Pages

Saturday, January 28, 2012

ရွှေညဝါဆရာတော်ကြီးနှင့် မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော်တို့မှ ကျင်းပပြုလုပ်ပေးတဲ့ အနယ်နယ်အရပ်ရပ်မှ မသန်စွမ်းသူများအား တရားဟောကြားပွဲ..

ရွှေညဝါ ဆရာတော်၊ မေတ္တာရှင် ဆရာတော်တို့အား ဒုက္ခိတ မသန်စွမ်းသူများမှ ဖူးမြော်ကြည်ညိုနေစဉ်..

ပြီးခဲ့တဲ့ ဇန္နဝါရီလ ၂၅ရက်နေ့က ကြည့်မြင်တိုင် သာဓုကျောင်းတိုက်မှာ ရွှေညဝါဆရာတော် ဦးပညာသီဟနှင့် မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော်ဦးဇဝနတို့မှ ဦးစီးပြီး မြန်မာနိုင်ငံအနယ်နယ် အရပ်ရပ်မှ ဘဝကံအကြောင်းကြောင်းကြောင့် ဒုက္ခိတဖြစ်နေရတဲ့ မသန်မစွမ်းသူများအား တရားဟောကြားပွဲ အခမ်းအနား ပြုလုပ်ခဲ့ပါတယ်...။ အဆိုပါနေ့က ကျောင်းတိုက်သို့ ရောက်ရှိလာကြတဲ့ ဒုက္ခိတ မသန်စွမ်းသူများအား အားပေးစကားများ ပြောကြားခဲ့ပြီး တရားရေအေး တိုက်ကြွေးခဲ့ပါတယ်...။ မသန်းစွမ်းသူတွေလည်း တရားရေအေး နာကြားခွင့်ရှိတဲ့ အတွက်ကြောင့် ပြုလုပ်ပေးခြင်း ဖြစ်ကြောင်း ဆရာတော်က မိန့်ဆိုပါတယ်..။
ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အကျိုးတော်ဆောင်ချုပ် ရွှေညဝါဆရာတော်ကြီးဟာ ပြီးခဲ့တဲ့ အပတ်က နိုင်ငံတော် သံဃမဟာနာယက (၁၀)ပါးသာ သိရှိတဲ့ ၄၇ပါးစုံညီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ၁လအတွင်း ကျောင်းတိုက်မှ ထွက်ခွာရန် ဖိအားပေးခြင်း ခံနေရပါတယ်..။ ထေရဝါဒဗုဒ္ဓဘာသာ ဓလေ့ထုံးစံအရ ထေရ်ကြီးဝါကြီးများအား အပြစ်ရှိကြောင်း တောင်းပန်ပါက.. ခွင့်လွှတ်ကြေအေးရတဲ့ မေတ္တာတရားကို အခြေခံတဲ့ ဗုဒ္ဓဘာသာတရားတော်လာ ဟောကြားချက်များ ရှိပေမယ့် ရွှေညဝါဆရာတော်အား လျစ်လျူရှုခဲ့ပြီး မန္တလေးအဖွဲ့ချုပ်ရုံးမှာ သြဝါဒပေးမှုနဲ့ ကျောင်းတိုက်မှ ထွက်ခွာရန် ဖိအားပေးခြင်း ခံနေရပါတယ်..။ အစိုးရ ကြံ့ဖွံ့ရုံးများမှာ တရားဟောကြားပါက မည်သို့ ဆုံးဖြတ်မည်ကိုလည်း ပြည်သူအများမှ သိရှိလိုကြပါတယ်...။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွှေညဝါဆရာတော်ကြီးအား ပစ္စည်းလေးပါး ဒါယကာအဖြစ် သတ်မှတ် လှူဒါန်းမည်ဟုလည်း သိရှိရပါသည်..။  ထို့အတူ မေတ္တာရှင်(ရွှေပြည်သာ)ဦးဇဝန၊ ဒယ်အိုးဆရာတော် ဥူးသုမင်္ဂလတို့ အားလည်း မြန်မာပြည်တွင်း တရားဟောကြားခွင့် ပိတ်ပင်ခြင်း ခံနေရပါတယ်...။

ဓာတ်ပုံ.. သတင်း၊ ဒီမိုဝေယံ

3 comments:

  1. တရား နဲ့ပါတ်သက်လျှင် လွတ်လပ်ပါတယ် ဘုရားတောင်မှ ဒီတရားကို ငါ့ပိုင်လို့ မဆိုလို
    လောကမှာရှိနှင့်ပြီးသားပါ တရားဟော်ခွင့် ပိတ်တယ်ဆိုတာ အံ့စရာပါ ဝေဖန်ခွင့်တော့ရှိပါ
    တယ် အရှင်တစ်ပါးပါး တရားဟော်ပြီးနောက် ထိုတရား၌သံသယရှိပါက ဘုရားထံလျှောက်
    လာရင် အကျိုးအပစ်ကို ပြန်လည်စီစစ်ပေးခြင်းက အကြောင်းရင်းပါ မိမိပြုသောကံ မိမိ
    သာခံရ သဘာဝပါ။ဘာသာခြားတောင်မှ သု့ပရိတ်သတ်နဲ့သူ ဟော်နေကြတာပါ မှားတယ်
    ဆိုပြီး တရားဟော်ခွင့်ပိတ်မှာလား ပိတ်ကြည့်ပါလား။ လွတ်လပ်ခြင်းသည် ဘောင်ရှိသလို
    ကန့်သတ်ခြင်းသည်လည် မှုရှိရမယ်။

    ReplyDelete
  2. မင်္ဂလာပါမသန်မစွမ်းများကိုစောင့်ရှောက်သောအလုပ်ကိုစိတ်ဝင်စားပါတယ်ဘယ်ကိုဆက်သွယ်ရမလဲ

    ReplyDelete
  3. I really do not understand that why those SA YAR DAW , Who are teaching Buddha Law and Weat Pa Tha Nar to Myanmar People are banned from Teaching .They are teaching to clarify the mind , not make wrong doing in daily life and every second .To clarify the mind is first step we have to practice during our life for our society and for our life.The religious minster not understand the Buddha law, teaching and Our President and their minster also zero knowledge on Buddhism they controlling the country in incorrect way.

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။