၂၀၁၁ခုနှစ် ဒီဇင်ဘာလ (၁၂)ရက်နေ့ ရက်စွဲနဲ့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ရဲ့ ထုတ်ပြန်ကြေငြာချက်ပါ..
အကြောင်းအရာ.... ရွှေညဝါဆရာတော်အား အရေးယူဆောင်ရွက်ရန်ကိစ္စ
ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင့်တိုင် မြို့နယ် သာဓုကျောင်းတိုက်မှ ရွှေညဝါဆရာတော် ဦးပညာသီဟ၏ မန္တလေးတိုင်း ဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ တရားဟောကြားခြင်းကိစ္စ တင်ပြလာခြင်းနှင့် စပ်လျဉ်း၍ ၂၈ရက် ၁၁လ ၂၀၁၁ခုနှစ်၌ ကျင်းပသော ဆဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီအစည်းအဝေးက ဖော်ပြလတ္တံပါအတိုင်း ဆုံးဖြတ်ခဲ့ပါသည်..။
ဆုံးဖြတ်ချက်....
ရွှေညဝါဆရာတော် ဦးပညာသီဟ၏ မန္တလေးတိုင်း ဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ တရားဟောကြားခြင်းကိစ္စနှင့် စပ်လျဉ်း၍
(က) ရွှေညဝါဆရာတော် ဦးပညာသီဟအား နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ပိုင် ကြည့်မြင်တိုင်မြို့နယ် သာဓုကျောင်းတိုက်မှ ဖယ်ရှားရန်..။
(ခ) သံဃအဖွဲ့အစည်း အဆင့်ဆင့်၏ ဆုံးဖြတ်သည်ကို မနာခံ၍ ဒုဗ္ဗစ ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ရန်။
(ဂ) နိုင်ငံတော် သံဃမဟာနာယအဖွဲ့၏ ခွင့်ပြုချက်မရပဲ မည်သည့်ပုဂ္ဂိုလ်မှ သာဓုကျောင်းတိုက်အတွင်း မည်သည့်သင်တန်းမျှ ဖွင့်လှစ် ဆောင်ရွက်ခြင်းမပြုရန်။
သို့ဖြစ်ပါ၍ အထက်ပါ အပိုဒ်(၁)ပါ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ အစည်းအဝေး ဆုံးဖြတ်ချက်နှင့်အညီ အကောင်အထည် ဖော်ဆောင်ရွက်ရေး ရန်ကုန်တိုင်း ဒေသကြီး သာသနာရားသို့ ဆက်လက်ညွှန်ကြား ဆောင်ရွက်သွားပါရန်နှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ပြန်လည်တင်ပြရန် အကြောင်းကြား လျှောက်ထားအပ်ပါသည်..။
ဘဒ္ဒန္တဝါယမ
အဂ္ဂမဟာပဏ္ဍိတ
တွဲဖက်အကျိုးတော်ဆောင် ဆရာတော်
စာမှိန်နေတဲ့ အတွက် ပြန်လည် ရေးသားဖော်ပြလိုက်ပါတယ်...။ အမျိုးဘာသာ သာသနာအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နေတဲ့ ရွှေညဝါဆရာတော်ကြီးအား ယင်းကဲ့သို့ မတရားဖိနှိပ်မှုအား ဝန်းရံပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါတယ်..။
ဒုဗ္ဗစ ပုဂ္ဂိုလ်ဆိုတာ (ဆိုဆုံးမရခက်သော ပုဂ္ဂိုလ်) ဖြစ်ကြောင်း ဒီပဲယင်း အရေးအခင်းအပြီးမှာ အာဏာပိုင်များအား ရည်ညွှန်းပြီး သီတဂူဆရာတော်ကြီး ဟောကြားတော်မူတာ နာယူဘူးပါတယ်..။ ဒီအတိုင်းဆို ရွှေဝါရောင်တော်လှန်ရေးကြီး အတွင်း သံဃာတော်များအား ရက်ရက်စက်စက် အကြမ်းဖက် နှိမ်နှင်းခဲ့တဲ့ အာဏာရှင် စစ်အုပ်စုကို အဘယ်ကြောင့် ဒုဗ္ဗစပုဂ္ဂိုလ် (ဆိုဆုံးမရခက်သော ပုဂ္ဂိုလ်)များအဖြစ် မသတ်မှတ်၊ မရှောင်ကျဉ် ခဲ့ကြပါသလဲဆိုတာ ဖြေရှင်းပေးကြပါရန် ယခုကိစ္စမှာ ဆုံးဖြတ်ချက်ချခဲ့ကြတဲ့ သံဃာတော် အရှင်သူမြတ်များအား ရိုသေစွာ လျှောက်ထားအပ်ပါတယ် ဘုရား..။
မန္တလေးတိုင်း အဖွဲ့ချုပ်ရုံးမှာ ဟောကြားခဲ့တဲ့ ညီညွတ်ရေးတရားတော်.. ရုပ်သံဖိုင်.
(ရိုးရိုးလေးပါ သေချာနာယူကြည့်ကြပါ)
နောက်ဆက်တွဲ သတင်း
မနက်ဖြန် နေ့လည် ၁နာရီမှာ နိုင်ငံတော် သံဃမဟာနာယက ဥက္ကဋ္ဌဗန်းမော်ဆရာတော်ဘုရားကြီးနဲ့ ရွှေညဝါဆရာတော်တို့ တွေ့ဆုံပါမည်။ အဆိုပါ ၄၇ဦး စုံညီ ဆုံးဖြတ်သည့်နေ့၌ နိုင်ငံတော် သံဃမဟာနာယက ဥက္ကဋ္ဌဗန်းမော်ဆရာတော်ဘုရားကြီး ဆွမ်းစားကြွနေသည့်အတွက် မပါရှိကြောင်းသိရှိရပါသည်..။
ယနေ့ အဆိုပါသတင်းအား ဗန်းမော်ဆရာတော်ဘုရားကြီး ကြားသိသည့်အတွက် အထူးစိတ်မကောင်း ဖြစ်နေပြီး မနက်ဖြန်မှာ ရွှေညဝါဆရာတော်အား တွေ့ဆုံမှာဖြစ်ပါတယ်..။ ရွှေညဝါဆရာတော်ကြီးဟာ ဗန်းမော်ဆရာတော်ဘုရားကြီးရဲ့ တပည့်ရင်းဖြစ်ပြီး ရွှေညဝါဆရာတော် အကျိုးတော်ဆောင်ချုပ်အဖြစ် ဦးစီးလုပ်ဆောင်နေတဲ့ ရန်ကုန်ဗုဒ္ဓတက္ကသိုလ်ရဲ့ အဓိပတိဆရာတော်ကတော့ ယခုသံဃမဟာနာယက ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ဘုရားကြီး ဖြစ်ပါတယ်..။

I don't believe thein Seinn government bcs they come from military so they will appear their character coming soon. So bad for our people's future in Myanmar. Destroy the military government!
ReplyDeleteဒကာတော် ဦးသိန်းစိန် ခင်ဗျာ ပြောတော့ ဒီမိုကရေ ဆို ခင်ဗျာပြောတော့ တိုင်းပြည် ညီညွတ်ငြိမ်းချမ်း သာယာရေး ဆို ခင်ဗျာပြောတော့ တရား ဥပဒေ စိုးမိုးရေး ဆို ဘယ်လိုဗျ တိုင်းပြည်အကျိုး အများအကျိုး ပြည်သူတွေ အကျိုး သာသနာအကျိုး တွေကို ရွက်သည် ဆောင်ရွက်နေတဲ့ ရွှေည၀ါ ဆရာတော်ကြီးကိုကြတော့ ဒုဗ္ဗစ ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ရသလား။
ReplyDeleteသာသနာ ကို လည်း ဖျက်စီး ပြည်သူတွေကို လိမ်လည် လှည့်ဖျားပြီး တိုင်းပြည်အကျိုး သာသနာ့အကျိုး အများအကျိုး ကို ဘာ တခု မှ ထမ်းဆောင် ဆောင်ရွက် ခြင်း မရှိတဲ့ မဟန ဆရာတော်တွေကိုကြတော့ ဒုဗ္ဗစ ပုဂ္ဂိုလ်အဖြစ် မသတ်မှတ် ဘဲ ဘုရား ဟော ၀ိနည်းတော်တွေနဲ့ အလွဲ လွဲတွေကြည့် လုပ်နေပါလား ။
စက်တင်ဘာဦးနေမိန္ဒ( အမှန်တရားကို ဘယ်သူ အနိုင်ရဖူးလဲ)
စည်းကမ်းပြည့်ဝသောမြန်မာ့နည်းမြန်မာ့ဟန်ဒီမိုကရေစီဆိုတာအဲဒီဗလောင်းဗလဲငါ့စကားနွားရပြောနေတဲ့သူတွေကဘဲလုပ်ချင်
ReplyDeleteတိုင်းလုပ်နေတာကိုခေါ်ပါသလား?
ဘာ! ဒီမိုကရေစီ!!ဟုတ်လား? မပေးချင်လို့နှစ်ပေါင်းငါးဆယ်ကျော်
ReplyDeleteဒို့တပ်မတော်ကဘဲစည်းကမ်းရှိရှိအလှည့်ကျနဲ့ခိုးစားခဲ့တာ. အခုခိုး
စရာမရှိတော့လို့နိုင်ငံတကာကလာမဲ့ဟာတွေအိပ်ထဲထည့်လို့ရအောင်
မင်းတို့ကိုနဲနဲလေးဖွင့်ပေးယုံရှိသေး ~ မင်းတို့ကတခါထဲဒီမိုကရေစီရသွား
တော့မှာထင်နေကြတာကိုး။ ဆောရီးဘဲကွာ~~ ဝေးပါသေးတယ်။
သိတယ်မဟုတ်လား. မြန်မာ့နည်းမြန်မာ့ဟန်လေ^*#>%$~!¥+<€_&
military govnt is very wicked be careful what,s they said. they r very cruel and very coward i am ashamed of theirself.never believe them ,they all liars.
ReplyDeleteခေတ်အဆက်ဆက် တပ်မတော်ဆေးတက္ကသိုလ်.တပ်မတော် အင်ဂျင်နီယာတက္ကသိုလ် ဘဲရှိတယ်ထင်တာ လက်စသပ်တော့ ကမ္ဘာအေးမှာလဲ တပ်မတော် သာသ့နာ တက္ကသိုလ်၇ှိတာကိုးးးးးးမှတ်သာလောက်ပါတယ်........ ရွှေည၀ါ ဆ၇ာတော် ဘု၇ားးးး ၄၇ပါးစုံညီကို သွားတွေ့ ၇င် မရှိးခိုးခင် အရင်သတိဆွဲပြီး အလေးပြုပါဘု၇ားးးးး)
ReplyDeleteဒေါ်စုနဲ့ ရွှေည၀ါဆရာတော် နီးနီးကပ်ကပ် လက်တွဲပြီး ငြိမ်းချမ်းရေးလုပ်တာ မလိုလားကြောင်း ပြသလိုက်တာပါ။
ReplyDeleteဒေါ်စုကို အထီးကျန်ဖြစ်အောင် သူနဲ့ မပူပေါင်းရဲအောင် စစ်အာဏာရှင်တို့ရဲ့ မပြောင်းလဲသော လုပ်ရပ်ပါ
က
၄၇ပါးစုံညီ jealous ရွှေည၀ါ ဆ၇ာတော်
ReplyDeleteဘုရားမျက်နှာ နှင့် စစ်သားမျက်နှာ ဘယ်ဟာကြည့်မလဲ။
ReplyDeleteသံဃနာယကဆရာတော်ကြီးများအနေနှင့်လည်း ဘုရားရှင်ဟောကြားခဲ့သော
တရားနှင့်အညီအမျိုး ဘာသာ သာသနာအတွက်ဆောင်ရွက်တော်မူစေချင်ပါ
သည်ဘုရား။ လုပ်ပိုင်ခွင့်ရနေသည့်အချိန်လေးမှာ ကိုယ့်သမိုင်းကိုရေးကြရမှာပါဘုရား။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ တာဝန်ကျနေသည့် မဟန ဆရာတော်များအနေနှင့် သာသနာတော်မျက်နှာထက် စစ်အစိုးရအကြိုက် လိုက်နေ
ခဲ့သည်မှာ သမိုင်းကြောင်းအရ ဖျောက်ဖျက်လို့မရတဲ့ မှတ်တမ်းကြီးပါ။ ခုလည်း နောက်ထပ် သမိုင်းတွင်စေမည့် စစ်အစိုးရကြိုက်လုပ်ရပ်ကို ဆက်လုပ်နေဦးမည်ဆိုလျှင် သမိုင်းဆိုးကြီးကျန်နေပါလိမ့်
မည်။ နောင်ဆိုရင် အင်တာနက်မှာ ဓာတ်ပုံနှင့်တကွ နာမည်ဆိုးများပေါ်ထွက်လာနိုင်ပါသည်။
ဘုရားရှင်သာသနာ အဓွန့်ရှည်တည်တန့်ပါစေ ---။
ခေတ်အဆက်ဆက် တပ်မတော်ဆေးတက္ကသိုလ်.တပ်မတော် အင်ဂျင်နီယာတက္ကသိုလ် ဘဲရှိတယ်ထင်တာ လက်စသပ်တော့ ကမ္ဘာအေးမှာလဲ တပ်မတော် သာသ့နာ တက္ကသိုလ်၇ှိတာကိုးးးးးးမှတ်သာလောက်ပါတယ်........ ရွှေည၀ါ ဆ၇ာတော် ဘု၇ားးးး ၄၇ပါးစုံညီကို သွားတွေ့ ၇င် မရှိးခိုးခင် အရင်သတိဆွဲပြီး အလေးပြုပါဘု၇ားးးးး)
ReplyDeleteနိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဆရာတော်ကြီးများသို့
ReplyDeleteဘုရားတပည့်တော် ရိုသေစွာဦးခိုက်လျှောက်ထားအပ်ပါသည်ဘုရား..သာသနာအရှည်တည်တံ့ခိုင်မြဲဖို့.ဗုဒ္ဓဘာသာအစစ်များအဖြစ်ရပ်တည်တိုးပွားလာဖို့..အရှင်ဘုရားတို့လက်ထဲမှာရှိပါတယ်ဘုရား။(ခေါင်ကမိုးမလုံ
ရင်)သာသနာညှိုးမှိန်ပျက်စီးသွားနိုင်ပါတယ်။ဘုရားသာသနာကိစ္စကိုချင့်ချင့်ချိန်ချိန်.စဉ်းစဉ်းစားစား
ဆုံးဖြတ်တော်မူကြပါဘုရား..(ဆရာညွှန်ကြားဆုံးဖြတ်သမျှ.ဒကာကသာလိုက်နာရစမြဲပါဘုရား..။ဒကာခိုင်းသမျှ
ဆရာကလိုက်လုပ်ရရင်တော့..သာသနာညှိုးမှိန်ပယ်ပျောက်မှာ..စိုးကြောက်လှပါသည်ဘုရား..)
ဗုဒ္ဓဘာသာစစ်စစ်ဒကာကြီး
ရွှေညဝါဆရာတော် ဦးပညာသီဟ၏ လုပ်ဆောင်ချက်များဟာ ၀ိနည်းတော်များနဲ့ ညီညွတ်ပါသလား?
ReplyDeleteဒုဗ္ဗစ ဆိုတဲ့ သိက္ခာပုဒ်ဖြစ်ပေါ်လာခြင်းအကြောင်းကို နဲနဲ ရှင်းပြချင်တယ်။ ဒီသိက္ခာပုဒ်က အားလုံးသိကြတဲ့ မြင်းမြည်းဆွဲမောင်ဆန်ကြောင့်ပါ။ မြင်းမြည်းဆွဲ မောင်ဆန်က ကြီးမှ ဘုန်းကြီးဝတ်ပြီး( ရှေးရှေး မြန်မာနိုင်ငံကတောရွာတွေမှာရှိခဲ့ဘူးတဲ့ သူကြီးသားလို စောင်ကြွားကြွားနဲ့ ဂန်ကျယ်ပြီး (ခုလဲ ရွှေနားကပ်ရောင်နဲ့ ပါးပြောင်နေသူတွေ၊ အခြောက်တိုက် ဘ၀င်မြင့်နေသူတွေ ရှိချင်ရှိနေဦးမှာပါဘဲ) အာဏာပြချင်ရာက စခဲ့တာပါ။ ဘုရားနဲ့ သူနဲ့ ဖွါးဖတ်တော်၊ ဘုရားတောထွက်တော့ သူလိုက်ပို့ခဲ့တာ။ သူ့ဆရာဘုရား သူ့ဆွေမျိုးဘုရားဆိုပြီး ကျန်တဲ့ ရဟန်းတွေကို မလေးမစား လုပ်လို့ ကျန်တဲ့ ရဟန်းတွေက "မောင်ဆန် အဲလို မပြောနဲ့၊ အဲလို မနေနဲ့ သင်က နောက်မှသင်္ကန်းဝတ်တာ ကျန်သံဃာတွေကို အရိုသေပေး" စသည်ဖြင့် ပြောတာကို မောင်ဆန်က "ကိုယ်တော်တို့ကသာ အရိုသေးပေးရမှာ၊ ဘုရားက ငါ့တို့အမျိုး၊ သူတရားကလဲ ငါတို့တရား စသည် မခြေမငံစကားတွေ ပြန်ပြောလို့ ကျန်သံဃာများက မနိုင်တော့တဲ့ အဆုံး ဘုရားထံ အကျိုးအကြောင်း လျှောက်ထားကြတယ်။ ဘုရားရှင်က မောင်ဆန်ကို ခေါ်စစ်တယ်။ သူကလဲ ၀န်ခံပါတယ်။ ဟုတ်တယ် ပြောမိတယ်ပေါ့။ နောက်တော့ ဘုရားရှင်းက မောင်ဆန်ကို "မဂ်ဖိုလ်နဲ့ မနီးတဲ့ကောင်" စသည်ဖြင့်မိန့်တော်မူပြီး နောက်နောင် မောင်ဆန်လို့ အခြောင် ဘ၀င်မြင့်တဲ့ ဘုန်းကြီးပေါ်လာရင် သံဃာက ၀ိုင်းပြီး ဖေးမ ပြောဆိုကြလို့ဆိုပြီး သံဃာဒိသိသ် သိက္ခာပုဒ်မှာ ဒီ ဒုဗ္ဗစ= ပြောဆိုခက်တဲ့ ဘုန်းကြီးဆိုတဲ့ သိက္ခာပုဒ်ကို ပညတ်ခဲ့တာ။ ခု ရွှေည၀ါဆရာတော်က နာဂစ်မှာ ရေဘေးဒုက္ခရောက်သူ ဒကာဒကာမတွေကို သူတရားဟော ရတဲ့ န၀ကမ္မနဲ့ ထောက်ပံ့တယ်။ ကျောင်းတိုက်အတွင်းမှာ ယမိုက်၊ ပဌာန်းသင်တန်းတွေ ကြီးမှုးဖွင့်လှစ်ပေးတယ်၊ တိုင်းပြု ပြည်ပြု တရားတွေ ၊ အမျိုးသားရေး တရားတွေ ဟောတယ်။ ဆိုတော့... မောင်ဆန်လို အခြောက်တိုက် ဘ၀င်မြင့်ပြီး ဘာမှ မလုပ်ပဲ ဘုရားက ငါ့အမျိုး စသဖြင့် ပြောနေတဲ့ ဘုန်းကြီးလဲ မဟုတ်ပဲနဲ့ ဒုဗ္ဗစ-လို့ စွတ်စွဲတာ နားမလည်ဘူး။ (ကျမ်းကိုး ပါရာဇိကဏ်ပါဠိတော်မြန်မာပြန် ၂။ သံဃာဒိသိသ်အခန်း၊ ၁၂။ ဒုဗ္ဗစသိက္ခာပုဒ်)အကျယ်သိလိုပါက ၄င်းပါဠိတော်မြန်မာပြန်နှင့် ပါဠိတော်မူရင်းကို ဖတ်ပါလေ။ စာတက်သော ဘုန်းကြီးများကို မေးကြပါကုန်။
ReplyDelete၈၈ လူထုလှုပ်ရှားမှုကြီးက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ)ကိုဖယ်ရှားနိုင်ခဲ့ပေမယ့်၊မဆလ အမွေခံ(မဟန)ရဲ့ဖွဲ့ စည်းပုံကိုသံဃာတော်များဘယ်လိုဆက်လက်စဉ်းစားတော်မူကြမလဲဘုရား....
ReplyDeleteကျုပ်တို့ သံဃနာယက (မဟန) ဆရာတော်တွေက ဒိပြင်နေရာသား အားမကိုးရတာ ဒီနေရာမျိုးကျတော့ အားကိုးရသားပဲ။ (တွေ့တယ်မို့လား)။ တိုင်းပြည်ကောင်းစားရေးကျတော့ မလုပ်ဘူး။ ကောင်းအောင်လုပ်တဲ့သူတွေကို အစိုးရနဲ့ပေါင်းပီး တိုက်ခိုက်ဖို့ ရည်ရွယ်ချက်ရှိရှိ ဖွဲ့စည်းထားတာ တွေ့ပီမို့လား။ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ စစ်တွေကျတော့ မဖြစ်အောင် မလုပ်အောင် မပြောကြဘူး။ မတိုက်တွန်းကြဘူး။ မတားမြစ်ကြဘူး။ တရားဟောတာကျတော့ တားမြစ်ကြတယ်။ တရားဟောလို့ အသိဉာဏ်ရတာပဲ ရှိတာပါ။ ပြည်တွင်းစစ်ဖြစ်နေတာကတော့ အသိဉာဏ်မရဘဲ ကိုယ်ညီအစ်ကို မောင်နှမတွေ သေကြေ၊ ဒုက္ခရောက်နေတတာတြွေကတော့ လက်ပိုက်ကြည့်နေကြတဲ့ (မဟန) ဆရာတော်တို့။ ကောင်းလေစွ ကောင်းလေစွ။ ရင်နာဖို့။ ဒီလိုလုပ်ရပ်မျိုးနဲ့ မြန်မာပြည်မှာ ဗုဒ္ဓသာသာနာ တိုးတက်ပါလိမ့်အုံးမယ်။ တိုင်းပြည်အကျိုးမလုပ်ဘဲ အစိုးရအကျိုးကိုသာ လုပ်နေမယ်ဆိုရင်တော့ (မဟန) အဖွဲ့အစည်းက မရှိတာပဲ ကောင်းပါတယ်။
ReplyDeleteအ၀ိစိ သွားကြမည့်သူများသို့  - နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ကြီးကို အပြစ်တင် မယ်ကြံရင် နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲကိုဦးဆောင်တော်မူနေကြသော ဆရာတော်ကြီးများ အား မည်သူမည်ဝါ ဖြစ်တော်မူကြသည်ကို အရင်သိအောင်လုပ်ကြပါ ၊ သိပြီဆိုရင် အဲဒီလို အရှင်သူမြတ်တွေဟာ မဟုတ်တာလုပ်မယ့်ပုဂ္ဂိုလ်တွေ ၊ အစိုးရခိုင်းတာလုပ်မယ့်ပုဂ္ဂိုလ်တွေ ဟုတ်မဟုတ် ကိုယ့်ဦးနှောက်နဲ့အရင်စဉ်းစားပါ ၊ ပြီးမှအပြစ်တင် ဘို့ဆုံးဖြတ်ပါ ။ ဒီလိုလုပ်ရတာ စဉ်းစားရတာ ခက်နေတယ်ဆိုရင် ခင်ဗျားတို့ရဲ့ ဒီမိုကရေစီ စံပေတံကြီးနဲ့တိုင်းပါ ၊ ၄၇ ပါးနဲ့ ၁ပါး မှာ ၄၇ ပါးကမှားနေပါတယ်ဆိုပြီး ဆုံးဖြတ်ရလောက်အောင် ဦးနှောက်ကို အ၀ိဇ္ဇာဖုံးနေပြီဆိုရင်တော့ အ၀ိစိမှာ ဒေ၀ဒတ်စောင့်နေတယ် လိုက်သွားတော်မူကြပါ ။လမ်းမှားမှာမပူပါနဲ့ ရှေ့မှာ လူမထွက် ခိုင်းတာသိသိကြီးနဲ့ လူထွက်ခိုင်းပါတယ်တို့ ၊ ဒေါ်စုကြည် ကိုးကွယ်လို့ တမင်လုပ်တာတို့ ဆိုပြီးပြသနာ မကြီးကြီးအောင်လုပ်နေတဲ့ စတုတ္ထမဏ္ဍိုင်တွေ သွားနှင့်နေပါပြီ အဲဒီလူလည်တွေနောက် အသာလေး လိုက်သွားလိုက်ယုံပါဘဲ ။
ReplyDeleteဒီမိုဟန်ဆောင် လက်ဝဲမောင်တို့ က နဂိုထဲက ဘာသာရေးကို နားမလည်တာ
ReplyDeleteနှစ်ပေါင်းများစွာ၊ ဘုရားသားတော်ပေါင်းများစွာ၊ လူပေါင်းများစွာရဲ့ဘ၀တွေ၊ ကြေကွဲဝမ်းနည်းမှုတွေ၊ ဆင်းရဲပင်ပမ်းမှုတွေ၊ မျက်ရည်တွေနဲ့ ရင်းနှီးပေးဆပ်ပြီး ဒီငရဲသားမျိုးဆက်ကို ဖျက်ဖို့ကျိုးစားခဲ့တာ ခုထိလိုက်လေဝေးလေ ဖြစ်နေရတယ်။ ဒီလိုနည်းနဲ့တော့ ခြင် တွေကိုအနိုင်ယူလို့မရဘူး...ဆိုတဲ့ ကြော်ငြာလို။ မျိုးဆက်သစ်လူငယ်တွေစုပေါင်းပြီး စစ်တပ်ကိုစစ်တိုက်ရင်း ပြန်တော်လှန်ရင် အကောင်းဆုံးများဖြစ်မလား တွေးမိတယ်။ သူ့ကျွန်ဘ၀ကနေတောင် ရအောင်တော်လှန်ခဲ့သေးတာပဲလေ။
ReplyDeleteဆရာတော်သည် ဝိနည်းကျိုးပေါက်နေသူမဟုတ်၊ ဝိနည်းတော်ကို ချိုးဖေါက်နေသူများသည် မိမိသံဃာတော် အချင်းချင်းကို အုပ်ချုပ်သူ အလိုကျ ၊မတရားဥပဒေများဖြင့် ဖိနှိပ်နေသည့်အချို့ သံဃမဟာနာယက အဖွဲ့ဝင်များသာဖြစ်သည်။
ReplyDeleteကဿပဘုရားရှင် လက်ထက်က ပိဋကတ် သုံးပုံဆောင် ဆရာတော်ကြီးများပင် မိမိ တပည့်ဘက်က ဘက်လိုက်ကာ သံဃာ့ ကိစ္စကို လျစ်လျူရှုခဲ့သောကြောင့် ပျံလွန်တော်မူသောအခါ သာတာဂီရိ ၊ဟေမ၀တ ဟူသော နတ်ဘီလူးများ ဖြစ်ခဲ့ဖူးလေသည်။
၃။ ပြည်နယ်နှင့်တိုင်းအုပ်ချုပ်ရေး(ကြံဖွတ်အစိုးရ)မှရွှေညဝါဆရာတော်အားမတရားအမိန့်ထုတ်၍တရားမ ဟောရန် ပိတ်ပင်ခဲ့ခြင်းကို သံဃာ့မဟာနာယက အဖွဲ့ကြီးက နောက်မှလိုက်၍ ထောက်ခံနေခြင်း ဖြစ်သဖြင့် အရုပ်ဆိုး အကျဉ်းတန်လှပေသည်။ သံဃာ့မဟာနာယက အဖွဲ့အစည်းသည် ဗုဒ္ဓဘာသာဘုရားသာသနာကို ညှိုးနွမ်းအောင်လုပ်ခြင်း၊ သာသနာကိုဖျက်လို ဖျက်စီးလုပ်ရပ်များကို တားဆီးရန်သာ ဖွဲ့စည်းထားခြင်း ဖြစ်ပေသည်၊ အုပ်ချုပ်သူ အစိုးရကိုပင်း၍ အုပ်ချုပ်သူ အစိုးရအကြိုက် နောက်ကလိုက်၍ သံဃာတော် အချင်းချင်းဖိနှိပ်သည့် အဖွဲ့အဖြစ် ၊ သံဃာအချင်းချင်း ကွဲပြားအောင်ပြုလုပ်ခြင်း၊ အစိုးရဒေါက်တိုင်တခုအဖြစ်ရပ် တည်နေခြင်းသည် ယနေ့ဖြစ်ရပ်က သက်သေပြနေခဲ့ပေသည်။
If there is a real change in our country, why people (including monks) couldn't tell/express anything they think/feel. Government is just joking. It has proved that people are still under dictatorship, far away from democracy. We must stand with Sayadaw and faced for the reality.
ReplyDeleteသံဃာ့မဟာနာယကလုပ်ထုံး- မဟနအဖွဲ့ ၄၇ပါးနဲ့ဖွဲ့ စည်းထားတာပါ။ အာဏာရှင်များက ရဟန်းသံဃာတော်တွေအပေါ် မတရားတဲ့ အမိန့်တစ်ခုခုကို ထုတ်ခြင်လာပြီလာပြီဆိုရင် လှူဘွယ်ပစ္စည်းခြင်းကိုင်ပြီး ဆရာတော်တွေကို ဒါလုပ်ပေးပါဆိုပြီး လာလျှောက်ပါတယ်။ အဲဒီအခါမှာ မဲခွဲဆုံးဖြတ်ပါတယ်။ ကန့်ကွက်မယ်လို့ ထင်တဲ့ ဆရာတော်ကို အစည်းအဝေး မတက်နိုင်အောင် နည်းမျိုးစုံနဲ့ ပထုတ်ပါတယ်။ ကျန်ဆရာတော်တွေကတော့ သိတယ်မဟုတ်လား လုပ်ပေးမယ် ဒကာကြီး။ အော် ဒါနဲ့ ဘုန်းဘုန်းကျောင်းဆောက်ဘို့ ဘိလပ်မြေပါမစ်လေး၊ သစ်ပါမစ်လေးလုပ်ပေးပါအုံးနော်။ ကျောင်းကိုလည်း လာခဲ့ပါအုံးနော် ဒကာကြီး စတာတွေ အလုအရက် လုပ်ကြတော့တာဘဲ။ ဟဲဟဲ ဘယ်သူသေသေနော်.. သိတယ် မဟုတ်လား။ သာသနာတွေ ဘာတွေ လာမပြောနဲ့။
ReplyDeleteနိုင်ငံတော်သံဃမဟာနာယကရဲ့ဥက္ကဌဗန်းမော်ဆရာတော်ဘုရားကြီးမပါပါဘဲလျှက်
ReplyDelete၄၇ပါးစုံညီစည်းဝေးလို့သုံးနှုံးပြီးတွဲဖက်အကျိုးတော်ဆောင်ကလက်မှတ်ထိုး
ထုတ်ထားတာဟာ မုသာဝါဒကံကိုကျူးလွန်ပြီးမရိုးမသားကြံစည်ခဲ့တာဘဲ။
သာသနာရေးဦးစီးဌာနကကြံ့ဖွတ်အရာရှိတွေဖြစ်ဘို့များတယ်။