မြန်မာပြည်၏ အနုပညာရှင်အားလုံးနီးပါး ပူပေါင်းပါဝင် ကူညီမည့်
အကြီးကျယ်ဆုံး ရန်ပုံငွေ ပွဲတော်ကြီး
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပညာရေးကွန်ယက်မှ ဦးဆောင်၍ ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေး ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ နှင့် ဈေးရောင်းပွဲတော်ကို ရန်ကုန်မြို့ မင်းဓမ္မလမ်း MCC ခန်းမ ၌( ၃၀.၁၂.၂၀၁၁
) နှစ်သစ် ကူးအကြို ညချမ်းတွင် ခန်းနားကြီးကျယ်စွာကျင်းပပြုလုပ်ပါမည်။
မြန်မာနိုင်ငံတွင် တစ်ကြိမ်တစ်ခါမျှ မပေါ်ပေါက် ဘူးသေးသော နိုင်ငံကျော်
အနုပညာရှင်အားလုံးနီးပါး ပူပေါင်းပါဝင်ကူညီ သီဆိုဖျော်ဖြေ လှူဒါန်းကြမည့်
ပညာရေး ရန်ပုံငွေပွဲတော်ကြီးဖြစ်ပါသည်။
( ၃၀.၁၂.၂၀၁၁ ) နေ့ မနက်( ၉း၀၀) နာရီမှစတင်၍ MCC ၀င်း အတွင်း ပညာရေးကွန်ယက်နှင့်ဆက်သွယ် ဆောင်ရွက် နေကြသော ပညာဒါနကျောင်းများ၊ လူမူရေးအသင်း အဖွဲ့ များ၊ ကျန်းမာရေးကူညီပေးနေသည့် အဖွဲ့  အစည်းများမှ ဆိုင်ခန်းပေါင်း (၆၀) ကျော်ဖွင့်လှစ်၍ လူသုံးကုန် ပစ္စည်းများ၊ အမှတ်တရပစ္စည်းများ၊ အစား အသောက်များကို မည်သူမဆို လွတ်လပ်စွာ ၀ယ်ယူနိုင်မှာဖြစ်ပြီး ရရှိလာမည့် အမြတ်ငွေအား လုံးကို ပြည်ထောင်စု တိုင်းရင်းသားဒေသများတွင် ပညာရေးမြှင့်တင်ဆောင်ရွက် ပေးရန်အတွက် လှူဒါန်းကြမှာ ဖြစ်ပါတယ်။
ဂီတဖျော်ဖြေပွဲ လက်မှတ်များကိုလည်း အောက်ပါနေရာများတွင်စတင်ရောင်းချပေးနေပါပြီ။
( ၁ ) အမေ့သားဆန်ဆိုင်(၂၄၇)ဗိုလ်ချုပ်လမ်း၊လမ်း(၄၀) နှင့် ဗိုလ်အောင်ကျော်လမ်းကြား။
( ၂ ) အမိုင်တူရိယာပစ္စည်းအရောင်းဆိုင်၊(၁၃၈)လသာလမ်း၊အထက်ဘလောက်။
( ၃ ) NLD ရုံချုပ်၊ ရွှေဂုံတိုင်၊
( ၄ ) Morning Star လ္ဘက်ရည်ဆိုင်( တိရိစ္ဆာန်ရုံ )
( ၅ ) Morning Star လ္ဘက်ရည်ဆိုင်( ဦးချစ်မောင်လမ်း)
( ၆ ) Morning Star လ္ဘက်ရည်ဆိုင်( တော်ဝင်စင်တာ )
လက်မှတ်တန်ဘိုးများမှာ၊ ၃၀၀၀၀၊ ၂၀၀၀၀၊ ၁၀၀၀၀၊ ၅၀၀၀ ကျပ်သတ်မှတ်ထားပါတယ်။ လက်မှတ် ရောင်းရငွေအားလုံးကိုလည်း ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေးအတွက် အနုပညာရှင်များမှ ၀မ်းမြောက်စွာ လှူဒါန်းကြမှာဖြစ်ပါတယ်။
(၃၀.၁၂.၂၀၁၁) ညနေ (၃း၃၀) နာရီအချိန်တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ရောက်ပြီး ဂီတဖျော်ဖြေပွဲ ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးမှာဖြစ်ပြီး ပညာရေးရန်ပုံငွေပွဲ အဖွင့်မိန့် ခွန်းပြောကြားမှာ ဖြစ်ပါတယ်။
မိဘပြည်သူအပေါင်းမှလည်း ရန်ပုံငွေပွဲတော်သို့ ကြွရောက်၍ အားပေးကြပါရန်ဖိတ်ကြားအပ်ပါသည်။
ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရန်ပုံငွေပွဲတော် ကျင်းပရေးကော်မတီ
ကိုငယ်အား ကျေးဇူးတင်ပါသည်..။
be careful about your own safety and security!
ReplyDeleteYa, pls take good care for own safety.
ReplyDelete