Pages

Thursday, January 12, 2012

ဇလွန်မြို့မှ မတရားပြုကျင့်ခံရတဲ့ GTCကျောင်းသူ အမှု လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ရက် HRDPမှ အမှုမှန် ပေါ်ပေါက်ရေးအတွက် ဆက်လက်လိုက်ပါ ဆောင်ရွက်မည်..

ဇလွန်မြို့မှ မတရားပြုကျင့်ခံရတဲ့ ဟင်္သာတ GTCကျောင်းဆင်း မသင်းသင်းကြူလှိုင် အမှုအား ပြီးခဲ့တဲ့ ဇန္နဝါရီလ(၃)ရက်နေ့က ဟင်္သာတခရိုင် တရားရုံးမှ တရားခံ ဦးမင်းသီလအား အမှုမှတရားသေ လွှတ်ပေးခဲ့ပါတယ်...။ အဆိုပါ အမှုနှင့်ပတ်သက်ပြီး အမှုမှန်၊ အဖြစ်မှန် ပေါ်ပေါက်ရေးအတွက်.. လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ရက် (HRDP) အဖွဲ့မှ ဆက်လက်လိုက်ပါ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရှိရပါသည်..။

ထို့အတူ အဆိုပါ အမှုနှင့် ပတ်သက်ပြီး အဖြစ်မှန် ပေါ်ပေါက်ရေးအတွက် ဟင်္သာတ GTC ကျောင်းသူ/ ကျောင်းသားများမှလည်း  မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်သို့ လက်မှတ်ရေးထိုး တိုင်ကြားမည် ဖြစ်ကြောင်း သိရှိရပါသည်...။

အမှုမှာ အသက်(၂၀)အရွယ် ဟင်္သာတ နည်းပညာတက္ကသိုလ် AGTI (Civil) ဘွဲ့ရ မသင်းသင်းကြူလှိုင်အား ဇလွန်- ညောင်တုန်း  မီးရထားလမ်း ဖောက်လုပ်ရေး ကန်ထရိုက် တာဝန်ခံ ဦးမင်းသီလမှ (၁.၇.၂၀၁၁)တွင် အလုပ်ခန့်ပြီး ၄ရက်အကြာ (၄.၇.၂၀၁၁)တွင် အလိုမတူပဲ သားမယားပြုကျင့်ခဲ့သော အမှုဖြစ်ပါသည်။ အမှုဖြစ်စဉ်နှင့် မသင်းသင်းကြူလှိုင် ရုပ်သံဖိုင် ပြန်ဖတ်လိုလျှင်... Click

အထက်ပါ အမှုဖြစ်စဉ်နှင့် အတူမိမိကိုယ်တိုင် မတရားပြုကျင့်ခံရ၊ မိခင်ကအသတ်ခံရ၊ ဖခင်က မတရားဖမ်းခံရပြီး ငွေများတရားနိုင် အဖြစ်နဲ့ကြုံတွေ့နေရတဲ့ ဟင်္သာတမြို့နယ် လိပ်ချောင်းကျေးရွာ အုပ်စုမှ မစုဝေသော်ရဲ့ အမှု၌လည်း  တရားရုံးမှ မစုဝေသော်၏ ဖခင်အား ၁၀နှစ်  ပြစ်ဒဏ်ချမှတ် လိုက်ပြီး မစုဝေသော်အားလည်း သားမယား ပြုကျင့်ခံရပြီး ရရှိလာသော  ခလေးအား ဖျက်ချမှုဖြင့် တရားဆက်စွဲဆိုမှာ ဖြစ်ကြောင်း သိရှိရပါတယ်..။ မစုဝေသော် အမှုဖြစ်စဉ်နှင့် မစုဝေသော် ရုပ်သံဖိုင် ပြန်ဖတ်လိုလျှင်.. Click

လက်ရှိ မြန်မာပြည်ရဲ့ တရားရေး မဏ္ဍိုင်အခြေအနေတွေပါ..။ မိမိထံသို့လည်း တရားခံ ဦးမင်းသီလဘက်မှ ကာကွယ်ရေးသားချက်အား တစ်ဦးအီးမေးလ်မှ တစ်ဆင့် ပေးပို့လာသလို ကျန်တဦးမှ ကွန်မာန့်ဖြင့်လည်း ဖြေရှင်းထားတာ တွေ့ရပါတယ်..။ ဦးမင်းသီလဘက်မှ ဖြေရှင်းရေးသားထားတဲ့ အီးမေးလ်မှ ပေးပို့လာသူက တရားစီရင်ချက် အသေးစိတ်အား ဥပဒေပုဒ်မများဖြင့် ဖော်ပြထားပြီး အဓိက ထွက်ဆိုသူ တော်ဝင်နဂါး စားသောက်ဆိုင်မှ သက်သေ မောင်စန်းသူရိန်ထွန်းရဲ့ ထွက်ဆိုချက်ကို ရေးသား ဖော်ပြထားပါတယ်...။ မောင်စန်းသူရိန်ရဲ့ ထွက်ဆိုချက်နဲ့ ပတ်သက်ပြီး မသင်းသင်းကြူလှိုင်ရဲ့ အဒေါ်ဖြစ်သူ ဒေါ်မြမြထွေး (လက်ထောက်ကထိက ဒဿနိသဋ္ဌာန ဟင်္သာတတက္ကသိုလ်)ရဲ့ တိုင်ကြားစာမှာ ဖတ်ရှုနိုင်ပါတယ်..။

တရားကို နတ်စောင့်ပါတယ်လို့ ရေးသားထားတဲ့ ကွန်မာန့်တခုကို ဖတ်ရှုလိုက်ရလို့ လက်ရှိ မြန်မာပြည်မှာ ဖြစ်ပေါ်နေတဲ့ တရားစီရင်ချက်တွေမှာ တရားကို နတ်စောင့်၊ မစောင့်ဆိုတာ အထူးပြောစရာလိုမည် မထင်ပါ..။ အားလုံးသိပြီး ဖြစ်ပါတယ်...။ တရားကို စောင့်တဲ့နတ်က နတ်ကောင်း၊ နတ်မြတ်လား မာရ်နတ်လား၊ ဥပဒေအထက်မှာ ရှိနေကြတဲ့ အာဏာပိုင်တွေလား၊ ငွေရှင်ကြေးရှင်တွေလား ဆိုတာကတော့ ဆုံးဖြတ်ချက်ချသူ တရားသူကြီးသာ အသိဆုံးဖြစ်ပေလိမ့်မည်..။

6 comments:

  1. ကောင်းပါတယ်။ အထက်အဆင့်ဆင့်တက်မယ်ဆိုလို့။ ဒါမျိုးဖြစ်သင့်ပါတယ်။ ကျွန်တော်က
    မင်းသီလဘက်က ကာကွယ်ပြီးပြောနေတာမဟုတ်ပါဘူး။
    ဒါပေမယ့်တခုသတိပေးချင်တာက
    အမှုတခုစစ်တဲ့နေရာမှာသက်သေက အဓိကပါ။
    ဆုံးဖြတ်ချက်ချတဲ့နေရမှာ သက်သေထွက်ဆိုချက်ကို
    အဓိကထားပြီးဆုံးဖြတ်တာပါ။
    အဲ့ဒီတော့အထက်အဆင့်ဆင့်တက်တဲ့အခါ
    အနိုင်ရအောင်လုပ်မယ်ဆိုရင် ကိုယ့်ဘက်က သက်သေတွေကို
    သေသေချာချာခိုင်မာအောင်တည်ဆောက်ပါ။
    ဇလွန်အချူပ်ခန်းထဲက လက်နက်မှုနဲ့ အချုပ်ကြခံထားရတဲ့
    အချုပ်သားတစ်ယောက်က သင်းကြူကြူလှိုင် အမေနဲ့
    မင်းသီလဆိုသူ တို့ ရဲစခန်းဒီအတွက်ကိစ္စအတွက် အခြေအတင် ပိုက်ဆံကိစ္စဆွေးနွေးနေတယ်
    ဆိုတာကိုတွေ့လည်းတွေ့တယ်၊ ကြားလည်းကြားတယ်လို့
    လို့လက်ညှိုးငေါက်ငေါက်ထိုးပြီးတရားရုံးမှာ ထွက်ဆိုသွားပါတယ်။
    အဲ့ဒီသက်သေဟာ မင်းသီလဆိုသူနဲ့လည်းသိသူမဟူတ်သလိုသင်းကြူကြူလှိုင်နဲ့
    လည်းမသိတဲ့
    တဲ့အတွက်
    ကြားနေသက်သေတဦးပါ။
    အဲ့ဒီတော့သက်သေတွေကိုကိုယ့်ဘက်က ခိုင်မာအောင်တည်ဆောက်ပါ။
    သေသေချာချာပြင်ဆင်ပြီးမှအထက်အဆင့်ဆင့်ကိုတက်ပါ။
    ဒါပေမယ့်ခုနလိုမျက်မြင်သက်သေမျိုးတွေများနေတယ်ဆိုရင်
    ဒီအမှုအတွက်အခြေအနေမကောင်းနိုင်ဘူးလို့
    HRDP မှလူများကိုအကြံဥာဏ်ပေးပါရစေခင်ဗျာ။

    ReplyDelete
  2. moeset နင်က ဒီအမှုကို တော်တော်စိတ်ဝင်စားတာပဲနော် နင်နဲ့ ဒီကောင် မင်းသီလ နဲ့ ဘယ်လိုများ ပတ်သက်နေလဲ ဟင်

    ဟင်း ဟင်း သိပ်တော့ မရိုးသားဘူး ထင်တယ်နော်....
    နင် ကိုယ့်စကားလုံးတွေကိုလဲ ပြန်ကြည့်အုံးနော် ဘယ်သူ့ဘက်က ပါနေလဲဆိုတာကိုလေ
    မင်းသီလ နဲ့ moeset ဘယ်လိုများ တော်စပ်နေပါလိမ့်.....

    ReplyDelete
  3. အေးလေ အပေါ်က မိုးစက် ကွန်မန့်အတိုင်း မြင်တဲ့ သက်သေ ရှိတယ်ဆိုရင်လည်း ..... နံမည်နဲ့ လိုက်တဲ့ မင်းသီလ က အကျင့်ကောင်းကောင်းနဲ့ မိန်းကလေးတစ်ဦး ကို စော်ကားပြီးတော့မှ သူ့မိဘကို ပိုက်ဆံနဲ့ ဆို့ ဖို့ ကြိုးစားလို့ သူ့အမေက လက်မခံ ပဲ အခြေအတင် ဆွေးနွေးနေတာ ဖြစ်နိုင်တာပေါ့။ သူရေးတဲ့ စာထဲမှာကို အဖြေက ပါနေပြီလေ.....

    ReplyDelete
  4. မင်းသီလ နဲ့ ဒီမတရားသူကြီးကတော့ ဟိုအပေါ်က ပြောင်းလဲပြချင်သူတွေနဲ့ နာကြတော့မယ်...

    ReplyDelete
  5. ကျွန်တော်ပြောတာကိုခင်ဗျားတို့အထင်လွဲနေပြီနဲ့ထင်တယ်။
    ကျွန်တော်ပြောချင်တာက
    အထက်အဆင့်ဆင့်ကိုတက်ရင်လည်း
    သက်သေထွက်ချက်တွေကိုဘဲအခြေခံပြီးဆုံးဖြတ်မှာဘဲဖြစ်တဲ့အတွက်
    မိန်းကလေးဘက်က တကယ်နစ်နာခဲ့တယ်ဆိုရင်
    ကြိုတင်ပြင်ဆင်ထားဖို့ပြောနေတာ။
    မိန်းကလေးဘက်က ရုပ်သံဖိုင်တင်ထားတယ်။
    ဒါကလည်းတော်ရုံမိန်းကလေးမလုပ်ဝံ့တဲ့
    သတ္တိရှိမှုဘဲ။
    အဲ့ဒီအပေါ်က Anonymous ပြောထားသလို
    တွေးလို့လည်းရနိုင်တယ်လို့ပြောပေမယ့်
    ဟိုဘက်က လက်နက်မှုနဲ့အချူပ်ကျနေတဲ့
    သက်သေထွက်သွားတာ
    အဲ့ဒီလိုမဟုတ်တဲ့အတွက်
    ဒီအမှုမှာသူတို့တွေရှုံးသွားတာဖြစ်တယ်။
    ဒါကြောင့်သက်သေကိုခိုင်ခိုင်မာမာ ဖြစ်အောင်
    ကြိုးစားတည်ဆောက်ပါ။
    အဲ့ဒီလိုတည်ဆောက်မှ
    သူတို့တွေပြန်လည်ရင်ဆိုင်တဲ့အခါ
    အနိုင်ရနိုင်တယ်။
    အဲ့ဒီလိုမဟုတ်ရင်အထက်အဆင့်အဆင့်
    တက်တဲ့အခါ
    သက်သေထွက်ချက်က အရင်လိုဘဲမခိုင်မာခဲ့ရင်
    မိန်းကလေးအနေနဲ့တကယ်နစ်နာခဲ့တယ်ဆိုရင်
    အရှုံးနဲ့ထပ်ပြီးရင်ဆိုင်မှာဖြစ်လို့သတိပေးတာပါ။
    HRDP ကလူကြီးမင်းတွေကို။
    ကျွန်တော်လည်းဘယ်လိုဆက်ဖြစ်မလဲဆိုတာ
    ဒီအမှုကို စိတ်ဝင်စားတဲ့သူတစ်ယောက်အနေနဲ့
    ဆက်ပြီးသိချင်လို့ စောင့်ကြည့်နေပါတယ်။
    အဲ့ဒီတော့တကယ်နစ်နာခဲ့တာ
    အမှန်အကန်ဆိုရင် သက်သေတွေကိုပိုမိုခိုင်မာအောင်
    တည်ဆောက်ပြီးရင်ဆိုင်ပါလို့ပြောတာ။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။