ဓာတ်ပုံ ဒီမိုဝေယံ
ရွှေည၀ါဆရာတော်ကိစ္စနှင့် ပတ်သက်၍နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများထံသို့ အိတ်ဖွင့် လျှောက်ထားလွှာ(၁)
ဆောင်းပါးရှင် ဘိက္ခုဇိနပုတ္တ(ရန်ကုန်)
ဆရာတော်ကြီးများဘုရား-
ဘုရားတပည့်တော်သည် ဧရာဝတီဘလော့ http://www.irrawaddyblog.com/2011/12/blog-post_7487.html ၌ “ရွှေည၀ါဆရာတော်ရဲ့ ညီညွတ်ရေးတရား” ခေါင်းစဉ်ဖြင့် ဖော်ပြထားသည့် အကြောင်းအရာကလေးကို ဖတ်လိုက်ရသည့်အတွက် ယခုလို ဆရာတော်ကြီးများထံ ရင်ဖွင့် လျှောက်ထားလိုက်ခြင်း ဖြစ်ပါသည်ဘုရား။
ဧရာဝတီဘလော့မှာ ဆရာတော်ဘုရားကြီးများက ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက် နှင့် အတူ ရွှေည၀ါဆရာတော် ဟောကြားသည့် တရားတော် အသံဖိုင်ကိုပါ တင်ထားသော်လည်း တပည့်တော် အသုံးပြုနေသည့် ပြည်တွင်း အင်တာနက်လိုင်းမှာ အသံဖိုင်ကို တိုက်ရိုက် နားထောင်လို့ မရနိုင်ပါ၍ ရွှေည၀ါ ဆရာတော် ဘယ်လိုတရားမျိုး ဟောသည်ကိုတော့ မသိရပါဘုရား။ ထိုပြင် ရွှေည၀ါဆရာတော်နှင့် သိကျွမ်းခြင်း မရှိသလို ရွှေည၀ါဆရာတော်၏ တရားများကိုလည်း နာဖူးခြင်း မရှိပါဘုရား။ သို့ဖြစ်၍ ဆရာတော်ဘုရားကြီးများ၏ ထုတ်ပြန်ချက်တစ်ခုတည်းကိုသာ ကြည့်ပြီး လျှောက်ထားရသဖြင့် တပည့်တော် လျှောက်ထားချက်များတွင် အချက်အလက် အားနည်းကောင်း အားနည်းနိုင်ပါကြောင်း ကြိုတင်လျှောက်ထားလိုပါသည်ဘုရား။
ဆရာတော်ဘုရားကြီးများက ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့သို့ ထုတ်ပြန် ညွှန်ကြားထားသော ညွန်ကြားချက်တွင်- “ရွှေည၀ါဆရာတော် ဦးပညာသီဟအား အရေးယူဆောင်ရွက်ရန် ကိစ္စ” ဟု အကြောင်းအရာ တပ်ထားပြီး- “ ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ သာဓုကျောင်းတိုက်မှ ရွှေည၀ါဆရာတော် ဦးပညာသီဟ၏ မန္တလေးတိုင်းဒေသကြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ တရားဟောကြားခြင်းကိစ္စ တင်ပြလာခြင်းနှင့်စပ်လျဉ်း၍ ၂၈-၁၁-၂၀၁၁ နေ့တွင် ကျင်းပသော ဆဋ္ဌအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ပန္နရသမအစည်းအဝေးက ဖော်ပြလတ္တံ့ပါအတိုင်း ဆုံးဖြတ်ခဲ့ပါသည်-
ဆုံးဖြတ်ချက်
ရွှေည၀ါဆရာတော် ဦးပညာသီဟ၏ မန္တလေးတိုင်းဒေသကြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ တရားဟောကြားခြင်းကိစ္စ တင်ပြလာခြင်းနှင့်စပ်လျဉ်း၍
(က)ရွှေည၀ါဆရာတော် ဦးပညာသီဟအား နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ပိုင် ကြည့်မြင်တိုင်မြို့နယ်၊ သာဓုကျောင်းတိုက်မှာ ဖယ်ရှားရန်၊
(က)ရွှေည၀ါဆရာတော် ဦးပညာသီဟအား နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ပိုင် ကြည့်မြင်တိုင်မြို့နယ်၊ သာဓုကျောင်းတိုက်မှာ ဖယ်ရှားရန်၊
(ခ) သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၏ ဆုံးမညွှန်ကြားသည်ကို မနာခံ၍ ဒုဗ္ဗစပုဂ္ဂိုလ် အဖြစ်သတ်မှတ်ရန်၊
(ဂ) နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ ခွင့်ပြုချက်မရဘဲ မည်သည့်ပုဂ္ဂိုလ်မျှ သာဓုကျောင်းတိုက် အတွင်း၌ မည်သည့် သင်တန်းမှ ဖွင့်လှစ်ဆောင်ရွက်ခြင်းမပြုရန်။” ဟု ဖော်ပြထားသည်ကို တွေ့ရှိရပါသည် ဘုရား။
ဆရာတော်ဘုရားကြီးများ၏ ထုတ်ပြန်ချက်အရ- “ဆရာတော်ဘုရားကြီများက ရွှေည၀ါဆရာတော်အပေါ် ဆုံးဖြတ်ချက် ၃-ရပ် ချမှတ်လိုက်ခြင်းသည် မန္တလေးတိုင်း ဒေသကြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ တရားဟောခြင်းကြောင့်” ဟု ဘုရားတပည့်တော် နားလည် သဘောပေါက်ပါသည် ဘုရား။ ထို့ပြင် အခြားသတင်းများ အရလည်း- ရွှေည၀ါဆရာတော်အား တရားဟောခွင့် ပိတ်ထားသည်-ဟု တပည့်တော် သိထားပါသေးသည်ဘုရား။
တပည့်တော် သိထားရသမျှဖြင့် ဆရာတော်ဘုရားကြီးများအား ပြန်လည် မေးလျှောက်ရပါလျှင်-
ရွှေည၀ါဆရာတော် ဟောကြားသောတရားသည် နိုင်ငံတော်က အဓမ္မ၀ါဒအဖြစ် ဆုံးဖြတ်ထားသော ကျောက်သင်္ဘော၊ ကျောက်ပုံ၊ ကြောင်ပန်း၊ လူသေလူဖြစ်၊ မိုးပြာ စသည်တို့ကဲ့သို့ ထေရ၀ါဒပိဋကတော်နှင့် ဆန့်ကျင်သော ဟောပြောချက်များ ဖြစ်နေပါသလားဘုရား။ ထိုကဲ့သို့ ဖြစ်နေပါလျှင် ရွှေည၀ါဆရာတော်အား တရားဟောခွင့် ပိတ်ပင်ခြင်း အပါအ၀င် ယခု နောက်ဆုံး ဆရာတော်ဘုရားကြီးများ ထုတ်ပြန်လိုက်သော ထုတ်ပြန် ချက်များသည် သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားလွှာ စသည်တို့နှင့် မဆန့်ကျင်၍ မှန်ကန်ပါသည်ဘုရား။
ထိုသို့ မဟုတ်ဘဲ ဒေသခံအာဏာပိုင်ဆိုသူများက သဘောမကျ၍၊ မကျေနပ်၍ ထိုအာဏာပိုင်ဆိုသူများ၏ လျှောက်ထားချက်အရ ရွှေည၀ါဆရာတော်အား တရားဟော ခွင့်မပြုတာမျိုး ဖြစ်နေပါလျှင် တရားဟောခွင့် ပိတ်ပင်ခြင်းအပါအ၀င် ဆရာတော်ဘုရားကြီးများ၏ လုပ်ဆောင်ချက် အားလုံးသည် မှန်ကန်သော လုပ်ဆောင်ချက် မဟုတ်နိုင်တော့ပါဘုရား။ သံဃာ့အဖွဲ့အစည်းကြီး စတင်ပေါ်ပေါက် ကတည်းက ယနေ့တိုင်အောင် ထုတ်ပြန်ထားသော သံ/စည်း၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားလွှာ စသည်တို့နှင့် ကိုက်ညီခြင်း မရှိသည့်အပြင် ဓမ္မ၀ိနယနှင့်လည်း ဆန့်ကျင်နေပါလိမ့်မည် ဘုရား။
တရားဟောခွင့် ပေးခြင်း၊ မပေးခြင်းအတွက် တပည့်တော်များ လက်ကိုင်ထားရမည်မူမှာ မြတ်ဗုဒ္ဓ၏ ဓမ္မ၀ိနယသာ ဖြစ်ပါသည်ဘုရား။ ရာထူးအာဏာ ဆုပ်ကိုင်ထားကြသော အာဏာပိုင် ဆိုသူများ၏ ကြိုက်/မကြိုက်ဆိုသော မူမျိုး မဖြစ်သင့်ပါဘုရား။ အာဏာပိုင်ဆိုသူများက မကြိုက်နိုင်၍ တရားဟောခွင့် မပြုဘူး ဆိုတာမျိုးသည် ဓမ္မ၀ိနယကို သစ္စာဖောက်ရာ ရောက်သဖြင့် တပည့်တော်များ သံဃာ့ အဖွဲ့အစည်းကြီးအတွက် အလွန်ကို ရှက်စရာကောင်းလှပါသည်ဘုရား။ တရားဓမ္မကို မည်သည့်နေရာမှာ မည်သည့် ပုဂ္ဂိုလ်ကို ဟောသည် ဖြစ်ပါစေ၊ ဓမ္မ၀ိနယနှင့် အညီဖြစ်လျှင်၊ သံ/စည်း လုပ်ထုံးလုပ်နည်း စသည်တို့နှင့်လည်း ကိုက်ညီလျှင် မည်သူတွေ မည်သည့် အာဏာပိုင်တွေက မည်သို့ပင် ကန့်ကွက်ကန့်ကွက်၊ ဟောပြောသည့် ဆရာတော်ကို သံဃနာယက အဖွဲ့အစည်းများအနေဖြင့် တရားဟောပြောခွင့် ဘယ်နှစ်နှစ် ပိတ်သည် ဆိုတာမျိုးကို ပြုလုပ်ပိုင်ခွင့် မရှိပါဘုရား။ သံဃနာယကအဖွဲ့၏ တာဝန်သည် ဓမ္မကထိက ဆရာတော်ဟောကြားသည့် တရားတော်များ ဓမ္မ/၀ိနယ ဖြစ်၊ မဖြစ် စိစစ်ဖို့သာ ဖြစ်ပါသည် ဘုရား။ ဓမ္မ/၀ိနယနှင့် အညီ ဖြစ်လျှင် မည်သည့် အာဏာပိုင်က ကန့်ကွက် ကန့်ကွက်၊ တရားဟောခွင့် ပြုရမည်သာဖြစ်ပါသည်ဘုရား။
ဘုရားတပည့်တော် သိရသလောက် အောက်ခြေ သံဃာ့အဖွဲ့အစည်းများ၌ တာဝန်ယူထားကြသော ဆရာတော်အများစုသည် ဥက္ကဋ္ဌ၊ အကျိုးတော်ဆောင်၊ အဖွဲ့ဝင် စသည် ဂုဏ်များရရှိဖို့ကိုသာ အဓိက ထားကြသော်လည်း မိမိတို့ သံဃာ့အဖွဲ့အစည်းက ပြဋ္ဌာန်းထားသော လုပ်ထုံးလုပ်နည်း/ ညွှန်ကြားလွှာ စသည်များကိုမူ ဖတ်ရှုလေ့လာမှု အလွန်ကို အားနည်း နေကြပါသည်ဘုရား။ ထိုအားနည်းချက်ကြောင့်ပင် ဒေသခံအာဏာပိုင်ဆိုသူများက သူတို့၏ လိုအင်ဆန္ဒ ပြည့်ဝစေရန် ထိုထိုကိစ္စများကို ဆောင်ရွက်ပေးဖို့ လျှောက်ထားလာသော အခါ မိမိတို့နှင့် သက်ဆိုင်ခြင်းရှိ/မရှိ၊ မိမိတို့ အလုပ် ဟုတ်/မဟုတ် စူးစမ်းလေ့လာမှု မပြုကြတော့ဘဲ အာဏာပိုင်များ လျှောက်ထားသည့်အတိုင်း လုပ်ဆောင်ပေးနေကြသည်ကို ၀မ်းနည်းစွာ တွေ့မြင်နေရ ပါသည်ဘုရား။
ဆက်လက်ရေးသားပါဦးမည်
ဘိက္ခုဇိနပုတ္တ(ရန်ကုန်)
သာမာန် လူပုဂ္ဂိုလ်များ ဗဟုသုတအဖြစ် သိသင့်တဲ့ အချက်အလက် ဆောင်းပါး ရေးသား ပေးပို့ပေးတဲ့ ဆောင်းပါးရှင် အရှင်သူမြတ်အား ကျေးဇူးတင်ရှိပါသည်...

အများအကျိုးဆောင်ရဟန် ၂ ပါး(ရွှေညဝါဆရာတော် နှင့် ဆရာတော်ဦးသုမဂ်လ)တို့ အား လူယုတ်မာများမှ နိုင်ငံတော်သံဃာ့မဟာနာယက ကိုဖိအားပေးကာ ယုတ်မာဒုက္ခပေးနေကြပြီ။
ReplyDeleteဤကိစ္စသည်အမျိုးသားးရေးတာဝန်ဖြစ်သည်။အားလုံးဝိုင်း၍ကာကွယ်ပေးကြပါရန်မေတ္တာ၇ပ်ခံအပ်ပါသည်။
ဗန်းမော်ဆရာတော်ဘုရားကြီးနှင့်တကွပြည်တွင်းပြည်ပထေရ၀ါဒသာသနာတော်
ReplyDeleteကိုတည်တံ့ခိုင်မြဲအောင် စောင့်ရှောက်ထိန်းသိန်းနေကြသည့် ဆရာတော်ကြီးများ
သိသာရန် ရိုသေစွာရင်ဖွင့်လျှောက်ထားအပ်ပါသည်ဘုရား..။
ယနေ့သာသနာတော်၏ စည်းမျဉ်းစည်းကမ်းများကိုစီမံအုပ်ချုပ်နေသည့် အချို့နိုင်ငံ
တော်သံဃာ့မဟာနာယက၊တိုင်းသံဃာ့နာယက၊မြို့နယ်သံဃာ့နာယက၊ရပ်ကွက်သံဃာ့
နာယက(အားလုံးကိုမဆိုလို)၊များငွေမျက်နှာတစ်ခုကိုကြည့်ပြီး၊အချို့ကျောင်းများကိုသိမ်း
သံဃာ့နာယကပိုင်လုပ်၊သာသနာကိုကြီးကြပ်မည့် ဆရာတော်ကြီးများက မမှန်ကန်လျှင်
ကားစီးပြီး၊ကျောင်းတိုက်ကြီးမှာ ဆွမ်းကွမ်းအပြည့်အစုံနှင့် အေးအေးချမ်းချမ်းသီတင်းသုံး
နေချိန်မှာ၊ဒကာ ဒကာမများအတွက် ထိန်းသိမ်းစောင့်ရှောက်အန္တရာယ်ကို ကာကွယ်ပေး
နေတဲ့ သံဃာတော်တွေ အကျဉ်းထောင်ထဲမှာ သီတင်းသုံး ပြည်ပမှာမျက်နှာငယ်ငယ်နဲ့
ဆွမ်းမပြည့်မစုံနေကြရပါသည်ဘုရား.။။ဦးနေ၀င်းလက်ထက်ထဲက(သားသုံးသား)ကိုသတိ
ထားဆိုတဲ့အတိုင်း သူတို့ဖြစ်စေချင်ရာကိုဖြစ်ဖို့ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ကို
လက်ကိုင်တုတ်အဖြစ် ဖွဲ့စည်းခဲ့တာ ယနေ့ဒီမိုကရေစီလို့အော်နေတဲ့ အစိုးရအထိကြာ
ခဲ့ပါပြီဘုရား။ဆရာတော်ကြီးများမှာ လာဘ်လာဘကိုသာယာနှစ်သက် ဘုရားမျက်နှာတော်
ကိုမကြည့်ပဲ လုပ်ကိုင်ဆောင်ရွက်နေကြတာဟာ တပည့်တော်တို့သာသနာ မြန်မာပြည်တွင်
မဟုတ် ကမ္ဘာ့အလည်မျက်နှာငယ်နေရပါတယ်ဘုရား။
ဗန်းမော်ဆရာတော်ဘုရားကြီးဘုရား..ဆရာတော်ကြီး၏သီလ သမာဓိ ပညာကိုငဲ့ပြီး ယခု
နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့မှ ထွက်တော်မူပါဘုရား။မဟနစတင်ဖွဲ့စည်းသည့်အချိန်မှ
စပြီး ယနေ့အချိန်အထိ အောက်ခြေကစပြီး အပေါ်အထိ မမှန်ကန်မှုတွေ ဘယ်လောက်များ
တယ်ဆိုတာ သေသေချာချာစစ်ဆေးသင့်ပါတယ်..။လူပုဂ္ဂိုလ်များ သားမယားအတွက် လာဘ်
စားတာတပည့်တော်တို့နှင့်မဆိုင် သားသမီးဇနီးမှမရှိတဲ့ တပည့်တို့သံဃာများ(ဒူးနှစ်ဘက်
နှင့်ဦးခေါင်းလုံလျှင်)သပိတ်တစ်လုံး သင်္ဃန်းသုံးစုံ သားရေနွယ်တစ်ခုရှိလျှင်နေလို့ရပြီလို့အဖ
ဘုရားမိန့်မှာခဲ့ပါသည်။ဘာအနှောင့်အဖွဲ့မှမရှိသည့် အချို့သံဃာများလာဘ်စားနေမှုဟာ
ဗုဒ္ဓသာသနာတော်အတွက် ရှက်ဖွယ်လိလိ ဖြစ်နေပါပြီဘုရား။နောက်လာမဲ့တပည့်တော်တို့
သာမဏေငယ်များအတွက် အရှည်မျှော်ကိုးပြီး ဆရာတော်ကြီးများမှ ပြုပြင်သင့်ပါကြောင်း
ရိုသေစွာလျှောက်ထားအပ်ပါသည်ဘုရား။(ပညာမပြည့်စုံသေးသည့်အတွက်)စာမချောလျှင်
သည်းခံဖတတ်ရှုပါဘုရားး
ရှင်သာမဏေငယ်
I support Yein's comments.
ReplyDeletethis is very good post.
ReplyDeleteI support too. We must against stupid aung thaung & groups.
ReplyDeleteIf there is a real change in our country, why people (including monks) couldn't tell/express anything they think/feel. Government is just joking. It has proved that people are still under dictatorship, far away from democracy. Public must stand with Sayadaw.
ReplyDeleteစဉ်းစား၊ဆင်ခြင်၊သုံးသပ်ကြပါ နိုင်ငံတော်အကြီးအကဲများ ခင်ဗျား။
ReplyDeleteClean Goverment,Good Goverment ဆိုတာကိုမေ့နေကြပြီလား....
သာသနာတော် သန့် ရှင်းရေးအတွက် အသင့်တော်ဆုံး ဆောင်ရွက်ချက်ဖြစ်သည်။ ကလင်တန်လည်း မကယ်နိုင်ပါ။
ReplyDeleteThe most suitable thing is Than Shwe and all the cruel persons go to hell.
ReplyDeleteခဏစောင့်ပေးကြပါ၊ "မူ" ပြောင်းချင်ပေမယ့် "လူ" တွေကမပြောင်းကြသေးတော့ ဒီလိုမျိုးအဖြစ်လေးတွေက ရှိနေဦးမှာပါ။ နီးပါပြီ၊ အားလုံးက ၆၀ ၀န်းကျင်တွေပါ။ ကောင်းတဲ့ဘက်ကို ပြောင်းချင်တဲ့ ခေါင်းဆောင်တွေရှိသလို အကျင့်ဆိုးတွေနဲ့ အကျင့်ညစ်တွေနဲ့ ပျော်မွေ့နေတဲ့သူတွေလဲရှိနေသေးတယ်လို့ပဲ ယူဆလိုက်ကြစို့။
ReplyDeleteအဖွဲ့အစည်းတိုင်းမှာ လူကောင်းတွေချည်းမရှိပဲ လူဆိုးတွေပါ တွဲပြီး ရှိနေတတ်ရာ ဘုန်းကြီးတွေ ထဲမှာရော သင်္ဃန်းဝတ်နဲ့ မလျှော်ညီ မထိုက်တန်တဲ့ ဘုန်းကြီးတွေ မရှိတော့ဘူးလား? ရှိခဲ့ရင် အဲ့ဒီဘုန်းကြီးတွေကို ဘယ်သူတွေက ပြောဆိုဆုံးမမှာလဲ?? ပြောဆိုဆုံးမ တားမြစ်နေတဲ့ သံဃာအကြီး အကဲတွေရဲ့ စကားကို နားမထောင် ဆန့်ကျင်နေရင်ရော ဘယ်သူတွေက ထိန်းမှာလဲ?
ReplyDeleteသင်္ဃန်းဝတ်ထားတဲ့ ပုဂ္ဂိုလ် တွေ ကိုယ်တိုင်က သာသနာကို အရောင်တောက်အောင်မလုပ်တဲ့အပြင် ငြိုးမှိန်အောင်လုပ်နေရင် ဘယ်သူက သာသနာကို အရောင်တောက်အောင်လုပ်မှာလဲ? သင်္ဃန်း ၀တ်ထားတဲ့ ပုဂ္ဂိုလ်တွေ ကိုယ်တိုင်က သက်တော်၊ ၀ါတော်ကြီးသော ဆရာတော်ကြီးများရဲ့ စကားကို ဆန့်ကျင် ပြီးလုပ်ချင်တာလုပ်နေရင် ဘယ်သူတွေက တားဆီးနိုင်အုံးမှာလဲ?
Why didn't they take an action to the monk who create the dance class??????????????????????? Because he is kyant phut monk!!!!!!!!!!!!!!!!!!!
ReplyDeleteအများအကျိုး ကို ဆောင်ရွက်နေသော ဆရာတော် ၂ ပါးအား အမျိုးယုတ်တို့ ရန်မှ ကာကွယ်ရန်အသင့် ရှိနေပါသည်ဘုရား....
ReplyDeleteသမ္မတကြီး ခင်ဗျား... ဦးသန်းရွှေခေတ်ကတောင် ကောင်းသော အကျင့်ရှိသည့် သံဃာတော်များကို ရိုက်နှက်ခဲ့ဘူးပါသည်။ အခု သမ္မတကြီး လက်ထက်မှာက မကောင်းသော သတင်းနဲ့ ကျော်ကြားတဲ့ သံဃာတော်များ ရှိနေပါသည်။ ရိုက်နှက်မဆုံးမ လျှင်တောင် သူတို့၏ မဟန ဆိုတဲ့ အဖွဲ့အစည်းကို ဖျောက်ဖျက်ပစ်လို့ရရင် ဖျောက်ဖျက်ပစ်စေချင်ပါသည်။ မဟုတ်ရင်လဲ တရား နဲ့ အညီ ဆိုဆုံးမ တတ်သည့် ဗန်းမော်ဆရာတော်ဘုရားကြီိးတို့လို ဘုရား တရား နားလည်တဲ့သံဃာတော်မျိုးသာ ထားသင့်ပါသည်ဟု...
ReplyDelete