မတရားလာဘ်စားလွန်းသော ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်း တိုင်ကြားစာ(အပိုင်း-၁)
ကရင်ပြည်နယ်ကို လွန်ခဲ့သော နအဖလက်က (၄)နှစ်ကျော် အုပ်ချုပ်ခဲ့သော နအဖ၏ ရတခ ဒုတိယ တိုင်းမှူး ဗိုလ်မှူးချုပ်ဇော်မင်း ဟာ ယခုကြံ့ဖွတ်အစိုးရ လက်ထက်တွင် ရွေးကောက်ပွဲပါဝင် ယှဉ်ပြိုင်အနိုင်ရလာသော အမတ်မဟုတ်သလို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များမှ ရွေးချယ်ထားသူလည်း မဟုတ်ပါ။ ဘားအံမြို့ပေါ်မှာ နေထိုင်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ဇနီး ဒေါ်ကြိုင်ကြိုင်ရဲ့ ဆွေတော်မျိုးတော်ကို ကြည့်ရှုစောင့်ရှောက် ဖားယားနေတဲ့ ကျေးဇူးကြောင့် ဒေါ်ကြိုင်ကြိုင် အနေဖြင့် ဒီကောင်လေး မဆိုးပါဘူး ဆိုလို့ ကရင်ပြည်နယ် ၀န်ကြီးချုပ်ဖြစ်လာ ရတယ်လို့ တပ်မတော် အသိုင်းအ၀ိုင်းမှ သိရပါတယ်။ ဗိုလ်မှူးချုပ်ဇော်မင်းသည် ရတခ ဒုတိုင်းမှူး ဘ၀မှာတည်းက အောက်ခြေတပ်မတော်သားတွေ နိုင်ထက်စီးနင်းပြုလုပ်ခဲ့တယ်။ ရာထူးတက်မယ်ဆိုရင် ဘယ်သူကို ဖားရမယ်၊ ဘယ်သူကို ချောက်ချရမယ်ဆိုတာ တွေနဲ့ သူရာထူးကို အရယူရသူလို့ တပ်မတော်အငြိမ်းစား တစ်ဦးက ပြောဆိုခဲ့ပါတယ်။ အရပ်ဖက်ရောက်တော့လည်း နအဖ(ပယက)ဥက္ကဌ လက်ထက်မှာပင် အောက်ခြေအရပ်သား ၀န်ထမ်းတွေကို ပါးရိုက်၊ စောင့်ကန်၊ မအေနှမ ဆိုပြီးဆဲဆို ခဲ့တယ်။
အစည်းအဝေးခန်းမမှာပင် အစည်းအဝေးလုပ်နေတုန်း သူမကျေနပ်သော ၀န်ထမ်းများကို ထပြီးပါးရိုက်ခြင်း၊ ဆဲဆိုခြင်း၊ ရေနွေးကြမ်းဖန်ခွက်နှင့် ကောက်ပေါက်ခြင်းများ ပြုလုပ်ခဲ့သည်မှာ များပြားလွန်းလို့  ကြားရသည်မှာ နားမဆန့်နိုင်တော့ပါ။ ပြည်နယ်ရုံးမှာ ရှိတဲ့စာရေးဝန်ထမ်းတွေက ပြည်နယ်ဝန်ကြီးချုပ်ရုံးခန်းက ခဏခဏ ရေနွေးဖန်ခွက် ၀ယ်ရတယ်။ ခဏခဏကွဲတယ်နော်။ ၀န်ကြီးချုပ်ရေနွေး ဘယ်လိုသောက်လည်းမသိဘူးလို့  ရီစရာဟာသစကားများကို ကြားရပါတယ်။ ၀န်ကြီးချုပ်လုပ်ပြီး သူများမကောင်းကြောင်း အလွန် ပြောတတ်တဲ့ အကျင့်ရှိပါတယ်။ ကရင်ပြည်နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ၀န်ထမ်းတွေကတော့ ချီးလို ရွံကြောက်နေရပါတယ်။
ကရင်ပြည်နယ် ငြိမ်းချမ်းရေးဆွေးနွေးမှု အခက်ခဲမှာလည်း သူ့ကြောင့်တိုက်ပွဲများဖြစ်ခဲ့ရသလို သူ့ကြောင့် လည်း ဆွေးနွေးပွဲ ကြံ့ကြာခဲ့ရပါတယ်။ အခုရရှိနေတဲ့ ငြိမ်းချမ်းရေး ဆိုတာကလည်း ၀န်ကြီးချုပ်ဦးဇော်မင်း ကြောင့် မကြာမီပျက်ဆီးသွားနိုင်ပါတယ်။ KNU , KNLA , DKBA နှင့် မွန် အစရှိသည့် အဖွဲ့အစည်းတွေကလည်း သူ့ကိုသဘောမကျကြဘူး။ သူ့ကို သဘောကျတာ နယ်ခြားစောင့်တပ်ဖြစ်သွားတဲ့ ဗိုလ်မှူး စောချစ်သူ (ယခင် ဒီကေဘီအေ ၉၉၉ တပ်မှူး ) တစ်ယောက်သာ ဖြစ်ပါတယ်။ ဗိုလ်စောချစ်သူ ဟာ လက်နက်အားကိုးနဲ့ ကရင်ပြည်နယ်က သဘာဝတွင်းထွက်များ၊ ကျွန်းသစ်များကို တစ်ဖက်ထိုင်းနိုင်ငံကို တင်ပို့ရောင်းချတယ်။ တဖက်နိုင်ငံမှ တရားမ၀င်ကားများ၊ အခွန်လွတ် စက်သုံးဆီများ တင်သွင်း ပို့ဆောင်ခြင်းကို ကရင်ပြည်နယ် ၀န်ကြီးချုပ်က လာဘ်ငွေ တိတ်တဆိတ်ယူပြီး လုပ်ကိုင် ဆောင်ရွက်နေပါတယ်။ ဗိုလ်စောချစ်သူ လာတယ်ဆိုတာနဲ့ အစည်းအဝေး လုပ်နေရင်ကနေတောင် ချက်ချင်းထ ကြိုဆိုနေရပါတယ်။ ဒါအပြင် မြ၀တီမြို့မှာရှိတဲ့ မြေဧက တော်တော်များများကို လန(၃၉) ဈေးကြီးကြီးဖြင့် လက်သိတ်ထိုး လပ်ယူကာ မိမိကိုယ်ကျိုးအတွက် လုပ်ကိုင်နေပါတယ်။ မြန်မာနန်းမြေကွက် အချို့ကိုလည်း ၎င်း၏ညီဖြစ်သူနံမည်နဲ့ အကွက်များလည်း ရယူထားပါတယ်။
ကရင်ပြည်နယ် လှိုင်းဘွဲ့တွင် စက်မှုဇုန်ထူထောင်ရေးတွင် ကမ်းလှမ်းလာလို့ ၀င်ရောက်ရင်းနှီးမြှုပ်နှံ မြန်မာလူမျိုး(ထိုင်းနိုင်ငံ နေထိုင်သူ)များကို ဦးဇော်မင်းက ခင်ဗျားတို့ ထိုင်းလီးကို ကောင်းကောင်း စုတ်နေတဲ့ ကောင်တွေဆိုပြီး မိုက်ရိုင်းစွာ ပြောဆိုဆက်ဆံပါတယ်။ ယခုလည်း ထိုင်းဘက်မှ လျှပ်စစ်ဓာတ်အား လုပ်ငန်းကို ဘားအံမြို့နှင့် မော်လမြိုင် နေထိုင်သူ ငွေမိုးဟော်တယ်၊ ဟော်တယ်ဇွဲကပင် ပိုင်ရှင် နှင့် ပူးပေါင်းရှယ်ယာ ပြုလုပ်ကာ လျှပ်စစ်ဓာတ်အားလုပ်ငန်းကို အာဏာနှင့် အတင်းရယူ လုပ်ကိုင်ခွင့် ရရှိသွားပါတယ်။ မြ၀တီမှာ နေထိုင်တဲ့ ပြည်သူတွေ လုပ်ကိုင်ခွင့်မရကြပါဘူး။ ကရင်ပြည်နယ် ၀န်ကြီးချုပ်သည် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးခင်ဇော်နှင့် ပင်ကိုယ်စရိုက်ချင်း အတူတူဖြစ်ပါတယ်။ ကရင်ပြည်နယ်အတွင်း မဖွံ့ဖြိုးသေးတဲ့ မြို့များနဲ့ ကျေးရွာများကို လုံခြုံရေးအကြောင်းပြကာ သွားလာကြည့်ရှု အထောက်အကူပေးချင်းမရှိပဲ နယ်စပ် မြ၀တီမြို့ကို ၄င်းတို့ အကျိုးရရှိရေးအတွက် မကြာခဏလာလို့ ၀န်ထမ်းများလည်း စိတ်ညစ်နေကြရပါတယ်။ မြ၀တီမြို့ကို ၀န်ကြီးချုပ်က ဓာတ်ကျအလွန်ကျနေပါတယ်။ မြ၀တီမှာ နေထိုင်တဲ့ ပြည်သူလူထုဟာ စီးပွားရေးမကောင်းလို့ လုပ်ကိုင်စားသောက်ရတာ အခက်အခဲရှိတဲ့ ကြားကပင် “သူကြီးဘုရား ရွာသားကောင်းမှု “ ဆိုသလို စွယ်တော်ပွား စေတီဘုရားကို နိုင်ငံတော်ဘုရား အမည်တတ်ကာ ပြည်သူလူထုထံမှ မတရားအလှူငွေ ကောက်ခံနေပါတယ်။ ဘုန်းကြီးတွေကိုပင် အတင်းတရားပွဲ လုပ်ခိုင်းကာ တရားဟောခိုင်းပြီး ရလာတဲ့အလှူငွေကို ဘုရားအတွက် ရှာခိုင်းပါတယ်။ သူတို့ကိုယ်တိုင်တော့ အလှူငွေ တစ်ပြားတစ်ချပ် ထည့်ဝင်ခြင်းမရှိပါဘူး။
ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မင်းက မတရားကြိတ်ပုန်း လပ်စားနေတာဖြစ်တဲ့အတွက်ကြောင့် ပြည်နယ် ၀န်ကြီးအချို့ဟာ ဌာနဆိုင်ရာတွေအပေါ် ဖြစ်ညှစ်ပြီး အမှီးရအမှီး၊ ခေါင်းရခေါင်း လုပ်ကိုင်စားသောက်နေသော ပြည်နယ် ၀န်ကြီးများကို မပြောရဲမဆိုရဲပဲ မသိချင်ရောင်ဆောင် နေရသော ဘ၀ကို ရောက်နေရပါတယ်။ ယခုလည်း ကော့ကရိတ်-မြ၀တီ ကားလမ်းအသစ်ဖောက်လုပ်တော့မှာ ဖြစ်တဲ့အတွက် လမ်းဘေးဝဲယာ မြေကွက်များ လန(၃၉)ချပေးဖို့အတွက် အဆီတ၀င်းဝင်းနဲ့ ကတွင်းနေပြီးဖြစ်ပါတယ်။ ဒီလို အဂတိလိုက်စားလွန်းလို့ ကရင်ပြည်နယ်အစိုးရတစ်ဖွဲ့လုံးကို ကြည်ညိုခြင်း မရှိသလို လေးစားခြင်းလည်းမရှိကြပါ။ ဘာမှ ကောင်းအောင် လုပ်မပေးနိုင်တဲ့ အစိုးရလို့  အသိအမှတ် ပြုကြပါတယ်။ ငပေါအစိုးရလို့တောင် ပြောနေကြပါတယ်။
ဒါကြောင့် ကရင်ပြည်နယ်မှာ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်အမတ်များနှင့် ပြည်နယ်ဝန်ကြီးများတို့မှ ပြည်နယ်ဝန်ကြီးချုပ်ရဲ့ မတရားကြိတ်ပုန်းခုတ်လပ်စားနေတာကို လေ့လာ စောင့်ကြည့်ကာ နိုင်ငံတော်သမ္မတကြီးနဲ့တကွ ပြည်ထောင်စု အစိုးရသိရှိအောင် ဖော်ထုတ်တိုင်ကြားနိုင်ရန် တင်ပြတောင်းဆိုပါတယ်။
-------------------------------------------------------------------------------------------------------
(နောက်ဆက်တွဲ ဖော်ပြပါမည်)။ စောဖိုးခွါး

မနေနိုင်လို့ရေးလိုက်ဦးမယ်ဗျို့။
ReplyDeleteကရင်ပြည်နယ်ဝန်ကြီးချုပ်ဆိုတာကဘာအရည်အချင်းစစ်စစ်မှမရှိပဲအထက်ကိုဖားနိုင်ပြီးအောက်ကိုဒုက္ခပေး၊ငွေမျက်နှာတခုသာကြည့်တတ်တဲ့တကယ်ကြောင်သူတော်ကြီးပေါ့ဗျာ။မသိရင်တော့ ၇ိုးသားသလိုလိုရုပ်ကလေးကိုဖန်တီးထားတာ။လောဘနဲ့ ငွေသာရမယ်ဆို မရှက်တတ်တာတော့လုံးဝပဲ။
သူမိန်းမကလဲ ဘုရားတရားတအားကိုးကွယ်ယုံကြည်တယ်ဆိုပြီး သူကပြောလိုက်ရင် ဓာတ်ကြီးလေးပါး ဆွမ်းကပ်လို့သူယောကျာ်းက အခုလိုရာထူးအဆင်ဆင့်တက်လာတာတဲ့ ။ဘု့ရားဘုရား နဲ့လက်ကကားယားလိုရင်တမျိုးမလိုရင်တမျိုးစိတ်ဓာတ်နဲ့ မတရားဆင်းရဲတဲ့ ဘ၀ကနေ သိပ်ကိုချမ်းသာတော့ အရင်ကဘ၀ကိုအတိတ်မေ့သွားကြတာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဇော်မင်းနဲ့ညွန့်ညွန့်ဝေတို့ပဲ။
စောချစ်သူလာတာ ထကြိုမှာပေါ့ သူG1ဘ၀ကဟိုကပေးကမ်းစာလေးတွေကိုရှေ့တန်းမှာစားသောက်ထားရတာလေ။
တကယ့်ကို အောက်ခြေကိုနိုင်ထက်စီးနင်းဆက်ဆံ၊ အပေါ်ကျအသေဖားတာသူတို့လင်မယားပဲ။
သူသားစစ်ဗိုလ်ရဲ့မဆင်မခြင် ကားတိုက်မှု့ကလဲ လူတွေသေပေမယ့် အဖေက ၀န်ကြီးချုပ်ဆိုတော့ အမှု့ကပျောက်ပြီး မင်္ဂလာဆောင်တော့မယ်တဲ့ ။ကောင်းကျပါပေတယ်။
ီဒီလိုလူမျိုးတွေကြောင့် နစ်နာလှတယ်တိုင်းပြည်ကတော့။
ဇော်မင်းဆိုတာ စစ်တက္ကသိုလ်အပတ်စဉ်(၂၁)က၊
ReplyDeleteလုပ်ရည်ကိုင်ရည်နဲ့အရည်အချင်းကတော့ သုညပဲ။
ငွေရဖို့ဆိုရင် KNU ကိုလဲထိုင်ကန်တော့တယ်။
စောချစ်သူကို အသေဖားယားပြီး "ဘတ်"ငွေလေးတွေကို သူတောင်းစားလိုတောင်းခဲ့ရတာကျွန်တော်တို့အသိဆုံးပါဗျာ။
ငွေရမယ်ဆိုရင်နဲ့ အာဏာရမယ်ဆိုရင်
အပေါ်ကိုအသေဖားတာနဲ့ပျာပျာပျာလုပ်ပြတတ်တာပဲရှိတယ်။
ွှအရည်အချင်းစစ်စစ်ကတော့ တကယ့်ကိုမရှိတာ
စစ်တိုက်လဲဆုံးဖြတ်ချက်မမှန်၊ရဲဘော်တွေဒုက္ခရောက်ရ နဲ့ အရေးယူခံရနဲ့ သူကြောင့်ပြသာနာတွေအများင်္ကြီးပဲပေါ့ဗျာ။
ဘာတခုမှ စိတ်ကိုကအမှန်မရှိတာ၊
သူရဲ့ အတွေးအခေါ်အယူအဆက
သိပ်ကိုသိမ်ငယ်သေးကွေးနေတာ
သူအကြောင်းက အတူတူနေဖူးတဲ့သူတွေအသိဆုံးပါဗျာ။
မိန်းမကလဲ ဘ၀ရုး။
သူကြောင့် ယောကျာ်းက ရာထူးတွေအဆင့်ဆင့်တက်လာတာ
ဆိုပြီးတွေ့တဲ့သူတိုင်းကိုကြွားနေကျ။
သူပြောလိုက်ရင်
သူက နေ့တိုင်း ဓာတ်ကြီးလေးပါးဆွမ်းကပ်တယ်။
ပန်းလမ်းရေလမ်းခင်းတယ်။
ဘုရားတရားသိပ်ကြည်ညိုတယ်ပေါ့ဗျာ။
အတွင်းကတော့ကောက်ကျစ်ညစ်ထေးနေတာ။
ညွန်ညွန်ဝေရဲ့ရုပ်ကိုကြည့်ပါလား။ ဘုရားတရားရုပ်လား။
လောဘဒေါသနဲ့ တောက်ပြောင်နေတာမျက်နှာကြီးကအမြဲအဆီတ၀င်းဝင်းနဲ့။
မစားဖူးတာတွေစား၊ မရဘူးတာတွေရ၊ မာနတွေတက်ဘ၀မေ့သွားပြီ။
ဖားတာကလဲ တိုင်းမှုးခေတ်အဆက်ဆက်ကိုဖားလာတာပေါ့ဗျာ.
လားရှိုးနေတုန်းကလဲ ဗခမြင်လှိုင်ကအသေဖားခဲ့တာ။
အဲဒီမှာ စထောတာပဲငွေစမြင်ဖူးတာပဲ။
အဲဒီကနေ မော်လမြိုင်ဒုတိုင်းဖြစ် ၊
နောက်ဆုံးအခုဘ၀ရောက်တာပေါ့.
ယောက်ျားကလဲ ဂျပန်ကင်ပေတိုင်က အဖေခေါ်ရအောင် တွေ့သမျှ (မပေးကမ်းနိုင်တဲ့သူတွေကို)ပါးရိုက်တာကျွမ်းတယ်။
အဲလိုလူတွေကြောင့် တိုင်းပြည်နစ်နာလှပါတယ်ဗျာ။
ဒင်းလာဘ်စားတဲ့အကြောင်းကတော့ပြောမဆုံးဘောင်တောသုံးတောင်..21st ကငနဲက17th intake ကစီနီယာကိုတောင် လူကြားထဲဟောက်လို့ တဲ့...ဇော်မင်းက လေယာဉ်ပျက်ကျပီးကထဲက..psycho ၀င်သွားတာ..ကရင်ပြည်နယ်က အရူးကြီးအုပ်ချူပ်နေတော့ မြောင်းထဲကကိုတက်မှာမဟုတ်ဘူး...
ReplyDelete