Pages

Thursday, February 9, 2012

အမေနှင့် အောင်နိမိတ်များ (ကဗျာရှင် နေရဲနီ) ....


အမေနှင့် အောင်နိမိတ်များ
(ကဗျာရှင် နေရဲနီ)

အမေ နေထိုင်တာ
ပါဝါ (၅၄)
တြင်းကြေ န၀င်းကြေ
ဘာနဲ့မှချေလို့မကြေ
ကတ်ကင်းနဲ့ ဓာတ်ရိုက်ဓာတ်ဆင်ဒဏ်ကို
နှစ်ပေါင်းနှစ်ဆယ်ကျော်ခံလာတာ
စိန်သားလိုမာပြီး
စိန်ရောင်လိုတဖျက်ဖျက်တလက်လက်
ယနေ့ထက်တိုင်အပြုံးမပျက်။

အမေ ဝင်ပြိုင်မှာ
ကော့မှူးမြို့နယ်
အာဏာ ပါဝါနဲ့ ကိုယ့်ကိုယ်ကိုအမွှန်းတင်
မှူး ဆိုတဲ့စကားလုံးကို
အသက်လိုခင်တွယ်ပြီး
တသက်လုံးဖက်ထားချင်သူများ
ကျော ကော့ အောင်သာခံဘို့ရာ
ပြင်ထားကြပေတော့။

အမေ သန်းခေါင်စာရင်းသွင်းတာ
ဝါးသင်္ခရွာ။
ပြည်သူ့ဘဏ္ဍာကို
မတော်မတရား ဝါး ထားတဲ့သူတွေလည်း
သင်္ခါရ ဥပဒေတရားနဲ့သာရွေ့ကြပေတော့။

အမေ ထားဝယ်သွားတုန်းက
အမေ ချီလာတဲ့လမ်းကြောင်းပေါ်မှာ
ဆင်စီးလာတဲ့ ရှင်ဘုရင်တောင်
လမ်းဘေး ဆင်းရှောင်ပေးခဲ့ရတယ်။
ဘုရင်ရူးရူးနေတဲ့သူတွေလည်း
ကိုယ့်အကြောင်းကိုယ်သိရင်
ခုကတည်းက တော်ရာကို
ကြိုတင်ကာ ရှောင်ရှားကြပေတော့။

အတိတ်နိမိတ်တွေကတော့ပြနေပြီ
မကြာခင်မှာ
အာဏာရှင်တွေ ရင်ထိတ်ပြီး
ပြည်သူတွေဘ၀ စိတ်အေးချမ်းရတော့မယ်။

နေရဲနီ

10 comments:

  1. ဆရာ့ကဗျာတွေကတော့ ကောင်းပြီးရင်းကိုကောင်းနေတော့တာပါဆရာ
    မင်္ဂလာရှိလိုက်တာဗျာ
    အတိတ်တဘောင် နိမိတ်ဆောင်
    ဇမ္ဘူဒီပါလက်ယာတောင်ကျွန်း အောင်အတိတ်အောင်နိမိတ်တွေထွန်းပြီဆရာ
    ဗုဒ္ခဘာသာမြန်မာနိုင်ငံတော်ကြီး ဘေးကွင်းရန်ရှင်းအန္တရယ်ကင်းပြီး
    နိုင်ငံတော်သားများလိုရာပန်းတိုင်ကိုအမြန်ဆုံးရောက်ပါစေ

    ReplyDelete
  2. ဘုရင်ရူးရူးနေတဲ့သူတွေလည်း
    ကိုယ့်အကြောင်းကိုယ်သိရင်
    ခုကတည်းက တော်ရာကို
    ကြိုတင်ကာ ရှောင်ရှားကြပေတော့။

    အတိတ်နိမိတ်တွေကတော့ပြနေပြီ
    မကြာခင်မှာ
    အာဏာရှင်တွေ ရင်ထိတ်ပြီး
    ပြည်သူတွေဘ၀ စိတ်အေးချမ်းရတော့မယ်။

    Excellent

    ReplyDelete
  3. ရဲဘော်တို့.သိတ်လဲမပြောကြပါနဲ့ဦး...
    တော်ကြာဒီငနွားတွေ.နောက်ကြာင်းပြန်လှည့်သွားဦမယ်..
    ဒီကောင်တွေ.ဂတိတွေ.သစ္စာတွေ.ဆိုတာနားလည်တဲ့အတန်းအစား
    ထဲမှာမပါဘူး..သိန်းစိန်ပြောသွားငါပြောတာမဟုတ်ဘူးဆိုပီး.
    ပြောင်လိမ်ပြောင်စားလုပ်နေဦးမယ်..

    ReplyDelete
  4. ဒေါ်စုကတော်တော် ဘေးကလူတွေကကဲကဲ သိပ်လဲမြောက်မနေနဲ့ ဦးသန်းရွှေက မီးစိမ်းပြခဲ့လို့  ဒီလိုဖြစ်လာတာ ဒီအခြေအနေ ရောက်လာတာ။

    ReplyDelete
  5. မင့်အမေရိုး ဦးသန်းရွေလား ..ခွေးမသား အခုထိ မျိုးမစစ် မျိုးဖျက် တိုင်းပြည်ဖျက် သာသနာဖျက် လဒ စောက်ကျက်သရေတုန်းကို တမ်းတနေတုန်း ..

    ReplyDelete
  6. သန်းရွေကပေးချင်လို့ပေးတာလို့မထင်ပါနဲ့။ သူ့ကို ICC ကနေ အရေးယူတော့မှာ သိလို့ ဒီငနဲု့ကီးပြေးတာဗျိ သိရဲ့လား၊

    ReplyDelete
  7. Anonymous ဆိုတဲ့ ပုဂ္ဂိုလ် ခင်ဗျားကကြံဖွတ်ကလား?ဒါမှမဟုတ် သန်းရွှေဆိုတဲ့ အကောင်ရဲ့ 
    အောက်ဆွဲလား အဲဒါလေးကိုသိချင်ပါတယ်။

    ReplyDelete
  8. သန်းရွှေကမီးစိမ်းပြလို့လို့ပြောရအောင် မင်းအမေလင်သန်းရွှေက နိုင်ငံတကာစစ်ခုံရုံးအတင်ခံရမှာကြောက်လို့ ၊ သူကိုယ်တိုင်လည်းအိုမင်းမစွမ်းဖြစ်လာတာသိလို့ အခုလိုမီးစိမ်းပြချင်ယောင်ဆောင်ခဲ့တာကွ။ အခုအပြောင်းအလဲတွေဟာ စစ်ခွေးဘီလူးခင်ညွန့်ရေးဆွဲခဲ့တဲ့ မာယာတွေအပြည့်နဲ့ 7 Steps Road Map ရဲ့ ဗျူဟာတွေကွ။ အမေစုကမသိတာမဟုတ်ဘူး။ မသိချင်ယောင်ဆောင်သင့်တာကို မသိယောင်ဆောင်ပြီး ရသလောက် နိုင်ငံနဲ့ လူမျိုးအတွက်လုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်တာကွ။ ပြီးမှတဖြေးဖြေးနဲ့ အခြေခံဥပဒေထဲက ပြင်သင့်တာတွေပြင်ရမှာ။ နိုင်ငံတကာကလည်း NLD မပါတဲ့ ရွေးကောက်ပွဲနဲ့ လွှတ်တော်ကို လက်ခံမယ်ထင်လို့လား။ မင်းအမေလင်သန်းရွှေဘေးကျပ်နံကျပ်ဖြစ်နေတာကိုရောသိလား။
    ဒီကောင်တွေ နိုင်ငံတကာကထောက်ပံ့ကြေးတွေနဲ့ ချေးငွေတွေ ၊ တိုင်းပြည်ရဲ့သယံဇာတတွေကို အလွဲသုံးစားလုပ် ပြီး သူတို့ကိုအကာအကွယ်ပေးမဲ့ ဥပဒေတွေနဲ့ တပည့်တွေထားခဲ့ပြီး အိမ်ကနေ မြန်မာပြည်နိုင်ငံရေးကို ရုပ်ရှင်ကြည့်သလို ဇိမ်နဲ့ကြည့်နေတာကွ။ မင်းရဲ့ ပေါက်လို့ပဲစားအသိလောက်နဲ့ COMMENT တွေဝင်ဝင်ပေးမနေပါနဲ့ကွာ။

    ReplyDelete
  9. အမေစုချစ်သူFebruary 23, 2012 at 7:03 PM

    သန်းရွှေကမီးစိမ်းပြခဲ့တယ်ဆိုတဲ့လူ
    ခင်ဗျားထမင်းစားပြီးကြီးတဲ့သူတော့ဟုက်ပါတယ်နော်
    နိုင်ငံတကာမှာစစ်အာဏာရှင်တွေဘယ်လိုဇာတ်သိမ်းတယ်ဆိုတာများရောခင်ဗျားသတင်းတွေပေါ်မှာ
    တွေ့မိကြားမိရဲ့လား ကျက်သရေတုံးက သူဇာတ်သိမ်းသူကြိုမြင်လို့ အချိန်မီအခါမီအထုတ်ထုပ်ပြီး ကျောကော့ဆင်းသွားတာကိုကလေးအတွေးနဲ့ ၀င်မရေးရင်ကောင်းလိမ့်မယ်.........

    ReplyDelete
  10. Anomynous ဆိုတဲ့လူ အခုတစ်မျိုးတော်ကြာတစ်မျိုးနဲ့
    ရူးနေလား? ဦးနှောက်ကကျပ်မပြည့်ဘူးနဲ့တူတယ်။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။