ကျွန်တော်ဟာ ကမာရွတ်မြို့နယ် အတွင်းက ရန်ကုန်မြို့မှာ အကြီးဆုံးကျောင်းက ပညာရေးဝန်ထမ်း တစ်ဦးပါ။ နာမည်ကြီးကျောင်း ဖြစ်တဲ့အတွက် သိပ်ထောတယ်လို့ အများကမြင်ကြပါတယ်။ တကယ်တမ်းအတွင်းမှာ သပွတ်အူ ဖြစ်နေတာကိုတော့ ဘယ်သူမှမသိကြပါဘူး။ အလုပ်စ၀င်တဲ့ အချိန်ကနေ အခုအထိ ကျောင်းအုပ်ကြီးတွေ ပြောင်းတာ အဆက်ဆက်ရှိပါပြီ။ အခု နောက်ဆုံးရောက်တဲ့ ကျောင်းအုပ် ဆရာမကြီး ဒေါ်မြင့်မြင့်စန်း ဆိုးသလိုမျိုး တော့ ဘယ်ကျောင်းမှာမှ ရှိမယ်မထင်ပါဘူး။ ကျောင်းကိုပြောင်းလာတဲ့ ၃လလောက် အတွင်းမှာတင် ၃နှစ်လောက်ကြာသလို ထင်နေရတာပါ။
ဘယ့်နဲ့ဗျာ သူများကျောင်းတွေမှာ သင်တဲ့ဘာသာကိုဘဲ ၀ိုင်းကြီးချုပ်စနစ်နဲ့ အမှတ်ခြစ်ရတာပါ။ သူကတော့
သင်သင် မသင်သင် အတန်းရှိ လူအင်အားကုန် တစ်ဘာသာပြီးမှ တစ်ဘာသာ အမှတ်ခြစ်ရမယ်ဆိုပြီး လုပ်လိုက်တာ ကျွန်တော်တို့ ညမိုးချုပ်မှ အိမ်ပြန်ကြရပါရော။ မိန်းကလေး ဆရာမတွေဆို စိုးတထိတ်ထိတ်နဲ့ အိမ်ပြန်ကြရတာဗျာ လမ်းမှာများ လူဆိုးသူခိုးနဲ့ တွေ့ရင် မလွယ်ဘူးဗျို့ အဆင်မပြေကြောင်း တင်ပြတဲ့ သူကိုလည်း လက်ညှိုး ငေါက်ငေါက်ထိုးပြီး လုံချည်မ ပြန်အော်သေးတယ်ဗျာ စကားပြောတိုင်း ညည်းကျုပ်နဲ့ အဆင်မပြေပုံများဗျာ တခါမှမမြင်ဖူးပါဘူး။
သင်သင် မသင်သင် အတန်းရှိ လူအင်အားကုန် တစ်ဘာသာပြီးမှ တစ်ဘာသာ အမှတ်ခြစ်ရမယ်ဆိုပြီး လုပ်လိုက်တာ ကျွန်တော်တို့ ညမိုးချုပ်မှ အိမ်ပြန်ကြရပါရော။ မိန်းကလေး ဆရာမတွေဆို စိုးတထိတ်ထိတ်နဲ့ အိမ်ပြန်ကြရတာဗျာ လမ်းမှာများ လူဆိုးသူခိုးနဲ့ တွေ့ရင် မလွယ်ဘူးဗျို့ အဆင်မပြေကြောင်း တင်ပြတဲ့ သူကိုလည်း လက်ညှိုး ငေါက်ငေါက်ထိုးပြီး လုံချည်မ ပြန်အော်သေးတယ်ဗျာ စကားပြောတိုင်း ညည်းကျုပ်နဲ့ အဆင်မပြေပုံများဗျာ တခါမှမမြင်ဖူးပါဘူး။
စကားမဆုံးသေးဘဲနဲ့ အရင်ဦးအောင် လှည့်ထွက်သွားတတ်လို့ ပြောလက်စ တန်းလန်းနဲ့ ဘာဆက်လုပ်ရမှန်း မသိတာ အကြိမ်ပေါင်းများစွာပါဘဲ။ ကျောင်းကလူတွေနဲ့သာ မတည့်တာ အသက်၄၇နှစ်မှ အိမ်ထောင်ပြုပြီး သူ့ယောက်ျားကိုတော့ လူရှေ့မရှောင် သူရှေ့မရှောင် မောင် ချင်းထပ်နေတာဗျို့ ရေခဲသေတ္တာတို့ အ၀တ်လျှော်စက်တို့ ပေးထားတဲ့ သူများကျတော့ တည့်သဗျ ကွန်တော်တို့ထက် ပိုပြီးဆိုးတာက သန့်ရှင်းရေး ၀န်ထမ်းတွေပေါ့ဗျာ။ ထမင်းဟင်းချက်ခိုင်း အခန်းသန့်ရှင်းရေး (ကျောင်းရုံးခန်း မဟုတ်ဘူးနော်) လုပ်ခိုင်း လုံချည်အညစ်အပေတွေ လျှော်ခိုင်းနဲ့ ခိုင်းသာခိုင်းတတ်တာ တပြားမှတော့မပေးဘူးဗျ။
သူ့တစ်ကိုယ်စာတောင် မသန့်ရှင်းနိုင်မှတော့ ကျောင်းအလုပ်တွေကတော့ ပြောဖွယ်ရာမရှိဘူးပေါ့ဗျာ။ နဂိုရှိပြီးသားအမကြီးတွေကို မတိုင်ပင် မဆွေးနွေးဘဲနဲ့ လူတွေကော မူတွေကောပြောင်းတာမှ တလွဲတွေချည်းပါဘဲ။ အဆိုးဆုံးကတော့ ကျွန်တော်တို့ ကျောင်းကို ရောက်ရောက်ချင်း ဒီကျောင်းကို သူများတွေ ပြောကြတာကတော့ ဒီကျောင်းက ကျောင်းအုပ်ကြီး သင်္ချိုင်းတဲ့ဗျာကျွန်တော်တို့ တကျောင်းလုံးကတော့ သူပြောတဲ့အတိုင်း သူ့စကားနဲ့သူ မြန်မြန်ဖြစ်ပါစေဘဲ ဆုတောင်းမိပါရဲ့ စာဖတ်သူအပေါင်း မယုံမရှိကြပါနဲ့။ ကျွန်တော်လည်း မခံစားနိုင်တော့လို့ မျှဝေခံစားကြပါအုန်းဗျို့။ ခေတ်အဆက်ဆက် အဆင့်မှီ အရည်အချင်းရှိတဲ့ ကျောင်းအုပ်ကြီးတွေနဲ့ ဖြတ်သန်းလာတဲ့ ဒီ ကျောင်းကို ဒီလို အရည်အချင်းမရှိတဲ့ ကျောင်းအုပ်မျိုး မထားသင့်ကြောင်းပါ ခင်ဗျား။

ကဲဗျာ ကဲဗျာ... လုပ်ပုံများ
ReplyDeleteဒါဆို တကျောင်းလုံးက
ကြောက်နေရတယ်ပေါ့..လူမှု့ဆက်ဆံရေးကောရှိသလားမသိ။
တဖြစ်စလောက်နဲ့ အာနာတွေ ပါဝါတွေပြနေရင်ခက်ပီပဲနော်...
ကံကောင်းပါစေ။ ကျောင်းဆရာလေးရေ...
အမှန်ဆိုရင်တော. အဆိုပါကျောင်းအုပ်ကို ဖယ်ရှားသင်.ပါတယ်
ReplyDeleteTTC မှာသူငယ်တန်းကနေဆယ်တန်းထိ တက်ခဲ့ပါတယ်၊ အဲ့လိုကျောင်းအုပ်မျိုးမတွေ့ဖူးဘူး၊ သူအခုလိုမျိုးပြုမူနေတာ သူအရင်ကအဲ့လိုပတ်ဝန်းကျင်မှာနေခဲ့လိုဖြစ်မှာပေါ့၊ နောက်ပိုင်းလဲဒီပုံစံပဲ ဆိုရင်တော့ တာဝန်ရှိသူတွေ တစ်ခုခုတော့လုပ်သင့်ပါတယ်။ မဟုတ်ရင် TTC ကနာမည်ပျက်မှာပဲ။
ReplyDeleteဆရာ/ဆရာမ အချင်းချင်းဖြစ်စေ၊ ကျောင်းအုပ်ကြီးမှ ဆရာ/ဆရာမတို့ ကိုဖြစ်စေ၊ ညွှန်ချုပ်/၀န်ုကီး တို့ပင်လျင် ဆရာ/ဆရာမများနှင့်ဆက်ဆံတဲ့အခါ ဆရာ/ဆရာမဟူ၍ ခေါ်ဝေါ်ဆက်ဆံရကြောင်း ငယ်ငယ်က မှတ်သားခဲ့ဘူးပါသည်။
ReplyDeleteအမှတ်မှားခဲ့လျင် ပြုပြင်ပေးကြပါ။
ကျေးဇူးတင်ပါသည်။
ဒို့  လဲ တီတီစီ က ထွက်တာ ဘဲ ဆရာမကြီးဒေါ်ခင်နွယ်တင့်တို့ အချိန်က၊ တီတီစီ ကျောင်းသားဟောင်းဆိုတာ အမြဲ ဂုဏ်ယူတာ။ ဒီလို ကျောင်းအုပ်ကြီးမျိုး မကြုံဘူးပါဘူး၊ လွန်ခဲ့တဲ့ ၄၊၅ နှစ် က စပြီး တခြားက ပညာရေး အသိုင်းအ၀ိုင်းက မဟုတ်တဲ့ သူတွေ ကို ကျောင်းအုပ်ခန့်တယ်၊ အခု နောက်ဆုံး ဒေါ်မြင့်မြင့်စန်း ဆိုတာ တော့ နေပြည်တော် ကလာတယ် ကြားတာပဲ။ ဒို့ TTC နာမယ် ပျက်တယ် ဟေ့ ။
ReplyDeleteumm...what happen again in TTC. Although I am old student of TTC, I never found that kind of headmistress....When Daw Khin Win Aung rule the school, we all are happy and peaceful....... I think , the school should have skillful and kindhearted headmaster or headmistress....if not, the image of TTC will be decreased....I think TTC is the one of the best schools in other wise, one of the Top Ten schools of Myanmar.....
ReplyDeleteHi Bros and Sis,
ReplyDeleteI knew real story. It was black mail by one teacher (lady). She was in dilemma with Principal and it seems that was a black mail. Please use rational thinking for the truth. I could mention that lady teacher name.
သေချာတယ်ဆိုရင်တော့မလွယ်ဘူးပဲ။ ကျွန်တော်တို့ကျောင်းသားဟောင်းတွထဲက ကျောင်းအုပ်နေရာပေးလို့ရတဲ့ ပညာရေးဝန်ထမ်းရှိရင် အရည်အချင်းမီရင် ရှာပြီးပြောင်းပေးပါ။ ဒါဆိုပိုကောင်းလာမယ်ထင်တယ်။ ဒါပေမယ့် တီတီစီထွက်တွေက ကျောင်းဆရာ၊ဆရာမလုပ်တဲ့သူရှားမယ်ထင်တယ်။
ReplyDeleteအရည်အချင်းမရှိဘူးဆိုင်ရင် မြန်မြန် ပြောင်းပါဗျိ ကလေးတွေအတွတ်ရင်လေးပါတယ်။ အသက် ၄၇နှစ်မှ လင် ယူတယ်ဆိုရင် တိုင်ပြည်အနာဂတ်ကလေးတွေတွက်ကောင်းအောင် လုပ်ပေးနိုင်ဖို့ထက် သူ့အရေးကောင်းအောင် လုပ်မှာအသေအချာပါ။ ၄၇နှစ် ဘ၀တ၀က်ကြိုးကြော်မှ ဘ၀ စတယ်ဆိုတော့ ဘယ်သူ့အတွတ်ဘဲဖြစ်မလဲ ကျောင်းသားမိဘများစဉ်စားကြည့်ရင် သိကြမှာပါ။
ReplyDeleteကျွန်တော်က 2005 batch Section-E ကပါ။
ReplyDeleteဒီပိုစ့်မှာ တင်ထားတဲ့ ဓာတ်ပုံလေးက ကျွန်တော်ကျောင်းနောက်ဆုံးနေ့မှာ အမှတ်တရအနေနဲ့ရိုက်ခဲ့တဲ့ပုံလေးပေါ့။ TTC School Website project အတွက် ရိုက်ခဲ့တဲ့ပုံလေးပါ။ တကယ့်ကို အမှတ်တရ လွမ်းမောစရာ ညနေခင်းလေးပါပဲ။
ဒီပုံလေးကို ဒီပို့စ်မှာပြန်တွေ့ရတာ...ကျွန်တော့်ကျောင်းသားဘဝအချိန်တွေကို အရမ်းလွမ်းမိတယ်။
TTC ကျောင်းသတင်းကြားရတာ စိတ်မကောင်းပါဘူး။ အားလုံးအဆင်ပြေပါစေလို့ ဆုတောင်းလိုက်ပါတယ်။
တီတီစီ ကျောင်းသူ ကျောင်းသားဟောင်းတွေ တခြားကျောင်းက သူတွေ ထက် ပိုရင်းနှီး စည်းလုံးကြတယ်နော် ဘာလို့လဲ မသိ။ သူငယ်တန်းကနေ ဆယ်တန်းထိ အတန်း မပြောင်းပဲ အတူတူထိုင်ရတာ အကြောင်းတခု ထင်တယ်။ တခြား ကျောင်းတွေမှာ အဲလို မဟုတ်ဘူး။ အခု တယောက် မတိုင်ခင် အရင် ကျောင်းအုပ်ဆရာ ကလဲ နှာဘူး၊ ကျောင်းသားတွေ တော်တော် မကျေမချမ်း ဖြစ်တော့မှ ပြသနာနဲ့ တခြားရောက်သွားတာ၊ အခု နောက်တယောက် နောက်တမျိုး လာပြန်ပြီ။ ရင်လေးပါတယ်။ ကြည့်လုပ်ကြပါအုံး။
ReplyDeleteဒီစာကို ရေးသားတင်ပြတဲ့ကျောင်းဆရာအနေနဲ့ ကိုယ့်တင်ပြချက်ဟာတိကျမှန်ကန်တယ်ဆိုရင်
ReplyDeleteသက်ဆိုင်ရာအဖွဲ့အစည်းကို တရားဝင်တိုင်ကြားသင့်ပါတယ်။ မိတ္တူကိုတော့ အခုလို media တွေကို ပို့ပေးပေါ့။
အခုလို နံမည်မပါပဲရေးပြထားတာဖတ်ရတော့ သူ့ဖက်၊ကိုယ့်ဖက် စဉ်းစားတတ်တဲ့သူများဆိုရင်
ကျောင်းဆရာအနေနဲ့ ကိုယ်နဲ့အဆင်မပြေလို့ ပစ်စာရေးသလို ထင်မိစေပါတယ်။
တစ်နေ့က ( 15-12-2011) နေ့မှာကျွန်တော့်သားရဲ့ ဆေးခွင့်ကိစ္စနဲ့ တွေ့ဆုံလိုက်ရတဲ့ ဆရာမကြီးရဲ့
ပြောဆိုဆက်ဆံမှုကတော့ ကျွန်တော်သဘောကျအမှတ်ပေးမိခဲ့ပါတယ်။ အဲဒီလိုဆက်ဆံရေးကလည်း
ကျွန်တော်က ချမ်းသာတဲ့ဝတ်စားဆင်ယင်မှုမျိုးကြောင့်မဟုတ်နိုင်ဘူးနော်။
အဲဒီနေ့က ကျွန်တော်ရဲ့ဝတ်စားဆင်ယင်မှုက သာမန်လူတစ်ယောက်ထက်တောင် နွမ်းပါးတဲ့ပုံစံမျိုးနဲ့ပါ။
ဒါကလည်း ကျွန်တော်တွေ့ခွင့်ရခဲ့တာလေးကို ပြန်လည်ရေးပြမိတာပါ။
ဆရာမကြီးရဲ့အကျင့်စရိုက်က ကောင်း၏၊ ဆိုး၏ ကို အကဲမဖြတ်နိုင်ပါဘူး။
လူတစ်ယောက်ရဲ့အကျင့်စရိုက်ကို ရေရှည်ပေါင်းသင်းဆက်ဆံကြည့်မှသာ သိနိုင်ရတာပါ။
ပန်းသတင်းပန်းချင်ဆောင်၊ လူ့သတင်းလူချင်းဆောင် ဆိုတဲ့မြန်မာစကားပုံရှိတာပဲဗျာ။
အခုလို နံမည်မဖော်ပြရဲပဲရေးလိုက်တဲ့စာတစ်စောင်ကြောင့်တော့ တစ်ဖက်သားကို အထင်လွဲမှားပြီး
တံဆိပ်မကပ်လိုက်မိကြပါစေနဲ့။
ကျွန်တော်နံမည် သန်းထွန်းဦးပါ။ တာဝါတစ်ခုမှာနေထိုင်ပါတယ်။
နာမယ်မဖေါ်ပဲနဲ့ ရေးတာ ဒီကျောင်းမှာ ပဲ အဲဒီ ဆရာ အလုပ်လုပ်နေသေးလို့ နေမှာ ပေါ့၊ သက်ဆိုင်ရာကို အကြောင်းကြားလားမကြားလား ဆိုတာလဲ ဘယ်သူမှ မသိသေးဘူး။ တိုင်ကြားတော့ကော ဘယ်နှစ်ခါများ အရေးယူလို့လဲ၊ နောက်ခံ ပိုင်တဲ့သူ မရှိရင် တိုင်တဲ့သူ တောင် အလုပ်ပြုတ်သွားအုံးမယ်၊ အရင် ကျောင်းအုပ် ဆရာ ၀င်းမင်းလတ် တုံးက လဲ ၇တန်း ကျောင်းသူ တယောက် ကို မဖွယ်မရာ လုပ်တဲ့ အမှုကို ဆရာ ဆရာမတွေ အစောကြီးထဲ က သိပေမဲ့ ဘာမှ အရေးယူလို့ မရဘူး။ အချိန်မရလို့ ဇာတ်လမ်း အရှည်မရေးနိုင်တာ ခွင့် လွှတ်ပါ၊ တီတီစီ အသိုင်းအ၀ိုင်း က လူတွေ သိပါတယ်။ အဲဒီလို ကျောင်းအုပ်တောင် အလုပ်မပြုတ်ဘူး နယ်ပဲပြောင်းရတာ။ အခုစာလဲ သေချာဖတ်ကြည့်ပါအုံး ကျောင်းက ဆရာ ဆရာမ နှင့် ၀န်ထမ်းအပေါ်ဆက်ဆံရေးကို တင်ပြတာပါ ကျောင်းသားမိဘနဲ့ ဆက်ဆံရေး အကြောင်းမပါဘူး
ReplyDeleteI don't know that schoolmaster. But anyway, don't give any comment on other person's private matter like marriage. It is very rude manner for anyone who want to maintain self dignity.
ReplyDeleteအဲ့ဒီဆရာမဆိုတာငါ့တပည့်ပဲကွ.
ReplyDeleteဘာမှလာပီးတိုင်တောလုပ်မနေကြနဲ့.ဒမြစစ်တပ်ခောတ်ဆိုတာ
နားမလည်ဘူးလား.အဲ့ဒါတို့ဒမြတပ်မတော်ရဲ့.လမ်းစဉ်ပဲ.
ရိုင်းရိုင်းပြော.ရရာခိုးစား.လုစား.ငတက်ပြား ဆိုတာတို့တပ်မတော်ပဲ.
ဘုန်းကြီးတောင်မထားဘူးဆိုတာတောင်.ခုထိမသိကြသေးဘူးလား.
ဟီးဟီး ကြောက်ပါပြီ ဒေါက်တာ သန်းရွှေ ကြီးရယ်၊ နောက်မပြောတော့ပါဘူး။ စိတ်ကောင်းရှိတဲ့ ကျောင်းအုပ်ကြီးတွေသာ ပို့ပေးပါ။
ReplyDeleteRESPONSE TO THE POST: "I don't know that schoolmaster. .........It is very rude manner for anyone who want to maintain self dignity."
ReplyDelete-------------
In my opinion, as a school principle she should be the role model for teachers and students alike especially with young children. Don’t forget this is not even a university it is a school for primary and high school. She’s dealing with children as young as 5 years old. I don’t find this letter rude at all, it’s fair for this male teacher to make a comment about his school principle’s behaviour and cheeky talks with her husband at school vicinity while she’s working. If she has self dignity, she wouldn't behave like this at work place.
ကျမ ကြားတာ ဒီထက်တောင် ဆိုးသေးတယ်၊ လွန်ခဲ့တဲ့ တစ်လ လောက်က (နိုဝင်ဘာ လလယ်လောက်က) ဆရာဆရာမတွေနဲ့ အစည်းအဝေးမှာ ဘာပြောလဲ ဆိုတော့
ReplyDelete…. ကျမလဲ လောကီသားပေမို့ ဘယ်သူ ဘာလာပေးပေး ယူမှာပဲတဲ့၊ လုပ်ပေး နိုင်ချင်မှ လုပ်ပေးပေမဲ့ ပစöည်းကတော့ ယူမှာပဲတဲ့။ ရေခဲသေတ္တာ၊ အ၀တ်လျှော်စက်၊ တီဗီ၊ ပေးလဲ ယူမှာပဲ။ ကျောင်းမှာ ဆရာမချင်းတူပေမဲ့ ယောင်္ကျား ရဲ့ ရာထူးပေါ်မူတည်ပြီး ခွင့်ပေးမှာပဲ။ ပန်းအဖြူ ၅ပွင့် လာပေးလဲ ဗေဒင်ဆရာ က ယတြာ ချေခိုင်းထားလို့ ယူမှာပဲ။ ရှေ့  နှစ် အတန်းခွဲမည့် စနစ်မှာလဲ ဆရာဆရာမ များ မိမိနှစ်သက်ရာ အတန်းကို တောင်းဆို ပိုင်ခွင့်ရှိတယ်၊ ဘာဘဲ လာပေးပေး ယူမှာဘဲ၊ လုပ်ပေးနိုင်ချင်မှ လုပ်ပေးနိုင်မယ်။ သူငယ်တန်း ၀င်ခွင့်ကို လည်း ဘယ်လောက်လာပေးပေး ယူမှာဖြစ်ကြောင်း၊ သို့သော် ၀င်ခွင့် လက်ခံသည့်ပုံစံကို နားမလည်လို့ ရမှာတော့ မဟုတ်ကြောင်း ပြောသွားပါတယ် ….
အကုန်လုံး အယူတွေ ချည်းပါပဲလား၊ ကျောင်းအုပ်ကြီး ဒါတွေ ပြောတာ ဟုတ်မဟုတ် တီတီစီ က ဆရာ ဆရာမ များ ကို သာ မေးကြည့် ကြပါ။ ပြောတဲ့ သူ တော့ မသိဘူး ၊ နားထောင်ရတဲ့ ၀န်ထမ်းတွေ တော့ ပါးစပ် အဟောင်းသားနဲ့ နားရှက်ကြမှာပဲ။ အခု ခေတ်မှာ ကျောင်းဆရာ ဆရာမ ဆိုရင် သိပ် လေးစားကြတာ မဟုတ်ဘူး၊ ဒီလို ကျောင်းအုပ်မျိုးနဲ့ ဆို ကျောင်းသားမိဘတွေ က ဆရာဆရာမတွေ အပေါ်မှာ ပိုပြီး အထင်သေးမှာ စိုးရိမ်ရပါတယ်။
I have just spoken with a current serving teacher and this news/story has been confirmed to be TRUE. The teacher said such corrupt things at the meeting, she has been abusive at school... As a former TTC student, I cannot keep quiet to this. I forgot to ask who her husband is. Whether he is powerful figure or not, I don't give a shit cus I have my own status too. The only problem is, I am abroad --- I won't be home for the next couple of months. Anyway... TTC was once the best school and because of the abusive behaviours of the previous headmaster and current headmistress, our school is going down. We should appoint a new headmaster from among the current TTC teachers (one compatible with Daw Khin Nwe Tint) rather than those from outside who came here via connections. If there are any former TTC students who has established connections and authority in their careers since moving on from TTC, then they could make a contribution towards TTC by trying to remove this headmistress from position before I come back. Otherwise, the headmistress will be gone by June 2012 - I promise. Count your days Daw Myint Myint San.
ReplyDeleteIt is a TRUE story and is worse in general. Many of former TTC students have established great careers, owing to the foundation laid down by our great headmistresses like Daw Khin Nwe Tint, other teachers and the school. It is time they pay back the school, so as to maintain the image, pride, reputation and values of our beloved TTC. Please do all you can to have this headmistress removed from position. Even her husband is a powerful figure, some of us are more powerful and have higher positions. Let's not be afraid. After all, this is for TTC. We have always been so proud of being TTC students and TTC is regarded as the best school of Myanmar. We cannot let it become the worst school in the country.
ReplyDeleteReply to Lu Yoe & Anonymous' posts on 25th Dec.
ReplyDeleteဒီပို့စ်လေးနှစ်ခု တင်ထားတာ ကျေးဇူးတင်ပါတယ်၊ ဒီကျောင်းအုပ်ပြုတ်တာ မပြုတ်တာထက် အရည်အချင်းရှိတဲ့ ဆရာမစိတ်ဓါတ်ရှိတဲ့ ကျောင်းအုပ်ကြီးတွေ လာမှ ကလေးတွေအတွက် ကောင်းတဲ့ အနာဂတ်ဖြစ်လာမယ်၊ တခြားကျောင်းတွေမှာလဲ ဒီလိုပဲ ဖြစ်သင့်ပါတယ်။ ကိုယ်က တီတီစီ နဲ့ ပါတ်သက်တဲ့သူ ဆိုတော့ အခု တီတီစီ အကြောင်းပဲ ဆက်ပြောပါရစေ။ အဝေးရောက်နေတဲ့ တီတီစီ ထွက် အစ်ကိုကြီး အစ်မကြီးတွေကို အားကိုးပါတယ်၊ အခု လက်ရှိ ကျောင်းတက်နေရတဲ့ သူတွေ သိပ်မလှုပ်ရှားနိုင်ပါဘူး၊ တခုခုဆိုရင် ကျောင်းထုတ်ခံရမှာ အရင်ပါ၊ အရင် ကျောင်းအုပ် ၀င်းမင်းလတ်ကိစ တုံးက နိုင်ငံခြားရောက် ကျောင်းသားဟောင်းတွေက ၀ိုင်းဝန်းလှုပ်ရှားကြလို့ အားလုံးအတွက် ကောင်းသွားပါတယ်။ ဒေါ် မြင့်မြင့်စန်းက တော့ လဂ်စား ရုံပဲ ဆိုရင် လူတွေ မျက်စိမှိတ်ထားလို့ ရအုံးမယ် ရထားတဲ့ ပါဝါလေးနဲ့ အလွဲသုံးစားလုပ်လို့ ၀န်ထမ်းတွေ စိတ်ဒုက ရောက်နေကြပါတယ်။ ဆရာဆရာမတွေထဲ မှာ လဲ ဂိုဏ်းကွဲ နေတယ်၊ သူ့ကို ပေါင်းပြီး အခွင့်အရေးယူတာ က အနည်းစု တအုပ်စု၊ သူ လုပ်ရပ်တွေကို ဆန့်ကျင်တဲ့ သူတွေက အများစုပေါ့။ အခုလဲ သူ့ သဘောနဲ့ သူနဲ့ အပေးအယူ တည့်တဲ့ သူတွေ ထဲ က ဆရာ၊ဆရာမ လေးယောက်ကို ရွေးပြီး ကမာရွတ် တီတီစီမှာ ဒုကျောင်းအုပ်နှစ်ယောက် (SAT teachers)၊ လှိုင်မှာ နှစ်ယောက် (JAT teachers) သူ့သဘောနဲ့ ခန့်ထားပါတယ်၊ တရားဝင် ခန့်တာမဟုတ်ဘူး။ ကမာရွတ်မှာ တော့ ၀ါရင့် ဆရာမကြီးတွေရှိလို့ ဒုကျောင်းအုပ်နှစ်ယောက်က သိပ်ပါဝါမပြရဲဘူး၊ လှိုင်က ဒုကျောင်းအုပ်နှစ်ယောက်ကတော့ သိပ် ပါဝါ ပြလို့ ကျန်တဲ့ ဆရာဆရာမ များက သူတို့ ကို မကျေနပ်ကြဘူး။ ဒီလို တွေ ဖြစ်နေတာ ကလေးတွေ ပညာရေးအတွက် မကောင်းပါဘူး။
To offer Daw Myint Myint San, the Bitch, and her family all auspiciousness as a reward on Myanmar New Year Day, and fulfil her family with all happiness, I declare and promise to you all that the last day she will remain in post is 17th April 2012 (no matter what, the cock of whoever she sucks). Wishing auspiciousness and happiness in anticipation to Daw Myint Myint San. Please look forward to this.
ReplyDeleteI am very disturbed to hear TTC Story... The headmistresses, Daw Myint Myint San should be removed immediately... Not only Daw Myint Myint San, whoever chose her to be Headmistresses, must conduct inquiry whether she or he took bribery to appoint her or not. They should give explanation why they chose Daw Myint Myint San who is such under qualify to be Headmistresses... These kind of unpleasant things happen even in privileged school like TTC, I cannot imagine what is happening in neighbourhood school.
ReplyDeleteပြီးခဲ့တဲ့ အပတ်ကတင် ပညာရေး ဦးစီးဌာန က 31-12-2011 ရက်စွဲပါစာအရ ဆရာ ဆရာမအားလုံးလက်မှတ်ထိုးရတာ၊ ဆရာမတွေကို ကျောင်းသားတွေဆီက တရားမ၀င် ငွေကြေးကောက်ခံခြင်း၊ ရယူခြင်း၊ အလှူခံခြင်းများ မပြုလုပ်ရန်လက်မှတ်ထိုးခိုင်းခဲ့ပြီး အားလုံးရဲ့ လက်မှတ်အောက်မှာ သူကထပ်ဆင့်ထိုးရသေးတယ်။ ဒါပေမဲ့ တီတီစီရဲ့ ကျောင်းအုပ်ဆရာမကြီးကတော့ ကျောင်းရန်ပုံငွေအတွက် ဆုပေးပွဲအတွက်လို့ ဆိုပြီးတော့ငွေပဒေသာပင် စိုက်ဖို့အလှူခံခြင်း ၊ အမှတ်တရဓာတ်ပုံရိုက်ခြင်းများတောင် ပြုလုပ်နေပါတယ်၊ သတိကောင်းလှချည်လားဆရာမကြီးရယ်။ ဆရာမကြီးရဲ့လက်သုံးစကားက ဆရာမတွေ ကျူရှင်မသင်ဖို့တားမြစ်ထားပြီး အရေးယူတာမှ မဟုတ်တာ ပိုက်ဆံကောက်ဖို့တားပေမဲ့ ကောက်တာကတော့ ကောက်ရမှာပါဘဲတဲ့၊ သူကသူပြောတဲ့အတိုင်းမဖြစ်ရင် နဂါးတွေလိုဘဲစိတ်ဆိုးတတ်သတဲ့။ ပိုက်ဆံ မကောက်ပေးနိုင်တဲ့ ဆရာ ဆရာမတွေ သူနဲ့ လာတွေ့ ရမတဲ့။
ReplyDelete