နိုင်ငံတော်အစိုးရ အနေဖြင့် ပြည်သူ့ကျန်းမာရေးနှင့် ပညာရေး အတွက် အလျှင်အမြန် အထူးကြပ်မတ်ဆောင်ရွက်သင့်ပါပြီ။ လစာငွေကိစ္စများလည်း သတင်းစာရှင်းလင်းပွဲ တစ်ခုအနေဖြင့် အများပြည်သူ အမြင်ကြည်လင်အောင် ရှင်းလင်းတင်ပြ၍ ပညာရေး၊ ကျန်းမာရေး ပညာရှင်ဝန်ထမ်းများအားလုံးနှင့် ဆွေးနွေးတိုင်ပင်ကာ ဆောင်ရွက်သင့်ပါသည်။ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှလည်း စာရေးဆရာ၊ အနုပညာရှင်များ၏ အကူအညီရယူကာ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဟောပြောပွဲကဲ့သို့ ဗဟုသုတပေး လုပ်ငန်းအများအပြား လုပ်ဆောင်ပေးဖို့ တောင်းဆိုပါသည်။ အထူးသဖြင့် ကျေးလက်တောရွာများ(သွားရေးလာရေး ခက်ခဲသောဒေသများ) ၌ အထူးအလေးပေး ဆောင်ရွက်စေချင်သည်။ ဤကဏ္ဍတွင် နိုင်ငံတော်အစိုးရအနေဖြင့် ဝန်ထမ်းများအား လစာ၊ တာဝန်လစ်ဟင်းပေါ့လျော့မှု နှင့် အဂတိလိုက်စား အကျင့်ပျက်မှုများကို အထူးဂရုစိုက် ဖြေရှင်းဆောင်ရွက်ပေးရန် အရေးတကြီးလိုအပ်နေပါသည်။ ချစ်သော မြန်မာပြည်....ပန်းကလေးများဖြင့် မွှေးပျံ့လန်းဆန်းလှပနေပါစေ.......။
ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။

ReplyDelete