၁၅ရက်နေ့က ရွှေညဝါဆရာတော်ကြီး သီတင်းသုံးရာ ခရေပင်ကျောင်းသို့ လာရောက်ဆွေးနွေး တိုင်ပင် အဖြေရှာကြတဲ့ ဘဘဦးဝင်းတင်၊ မဖြူဖြူသင်းနဲ့ အဖွဲ့ချုပ် အဖွဲ့ဝင်များ...။
အကြောင်းကြောင်းကြောင့် တနေ့ဒီသတင်း၊ ဒီဓာတ်ပုံ မှတ်တမ်းလေးအတွက် ရေးသားခွင့်ရခဲ့မယ် သို့မဟုတ် ဖော်ပြခွင့်ပေးမယ့် တချိန်မှာတော့ ရေးသားဖော်ပြပါဦးမယ်...။ တနေ့မှာတော့ အဓမ္မကို ဓမ္မကအောင်ပွဲခံမှာပါ..။ ယနေ့ဖြစ်ပေါ်နေတဲ့ အခြေအနေ အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး ရွှေညဝါဆရာတော်ကြီးရဲ့ အနေအထား၊ အခက်အခဲ အခြေအနေတွေကို အားလုံးသဘောပေါက်၊ နားလည်မယ်လို့ ယုံကြည်မိပါတယ်..။ ဘာသာ၊ သာသနာနဲ့ အများအကျိုးတွေ စွမ်းစွမ်းတမံ ဆောင်ရွက်နေတဲ့ အခက်အခဲကြားက ရွှေညဝါဆရာတော်ကြီးအား ရိုသေစွာ ရှိခိုးကန်တော့ လိုက်ပါတယ်..။
ဒီမိုဝေယံ
ရွှေညဝါဆရာတော်ကြီးအား လေးစား၊ရိုသေ မေတ္တာထားကြတဲ့ အလွှာပေါင်းစုံက ဒကာ၊ ဒကာမများမှစုပေါင်း လက်မှတ်ထိုးပေးကြတာ ယနေ့ဆိုရင် လက်မှတ်ပေါင်း ၂သောင်းနီးပါး ရရှိနေပါပြီ..။
ဓာတ်ပုံ ဒီမိုဝေယံ
ဓာတ်ပုံ ဒီမိုဝေယံ
ရွှေည၀ါဆရာတော်နှင့် ဒကာဒကာမ ကျောင်းသားရဟန်းသံဃာများနှင့် အဖွဲ့ချုပ် အဖွဲ့ဝင်များ အားလုံး ဗုဒ္ဓရှင်တော်၏ တပည့်များပီပီ အခက်ခဲ အမျိုးမျိုးကို စိတ်ရှည်ဇွဲ့သန် သည်းညီးခံကာ မေတ္တာလတ်ကမ်း မေတ္တာလမ်းခင်း ဆောင်ရွတ်ခြင်းကြောင့် အရာရာ အောင်မြင်စွာ ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါသည်။ တက်စွမ်းသမျှ မေတ္တာစိတ်နဲ့ ကူညီနေလျှက်ပါ။ ဒီ ဒုဗ္ဗစ ဆိုတဲ့ အသုံးအနှုံးနဲ့ ပတ်သက်လို့...ဘုရားရှင်လတ်ထက် ဒုဗ္ဗစ ဆိုတဲ့ သိက္ခာပုဒ်၊ ဒုဗ္ဗစဆိုတဲ့ စကားလုံးပေါ်ပေါက် လာတာ၊ ဒုဗ္ဗစဆိုတဲ့ အသုံးအနှုံး ပေါ်ပေါက်လာတာကို ခုချိန်ထိ အချိန်ရှိသလောက် ပြန်လည်လေ့လာကြည့်ရာမှာ ယမန်နေ့က ရေးခဲ့တဲ့ ကွန်မန်မှာလို မြင်းမြည်းဆွဲ မောင်ဆန်ရဲ့ တလွဲ ဆံပင်ကောင်းမှု၊ နောက် ဓမ္မပဒမှာလာတဲ့ တိဿတောထွက်ရဟန်း (မြတ်စွာဘုရား၏ဦးလေး)ကြီးတို့ ဘုမသိ ဘမသိနဲ့ နထင်သွေးရောက်မှု့တို့ကြောင့် ပညတ်ပြောဆိုခဲ့ရတဲ့ သိက္ခာပုဒ်နဲ့ စကားတွေဆိုတာ တွေ့ရပါတယ်။ ယေဘုယျခြုံ သုံးသပ်ရလျှင် ရွှေည၀ါဆရာတော်၏ လုပ်ဆောင်ချက်များနဲ့၊ ရဟန်းကြီးဦးတိဿနှင့် မောင်ဆန်ဦးပဉ္ဖင်းကြီးတို့ အဖြစ်အပျက်သည် တခြားစီပါ။ ဒါကို သံဃပိတာ (သံဃဖခင်) ဆရာတော်ဘုရားကြီးများက ကျယ်ကျယ်ဝန်းဝန်း သိုင်းသိုင်းဝိုင်းဝိုင်း တွေးခေါ် မြှော်မြင်သုံးသပ် စေချင်ပါသည်ဘုရား လို့အကြံပေး လျှောက်ထားချင်ပါသည်။ နောက် သုတ္တန်ပိဋကတ်၊ မူလပဏ္ဏာသပါဠိတော်၊ ၂။ သီဟနာဒ၀ဂ်၊ ၅။ အနုမာနသုတ်မှာ ရှင်မဟာမောဂ္ဂလန် မထေရ်မြတ်ကြီးက ညီတော်ရဟန်းများကို ဒုဗ္ဗစဆိုတဲ့ အဓိပ္ပါယ်နှင့်ပတ်သက်၍ မိန့်မှာပုံများမှ တစ်ခုကိုပဲ ဒီနေရာမှာဖေါ်ပြပါရစေ.. ဖေါ်ပြပုံမှာ.....ငါ့ရှင်တို့ အပြောဆိုခက်ကြောင်းတရားတို့ဟူသည် အဘယ်နည်း၊ ငါ့ရှင်တို့ ဤသာသနာတော်၌ ရဟန်းသည် အလိုဆိုးရှိ၏ ။ (ပါပိစ္ဆော ဟောတိ) အလိုဆိုးတို့၏ အလိုသို့ လိုက်တက်၏ (ပါပိကာနံ ဣစ္ဆာနံ ၀သံ ဂတော) ဤ အလိုဆိုးရှိခြင်း အလိုဆိုးတို့၏ အလိုသို့လိုက်ခြင်းသည်လည်း အပြောအဆို ခက်ကြောင်းတည်း (ယမ္ပာဝုသော ဘိက္ခု ပါပိစ္ဆော ဟောတိ ပါပိကာနံ ဣစ္ဆာနံ ၀သံ ဂတော - အယမ္ပိ ဓမ္မော ဒေါဝစဿကရဏော)ဒီပါဠိတော် အရ...ရွှေည၀ါ ဘုန်းကြီးက (နိုင်ငံနှင့်လူမျိုး ဘာသာနှင့် သာသနာအတွက်)အလိုဆိုးရှိသူလား၊ အလိုဆိုးတို့၏ အလိုသို့ လိုက်နေတာလားဆိုတာ သူလုပ်တဲ့ တိုင်းပြု ပြည်ပြု သာသနာပြု လုပ်ငန်းများကို သုံးသပ်ကြည့်စေချင်ပါသည်။ ဒီ .. အလိုဆိုးဆိုတဲ့ လက္ခဏာနှင့်ညီရင်တော့ ဒုဗ္ဗစလို့ စွတ်စွဲပေါ့။ မဟုတ်ရင်တော့.... ဘယ်သူက ဒုဗ္ဗစလဲဆိုတာ စဉ်းစားကြစေချင်ပါသည်။... (ကျန်သော အချက်များကို မူရင်းပါဠိတော်နှင့် မြန်မာပြန်မှာ ဖတ်ကြပါလေ၊ အင်တာနက်မှာလဲ ရနိုင်ပါသည်)။ ဘုရားပါဠိတော်ကြီးကား ပြည့်စုံတော်မူပါပေ၏။ ဘုရားပါဠိတော်ကြီးကို ဖတ်လျှင် အဖြေကား အလွန်ကို ရှင်းလင်းပါပေ၏။ ဘုရား တပည့်များပီပီ ဘုရားလမ်းစဉ်ကို ဦးထားနိုင်ကြပါစေ....ဟု ဆုတောင်းလိုက်ပါသည်။
ReplyDelete