မကြာမီ ရက်ပိုင်းအတွင်းက နိုင်ငံတကာ ထိပ်တန်း ခေါင်းဆောင်များနှင့် သူ(မ)၏ အင်းလျားကန်စောင်းရှိ အိမ်ဂေဟာတွင် တွေ့ဆုံခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီ ၂၉ ရက်နေ့တွင် တောင်တန်း တစ်ဝက်၊ ပင်လယ်တစ်ဝက် အကြား၊ ရော်ဘာတောများ အကြား၊ ဆီအုန်းတောများ အကြားတွင် ပြည်သူလူထုနှင့် တွေ့ဆုံနေပြီ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ထားဝယ် ခရီးစဉ်အတွင်း ဒေသခံ သိန်းချီ ကြိုဆိုခဲ့သည်။ ချစ်ရမည့်သူ ငတ်နေသော လူထုအတွက် ၁၉၈၈ နောက်ပိုင်း အကြီးမားဆုံး လူထု စုစည်းမှု ဖြစ်နိုင်ကြောင်း ဒေသခံတို့က ဆိုကြသည်။ အချို့က မျက်ရည်လည်သည်။ မချိတင်ကဲ ရေရွတ်သည်။ ထားဝယ်၊ လောင်းလုံ၊ မောင်းမကန် လမ်းတလျှောက် ဒေါ်အောင်ဆန်းစုကြည်မိန့်ခြွေခဲ့သော ပြောစကား ကောက်နှုတ်ချက်များကို ကောက်နှုတ် ဖော်ပြအပ်ပါသည်။
" ထားဝယ်သူ၊ ထားဝယ်သားတွေက တိုင်းရင်းသားတွေရဲ့ ခံစားမှုကို ပိုနားလည်နိုင်မှာပါ "
(နံနက် ၈ နာရီခွဲခန့်၊ ထားဝယ်NLD ရုံး)" ပြည်သူလူထုကို ပေးထားတဲ့ ကတိအတိုင်း မလုပ်နိုင်တဲ့ ကိုယ်စားလှယ်ကို နောက်တစ်ခါ မဲမပေးနဲ့။ ကျွန်မတို့ NLD က လည်း ထပ်ပြီး ခွင့်ပြုမှာ မဟုတ်ဘူး "
" NLD ဟာ ဆင်းရဲတဲ့ ဒဏ်ကို ခံနိုင်တယ် ဆိုတာ အားလုံးသိပြီး ဖြစ်တယ်။ ချမ်းသာတဲ့ ဒဏ်ကို ခံနိုင်သလား မခံနိုင်ဘူးလား သိချင်ရင်တော့ မဲထည့်လိုက်ပါ "
" တနင်္သာရီက ပြည်သူတွေရဲ့ သတ္တိပြောင်မြောက်တဲ့ အားပေးထောက်ခံမှုကို ကြည့်ပြီး တခြားနေရာတွေ ကလည်း ထောက်ခံကြမယ် "
" ကျွန်မတို့ဟာ မှော်ဆရာလည်း မဟုတ်တော့ အုံဖွ အားလုံးဖြစ်စေ ဆိုပြီး မလုပ်နိုင်ပါဘူး။ ကတိပေးနိုင်တာ တစ်ခုတော့ ရှိပါတယ်။ ကျွန်မတို့ဟာ ပြည်သူတွေကို ဘယ်တော့မှညာမှာ မဟုတ်ဘူး "
" ကျွန်မတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်ကို ပြည်သူက မထောက်ခံခဲ့ရင် အခု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် ဆိုတာ ရှိတော့မှာ မဟုတ်ဘူး "
" ကျွန်မတို့ လုပ်နိုင်တာ ရှိရင် လုပ်နိုင်တယ်လို့ ပြောမယ်။ မလုပ်နိုင်တာ ရှိရင် မလုပ်နိုင်ဘူးလို့ ပြောမယ်။ လုပ်သင့် လုပ်ထိုက်တဲ့ ကိစ္စဆိုရင် ဖြစ်အောင်ကို လုပ်ရမှာပဲ "
" ပြည်သူတွေဟာ နိုင်ငံရေး ပါတီတွေကို မဲထည့်ရုံ ထောက်ခံရုံနဲ့ မပြီးပါဘူး။ ထိန်းထားနိုင်ဖို့လည်း လိုတယ် "
အစိုးရတိုင်းကို ပြည်သူတွေက ထိန်းထားနိုင်မှ တကယ့် ဒီမိုကရေစီ ရပြီလို့ ကျွန်မတို့ ပြောနိုင်မှာပါ "
(ညနေ လေးနာရီခန့်၊ ဘေဘီစတိုး၊ ဗိုလ်ချုပ်လမ်း)
" ပထမဦးဆုံး စည်းရုံးရေးခရီး တနင်္သာရီကို ဆင်းတာ မှန်သွားပြီ "
" ပြည်သူ့အသံကို နားထောင်ရမယ်။ နားထောင်ရုံ နဲ့လည်း မပြီးဘူး။ လုပ်ချင်တဲ့ ဆန္ဒ ရှိရမယ်။ ဆန္ဒရှိရုံနဲ့လည်း မပြီးသေးဘူး ။ လုပ်နိုင်ကိုင်နိုင်တဲ့ အရည်အချင်း ရှိရမယ် "
" တနင်္သာရီ ဒေသဟာ သဘာဝ အလှတွေနဲ့ အရမ်းကို ပြည့်စုံနေတဲ့ နေရာပါ။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးက ကောင်းပါတယ်။ ဒါပေမယ့် သဘာဝ ပတ်ဝန်းကျင်နဲ့ စီးပွားရေး ဖွံ့ဖြိုးမှုကို ဟန်ချက်ညီအောင် လုပ်ရမယ် "
(နေ့လည် သုံးနာရီခန့်၊ မောင်းမကန် ကမ်းခြေ)
သတင်းရင်းမြစ်..
by The Voice Weekly
- ဟန်ထက် ပေးပို့သည်
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထားဝယ်ခရီးစဉ် မြင်ကွင်းများ...
ထားဝယ်လေဆိပ်မှ အထွက်... ကြိုဆိုသူ ပရိသတ်များ..
ရေဖြူ မြို့မှ ပြည်သူလူထု မြင်ကွင်းများ..
တအိမ်တယောက် မတက်မနေရလည်း မပြောဆိုရပါ..။ နေရာမရမှာစိုးလို့ အစောကြီးကတည်းက လာစောင့်နေကြတဲ့ အမေစုအား မေတ္တာပေးမယ့် လူထုပရိသတ်များ...
မယ်ဝယ်သားဂူလောင်း အမေစုကို ရှစ်တယ်...
ထားဝယ်သားပြည်သူများအား လေးစားဂုဏ်ယူပါသည်...။
နေခြည်မှာ ရွှေရည်လောင်း အမေစုနဲ့ ထားဝယ်ပြည်သူအပေါင်း...
ထားဝယ်သားပြည်သူများအား လေးစားဂုဏ်ယူပါသည်...။
နေခြည်မှာ ရွှေရည်လောင်း အမေစုနဲ့ ထားဝယ်ပြည်သူအပေါင်း...
ဓာတ်ပုံ ... Reuters,Getty Images












ကဲ.အယ်ဒီတာချုပ် မမ.
ReplyDeleteစစ်ဗိုလ်ချုပ်သူခိုးကြီးသမီးရေ.
ညီးပထွေးခင်ညွန့်..အဲ့သလိုမျိုးဓါတ်ပုံဖြစ်အောင်လုပ်ပြခိုင်းပါဦး..
တစ်အိမ်တစ်ယောက်မလာမနေရ.ခေါ်ချင်လဲခေါ်ပေါ့..
အမေစု ကို ၀ိုင်းဝန်းကူညီကြပါ။ မြန်မာနိုင်ငံ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့ သမီးဖြစ်တဲ့ အမေစု ကို နှစ်ပေါင်း(၁၄)နှစ်ကြာအောင် ယောက်ျားကြီးများဖြစ်တဲ့ စစ်အစိုးရ စစ်ဗိုလ်ချုပ်ကြီးများ အယောက်(၅၀)ကျော်က ၀ိုင်းဖမ်းချုပ်ခဲ့တယ်။ လက်နက်မပါတဲ့ မိန်းမသားတစ်ယောက်၊ ပြည်သူချစ်တဲ့ မိန်းမသားတစ်ယောက်ကို အနိုင်ထက်ပြုကျင့်ကာ ရက်ရက်စက်စက် သပုတ်လေလွင့် ၀ါဒဖြန့်ပြီး ၀ိုင်းချုပ်ဖမ်းဆီးခဲ့တယ်။ အဲဒီအုပ်စုဟာ အခုကြံ့ဖွံ့အစိုးရဖြစ်နေတယ်။ ၀ိုင်းဝန်းကူညီကြပါ။
ReplyDeleteဘယ်လိုကူညီရမလဲပြောပါ၊အဆင်သင့်ပါဘဲ။
ReplyDeleteGreat SHAME to corrupted, cunning, cheater, selfish, etc Burmese military junta generals & their cronies Tayz, Htay Myint, Khin Shwe, Tun Myint Naing, Aung Ko Win, Kyaw Win, etc
ReplyDeleteLook at the Dawei people greeting ASSK from their hearts
မမ ထထ ရွရွ မနေနဲ့ ပြည်သူအစစ်အမှန်ဆိုတာ ဒါကိုကြည့်ထားပါ ဟားဟား...။
ReplyDeleteှဖိုးကြီး
အမေစုမျက်နှာမြင်ရင်မရဘူး အဲခုလိုပြည်သူနဲ့တသားတည်းဖြစ်အောင်ပင်ပန်းနေတော့ဝမ်းနည်းဝမ်းသာဖြစ်ရပါ ပါတီဝင်မဟုတ်ပေမဲ့အမြဲအားပေးတယ် အားလုံးညီညီညွတ်ညွတ်နဲ့မဲနိုင်းရေး လုပ်ဆောင်ကြပါစို့
ReplyDeleteကိုဒီမိုရေ....ဒီပုံတွေကြည့်ပြီးမျက်ရည်ကျရတယ်ဗျာ။ ငိုတာမဟုတ်ပါဘူး။ ၀မ်းသာလွန်းလို့ကျတဲ့မျက်ရည်ပါ။ထားဝယ်ကညီအစ်ကိုမောင်နှစ်မအားလုံးကိုလည်း လေးစားကျေးဇူးတင်မိတယ်။ သမိုင်းစဉ်ဆက် တော်လှန်ရေးတွေမှာ ထားဝယ်သားညီအစ်ကိုအပေါင်းကျခဲ့ရတဲ့သွေးတွေ မနည်းလှဘူး။ ထားဝယ်သူရဲကောင်းတွေကိုဂုဏ်ပြုတဲ့အနေနဲ့ ဗိုလ်မှူးကြီးဗထူး တို့သားအဖရဲ့ ပုံရိပ်တွေကို ရနိုင်ခဲ့ရင် တင်ပေးစေလိုပါတယ်။ ဗိုလ်ကြီးမြင့်ထူး အကြောင်းကို ဦးခင်မောင်ညွန့်ရေးတဲ့ ...သပြေတခက် ကြွေရက်ကယ်စော..... မှာ တော်တော်ပြည့်ပြည့်စုံစုံရေးထားပါတယ်။
ReplyDelete