ပြီးခဲ့တဲ့ ၁၃ရက်နေ့က သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာပြီး ထောင်တွင်းမှ ရရှိလာတဲ့ အသဲရောဂါနဲ့ ဝေဒနာကို မချိမဆန့်ခံစားရင်း ၂၂ရက်နေ့က ကွယ်လွန်သွားခဲ့တဲ့ နိုင်ငံရေး အကျဉ်းသား ကိုသက်နွယ်(ခ)ကိုညိမ်းလူ၏ ဈာပနအတွက် အမဖြစ်သူ ဒေါ်မာလာနွယ်အား နိုင်ငံရေး အကျဉ်းသားဟောင်းများမှ အကူငွေ သွားရောက်ပေးအပ်ခဲ့ပါတယ်...။
ကိုသက်နွယ်(ခ)ကိုညိမ်းလူ၏ ၁၃ရက်နေ့က လွတ်ဝရမ်း သာမန်လွတ်ရက် ၂၀၉၃ခုနှစ်တဲ့..
၂၀၀၅ခုနှစ်က ပြန်လည်လွတ်မြောက်လာတဲ့ ကိုသက်နွယ်(ခ)ကိုညိမ်းလူ၏ အမဒေါ်မာလာနွယ် လွတ်ဝရမ်းပြီးခဲ့တဲ့ ၂၀၀၂ခုနှစ် ထိုစဉ်က ထောက်လှမ်းရေးညွှန်ချုပ် ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်ရဲ့ ထောက်လှမ်းရေး (၁၆)မှ ကိုသက်နွယ်(ခ)ကိုညိမ်းလူနဲ့ အမဖြစ်သူအား လက်နက်မှုနဲ့ မတရားဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး ကိုသက်နွယ်(ခ)ကိုညိမ်းလူအား စစ်ကြောရေးမှ လူမဆန်စွာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ကာ ထောင်ဒဏ် တစ်သက်တကျွန်း ချမှတ်ခြင်း ခံခဲ့ရပါတယ်..။ ပြီးခဲ့တဲ့ ၁၃ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုသက်နွယ်(ခ)ကိုညိမ်းလူဟာ စစ်ကြောရေးအတွင်း ထောက်လှမ်းရေးများရဲ့ လူမဆန်စွာ စစ်ဆေးနှိပ်စက်မှုများနဲ့ ထောင်သွင်းမှရရှိလာတဲ့ အသဲရောဂါကြောင့် ထောင်မှ လွတ်မြောက်ပြီး ကိုးရက်အကြာမှာ ဝေဒနာကို အပြင်းအထန်ခံစားခဲ့ရပြီး သေဆုံးသွားခဲ့ပါတယ်..။ မနက်ဖြန် ၂၄ရက်နေ့မှာတော့ ကိုသက်နွယ်(ခ)ညိမ်းလူရဲ့ ရုပ်ကလပ်အား ရေဝေးသုသာန်မှာ သဂြိုလ်မှာဖြစ်ပြီး ၂၈ရက်နေ့မှာတော့ ပင့်သံဃာတော်များအား ရက်လည်ဆွမ်း ကပ်လှူပြီး ရေစက်သွန်းချ အမျှပေးဝေမှာ ဖြစ်ပါတယ်..။
အောက်မှာတော့ ကိုသက်နွယ်(ခ)ကိုညိမ်းအား စစ်ကြောရေးမှာ ထောက်လှမ်းရေးတွေရဲ့ လူမဆန်စွာ နှိပ်စက်ညှင်းပန်းခဲ့ပုံအကြောင်း ရေးသားလာတဲ့ ကိုငယ်ရဲ့ ကွန်မာန့်ကို ပြန်လည် ဖော်ပြလိုက်ပါတယ်..
ကိုသက်နွယ်(ခ)ညိမ်းလူ အနှိပ်စက်ခံခဲ့ရတဲ့နည်းတွေထဲက တခုကိုတော့ ကျွန်တော်ပြောပြချင်တယ်၊ ရိုင်းသွာရင်ခွင့်လွှတ်ပါ၊ အမှန်တရားကို သိစေချင်တာကြောင့်ပါ၊ ဗုံးခွဲတယ်ဆိုပြီးစွပ်စွဲပြီးတော့ လူ့ရဲ့မစင်ကိုအတင်းအကြပ် ကျွေးပါတယ်၊ မစားလို့စေ့ထားတဲ့ သွားကိုရိုက်ချိုးပြီး လူ့မစင်ကိုပါးစပ်ထဲ အဓမ္မ သိပ်ထည့်ပြီး မျိုချခိုင်းပါတယ်၊ နောက်ထပ်အလုပ်မခံချင်ရင် ပြစ်မှုကို ကျူးလွန် မိခဲ့ပါတယ်ဆိုပြီး မမှန်မကန်တဲ့ ဖြောင့်ချက်ကိုယူဘို့ ချိန်းခြောက်ပါတယ်၊ အစပိုင်း တော့အဲဒီလို အမှန်အတိုင်း မလုပ်ဘူးကြီး ဖြေနေလိုက်တာ လေးခါလောက်လဲ စစ်လိုက်ရော ပါးစပ်မှာ အံသွားလောက်ဘဲကျန်တဲ့ အခြေအနေ ဖြစ်သွားပါတယ်၊ နောက်ဆုံး စစ်ကြောရေး အလိုကျ ပြောပါ့မယ်လို့ ကတိပေးမှ ယဉ်ကျေးသိမ်မွေ့စွာ စစ်ဆေးတဲ့ပုံစံကို ဗီဒီယိုရိုက်ထားပါတယ်၊ ထုံးစံအတိုင်း ဘယ်သူ့ချိန်းခြောက်မှုမှ မပါဘဲ မိမိသဘောအတိုင်း အဖြစ်မှန်ကို ထွက်ဆိုခဲ့တဲ့ ပုံစံဖြစ်အောင် သက်သေအဖြစ် မှတ်တမ်းတင်ထားပါတယ်၊ နောက်ဆုံးတော့ ဝန်ခံဖြောင်ချက်ပေးတဲ့အတွက် သေဒါဏ်အစား ထောင်ဒါဏ် တသက်တကျွန်း တံခါးပိတ် အမိန့်ချလိုက်တယ်။
သွားမရှိတဲ့ သူကိုတိုက်ပိတ်ပြီး ထ္မင်းထဲမှာ ဂဲထည့်ကျွေးမှတော့ သွားဖုံးတွေ စုတ်ပြတ်သတ်ပြီး ပါးစပ်ထဲမှာ အနာဖြစ်ပါလေရော၊ မသန့်ရှင်းတဲ့ရေနဲ့ အစားအစာကြီးဘဲ စားသောက် နေရတော့အသဲကို ဒုက္ခပေးတော့တာပေါ့။ ပြုသူအသစ်ဖြစ်သူ အဟောင်းလို့ဘဲ သဘောထားကြပါလို့ ဘေးလူတွေက တရားချကြပေမဲ့ ဒီမိုကရေစီမြေဇာပင်တွေ ရဲ့ဘဝမှာ ကိုယ်ကိုယ်တိုင် စိတ်ကူးနဲ့တင် ကိုယ်ချင်းစာ စဉ်းစားကြည့်တော့ သွေးတွေ ဆူလာပါတယ်ဗျာ။ ဒီထက်ဆိုးတာတွေ အများကြီး ရှိပါသေးတယ်ဗျာ။ ပြောရင်းနဲ့ စိတ်ထိခိုက်လို့ ယောကျာင်္းတန်မဲ့ မျက်ရည်ကျမိပါတယ်။
သွားမရှိတဲ့ သူကိုတိုက်ပိတ်ပြီး ထ္မင်းထဲမှာ ဂဲထည့်ကျွေးမှတော့ သွားဖုံးတွေ စုတ်ပြတ်သတ်ပြီး ပါးစပ်ထဲမှာ အနာဖြစ်ပါလေရော၊ မသန့်ရှင်းတဲ့ရေနဲ့ အစားအစာကြီးဘဲ စားသောက် နေရတော့အသဲကို ဒုက္ခပေးတော့တာပေါ့။ ပြုသူအသစ်ဖြစ်သူ အဟောင်းလို့ဘဲ သဘောထားကြပါလို့ ဘေးလူတွေက တရားချကြပေမဲ့ ဒီမိုကရေစီမြေဇာပင်တွေ ရဲ့ဘဝမှာ ကိုယ်ကိုယ်တိုင် စိတ်ကူးနဲ့တင် ကိုယ်ချင်းစာ စဉ်းစားကြည့်တော့ သွေးတွေ ဆူလာပါတယ်ဗျာ။ ဒီထက်ဆိုးတာတွေ အများကြီး ရှိပါသေးတယ်ဗျာ။ ပြောရင်းနဲ့ စိတ်ထိခိုက်လို့ ယောကျာင်္းတန်မဲ့ မျက်ရည်ကျမိပါတယ်။




This is how MI Khin Nyunt and his disciples implemented the most brutal oppressive mechanism in Burma( Myanmar) in modern history.
ReplyDeletePeople who read this article know who and what type of person Khin Nyunt was.
A cunning man full of brutalism!
Khin Nyunt should be put in trial( Every one know he is very much afraid of Nuremberg Military Court!)by Democrats!
ReplyDeleteခေါင်းစဉ်ကို နှိပ်ပြီး Comment မှာ ဖတ်ပါ။
ReplyDeleteပြည်ဖျက်တရားခံ ခင်ညွန့်ရဲ့ ခြေထောက်ကို ပြည်သူ့မျက်ရည်နဲ့ မဆေးပေးကြပါနဲ့
(သမိုင်းတရားခံ ခင်ညွန့် ကို အလွန် ရွံရှာ မုန်းတီး နာကျည်းသော ပြည်သူတဦး၏ ခံစားချက်)
(ရေးထားတာ ရိုးရိုးရှင်းရှင်း ပီပီပြင်ပြင် ရှိလှပါတယ်။)
မိုက်ခဲ သန်းရွှေ ရက်စက် ယုတ်မာတာ လူသိများတယ်။ ကြောင်သူတော် ခင်ညွန့် ရက်စက် ယုတ်မာတာ လူ သိပ်မသိဘူး။
အမှန်မှာ ပြည်သူတွေ လူညွန့်တုံးအောင်လုပ်ရာမှာ ကောက်ကျစ်တဲ့ ခင်ညွန့်က ထုံပေပေ သန်းရွှေထက် ပိုဆိုးတယ်။
ရေကြည်အိုင် လို စစ်ထောက်လှမ်းရေး စစ်ကြောရေးစခန်းတွေမှာ လူမဆန်တဲ့ နည်းမျိုးစုံနဲ့ နှိပ်စက်ခဲ့တာ ကြောင်သူတော် ခင်ညွန့် စနက်ပါ။
ခင်ညွန့် ကြောင့် သေသွားသူတွေ၊ လူစဉ်မမီ ဖြစ်သွားသူတွေ၊ ရူးသွားသူတွေ ရေတွက်လို့တောင် မရပါဘူး။
ကြောင်သူတော် ခင်ညွန့် ဟာ ရာဇဝတ်ကောင်ပါ၊ သမိုင်းတရားခံပါ၊ ပြည်ဖျက်တရားခံပါ။
အဆိပ်ပင် ခင်ညွန့်ကို ရေမလောင်းကြပါနဲ့။
သူခိုး ခင်ညွန့်ကို ဓါးရိုး မကမ်းကြပါနဲ့။
ကျားသေ ခင်ညွန့်ကို အသက်မသွင်းကြပါနဲ့။
ပြည်ဖျက်တရားခံ ကြောင်သူတော် ခင်ညွန့်ရဲ့ ခြေထောက်ကို ပြည်သူ့မျက်ရည်နဲ့ မဆေးပေးကြပါနဲ့။