Pages

Friday, December 16, 2011

ယနေ့ ရွှေညဝါဆရာတော်ကြီးအား စိုးရိမ်မှုနဲ့ ရောက်ရှိလာကြတဲ့ ရဟန်းသံဃာ၊ ဒကာ၊ ဒကာမများနှင့် သတင်းမီဒီယာ၊ လူထုပရိသတ်များရဲ့ ကျောင်းတွင်း၊ ကျောင်းပြင်မြင်ကွင်း... (ဓာတ်ပုံ)

ဆရာတော်ကျောင်းရဲ့ ဝေယျာဝစ္စဒါန ကုသိုလ်ပြုလုပ်ပေးနေကြတဲ့ ဆရာတော်ကို ကြည်ညိုတဲ့ စေတနာရှင်များမှ လုံခြုံရေး ပြန်လည် ယူပေးနေရတဲ့ အနေအထားမြင်ကွင်း..
အများအကျိုးအတွက် ကိုယ်ကျိုးမဖက် ဘာသာ၊ သာသနာရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတဲ့ ဆရာတော်ကို လေးစားကြည်ညိုကြတဲ့ ပရိသတ်တွေ ထောက်ခံသူတွေပါ..။ အများအကျိုးဆောင်ရွက်သူ ဆရာတော်ရဲ့ စေတနာ ရောင်ပြန်ဟပ်မှုတွေပါ..။ ယနေ့ ရန်ကုန်မြို့ ကျောင်းအသီးသီးက သံဃာတော်တွေလည်း ရောက်ရှိလာကြပါတယ်..။ ဆရာတော်ရဲ့ ရန်ကုန်ဗုဒ္ဓတက္ကသိုလ်မှာ စာသင်သား သံယာတော်များနဲ့ သီလရှင်အပါအဝင် အပါး ၁၀၀၀နီးပါးခန့် ရှိပါတယ်..။ ဆရာတော်ကိုယ်တိုင် ဒီစာသင်သား သံဃာတော်တွေအတွက် ကိုယ်တိုင်ဦးဆောင်ပြီး တလမ်းဝင်၊ တလမ်းထွက် ကိုယ်တိုင် ဆွမ်းခံကြွှတဲ့ ကြည်ညိုဖွယ် မြင်ကွင်းတွေနဲ့ စေတနာရှင် ကြည့်မြင်တိုင်က ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေရဲ့ သဒ္ဓါတရား ထက်သန်ပုံ ကြည်နှူးဖွယ် မြင်ကွင်း ဗီဒီယိုဖိုင်များကို ဆက်လက်ဖော်ပြပေးပါမယ်...။
ဓာတ်ပုံ ဒီမိုဝေယံ

5 comments:

  1. အများအကျိုးအတွက် ကိုယ်ကျိုးမဖက် ဘာသာ၊ သာသနာရေးအတွက် ဆရာတော် လူထွက်ပြီး ကြိုးပမ်းဆောင်ရွက်တာက ပိုမိုထိရောက် အောင်မြင်မယ်လို့  ထင်မြင်မိပါကြောင်း။

    ReplyDelete
  2. အပေါ်က ကြံ့ဖွတ်အတွက်

    အများအကျိုး ပြည်သူ အကျိုး တိုင်းပြည်အကျိုးအတွက် သန်းရွှေနဲ့တကွ အာဏာရှင် ကြံ့ဖွတ် ဗိုလ်ချုပ်များ တိုင်းပြည်မှ ထွက်သွားတာ ပိုမိုကောင်းမွန်ပါမည်ဟု ထင်မြင်မိပါကြောင်း။

    ReplyDelete
  3. ဆရာတော်ကို သာဓုကျောင်းတိုက်ကနေ ထုတ်ပယ်ပြီး မဟနဆရာတော်နေတဲ့ ကမ္ဘာအေးကုန်းမြေတစ်ခုလုံးကို ပေးလှူသင့်ပါတယ်။ အများအကျိုးအတွက် လုပ်ဆောင်နေလို့ပါ။ အလုပ်မရှိ အိပ်စားနေပြီး အာဏာရှင် ခိုင်းသမျှ လုပ်ပေးနေရတဲ့ မဟနဆရာတော်တွေကိုတော့ သာဓုကျောင်းတိုက်မှာ စုပြုံပြီး ထားသင့်ပါတယ်။

    ReplyDelete
  4. မြန်မာနိုင်ငံတော်အတွင်း လူထုကိုနှစ်ပေါင်းများစွာ ဒုက္ခပေးနေသော

    လူယုတ်မာများ အမြန်ကျဆုံးပါစေ
    လောကပါလတရားများ အမြန်ဆုံးပြန်လည်ထွန်းကားပါစေ

    စည်းလုံးခြင်းသည်မည်သည့်ရန်သူမျိုးကိုမဆိုအောင်နိုင်သည်

    ReplyDelete
  5. That's right. We must stand for the right and real things. We must stand with the right persons. We must against the wrong things and cruel persons.

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။