ဒီကနေ့ Friday 13th နေ့ဟာ မြန်မာပြည်သူတွေ ကံကောင်းခြင်းကို သယ်ဆောင်လာတဲ့ အနာဂတ်မြန်မာနိုင်ငံမှာ ကြယ်တွေ ပြိုင်တူလင်းခွင့် မြင်တွေ့ရတော့မယ့်နေ့။ မိမိတို့ ယုံကြည်ချက်ကြောင့် မတရား ထောင်သွင်း အကျဉ်းကျခံနေရတဲ့ ရဟန်း၊ သံဃာ၊ ကျောင်းသား၊ ကျောင်းသူ၊ တိုင်းရင်းသား ပြည်သူတွေပြန်လည် လွတ်မြောက်လာတဲ့ နတ်၊ လူသာဓု ခေါ်ရမယ့် နေ့ဖြစ်ပါတယ်...။
သို့ပေမယ့် တဘက်က တတိုင်းပြည်လုံး အုံအုံးကျွက်ကျွက် ဝမ်းသာပိတိ ဖြစ်နေရတဲ့ အချိန်ကိုက်မှာပဲ ပြည်ပန်းညို ချိုပါပေ့ ဆားကဖျက်ဆိုသလို (၁၃.၁.၂၀၁၂)မနက် ၁၀း၃၅က ရွှေညဝါဆရာတော် သီတင်းသုံး နေထိုင်သည့် ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် သာဓုကျောင်းတိုက်သို့ တိုင်းသံဃ မဟာနာယကမှ ယခင် ဆုံးဖြတ်ခဲ့သည့် (၄၇)ပါးစုံညီ အစည်းအဝေး စာပါအတိုင်းသာ ဆောင်ရွက်ရန် ကြည့်မြင်တိုင်မြို့နယ် သံဃမဟာနာယကအဖွဲ့သို့ ညွှန်ကြားချက် တဆင့်ပေးပို့လာပါတယ်။ ယခုလိုလုပ်ရပ်ဟာ ယနေ့ပြည်သူလူထု နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည် လွတ်မြောက်လာမှု အပေါ် အထူးအာရုံဆိုက် အလေးထားနေတဲ့ အချိန်မှာ တဘက်က တမင်လုပ်ဆောင် လာသလားဆိုတာ စဉ်းစားစရာ ဖြစ်နေပါတယ်..။
၁၃ရက်နေ့ ညနေပိုင်းက ထိုင်းနိုင်ငံမှာ တရားပွဲများ ဟောပြောပြသခဲ့ပြီး ရန်ကုန်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာတဲ့ ရွှေညဝါဆရာတော်ကြီးနဲ့ ပြန်လည်လွတ်မြောက်လာတဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီတို့ ရန်ကုန်လေဆိပ်မှာ တွေ့ဆုံစဉ်..
(ဓာတ်ပုံ.. 7 Day News Journal)
ခေတ်တွေ စံနစ်တွေ ပြောင်းနေပါပြီ သံဃမဟာနာယက ဆရာတော်ကြီးများအား မေတ္တာရပ်ခံ ဝိုင်းဝန်းတောင်းဆို ပေးကြပါ..။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၁၅)ရက်နေ့က နိုင်ငံတော် သံဃမဟာနာယကထံသို့ အသနားခံစာ တောင်းပန် လျှောက်ထားလွှာ ရေးပို့ခဲ့သလို...။ ပြည်သူလူထုရဲ့ လက်မှတ်ရေးထိုးလွှာ ၅သောင်းကျော်ကိုလည်း ဆက်လက်ပေးပို့ရန် စီစဉ်ထားပါတယ်..။



ဟာ ဆ၇ာတော်ဘု၇ားကြီး ကို အဲလိုမလုပ်သင့်ပါဘူး ပြော၇င် င၇ဲ၇တော့မယ်
ReplyDeleteအခုတစ်ကြိမ်လုပ်ရမှာက Phone Blast campaign ဖြစ်ပါတယ်.. ဥက္ကဌ - ဒုဥက္ကဌ ဆရာတော် တွေ နဲ့ အကျိုးဆောင်ဆရာတော်ရဲ့ ဖုံးနံပါတ်တွေ letter head မှာ ဖေါ်ပြထားပါတယ်.. အဲဒီနံပါတ်တွေကို ဆက်ရပါမယ်.. script ရေးထားရပါမယ်.. ဘယ်လို လျှောက်တင်ရမလဲ ဆိုတာကိုပါ.. ဥပမာ-- ဟလို-- တပည့်တော် -- မည်သူ မည်ဝါပါဘုရား-- တပည့်တော် ဥက္ကဌ ဆရာတော်ကို လျှောက်ချင်လို့ပါဘုရာ့.. စသဖြင့် ရွှေည၀ါ ဆရာတော်ရဲ့ သာသနာ အကျိုးပြု အကောင်းသဘောတွေတင်ပြပြီး -- ရန်ကုန် မဟန ကိစ္စ တရားမျှတမှုမရှိကြောင်းနှင့်.. ရုတ်သိမ်းပေးပါရန် ဆိုသည့်အကြောင်း စသဖြင့် -ထိထိမိမိ လိုတိုရှင်း -တယ်လီဖုန်း script များရေးစေလိုသည်.. ထို့နောက် မိမိ သိသမျှ - သို့ ရင်နှီးသမျှ မိတ်ဆွေ များကို မိမိရှေ့မှောက်မှာ ဖုန်းဆက်လျောက်ထားစေလိုသည်.. နောက်မှ -- ဖြည်းဖြည်းမှ ဆိုရင် -ဘယ်တော့မှ ဖြစ်လာမည်မဟုတ်ပါ.. သို့ ဈေး သို့မဟုတ် လူစည်သော နေရာများတွင် ခေါက်စားပွဲ တစ်လုံးချ၍ လက်ကိုင်ဖုံး ၄ လုံးလောက်နှင့် မိမိကိုယ်တိုင် ခေါ်ပေးနိုင်သော် ပိုမိုကောင်းပါသည်.. လိုအပ်သော ကုန်ကျငွေများကို ရွေည၀ါ ဆရာတော်ကို ကြည်ညိုသော ဒကာများ.. သာသနာ ကောင်းကျိုးကို ကြည့်သော ဒကာဒကာမ များက လှုဒါန်းလိမ့်မည်ဟုယူဆ.. ကျနော်ကတော့ အဝေးကနေ အိမ်မပြန်နိုင် ဖြစ်နေ၍ ပါဝင်မပါတ်သက်နိုင်ပါ.. ဒီမှာတော့ ထိုကဲ့သို့ phone blast campaign များသည် ထူးခြားကိစ္စ မဟုတ်-- သို့သော် အင်မတန် ထိရောက်သော စတွယ်တေးဂျီ ဗျုဟာ တစ်ခုဖြစ်ပါကြောင်း... ကိုကိုခိုင်
ReplyDeleteဟုတ်ပါတယ်။ ဖုန်းကမ်ပိန်းလုပ်ကြမယ်ဗျို့... ဆရာတော်ကြီးတွေအိပ်တဲ့အချိန်မှဆက်မယ်၊။
ReplyDeleteဆရာတော်ရဲ့ အသနားခံစာနဲ့ လူထုရဲ့ အသံကို အလေးအနက်ထားစေချင်ပါတယ်
ReplyDeleteဒါကို အစထားပီး ပဿနာတွေ ထပ်မဖစ်စေချင်ပါဘူး
ြြုြ