အပိုင်း(၁)
အပိုင်း(၂)
ပြီးခဲ့တဲ့ စက်တင်ဘာလက ဒယ်အိုးဆရာတော် ဥူးသုမင်္ဂလရဲ့ မြန်မာနိုင်ငံတ၀ှမ်းလုံး၌ ဖွဲ့စည်းတည်ထောင် ဆောင်ရွက်လျက်ရှိသော ပရဟိတလူမှုရေး၊ ဘာသာရေး အသင်းအဖွဲ့များ အပြန်အလှန် ပေါင်းကူး ဆက်သွယ် ကူညီပံ့ပိုးနိုင်ရန် ရည်ရွယ်ပြီး ပြုလုပ်ခဲ့တဲ့ “စုံနံ့သာမြိုင် ပရဟိတ” တွေ့ဆုံ ဆွေးနွေးနှီးနှောဖလှယ်ပွဲမှာ ဟောကြားခဲ့တဲ့ ရွှေညဝါဆရာတော်ကြီးရဲ့ ဟောကြားချက် အသံဖိုင် (ရုပ်သံဖိုင်)..။ အများအကျိုးအတွက် ဆောင်ရွက်နေကြတဲ့ ရွှေညဝါဆရာတော်ကြီးနဲ့ ဒယ်အိုးဆရာတော်တို့ ယခုချိန်မှာတော့ တရားပွဲများပိတ်ပင်ခြင်း၊ ဖိအားပေးခြင်းများ ခံနေရပါတယ်..။ သေသေချာချာ နားထောင်ကြည့်ကြပါ..။ရုပ်သံဖိုင် ... ဒီမိုဝေယံ..
ရုပ်သံဖိုင် အများကြည့်ရှုနိုင်အောင် ပြန်လည်တင်ပြပေးတဲ့ ညီငယ် ဇေယျာအား ကျေးဇူးတင်ပါသည်။
ဒီဇင်ဘာ၃၁ရက် ရွှေည၀ါ ဆရာတော် ဘန်ကောက်မြို့ မဟာချိုင်အရပ် ၀ပ်စီမိန် ဘုန်းကြီးကျောင်းသို့ မနက်ပိုင်း သြ၀ါဒ တရားပေးရန် သွားရောက်ခဲ့ပုံ၊၀ပ်စီမိန်ဆရာတော်နှင့်အတူ သီတင်းသုံးနေပုံ...
ဘန်ကောက်မြို့ အရှေ့ဘက် ဘန်ပလီ စက်မှုဇုန်အနီးရှိ အလုပ်သမားအိမ်ယာတွင် နေ့ဆွမ်းဘုန်းပေးပြီး တရားဟောပြောခဲ့ပုံ၊

သတင်း၊ ဓာတ်ပုံများ ပြန်လည်မျှဝေ ပေးပို့ပေးတဲ့ Burma VJ Media အား ကျေးဇူးတင်ပါသည်..။

သန်း၆၀သော လူမျိုးစုံပြည်သူလူထုကြီးရဲ့ ဘ၀လွတ်မြောက်ချမ်းသာသုခရရှိရေး တရားတွေကို ဘုရားဟောနဲ့အညီ တရားဓမ္မ ကျမ်းဂန်များနဲ့အညီ ဟောပြောလမ်းပြနိုင်တဲ့ ဆရာတော် ဥုးသုမင်္ဂလ၊ ဆရာတော် ဦးပညာဇောတတို့လို သံဃာ့အာဇာနည်သူရဲကောင်း
ReplyDeleteများရဲ့လမ်းစဉ် ဆိုဆုံးမဩ၀ါဒကို ခံယူလိုက်နာနိုင်တဲ့ ရဟန်းအာဇာနည်၊ လူအာဇာနည်များ ပေါ်ထွက်လာပါစေ။
၂၀၁၂နှစ်သစ်မှာ သတ္တ၀ါအားလုံး ဆင်းရဲခြင်းမှာ လွတ်ကင်းပြီး ချမ်းသာသုခ ခံစားနိုင်ကြပါစေသောဝ်..
တိုင်းပြည်နှင်.လူမျိုးအတွက်အားထုတ်ကြိုးပန်းတော်မူနေကြတာကတော. သူမတူအောင်မြင်.မြတ်တော်မူ
ReplyDeleteကြပါတယ်။အာဇာနည်အရှင်မြတ်များကိုအစဉ်ထာဝရရှိခိုးဦးခိုက်လျက် သာဓုသာဓုသာဓုပါဘုရား.....။
အထက်ကcomment မှာရေးထာတဲ.“..တရားတွေကိုဘုရားဟောနဲ.အညီ တရားဓမ္မကျန်းဂန်များနဲ.အညီ
ဟောပြောလမ်းပြနိုင်တဲ.ဆရာတော်.......“ဆိုတဲ.စာကိုဖတ်ရပြီးပြန်လည်တင်ပြချင်ပါတယ်၊မှားရင်ခွင်.လွှတ်
သည်းခံပေးဖို.ကြိုတင်တောင်းပန်ပါတယ်။ သာသနာတော်နှင်.ပတ်သက်လို.ကတော.......
လူပြိန်းအကြိုက်တွေဟောပြောပြသတိုင်းလည်း ဘုရားဟောကျမ်းဂန်များနှင်.ညီသည်မမည်ပါ။
ဥပမာ-ပြီးခဲ.တဲ.နှစ်တွေက ဓမ္မဝိနိစ္ဆယမထေရ်ကြီးများကဘုရားဝိနည်းဥပဒေတော်နှင်.အညီ အဓမ္မဝါဒီအဖြစ်
ဆုံးဖြတ်သည်ကို လိုက်နာ ဝန်ခံခဲ.ရသော ဓမ္မစေတီဆရာတော် နှင်. မကြာသေးခင်ကမှ-မိမိဟောကြားပြသ
သင်တန်းများပို.ချနေသော တရားများသည် အဓမ္မဝါဒဖြစ်ကြောင်းနှင်.တရားသင်တန်းများ တရားခွေများကို
ဖျက်သိမ်းပစ်ပြီး၊တရားပြသပို.ချခြင်းမပြုလုပ်တော.ပါကြောင်း မန္တလေးဓမ္မဝိနိစ္ဆယမထေရ်ကြီးများရှေ.တွင်
ဝန်ခံဂတိပြုလိုက်နာခဲ.ရသော မေတ္တာရှင်(ရွှေပြည်သာ)ဆရာတော်...စသည်တို.ကိုလေ.လာကြည်.ရှု နမူနာ
ယူကြဖို.လိုပါသည်။
နိုင်ငံကျော်ပြီးလူကြိုက်များသော တရားဟောတရားပြဓမ္မကထိကအကျော်အမော်ဆရာတော်များ
ဟောကြားပြသသောတရားတိုင်းသည် မြတ်ဗုဒ္ဓဟောကြားပိဋကတ်တော်များနှင်.ညီမညီ၊ဘုရားရှင်ညွှန်ကြား
ပြသတော်မူခဲ.သောနည်းလမ်းများအတိုင်းမှန် မမှန်၊ဟုတ် မဟုတ် ဆိုတာ ခွဲခြား သုံးသပ် ဆုံးဖြတ်နိုင်သော
ဥာဏ်ရည်ဥာဏ်သွေးလေးလောက်တော.မိမိတို.မှာရှိထားပြီးဖြစ်အောင် လေ.လာဆည်းပူထားကြဖို.လိုနေပါ
သည်။
ဗုဒ္ဓက ” ငါဘုရားပြောတိုင်းလည်း လက်မခံနှင်.ဦး၊မယုံကြည်နှင်.ဦး။အကောင်းအဆိုး အကြောင်း
အကျိုးနှင်.တကွ အမှာအမှန်ကို သေသေချာချာ ဝေဖန်စီစစ်ပြီးမှ လက်ခံကြဖို..” ဆုံးမလမ်းပြတော်မူခဲ.ပါသည်။
ဆရာတော်တွေ ဘုန်းကြီးတွေဟောတိုင်း ပြောတိုင်း ယုံခြင်းသည် အကန်းယုံကြည်ခြင်းဖြစ်သည်။
မျက်ကန်းယုံကြည်ခြင်း(BlindFaith)သည် ဗုဒ္ဓဝါဒ မဟုတ်ပါ။ဗုဒ္ဓဝါဒသည် ဝိဘဇ္ဇဝါဒ ဖြစ်ပါသည်။
ဝေဖန်ဆန်းစစ်ပြီးမှလက်ခံယုံကြည်ရသောဝါဒဖြစ်သည်၊
ကမ္မဌာန်းရိပ်သာထဲဝင်ထိုင်လိုက်တာနှင်.ဝိပဿနာချက်ချင်းဖြစ်နေကြသောဒီခေတ်ကြီးထဲမှာ
ဆရာတချို.က စာတတ်ဖို.မလိုဘူး စာသင်နေစရာမလိုဘူး..စသည်ဖြင်.သင်ကြားပို.ချမှုများဖြင်.အရှည်တည်တန်. ပြန်.ပွားအောင် ထိန်းသိမ်းစောင်.ရှောက်တော်မူခဲ.ကြသော သံဃာတော်မြတ်များနှင်.ပရိတ္တိသာသနာတော်ကြီးကို ထိပါးပုတ်ခတ်မိတတ်ကြပါသည်၊
အဓမ္မကိုဓမ္မ ။ ဓမ္မကိုအဓမ္မ အမှားကိုအမှန် ။ အမှန်ကိုအမှားပြုလုပ်ဟောကြားပြသခြင်း။ဘုရားဟောတရားဓမ္မများကိုဘုရားမဟောသယောင်၊ဓမ္မနှင်.ဆန်.ကျင်နေသည်.မိမိတို.အာဘော်များကိုဘုရားဟောခဲ.သယောင် ပြုလုပ်ဟောကြားပြသမှုများသည် တရား(ဓမ္မ)တည်းဟူသောဘုရားရှင်ရဲ.ခန္ဓာအိမ်ကို ပုတ်ခတ်စော်ကားနေသည်မည်ပါသည်ဟုကျမ်းဂန်များကဖွင်.ဆိုထားတော်မူသည်ကိုသတိချပ်ကြစေချင်ပါသည်။
ရွှေညဝါဆရာတော်ဦးပညာသီဟ(ခေါ်)ခြင်္သေ.ကြီးခမျာတရားဟောတစ်နှစ်အပိတ်ခံထားရသည်မှာဓမ္မ အဓမ္မ ဝိနိစ္ဆယအဆုံးအဖြတ်ကြောင်.မဟုတ်ပါ၊
ဓမ္မစက်ကအာဏာစက်အောက်ရောက်နေရသောခေတ်ကာလကြောင်.သာဖြစ်ပါကြောင်း ခွဲခွဲခြားခြားနား
လည်သဘောပေါက်တော်မူကြပါရန်တင်ပြရင်း.....။
ရဲရင်.တည်ကြည်ခြင်္သေ.မည်သည်. ဦးပညာသီဟမည်ခေါ်ရွှေညဝါဆရာတော်ကြီးနှင်.တကွမျိုးချစ်
ဇာနည် ဓမ္မစစ်သည်မထေရ်မြတ်အပေါင်းကို ရှိခိုးဦးခိုက်လျက်.........
vvk mergui.
ွ
ဓမ္မစေတီကို အဓမ္မ၀ါဒဟု ယခုထိ ၀ိနိစ္ဆယ မချသေးပါ။ မန္တလေးမှ ဓမ္မ၀ိနိစ္ဆယအဖွဲ့ဆိုတာလဲ မရှိပါ။
ReplyDeleteကိုယ့်ဟာကိုယ် ဖွဲ့ထားတဲ့ အဖွဲ့တွေတော့ ရှိချင် ရှိပါမည်။
ဓမ္မစေတီဆရာတော်ကို အဓ္ဓမ၀ါဒဟု ၀ိနိစ္ဆယ ချထားခြင်းမရှိပါ။ ၄င်းဆရာတော်အပါအ၀င် မေတ္တာရှင်ရွှေပြည်သာ၊ ဦးသုမင်္ဂလ စသည့် နာမည်ကြီးဆရာတော်များ၏ အယူဝါဒအမှားမဟုတ်ကြောင့်မဟုတ်ဘဲ၊ တရားပွဲများတွင် သတိလက်လွတ် ပြောဆိုမိသော စကားလုံးအသုံးအနှုန်းအမှားများကို အဓ္ဓမ္မ၀ါဒဟု နင့်သည်းသောအသုံးအနှုန်းဖြင့် တိုက်ခိုက်နေသူမှာ မစိုးရိမ်စာသင်သား၊ ဘိက္ခုဓမ္မပီယစသည့် ကလောင်အမည်များစွာဖြင့် စာအုပ်၊ စာပေများရေးသားဖြန်ဝေနေသူ ရဟန်းတစ်ပါးဖြစ်ပါသည်။ ထို့အပြင် အဓမ္မ၀ါဒ ဖော်ထုတ် တားဆီး ဖယ်ရှားရေးအဖွဲ့ဟူသော မိမိဘာသာဖွဲ့ထားသည့် အဖွဲ့ဖြင့် စာအုပ်များ၊ အင်တာနက်စာမျက်နှာများတွင် နေရာယူထားသည်ကို တွေ့မြင်ရပါသည်။ အဆိုပါစာအုပ်၊ စာပေများကို ဖတ်ကြည့်သည့်အခါ သာသနာအကျိုးကို ဆောင်ရွက်လိုခြင်းထက် နာမည်ကြီးများကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်လိုခြင်းနှင့် တိုက်ခိုက်ခံရသော ဆရာတော်များ၏ များစွာသော သာသနာအကျိုးဆောင်ရွက်ချက်၊ ကောင်းကွက်များကို မျက်ကွယ်ပြုရေးသားထားသည်ကို တွေ့မြင်ရသည်။ မိမိလိုရာ ဆွဲတွေးနိုင်သော စကားလုံးအမှားမျိုးကို လိုအပ်သည်ထက် များစွာပုံကြီးချဲ့ရေးသားထားသည်ကိုလည်း တွေ့မြင်ရသည်။ ဖြတ်လမ်းနည်းဖြင့် နာမည်ကြီးလိုသည့် သဘောများစွာ တွေ့မြင်ရသည်။ သာသနာတော် ရေရှည်တည်တံရေးအတွက် အကျိုးဆောင်နေသည် ဆိုသော်လည်း သံဃာသင်းကွဲအောင်ပြုလုပ်နေခြင်းပင်ဖြစ်သည်။
ReplyDelete