Pages

Sunday, January 22, 2012

“ ဒေါင်း တွေဆီက သတင်းစကား ” ကဗျာရှင် လှမျိုးနောင် (88 Generation Students )

“ ဒေါင်း တွေဆီက သတင်းစကား ”
(Message of Peacocks )
ကဗျာရှင် လှမျိုးနောင် (88 Generation Students )

“ ဒေါင်း ” ကို ကြိုးချည်ဖို့လုပ်ရင်

“ ဒေါင်း ” ရုပ်ပဲရမယ်

“ ဒေါင်း ” အုပ်ကို ခွဲဖို့ကြံရင်

“ ဒေါင်း ” အလံ ပြန်ပေး

“ ဒေါင်း ” တို့ရဲ့အတောင်ပံ - ရုန်းထလို့ ... ပျံပြီ

“ ဒေါင်း ” တွန်သံ နားစွင့်ထားကြ . . . ။

ဒေါင်းတွေ ဥမကွဲသိုက်မပျက်စေရေးကို ဆန္ဒပြုလျက်

လှမျိုးနောင် ( 88 Generation Students )
၂၁ . ၁ . ၂၀၁၂ ( စနေနေ့ )

4 comments:

  1. Our brothers! Congraculation!

    ReplyDelete
  2. “ ဒေါင်း ” ကို ကြိုးမချည်ဘဲ ကြိုးလွှတ်ပေးလိုက်ပါပြီ

    ဒေါင်း တို့ ဟာ-

    လမ်းပြမြေပုံ ၇ ချက်ကို ကန့်ကွက်ခဲ့ကြပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း သပိတ်မှောက်ခဲ့ကြ သူတွေဖြစ်ပါတယ်။ ဒီနေ့ ရရှိခဲ့တဲ့ ရလဒ်ကောင်းတွေ၊ ဒေါင်းတို့ကိုယ်တိုင် လက်တွေ့ ခံစားနေရတဲ့ လွတ်လပ်မူ အသီးအပွင့်တွေဟာ ဒေါင်းတို့  လုပ်လို့  ဖြစ်လာတာ မဟုတ်ပါဘူး။ လမ်းပြမြေပုံ ၇ ချက်က ထွက်လာတဲ့ အသီးအပွင့်တွေပါ။

    ပြည်သူလူထုက ၈၈ ဆိုရင် ခေါင်းပြတ်တွေ နဲ့ တွဲမြင်ကြတယ်။ ဒီရုပ်ပုံကို ပြည်သူတွေရဲ့  မျက်စိထဲကထွက်အောင် ပျောက်အောင်ဘဲ အရင်လုပ်အုံး။ ၈၈တွေလုပ်လို့  ပြည်သူတွေ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးတွေ တိုးတက်လာတယ် ဆိုတာဘဲ မြင်ချင်တယ်။
    ဒီတစ်ခါ ဒေါင်းတွန်သံကပြည်သူတွေ တိုးတက်ကောင်းမွန်ဖို့ ဘဲ ဖြစ်စေချင်တယ်။

    ReplyDelete
  3. 88 ကျောင်းသားခေါင်းဆောင်ဆိုတာ ဘယ်ကစပြီးဖြစ်လာတာလဲ. . ဘယ်သူတွေက အသိအမှတ်ပြုပီးခန့်ထားတာလဲ... တကယ်မသိလို့ပါ...သိတဲ့လူရှိ၇င်လဲပြောပေးပါဦး.. ကျွန်တော်တို့မွေးတာ 88 မွေးတာမို့မသိတာဆိုရင်လည်း.. အိမ်က မိဘတွေပြောတာတော့ ကြားဖူးရမှာပေါ့... အခုမိဘတွေပြောပြတာလဲမကြားဖူးလို့ပါ... သိတဲ့လူရှိ၇င်ပြောပြပေးပါဦး..

    ReplyDelete
  4. မြန်မာပြည်သူပြည်သားမှန်ရင် ဒေါ်အောင်ဆန်းစုကြည်ကို သိရမယ်
    ၈၈အရေးအခင်း ကိုသိရင် မင်းကိုနိုင်ကိုသိရမယ်…

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။