၂၀၁၁ ၁၀လပိုင်း ၁ရက်နေ့က နောင်ချိုမြို့နယ်မှ လုပ်ငန်းအပိုင်း(၂)ဖွင့်ပွဲ အခမ်းအနား..
(ဓာတ်ပုံ၊ Demo/SM)
တရုတ်ဂတ်စ် ပိုင်းလိုင်း သွယ်တန်းမှုကြောင့် ပြင်ဦးလွင်မြို့နယ် ဝါပိုးရေကျေးရွာမှ တရွာလုံးအသုံးပြုနေတဲ့ ရေထွက်ဂနိုင်နှင့် နှစ်ရာချီသက်တမ်းရှိ အဖိုးတန်သစ်ပင်များ ဖျက်ဆီးခံရခြင်း...
ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကနေ တရုတ်နိုင်ငံကူမင်းမြို့သို့ ဆက်သွယ်မယ့် ဓာတ်ငွေ့ပိုက်လိုင်း လမ်းကြောင်း ကျရောက်ရာ ပြင်ဦးလွင်မြို့နယ် ဝါပိုးရေကျေးရွာက အာရှအလင်းရောင်တိုက်က ကျောင်းထိုင်ဆရာတော် ဦးစိန္တိကရဲ့ ဆေးရုံဆောက်မဲ့မြေ ၄ ဧကကျော်ကို ပိုက်လမ်းကြောင်း ဖေါက်လုပ်အသုံးပြုခွှင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့တဲ့နေရာမှာ တရွာလုံးသောက်သုံး ရေအတွက် အသုံးပြုနေတဲ့ ရေထွက်ဂနိုင် မပါဝင်ဖို့ ချုပ်ဆိုခဲ့ပေမဲ့ တကယ် လမ်းဖေါက်လုပ်တဲ့ အချိန်မှာတော့ စက်ယန္တာယားကြီးတွေနဲ့ ရေထွက်ဂနိုင်ကိုသာ မက အနီးက နှစ်ပေါင်းရာကျော်ရှိတဲ့ အဖိုးတန် ရှေးဟောင်း သစ်ပင်များကိုလည်း မပြောမဆိုနဲ့ ခုတ်ထွှင်ခဲ့တယ်လို့ ဆရာတော်က မိန့်ပါတယ်။
“ သူတို့နဲ့ ဘုန်းကြီးနဲ့ စကားပြောစဉ်တုန်းက ရေဂနိုင်မပါဘူးဆိုပြီး။ ရေဂနိုင်ဆိုတာရေထွက်တဲ့ဟာ ပေါ့ဗျာ။ တရွာလုံးလဲသုံးတယ်၊ ကျောင်းလဲသုံးတဲ့ ရေထွက်ဂနိုင်ကြီးပေါ့။ သစ်ပင်တပင်စ၊ နှစ်ပင် စပါမယ်ပေါ့။ ဒီလမ်းကြောင်း ပြောင်းသွားရင် တခြားအိမ်တွေ ဖျက်ရမှာဆိုးတာနဲ့ သူတို့ လျှောက်တာပေါ့။ ဆိုက်ဘာစီးတီးကလည်း အဆောက်အဦးတွေ အကြီးကြီးတွေနဲ့ မိုလို့ အကူအညီ ပေးပါဆိုတော့ ဘုန်းကြီးလည်း ရေထွက်ဂနိုင်မပါဘူး ဆိုရင်ပေးမယ်ဆိုပြီးတော့ ဘုန်းကြီးတို့ သဘောတူညီချက် လုပ်လိုက်ကြတာ။ ဘုန်းကြီးကပြောတာ ပန္နက်ကလေး ပေးပါ အုံးမယ်။ မပါပါဘူးဘုရား ယရကကလည်း မပါဘူးပေါ့ သူတို့တိုင်းထား တုန်းကပေါ့။ အဲဒါနဲ့ဘုန်းကြီးက ခွင့်ပြုလိုက်တာ။”
အဲဒီ့သဘောတူညီဖို့ စာချုပ်ကိုလွန်ခဲ့တဲ့ သုံးလလောက်ကချုပ်ဆိုခဲ့ပြီး စာချုပ်မိတ္တူကို မပေးတဲ့အပြင် ပြီးခဲ့တဲ့နိုဝင်ဘာလထဲမှာ မပြောမဆိုနဲ့ အဲဒိရေထွက် ဂနိုင်နေရာကို မြေထိုးစက်ကြီးတွေနဲ့ ထိုးပြီးဖျက်ဆီး ခဲ့တယ်လို့ ဆရာတော်ကပဲ ဆက်မိန့်ပါတယ်။
B1228KMMSB2 “ ထိုးတဲ့အခါကျတော့ ဘုန်းကြီးတို့လည်း အကြောင်းမကြားဘူး ရေထွက်ဂနိုင်ကြီး အလည်တည့်တည့် ကနေ အကုန်ထိုးပစ်လိုက်တာ သူတို့ကပန္နက်လည်း ရာပေးဘူးဗျ။ ဘုန်းကြီးက ပန္နက်ရာပေးပါဆိုတော့ အကုန်လွတ် ပါတယ်ကြီးပဲ စွတ်ပြောတာ။ တကယ်ထိုးသွားတဲ့ အခါကျတော့ အလည်တည့်တည့်ကပဲ တွယ်ချသွားတာပဲ ဘာမှမတတ် နိုင်ဘူး။ သူတို့စာချုပ်ကြရင် ဘာမှမချုပ်ဘူး သူတို့ယူမဲ့ ဟာလောက်ပဲ စာချုပ်ပုံရပါတယ်။ ကျန်တဲ့ဟာကျတော့ သူတို့က ပါးစပ်နဲ့လာပြီး သစ်တောကလာပြီး အကြောင်းကြားမှာပါ ဘုရား။ မြေစာရင်းကလာပြီး အကြောင်းကြားမှာပါ ဘုရား။ ဒီလို ပဲပြောပြီး လုပ်လုပ်သွားတာပဲ။ လာတာက ပုသိမ်ဖန်ချက် စက်ရုံမှာလုပ်တဲ့ ဗိုလ်မှူးဟောင်းစိုးဝင်းလို့ ပြောတယ်ဗျ။ သူနဲ့ပဲ ဘုန်းကြီးတို့က စာချုပ်ရတယ် အဲဒါတွေလည်းဘုန်းကြီးတို့ကို မိတ္တူမပေးဘူး။”
တရုတ်ကုမ္ပဏီတွေရဲ့ သဘောထားကတော့ မြန်မာအာဏာပိုင်တွေက ဖြစ်စေချင်တဲ့ အတိုင်း ဆောင်ရွက်ပေး စေချင်တဲ့ အတိုင်းလုပ်ပေးမဲ့ အခြေအနေရှိပေမဲ့ မြန်မာအာဏာပိုင်တွေ ဘက်ကတော့ ကိုယ့်လူထုဘက်က မရပ်တည်ဘူး လို့လဲ ဆရာတော်ရဲ့အမြင်ကို အခုလိုဆက်မိန့်ပါတယ်။
“ ဘုန်းကြီးတို့လူထုကလေ အကြောက်တရားနဲ့ ရှင်သန်နေထိုင်ခဲ့ရတာ နှစ်တွေအကြာကြီးပါဗျာ။ ခင်ဗျာ ဟိုဟာလဲကြောက်ရ ဒီဟာလဲကြောက်ရ ပြောရဲတာ မဟုတ်ဘူးဗျ။ ခက်တာကလုပ်တာ တရုတ်လုပ်တာ တရုတ်ကတော့ ဒီဘက်ကတာဝန်ခံ ပုဂ္ဂိုလ်တွေရဲ့ အတိုင်းအတာ အဆုံးအဖြတ် အတိုင်းသူတို့ လုပ်ပေတဲ့ သဘောရှိပါတယ်။ ဒီကိုယ့် နိုင်ငံက တာဝန်ခံလုပ်ဆောင်နေတဲ့ ပုဂ္ဂိုလ်တွေ ကိုယ့်နိုင်ငံသားတွေ ပေါ့နော် ကိုယ့်ဘာသာ ကိုယ့်လူမျိုးအကျိုးကို ငဲ့ကွက်ပြီးတော့ ဖြစ်သင့်တာလေးတွေ ခံစားခွင့် ရှိတာလေးတွေ ဆောင်ရွက် ပေးစေချင်တယ်။ အခုအခါကျတော့ ရေငုံနှုတ်ပိတ်တွေကြီးပဲ နေကြတာဗျ မသိတာ မဟုတ်ဘူး သိတယ်ဗျ။”
ပိုက်လိုင်း စီမံကိန်းလုံခြုံရေး မြန်မာစစ်တပ်.. (ဓာတ်ပုံ၊ Demo/SM)
အာရှအလင်းရောင် ဖောင်ဒေးရှင်း တည်ထောင်သူ အဆိုပါကျောင်းတိုက် ကျောင်းထိုင် ဆရာတော်ဦးစိန္တိက မိန့်ကြားသွား တာဖြစ်ပါတယ် ခင်ဗျာ။ ရိုင်မရော့ပိုက်လိုင်း စီမံကိန်းကို တရုတ်အစိုးရပိုင် အမျိုးသားရေနံကော်ပိုရေးရှင်း (CNPC)နဲ့ မြန်မာအစိုးရဘက်က စွမ်းအင်ဝန်ကြီးဌာနနဲ့ အတူ ပူးပေါင်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ မြန်မာပြည်အတွင်း ကျောက်ဖြူကူမင်း ပိုက်လိုင်းစီမံကိန်းအား အပိုင်းလေးပိုင်းခွဲပြီး ဆောင်ရွက်နေပါတယ်...။ ပြီးခဲ့တဲ့ အောက်တိုဘာလမှ စပြီး ရှမ်းပြည်နယ် နောင်ချိုမြို့နယ်၌ ပိုက်လိုင်းသွယ်တန်းရေး စီမံကိန်းအား အပိုင်း(၂)အား အခမ်းအနားဖြင့် ဖွင့်လှစ်ခဲ့ပါတယ်..။
ဆက်သွယ်မေးမြန်း၊ တိုင်ကြားပေးပို့ လာသူအား ကျေးဇူးတင်ပါသည်..။


Myanmar people should take a big lesson. And please don't vote Thein Sein government, kyant phot for any reason next 5 years. Please don't take a look on a small matter just like phyo free clinic, lent a few money with less interest, something like that. It's just a trick. Besides all Myanmar natural resources are about to be gone. And no new educated generation( human resource ) won't be come out also. In general, there is no educated person, technician, natural resource and how to build a first world. Myanmar army has already destroyed almost the whole country. Now dress-changed president will bring our country till the end. Please don't let our country disappear from world map.
ReplyDeleteအော်-မင်းလည်းသစ်ပင် တွေခုတ်ရောင်းပြီး၊အားရမှ
ReplyDeleteသစ်ပင် လေးတွေပြန်စိုက်ပြ နေပဲ။ကိုယ်တိုင် လဲရွာပေါ်မှာ
ဉာဏ်နီဉာဏ်နက်သုံးပြီးလုပ်စားနေတာပဲ။ဟီဟိ မင်းအ ကြောင်း
သိသူတွေက တော့ရယ်စရာဖြစ်နေတယ်။
ငါလိုးမသားကြီးစိန္တိတသူကဖြင့်မိန်းမ တွေနဲ့လိုးနေပြီး။
ReplyDeleteငါလိုးမသားကြီးစိန္တိတသူကဖြင့်မိန်းမ တွေနဲ့လိုးနေပြီး။
ReplyDelete