Pages

Friday, December 16, 2011

ယနေ့ရွှေညဝါဆရာတော်ကြီးအား အဖွဲ့ချုပ် ဒုဥက္ကဌ ဘဘဦးတင်ဦးနှင့် ဒေါက်တာဒေါ်မေ၀င်းမြင့်တို့မှ အဖွဲ့ချုပ်ကိုယ်စား လာရောက် ဆွေးနွေးညှိနှိုင်း (သတင်း၊ ဓာတ်ပုံ)

အမိန့်စာကို ထုတ်ပြန်ပြီးနောက် ယနေ့ ဒီဇင်ဘာလ(၁၅)ရက်နေ့၊ နေ့လည် (၁)နာရီအချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဘဘဦးတင်ဦးနှင့် ဒေါက်တာဒေါ်မေ၀င်းမြင့်တို့ လာရောက်၍ ဆရာတော်အား အရေးယူသည့် ကိစ္စအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် နိုင်ငံတော် သံဃနာယကအဖွဲ့သို့ အရေးယူမှုအား ရုပ်သိမ်းပေးပါရန် မေတ္တာရပ်ခံ လျှောက်ထားပေးမည်ဟု ဒုဥက္ကဌ ဦးတင်ဦးမှ ပြောကြားသွားခဲ့ပါသည်။
ဆရာတော်မှလည်း (ယခုကိစ္စမှာမိမိ၏ သံဃာ့ကိစ္စ တာဝန်သာဖြစ်ကြောင်း၊ ဒါယကာ၊ ဒါယကာမတို့အနေနှင့် စိုးရိမ်ပူပန်စရာ မရှိကြောင်း၊ ယခုကဲ့သို့ လူစုလူဝေးများ လာပါလျှင် ဆရာတော်အား ဆူပူစေမှုဖြင့် ထပ်မံစွပ်စွဲနိုင်ပါသဖြင့် မိမိတို့၏နေအိမ်များသို့သာ အေးချမ်းစွာ ပြန်ကြပါရန် ဆရာတော်အနေဖြင့် မေတ္တာရပ်ခံအပ်ပါကြောင်း) မိန့်ကြားသွားခဲ့ပါသည်။ ယနေ့ သာဓုကျောင်းတိုက်သို့ စာသင်ရန် လာရောက်ကြသော သံဃာတော် အရှင်မြတ်များလည်း စာမသင်ရဘဲ ပြန်သွားရကြောင်းနှင့် ဆရာတော်၏ ဒါယကာ၊ ဒါယကာမများ (၃၀၀)ခန့် လာရောက်ခဲ့ပါကြောင်း သိရှိရပါသည်။
သတင်း၊ ဓာတ်ပုံ.. ဒီမိုဝေယံနှင့် ဒီမိုကောင်းကင်... 
ရွှေညဝါဆရာတော်ကြီးရဲ့ သာဓုကျောင်းတိုက်နဲ့ ဆရာတော်ရဲ့  ရန်ကုန်ဗုဒ္ဓတက္ကသိုလ်မှ စာသင်သံဃာတော်များရဲ့ တနေ့တာ မှတ်တမ်း ဗီဒီယိုအခွေများနှင့် တရားခွေများအား အများကြည်ညို သဒ္ဓါပွားများနိုင်စေရန် ဆက်လက် ဖော်ပြပေးပါမယ်..။
ဆရာတော် ဟောကြားခဲ့တဲ့ အာဏာအောက်မှာ ရောက်နေတဲ့ သာသနာကို သာသနာအောက် အာဏာပြန်ရောက်အောင် လုပ်ယူရမယ်ဆိုတဲ့ စကားဟာ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်အားလုံး အလေးအနက်ထားသင့်တဲ့ စကားလုံးတွေပါပဲ..။

1 comment:

  1. In this matter, the real target the government made is to Daw Aung San Suu Kyi and NLD, not Sayadaw. When they searched for the victim sacrificed for it, they found Shwe Nya War Sayadaw, I suppose so. Than Shwe and his fellows are no so much broad-minded to look forward to seeing Daw Aung San Suu Kyi as a new leader of Burma in the near future. They allowed the NLD as a registerd party because of their benefits. Now they are scared of the popularity of Daw Aung San Suu Kyi and NLD. That's why they want to create a political riot again and if it happens, the army will take the power again. This is the way they always use.

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။