“ ဒေါင်း တွေဆီက သတင်းစကား ”
(Message of Peacocks )
ကဗျာရှင် လှမျိုးနောင် (88 Generation Students )
“ ဒေါင်း ” ကို ကြိုးချည်ဖို့လုပ်ရင်
“ ဒေါင်း ” ရုပ်ပဲရမယ်
“ ဒေါင်း ” အုပ်ကို ခွဲဖို့ကြံရင်
“ ဒေါင်း ” အလံ ပြန်ပေး
“ ဒေါင်း ” တို့ရဲ့အတောင်ပံ - ရုန်းထလို့ ... ပျံပြီ
“ ဒေါင်း ” တွန်သံ နားစွင့်ထားကြ . . . ။
ဒေါင်းတွေ ဥမကွဲသိုက်မပျက်စေရေးကို ဆန္ဒပြုလျက်
လှမျိုးနောင် ( 88 Generation Students )
၂၁ . ၁ . ၂၀၁၂ ( စနေနေ့ )

Our brothers! Congraculation!
ReplyDelete“ ဒေါင်း ” ကို ကြိုးမချည်ဘဲ ကြိုးလွှတ်ပေးလိုက်ပါပြီ
ReplyDeleteဒေါင်း တို့ ဟာ-
လမ်းပြမြေပုံ ၇ ချက်ကို ကန့်ကွက်ခဲ့ကြပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း သပိတ်မှောက်ခဲ့ကြ သူတွေဖြစ်ပါတယ်။ ဒီနေ့ ရရှိခဲ့တဲ့ ရလဒ်ကောင်းတွေ၊ ဒေါင်းတို့ကိုယ်တိုင် လက်တွေ့ ခံစားနေရတဲ့ လွတ်လပ်မူ အသီးအပွင့်တွေဟာ ဒေါင်းတို့  လုပ်လို့  ဖြစ်လာတာ မဟုတ်ပါဘူး။ လမ်းပြမြေပုံ ၇ ချက်က ထွက်လာတဲ့ အသီးအပွင့်တွေပါ။
ပြည်သူလူထုက ၈၈ ဆိုရင် ခေါင်းပြတ်တွေ နဲ့ တွဲမြင်ကြတယ်။ ဒီရုပ်ပုံကို ပြည်သူတွေရဲ့  မျက်စိထဲကထွက်အောင် ပျောက်အောင်ဘဲ အရင်လုပ်အုံး။ ၈၈တွေလုပ်လို့  ပြည်သူတွေ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးတွေ တိုးတက်လာတယ် ဆိုတာဘဲ မြင်ချင်တယ်။
ဒီတစ်ခါ ဒေါင်းတွန်သံကပြည်သူတွေ တိုးတက်ကောင်းမွန်ဖို့ ဘဲ ဖြစ်စေချင်တယ်။
88 ကျောင်းသားခေါင်းဆောင်ဆိုတာ ဘယ်ကစပြီးဖြစ်လာတာလဲ. . ဘယ်သူတွေက အသိအမှတ်ပြုပီးခန့်ထားတာလဲ... တကယ်မသိလို့ပါ...သိတဲ့လူရှိ၇င်လဲပြောပေးပါဦး.. ကျွန်တော်တို့မွေးတာ 88 မွေးတာမို့မသိတာဆိုရင်လည်း.. အိမ်က မိဘတွေပြောတာတော့ ကြားဖူးရမှာပေါ့... အခုမိဘတွေပြောပြတာလဲမကြားဖူးလို့ပါ... သိတဲ့လူရှိ၇င်ပြောပြပေးပါဦး..
ReplyDeleteမြန်မာပြည်သူပြည်သားမှန်ရင် ဒေါ်အောင်ဆန်းစုကြည်ကို သိရမယ်
ReplyDelete၈၈အရေးအခင်း ကိုသိရင် မင်းကိုနိုင်ကိုသိရမယ်…