Pages

Friday, December 30, 2011

မီးဘေးဒုက္ခသည်များထံသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အလှူ...

ကူးတို့ဆိပ်အတွက် နိဗ္ဗာန်ကူးတို့

နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ ပြန်ကြားရေးအဖွဲ့ဝင်များသည် ၁.၁.၂၀၁၂ ရက်နေ့တွင် ကျင်းပ မည်ဖြစ်သော (၁၁)နှစ်ပြည့် အခမ်းအနားအတွက် လုပ်ငန်းဆောင်တာများကို ၂၉.၁၂.၂၀၁၁ ရက်နေ့ နံနက် (၀၁း၃၀) နာရီအချိန်ခန့်အထိ လုပ်ဆောင်ကြပြီး မြောက်ဒဂုံမြို့နယ်ရှိ နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်တွင် အိပ်စက်အနားယူရန် ပြင်ဆင်နေစဉ် “အုန်း” ကနဲဟူသော ကျယ်လောင်သော မြည် ဟိန်းသံကြီးနှင့်အတူ အဆောက်အဦးတစ်ခုလုံး တုန်ခါသွားတော့သည်။ ထို့ကြောင့် ပြန်ကြားရေးအဖွဲ့ဝင် များသည် ရုံးအဆောက်အဦး တစ်ခုလုံးကို အထက်အောက် လိုက်လံစစ်ဆေးကြရာ ထူးခြားမှု တစ်စုံတစ် ရာ မရှိသည့်အတွက် အနားယူအိပ်စက်ခဲ့သည်။

နံနက် (၅း၃၀) နာရီအချိန်ခန့်တွင် ပုဇွန်တောင်မြို့နယ်နေ အသင်းသား/သူများထံမှ မင်္ဂလာ တောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်၊ ကူးတို့ဆိပ်လမ်းရှိ ဂိုဒေါင်များ မီးလောင်ပေါက်ကွဲမှု သတင်းဆိုးကြီးအား ကြားသိရတော့သည်။ သတင်းကြားလျှင်ကြားချင်း၌ ဥက္ကဋ္ဌ ဦးကျော်သူမှ ကူညီ ကယ်ဆယ်ရေး အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့အား တွဲဖက်အတွင်းရေးမှူး(၂) ဦးစန်းအေး ဦးဆောင်၍ သွားရောက် စုံစမ်းမှုကို ပြုလုပ်ခဲ့သည်။ ပေါက်ကွဲမှု၊ မီးလောင်မှုတို့ကြောင့် ထိခိုက်ဒဏ်ရာရသူများ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ရောက်ရှိနေကြောင်း အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်မှသိရှိကာ ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင် နှင့် အသင်းသား/သူအချို့တို့မှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ လူနာများအား ဆေးဝါးနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ရာ ဆေးဝါး တန်ဖိုး (၅)သိန်း၊ လူနာတစ်ဦးလျှင် (၁) သောင်းကျပ်နှင့် လူနာဦးရေ (၈၀) ဦးခန့်ကို ကိုယ်တိုင်ကိုယ်ကျ လူနာများလက်ထဲသို့ ပေးအပ်လှူဒါန်းခဲ့ပါသည်။

ရုံးချုပ်တွင်လည်း စုံစမ်းရေးအဖွဲ့ ပြန်လည်ရောက်ရှိသည်နှင့် မီးဘေးဒုက္ခသည်များအတွက် လိုအပ်လျှက်ရှိသော စောင်၊ ဒန်အိုး၊ ဒန်ခွက်၊ စတီးဇလုံ၊ စတီးမတ်ခွက်၊ စတီးဇွန်းကြီး၊ ဆပ်ပြာတို့အား မင်္ဂလာဈေးနှင့် သံသုမာ လမ်းရှိ ဆိုင်ခန်းများတွင် သွားရောက်ဝယ်ယူကာ ခေါင်းလျှော်ရည်၊ အ၀တ်အထည် (ကျား/မ/ကလေး) များကို၎င်း၊ မီးဘေးဒုက္ခသည်များထဲတွင် ပါဝင်ခဲ့သော သံဃာတော်(၇)ပါး အတွက် သင်္ကန်းများနှင့် စုစုပေါင်းတန်ဖိုး သိန်း (၄၀) ကျပ်ခန့် လှူဒါန်းမှုကို ဦးကျော်သူနှင့် အသင်းသား/သူများမှ သွားရောက် လှူဒါန်းမှုများပြုခဲ့သည်။ လှူဒါန်းမှုခရီးစဉ် မထွက်ခွာမှီ အလှူရှင်တစ်ဦးမှ ခေါင်းအုံး အလုံး (၂၀၀)ကျော် လာရောက်လှူဒါန်းမှုပြုခဲ့ပါ၍ ယင်းခေါင်းအုံးများကိုပါ တစ်ပါးတည်း မီးဘေးဒုက္ခသည် စခန်းရှိရာသို့ သယ်ဆောင်လှူဒါန်းနိုင်ခဲ့သည်။

ထိုသို့ လှူဒါန်းမှုပြုလုပ်ရာတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးဝါးအလှူငွေ လှူဒါန်းပြီး၍ ပြန်လာ ကြသော ဒေါ်သန်းမြင့်အောင်၊ ဒေါ်ရွှေဇီးကွက်နှင့် အသင်းသူ/သားများနှင့် ချိတ်ဆက်ပူးပေါင်းကာ မင်္ဂလာ တောင်ညွှန့်မြို့နယ်ရှိ “မဟာဝိဇယာရာမတိုက် ပုသိမ်ညွှန့်ရာကျော်ကျောင်းကြီး”ရှိ ကျောင်းထိုင်ဆရာ တော်ကြီးထံတွင် ကိုယ်တိုင်ကိုယ်ကျစုပေါင်း၍ လှူဒါန်းမှုကို ပြုလုပ်နိုင်ခဲ့သည်။ ပုသိမ်ညွှန့်ရာကျော် ကျောင်းကြီးအတွင်းရှိ “အောင်သြဘာသိဒ္ဓိဓမ္မာရုံ” ၌ နေထိုင်နေရကြသော မီးဘေးဒုက္ခသည်များအား ၀င်ရောက်၍ အားပေးစကားများ ပြောကြားခဲ့ပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နာရေးကိစ္စများ၊ ကျန်းမာရေးကိစ္စများ၊ ပညာရေးကိစ္စများကို (အခမဲ့) ကူညီဖေးမ ပေးလျှက်ရှိသလို ရန်သူမျိုးငါးပါးဖြစ်သော ရေဘေးဒုက္ခ၊ လေဘေးဒုက္ခ၊ စစ်ဘေးဒုက္ခ၊ မီးဘေးဒုက္ခစသည့် ဒုက္ခမျိုးစုံတို့ကိုလည်း ကူညီဖေးမ လှူဒါန်းမှုများကို အသင်းသူ/သားများ၊ ၀န်ထမ်းများ နှင့် လက်ချင်းယှက်ကာ စည်းလုံးညီညွှတ်စွာဖြင့် ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ထားကာ မင်္ဂလာတောင် ညွှန့်မြို့နယ် ကူးတို့ဆိပ်ရှိ မီးဘေးဒုက္ခသည်များအား အများပြည်သူတို့မှ လှူဒါန်းမှုတို့ကို နာရေးကူညီမှု အသင်း(ရန်ကုန်)မှ နိဗ္ဗာန်ကူးတို့အဖြစ် ကူညီဖေးမ ပေးဆပ်မှုပင်ဖြစ်တော့သည်။

5 comments:

  1. Acid into water is Okey, but water into Acid plus fire was caused explosion, I believe Burma doesn't have proper storage rule and regulation, may be those are in the book only, all of the dangerous goods storage and transportation must have... clear indication of signage showing what type of hazardous in it. WHMIS (Workplace Hazardous Materials Information System) is widely use in N America and it is compulsory understand be fore we go to workforce. If junta want Yangon to be Singapore , They need to learn. right person must be right place. as we know, what Burmese fire fighters, reserve firefighters as well as Redcorss do ? their duty is to secure the so called VIP trips. no training relative to their prfessional for them . I have seen nice movie of Burmese Fire department Anniversary day, it is nice in movie but not in real world!

    ReplyDelete
  2. ကိုကျော်သူတို့ နာရေးကူညီမှု့ အသင်း (ရန်ကုန်) ရဲ့ ကုသိုလ်တွေအတွက် သာဓု သာဓု သာဓု သုံးကြိမ် ခေါ်ပါတယ်။ ကိုကျော်သူ ကျန်းမာအသက်ရှည်ပါစေ။

    ReplyDelete
  3. လူယုတ်မာ ကြံ့ဖွံ့အောင်သောင်းတို့၊ လူသတ်သမား ဌေးဦးတို့၊ လမ်းတခြမ်းခင်း အောင်သိန်းလင်းတို့ ဘာမှ လာပြီး မကူညီကြသေးပါလား။

    ReplyDelete
  4. အဲဒီ မအေ×× အောင်သောင်း ဌေးဦး အောင်သိန်းလင်း တို့ က သူ့ ပထွေး သန်းရွှေ အမိန့် ကိုစောင့်နေတာပါ။ သန်းရွှေက အေး ဆိုမှ နားရွက်ခတ်ရဲ လှုပ်ရဲ သူတွေ ဖြစ်တာကြောင့်ပါ။

    ReplyDelete
  5. ပြည်သူတွေရဲ့ ခေါင်းဆောင်ဆိုတာ ပြည်သူတွေ ရှေ့မယ် အမြဲတမ်းရှိနေရမယ်။
    စက်တင်ဘာဦးနေမိန္ဒ( အမှန်တရားကို ဘယ်သူ အနိုင်ရဖူးလဲ)

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။