ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အကျိုးတော်ဆောင်ချုပ် ရွှေညဝါဆရာတော်ကြီးနဲ့ စာသင်သားသံဃာတော်တွေရဲ့ တနေ့တာမြင်ကွင်းတွေပါ...။ ရွှေညဝါ သင်တန်းကာလအတွင်း စာသင်သား သံဃာတော်တွေရဲ့ ဆွမ်းကွမ်းအတွက် ရွှေညဝါဆရာတော်ကြီး ကိုယ်တိုင် ရှေ့တန်းမှ ဆွမ်းခံကြွချီတဲ့ မြင်ကွင်းရုပ်သံဖိုင်ပါ..။ ကြည့်မြင်တိုင်မြို့နယ် အတွင်းက ဆရာတော်ကို ကြည်ညိုကြတဲ့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေရဲ့ ကြည်နှူးဖွယ် မြင်ကွင်းတွေပါ..။ ပြည်ပရောက် မြန်မာများအတွက် ကြည်ညိုသဒ္ဓါ တရားပွားများ နိုင်အောင် တင်ပြလိုက်ပါတယ်...။ ရုပ်သံဖိုင် ၁၈မိနစ်ခန့်က စတင်တဲ့ စာသင်သား သံဃာတော်များနဲ့ တသားတည်း ချွေးသံရွှဲရွဲ ဆွမ်းခံကြွတော်မူတဲ့ ရွှေညဝါဆရာတော်ကြီးနဲ့ ပြည်နယ်နှင့်တိုင်း အသီးသီးမှ စာသင်သား ရဟန်း၊ သံဃာတော် (၈၀၀)ကျော်တို့ရဲ့ ဆွမ်းခံကြွတဲ့ မြင်ကွင်းကို ကြည့်ရှုနိုင်ပါတယ်...
ဓာတ်ပုံ၊ ရုပ်သံ... ဒီမိုဝေယံ
ရုပ်သံဖိုင်များအား အများကြည့်ရှုနိုင်အောင် Youtube မှာ ကူညီတင်ပေးတဲ့
ညီငယ် ဇေယျာအား ကျေးဇူးတင်ပါတယ်..။
SHWENYAWAR SAYARDAW IS STILL CARRYING THE WAY OF THE TEACHING OF BUDDHA. I AM ABSOLUTELY REJECT THE ORDER OF THE GROUP OF SANGHA MAHAR NARYAKA
ReplyDeleteဒီဗွီဒီယိုလေးကို တင်ပေးတဲ့အတွက် ကိုဒီမိုဝေယံကို ကျေးဇူးတင်ပါတယ်။ သာဓု အကြိမ်ကြိမ် ခေါ်ဆိုသွားပါတယ်။ ရဟန်းစားရသောဆွမ်းတစ်နပ် ကို ငယ်ငယ်တုန်းက ကြည့်ဖူးပါတယ်။
ReplyDeleteဘုရားသားတော် သံဃာတော် အရှင်မြတ်တို့ ကို ဘယ်လို အကြောင်းနဲ့ မှ မပြစ်မှားရဲပါဘူး။ မပြစ်မှားဝံ့ပါဘူး။ ပြစ်မှားစော်ကားရဲကြတဲ့ သူတွေအတွက်လည်း အလွန်ကို ကြောက်မိပါတယ်။
မြတ်စွာဘုရားရှင် ဆုံးမတော်မူခဲ့သည့် တရားတော်များကို သတ္တဝါများကောင်းကျိုးအတွက် ဝိနည်းတော်နှင့် အညီ ဟောကြားတော်မူသည့်ဆရာတော်သံဃာတော်များအား မည်သူက မျှပိတ်ပင်တားဆီးခွင်မရှိပါ။ ထိုကဲ့သို့ပိတ်ပင်မိသည့်အပြစ်သည် လွန်ကြီးမား၏။
ReplyDeleteမသိ၍သော၎င်း၊ သိပြီး မလွန်ဆန်နိုင်၍ ဆုံးဖြတ်ချက်ထဲတွင် နာမည်ထည့်သွင်းခြင်းခံရသော ဆရာတော်သံဃာတော်များကိုလည်း မှန်သည့်ဘက်တွင်ရပ်တည်ရန်နှင့် အမှန်ကို အမှန်အတိုင်းရပ်တည်ရန်တောင်းပန်အပ်ပါသည်။
တရားရင်ထိပီတိဖြစ်မိပါသည်၊. ကြက်သိမ်းမွှေးညှင်း. များတောင်ထမိပါသည်
ReplyDeleteမတရားစွပ်စွဲပြီးမတရားအရေးယူချင်းကို. လုံးဝမလုပ်ရန်. သာသနာရေး
ဦးစီးဌာနဧ။်. လူကြီးလူကောင်းများကို မေတ္တာရပ်ခံပါသည်။
I don't like MaHaNa .I don't admire that group.
ReplyDeleteBecause of one of my "monk friend" is a member of MaHaNa after he got connection with general Mg Aye.