Pages

Wednesday, January 4, 2012

စင်ကာပူနိုင်ငံရှိ ဗြဟ္မစိုရ် နှလုံးသားအသင်းမှ စက်ဆန်း မီးလောင်မှုပေါက်ကွဲမှုတွင် အသက်ပေးလှူသွားခဲ့သော မီးသတ်တပ်ဖွဲ့ဝင် ၅ဦးအား ဗြဟ္မစိုရ်နှလုံးသား ဂုဏ်ပြုဆုနှင့် တဦးလျှင် ကျပ်ငွေ(၅)သိန်းစီ ပေးအပ်လှူဒါန်းခဲ့.(သတင်း၊ ဓာတ်ပုံ)

ရန်ကုန်၊ဒီဇင်ဘာ-၁
စင်ကာပူနိုင်ငံရှိ ဓာတ်တော်တိုက် ဆရာတော်ဦးစီးသော ဗြဟ္မစိုရ်နှလုံးသားအသင်းသည် မီးလောင်ပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် သေဆုံးခဲ့ကြသော မီးသတ်ဝန်ထမ်း ငါးဦးအား ဗြဟ္မစိုရ်နှလုံးသား ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။ ရန်ကုန်မြို့ စက်ဆန်းရပ်၊ ကတို့ဆိပ်ရပ်ကွက်၌ ဒီဇင်ဘာလ ၂၉ရက်၊ မနက် ၁ နာရီ ၄၀ မိနစ်တွင် မီးလောင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး တာမွေမြို့နယ်မှ မီးသတ်ဝန်ထမ်း လေးဦးနှင့် ဗဟိုမီးသတ်ဌာနမှ မီးသတ်ဝန်ထမ်းတစ်ဦး သေဆုံးသွားခဲ့ရပါသည်။
ထို့သို့တာဝန် ထမ်းဆောင်စဉ် ကျဆုံးသွားခဲ့ကြသော မီးသတ်ဝန်ထမ်း ငါးဦးအတွက် ဗြဟ္မစိုရ်နှလုံးသား အသင်းမှ တစ်ဦးလျှင် ကျပ်ငါးသိန်းစီ ကျန်ရစ်သူ မိသားစုများထံသို့ ပေးအပ် လှူဒါန်းခဲ့ကြခြင်း ဖြစ်သည်။ ဗြဟ္မစိုရ်နှလုံးသား အသင်းသည် မီးလောင် ပေါက်ကွဲမှုကြောင့် ထိခိုက် ဒဏ်ရာရရှိခဲ့သူများ၊ ပျက်စီးဆုံးရှုံးခဲ့ကြသော ဒေသခံပြည်သူလူထုအတွက် စုစုပေါင်း ကျပ်ငွေ လေးဆယ့်နှစ်သိန်း ပေးပို့ လှူဒါန်းခဲ့သည်။
 စင်ကာပူနိုင်ငံရှိ ဗြဟ္မစိုရ်နှလုံးသား အသင်း၏ အလှူဒါနအား ဝမ်းမြောက်၊ ဝမ်းသာ သာဓုခေါ်ဆို အပ်ပါသည်..။
သတင်း၊ ဓာတ်ပုံ ပေးပို့လာတဲ့ ဦးတင်မောင်ဝင်းအား ကျေးဇူးတင်ပါသည်...။ 

5 comments:

  1. ဒီလိုနေရာမျိုးတွေမှာ မြန်မာနိုင်ငံက သူဌေးကြိးများဖြစ်တဲ့ ဦးတေဇ၊ဦးဇော်ဇော်နဲ့ ဦးခင်ဇော်တို့ ဘယ်ရောက်နေလဲမသိဘူး...

    ReplyDelete
  2. အောင်မြင်January 4, 2012 at 5:52 AM

    ဒီကောင်တွေလှောင်ထားတဲ့ဟာတွေ မီးလောင်ပြီး ထပေါက်တာဖြစ်မှာပေါ့။ အန္တရာယ်ကြီးမှန်းသိလျက်နဲ့ အမြတ်များများမကျန်မှာစိုးလို့ ဘေးကလူတွေဘယ်သူဘာဖြစ်ဖြစ်ဆိုပြီး ကာကွယ်ရေးအတွက်ဘာမှမလုပ်ဘဲ စုပြုံလှောင်ထားလို့အခုလိုဖြစ်ရတာ။အဲဒီပိုင်ရှင်ခွေးမသားတွေကို ဖေါ်ထုတ်ပြီးပြင်းပြင်းထန်ထန် အရေးယူသင့်တယ်။တဘို့တည်းကြည့်တတ်တဲ့နွားတွေ။

    ReplyDelete
  3. သိန်းပေါင်းထောင်ချီအကုန်ခံပြီး ရေသဘင်ပွဲကျင်းပတဲ့ ကိုတေဇတို့၊ဆီဒိုးနားမှာ ညစာစားပွဲကြီးတွေကျင်းပတဲ့ ကိုဇော်ဇော်တို့က တစ်ပြားမှ လှူတာ မတွေ့ရပါလား။

    ReplyDelete
  4. တေဇ ( သန်းရွှေသားမက် )January 4, 2012 at 11:24 PM

    မလူဘူးဟေ့.သေအေးတာပဲ.
    အကုန်သေကုန်မှ.တို့တစ်ဖွဲ့ထဲနေချင်သလိုနေလိုရပီ.

    ReplyDelete
  5. သာဓု သာဓု သာဓု ကောင်းတယ် ဒကာတို့ ဒကာမတို့ ဒိထက်ပိုပြီး လူမှု အကျိုးတွေ ပြုနိုင်ကြပါစေ။
    စက်တင်ဘာဦးနေမိန္ဒ ( အမှန်တရားကို ဘယ်သူ အနိုင်ရဖူးလဲ)

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။