ်စွဲတာဖြစ်နိုင်ပါတယ်...
    ကျွန်မ သိသလောက်ညဏ်မီသလောက်ရေးကြည့်တာပါ... ဖတ်လိုက်လို့အဆင်မပြေရင် ကြိုတင်တောင်းပန်ပါတယ်...
    ReplyDelete
  3. ကူညီကြပါဗျာ။ ပြည်သူလူထုလဲ ဖွတ်လမွတ်ကျေနေပါပြီ။ ကယ်တင်နိုင်သမျှ အဖက်ဖက်က အစွမ်းကုန်ကူညီကြဖို့ မေတ္တာရပ်ခံပါတယ်။
    ReplyDelete
  4. အကျင့်ပျက်ဝန်ထမ်းထဲမှာလက်နက်ကိုင်ဝန်ထမ်းဟာအဆိုးဆုံးဖြစ်တယ်။ဒီလုပ်ရပ်ဟာရဲတွေကလိမ်ကကျစ်လုပ်တဲ့နည်းဘဲ။မတရားအမှုဆင်ပြီးပြည်သူတွေဒုတ်ခရောက်အောင်လုပ်တယ်။စသုံးလုံးတို့စစ်ထောက်လှမ်းရေးကကောင်တွေလဲအဲဒီလိုမတရားအမှုဆင်ပြီးလုပ်စားနေကြတယ်။ကိုယ်တွေ့ကြုံဘူးလို့ပြောပြတာ။အထက်အဆင့်ဆင့်ကကောင်တွေကလည်းအားလုံးကိုယ်ကျင့်တရားမကောင်းကြတော့တိုင်လည်းအဲဒီစာအပေါ်ကိုမရောက်လေတော့၊ရရာနည်းနဲ့ဝိုင်းတွန်းကြဘို့လိုအပ်ကြောင်းပါခင်ဗျား၊၊
    ReplyDelete
ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။