အရောင်ပြောင်းသော လူလည်ကြီးများ အပိုင်း(၁)
ဆောင်းပါးရှင်- ရွှေဓူဝံ
မြန်မာ့လူမှု ဆက်ဆံရေးနယ်ပယ်တွင် “သာကူး” ဆိုသည့် စကားလုံးကို လူတိုင်းနားလည်ကြပါသည်။ သာကူးဆိုသည့်လူများသည် အများအားဖြင့် လူလည်ကျသောသူ၊ ရှေ့တစ်မျိုး နောက်တစ်မျိုး လုပ်တဲ့သူ၊ သူ့ရဲ့အခွင့်အရေး သူ့ရဲ့အကျိုးစီးပွားအတွက် မျက်နှာပြောင်တိုက်ပြီး ကျေးဇူးရှင်ကို ကျေးစွပ်ရန် ၀န်မလေး တတ်သူများ ဖြစ်ကြပါသည်- တစ်နည်းအားဖြင့် သာကူး လုပ်တတ်သူများသည် အခြေအနေ၊ အချိန်အခါကို ကြည့်၍ အရောင်ပြောင်းသွားသော လူလယ်ကြီးများ၊ ကျေးဇူးကန်းတတ်သူများ ဖြစ်လေ့ရှိပါသည်။ မည်သို့ပင် ဆိုစေကာမူ အနှီသာကူး လုပ်တတ်သူ လူလည်ကြီးများသည် ခေတ်အဆက်ဆက်တွင် အခွင့်ထူးခံ လူတန်းစား များဖြစ်ပြီး စီးပွားရေး၊ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးပိုင်းတွင် အများအပြားရှိနေပါသည်။
ယနေ့နိုင်ငံတော်သည် ထင်သာမြင်သာရှိသော နိုင်ငံရေးစံနစ် အပြောင်းအလဲနှင့်အတူ စီးပွားရေးအခွင့် အလှမ်းနှင့် လုပ်ပိုင်ခွင့်အာဏာများသည် ယခင်စစ်အစိုးရ လက်ထက်နှင့် မတူသော ပတ်ဝန်းကျင်တစ်ခုသို့ ကူးပြောင်းနေပြီဖြစ်ပါသည်။ အထူးသဖြင့် ဒီမိုကရေစီခေါင်းဆောင်ကြီးနှင့် ယခင် စစ်ဗိုလ်ချုပ်ကြီးဟောင်း ပြုပြင် ပြောင်းလဲရေး လိုလားသူဟု ဆိုသော သမ္မတကြီး ဦးသိန်းစိန်တို့၏ နိုင်ငံရေး ကစားကွက်အောက်တွင် အခွင့် အရေးသမား လူလည် စီင်္းပွားရေးသမားကြီးများ၏ သာတဲ့ဘက်ကို ကူးပြောင်းမည့် ခြေလှမ်းကြီးများကို သိသာ ထင်ရှား မြင်တွေ့ နေရပါသည်။ ထိုလူလည် စီးပွားရေးသမားများသည် “သာကူး”များသာဖြစ်ပြီး လက်ရှိကြံ့ဖွတ် အစိုးရကို ညာဘက်အိပ်ကပ်ထဲ ထည့်ပြီး၊ NLD ၏ နိုင်ငံရေးလှုပ်ရှားမှု ရေချိန် မြင့်တက်လာမှုကို အဓိက ထောက်ပံ့မှုပေးပြီး ဘယ်ဘက်အိတ်ကပ်သို့ ပြောင်းနေကြပြီ ဖြစ်ပါသည်။ ထိုသို့လုပ်ဆောင်နေသူ လူလည်ကြီး များ၏ လောဘမသတ် နိုင်သည့် လုပ်ရပ်များကို အပိုင်းလိုက် တင်ပြသွားပါမည်။
နိုင်ငံရေးမှ စီးပွားရေး၊ စီးပွားရေးမှ နိုင်ငံရေးသို့ ပြောင်းလဲမည့်သူ (သို့မဟုတ်)
စစ်တပ်ကို အသုံးချသော
နိုင်ငံရေးသမား ဦးချစ်ခိုင်(NLD-GE)
ဧဒင်ဥက္ကဌကြီး ဦးချစ်ခိုင်ဆိုတာနဲ့ စစ်တပ်ပိုင် အဆောက်အဦးတွေကို လက်ဝါးကြီးအုပ် ဆောက်လုပ်ခွင့် ရရှိပြီး ထိပ်ထိပ်ကြဲ သူဌေးကြီးဖြစ်လာတယ်ဆိုတာ လူတိုင်းသိကြပါသည်။ ၁၉၉၀ ပြည့်လွန်နှစ်များက နပခ၊ ရပခ စစ်နယ်မြေများအတွင်း စစ်တပ်ဆောက်လုပ်ရေးတွေကို ကန်ထရိုက်တာအဖြစ် ကော်မရှင်စား လုပ်ကိုင်ခဲ့တဲ့ ဦးချစ်ခိုင်ဟာ စစ်တပ်နဲ့ပေါင်းစားပြီး ၂၀၀၀ ပြည့်လွန်နှစ်များကစပြီး မက်ခရိုစီးပွားရေးလုပ်ငန်း ရှင်ကြီး ဖြစ်လာခဲ့ပါသည်။
ဒီလိုမျိုး စစ်တပ်နဲ့လုပ်ကိုင်စားသောက်နိုင်တာ ဘ၀အကျိုးပေးကောင်းတယ်လို့ ဆိုရပေမည်။ ဦးချစ်ခိုင်ဟာ ယခင် မဆလလက်ထက်က ဗိုလ်ချုပ်လှဦးရဲ့တူမနဲ့ယူပြီး၊ ဗိုလ်ချုပ်လှဦးရဲ့ အရှိန်အ၀ါနဲ့ စစ်တပ် ကိုသုံးဖို့ အခွင့်အရေး ရခဲ့ရသည်။
ဗိုလ်ချုပ်လှဦးဟာ လူတော်တစ်ဦးဖြစ်ပြီး ဦးခင်ညွှန့်(ဗိုလ်ချုပ်ကြီးဟောင်း)၊ ဦးအောင်တောင်း (စက်မှု(၁) ၀န်ကြီးဟောင်း)တို့ရဲ့ ဆရာဖြစ်ခဲ့ဖူးသည်။ ဒါ့ကြောင့် ဦးခင်ညွှန့်နှင့် ဦးအောင်တောင်းတို့ အာဏာစက် ပြင်းထန်နေချိန်မှာ ဦးလှဦးရဲ့ အထောက်အပံ့နဲ့ ဦးချစ်ခိုင်ကို မဟာအခွင့်အရေးများ ပေးခဲ့ပါသည်။ အထူးသဖြင့် ရှမ်းပြည်ဧရိယာ အတွင်းက စီးပွားရေး အခွင့်အလမ်းတွေကို ရရှိခဲ့ပြီး အေးသာယာ ဂေါက်ကွင်းနားကမြေကို အလကားနီးပါး ရရှိခဲ့လို့ ဂေါက်ကွင်းနဲ့ ဟိုတယ်လုပ်ကိုင်ခွင့်ကို နှစ်ရှည်လများ အခမဲ့ လုပ်ခွင့်ရခဲ့တယ်လို့ ဆိုရပေမည်။
အထူးသဖြင့် စစ်တပ် ဆောက်လုပ်ရေးလို့ခေါ်တဲ့ GE တပ်များက အဆောက်အဦး အကြီးအမား ဆောက်လုပ်ရေး အားလုံးကို ဦးချစ်ခိုင်ရဲ့ ဧဒင်ဆောက်လုပ်ရေးက ရရှိခဲ့ပြီး တည်ဆောက်ရေး ကုန်ကျငွေတွေကို သူတင်ပြသလောက် ခွင့်ပြု ချက်ရရှိအောင် လုပ်ဆောင်နိုင်ခဲ့သူဖြစ်ခဲ့ပါသည်။ ဒါ့ကြောင့် ဦးချစ်ခိုင်ရဲ့ ချမ်းသာပိုင်ဆိုင်မှု အားလုံးနီးပါးဟာ စစ်တပ်ကိုမှီခိုပြီး ရလာခြင်းဖြစ်ကြောင်း စီးပွားရေးသမားများက သတ်မှတ်ခဲ့ကြသည်။ စစ်တပ်ကြောင့် ချမ်းသာလာတဲ့ ဦးချစ်ခိုင်ဟာ ကျေးဇူးဆပ်တဲ့အနေနဲ့ စစ်တပ်ကလူကြီးများရဲ့ ကိုယ်ပိုင်အိမ်တွေကို တာဝန်ယူ ဆောက်လုပ် ပေးခဲ့ရပါသည်။
စစ်တပ်ကြောင့် သူဌေးကြီးဖြစ်လာတဲ့ ဦးချစ်ခိုင်ဟာ ၂၀၁၂ ခုနှစ်အထိ နေပြည်တော်က စစ်တပ်တည် ဆောက်လုပ်ရေး လုပ်ငန်းကြီးများကိုလည်း GEတပ်နဲ့ ပူးပေါင်းပြီး ယခုတိုင်ရရှိဆဲပါ။ ၂၀၁၂ ခုနှစ်အလွန် ကြံ့ဖွံ့အစိုးရရဲ့ ဘက်ဂျက်ခွဲတမ်းရ စစ်တပ်လုပ်ငန်းကြီးများ လျော့ကျလာချိန်မှာတော့ လူလည်ကြီး ဦးချစ်ခိုင်ဟာ စစ်တပ်နဲ့လမ်းခွဲဖို့ ခြေလှမ်းသစ်ကို စနေပြီလို့ ဆိုရပေတော့မည်။ သူရဲ့ခြေလှမ်းကတော့ နိုင်ငံရေးနယ်ပယ်ထဲက သူရဲ့မူလယုံကြည် ကိုးကွယ်ရာ တကယ့်မိခင် NLD ပါတီကြီးနဲ့ ပြန်လည်ပူးပေါင်းပြီး NLD အမတ်ဖြစ်ရေး လမ်းကြောင်းဖြစ်ပါသည်။
၁၉၈၈ အရေးအခင်းမှာ တကယ့် နိုင်ငံရေးသမားစစ်စစ် NLD ဦးချစ်ခိုင်ဟာ ၁၉၉၀ ပြည့်လွန်နှစ်များမှာ NLD ကိုလမ်းခွဲခဲ့ပြီး အဲဒီအချိန်တုန်းက အာဏာသုံးရပ်ကို ချုပ်ကိုင်ထားတဲ့ စစ်တပ်စီးပွားရေးကို ကူးပြောင်း ခဲ့သူဖြစ်ခဲ့ပါသည်။ ထိုစဉ်က နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ထောက်လှမ်းရေးရဲ့ စောင့်ကြည့်ခံရသူဖြစ်လို့ NLDနဲ့ ကင်းကင်းနေခဲ့ရသူလို့ ဆိုရပေမည်။ ဗိုလ်ချုပ်လှဦး မျက်နှာကြောင့် လုပ်ပိုင်ခွင့်ပေးရာမှ စစ်တပ်ရဲ့တည်ဆောက်ရေး လုပ်ငန်းကြီးများရဲ့ ၃ ပုံ ၂ ပုံကိုရရှိခဲ့ပြီး ကြီးပွားချမ်းသာလာခဲ့ခြင်းကို စီးပွားရေးနယ်ပယ်၊ စစ်တပ်နယ်ပယ် မှာ လူတိုင်းသိရှိကြပါသည်။
စစ်တပ်အတွင်းမှာ ဒုတပ်ချုပ် အရှိန်အ၀ါကိုသုံးခဲ့လို့ ရပခတိုင်းမှုး အဆက်ဆက်က ဦးချစ်ခိုင်ကို ရွံကြောက်ဖြစ်ခဲ့ရပြီး အခုချိန်မှာတော့ စစ်တပ်စီးပွားရေး နယ်ပယ်ကနေ ဆုတ်ခွာပြီး သူရဲ့မိခင်ရင်း NLD ရဲ့လှုပ်ရှားမှုများမှာ နောက်ကွယ်ကတက်ကြွစွာ ပံ့ပိုးလုပ်ကိုင်ပေးနေပါပြီ။ စစ်တပ်ရဲ့အရိပ်ရှိနေလို့ NLD ပါတီကို ရဲရဲဝံ့ဝံ့ မပူးပေါင်းသေးပေးမဲ့ သူယုံကြည်ခဲ့တဲ့နိုင်ငံရေးပါတီကြီးအတွက် အင်အားပြန်လည် တောင့်တင်းအောင် စစ်တပ်ကြောင့်ရရှိလာတဲ့ ငွေကြေးတွေကို အသုံးချတော့မည် ဖြစ်ပါသည်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဧရာဝတီတိုင်းစည်းရုံးရေး ခရီးစဉ်ကုန်ကျစရိတ် အားလုံးကို ဧရာဝတီတိုင်း ဆန်စပါး ထုတ်လုပ်ကြီးကြပ်ရေး ဥက္ကဌ ဦးချစ်ခိုင်က ထောက်ပံ့ပေးခဲ့မှု အပေါ် NLD CEC များက သတိထား ကြိုဆိုခဲ့ပါသည်။
ဒါ့ကြောင့် ဧဒင်ဥက္ကဌကြီးဟာ NLD နိုင်ငံရေးသမားအဖြစ် ၁၉၈၈ မှ ၁၉၉၀ ပြည့်နှစ်အထိ ရပ်တည်လှုပ်ရှားခဲ့ပြီး စစ်တပ်တန်ခိုးအာဏာ ကြီးထွားချိန်မှာ (၁၉၉၀ မှ ၂၀၁၁) NLD အနီရောင်မှ GE အစိမ်းရောင် ပြောင်းလဲခဲ့သူဖြစ်ကြောင်း Wikileaks မှတ်တမ်းများအရ သိရပါသည်။ ယခုအခါမှာတော့ အစိမ်းရောင် GE ကိုယ်စားလှယ်အဖြစ်မှ NLD အနီရောင်ကို ပြန်ပြောင်းတော့မဲ့ စီးပွားရေးအောင်မြင်သော နိုင်ငံရေးသမား စစ်စစ်ကြီးက NLD ပါတီဝင်များကို ဘယ်လို အသုံးချအုံးမလဲဆိုတာ စောင့်ကြည့်လျက် ရှိပါသည်။
ရွှေဓူဝံ
အရောင်ပြောင်းသော လူလည်ကြီးများ အပိုင်း (၂)
အမဲမှ အဖြူ သို့ ပြောင်းလဲလာသူ(သို့မဟုတ်) ခေတ်သစ် မူးယစ်ဘုရင် Steven Law ခေါ် ဦးထွန်းမြင့်နိုင်
http://www.demowaiyan.co.cc/2012/02/steven-law.html
http://www.demowaiyan.co.cc/2012/02/steven-law.html

၁၉၈၈ မတိုင်ခင်က အင်းစိန်၊လမ်းသစ်လမ်းထိပ်က ဧဒင်ဥယျာဉ် ဆိုတဲ့အရက်ဆိုင်လေးက ဦးချစ်ခိုင်ရဲ့ မူလပထမဆုံး စီးပွါးရေးပါ။ တရုတ်တွေပါ။ ၁၉၉၀ ရွေးကောက်ပွဲမတိုင်ခင်မှာ ဦးနုရဲ့ ဒီငြိမ်းမှာ အင်းစိန်မြို့ ရဲ့ စည်းရုံးရေးမှူးလား တာဝန်ခံလားမသိဘူး ၀င်လုပ်ပြီး အင်းစိန်ထောင်မှာခဏ ထိန်းသိမ်းခံရပြီး နောက်နောင်နိုင်ငံရေးမလုပ်တော့ပါဘူး၊စီးပွါးရေးဘဲလုပ်ပါ့မယ်ဆိုပြီး ဦးခင်ညွန့်ကို အာမဘန္တေခံပြီးပြန်ထွက်လာတာ။ သူ့သားအကြီးဆုံး ထွန်းထွန်းအောင် နဲ့ ကျွန်တော်က RIT batch အတူတူပါ။ လူလည်တရုတ်တွေအကြောင်းကို အင်းစိန်သား လူဟောင်းတွေ လူတိုင်းသိပါတယ်။ စုံစမ်းကြည့်ပါ။
ReplyDeleteရုပ်ကိုကြည့်သိပ်သိသာတယ်။
ReplyDeleteစိတ်ဓာတ်မမှန်တာနဲ့ အကျင့်မကောင်းမှန်း။
ဒီလို ပိုစ့်တင်ပေးတာ ကျေးဇူးပါ ဒီအတွက် သောက်မြင်ကပ်ခံရမှာတော့ ကြိမ်းသေတယ် အမှန်ကိုပြောပြတာပါ
ReplyDeleteအမှန်တကယ် နိုင်ငံရေးလုပ်တဲ့ သူအများစုက မွဲနေတာများတယ် မမွဲခံနိုင်မလားဗျာ နှစ်ပေါင်းများစွာ ဖိနှိပ်ခံရတယ် အစစ်အဆေး အမေးအမြန်း ခံရတယ် အချုပ်ရောက်လိုက် ထောင်ရောက်လိုက်နဲ့ ဘယ်မှာစီးပွါးရေး လုပ်နိုင်မှာလဲ တစ်ကယ် အခွင့်ရေးရမယ်ကြံတော့ ပြသနာကစပြီ စည်းရုံးရေးဆင်းမယ် ဘယ်မှာလဲ ပိုက်ဆံ ဘယ်မှာလဲငွေ ဟော အဲဒီတော့ စီးပွါးရေးသမား သာကူးတွေကို ကပ်ရပြီလေ ဒီကုန်ကျ စားရိတ်တွေကို သူတို့ဆီက အကူအညီတောင်းရပြီ တဖြည်းဖြည်းနဲ့ သာကူးတွေက များသထက်များလာ နေရာယူသထက်ယူလာ ကြတော့မယ်
အမှန်အကန်လုပ်ခဲ့တဲ့သူတွေက သူတို့ရဲ့ခိုင်းဖတ်ဖြစ်ရတော့မယ်လေ အဝေးဆုံးကိုရောက်တော့မယ် မြင်နေပါတယ် ဒီအခြေအနေတွေကို အဲဒီလိုဖြစ်ရတာတွေကလဲ အတော်ဖြည်ရှင်းရခက်ခဲပါတယ် ဥပမာ အနေနဲ့ မြို့တစ်မြို့ကို ဒေါ်စုလာလည်တယ်ထားအုံး ဘယ်မှာ ဧည့်ခံမလဲ ပြသနာက အဲဒီကစတော့တာပါဘဲ နိုင်ငံရေးထည်းမှာ စုံနှစ်လုပ်ခဲ့တဲ့ သူတွေအိမ်မှာ ဘယ်လိုဧည့်ခံမလဲ မွဲနေတဲ့သူတွေလေ သူတို့အိမ်မှာ ဧည့်ခံဖို့ မသင့်တော်ဘူး အဲတော့ သာကူးတွေရဲ့ တိုက်ကြီးတာကြီးတွေကို ကူပါအုံး ဆိုပြီး အကူအညီတောင်းရပြီ မခက်ပေဘူးလား
အဲဒီလို ပြသနာတွေကို အမျိုးသားဒီမိုကရေစီခေါင်းဆောင်ပိုင်း အနေနဲ့ ခေါင်းအေးအေးထားပြီး စဉ်းစားဖြည်ရှင်းပေးသင့်ပါတယ် အသွင်ကူးပြောင်းရေးအစပိုင်းကာလမှာ အဲဒီလို အဖြစ်မျိုးတွေ ဖြစ်လေ့ဖြစ်ထရှိ့တယ်ဆိုတာ သဘောပေါက်ပြီးသားပါ ဒါပေမဲ့ အစကောင်းမှ အနှောင်းသေချာဆိုတာတော့ သတိ့ချပ်သင့်ပါတယ်
အခုလို ဝေဘန်ရေးသားတာဟာ မည်သူတစ်ဦး တစ်ယောက်ကိုမျှ မရည်ရွယ်ပါ သွေးခွဲစကား ပြောဆိုခြင်းလဲ မဟုတ်ပါ စည်းရုံးရေးပျက်ပြားအောင် လုပ်ခြင်းလည်း မဟုတ်ပါ ပါတီတစ်ခုကို မည်သူ မဆိုပါဝင်ခွင့်ရှိပါတယ် မ၀င်ပါနဲ့လို့တားလို့မရဘူး ဆိုတာကိုလဲ သဘောပေါက်ပါတယ်
ယခုလို ခက်ခဲလှတဲ့ ပြသနာ ကိုဘယ်လိုဖြည်ရှင်းမလဲဆိုတာတော့ စောင့်ကြည့်ရအုံးမှာပါ အပြေလည်ဆုံးဖြည်ရှင်းပေးနိုင်ပါစေလို့ ဆုတောင်းပါတယ်
ဘယ်လိုအကြောင်းနဲ့ဘဲဖြစ်ဖြစ် ကျွန်တော်တို့ မြန်မာနိုင်ငံကြီး တိုးတက်ကြီးပွါးအောင်မြင် တာဘဲ လိုခြင်ပါတယ်
အပိုင်း (၁) မှသည် နောက်ထပ်ရှိနိုင်သမျှ အပိုင်းများ အားလုံးကို ဆက်လက် ရေးသားတင်ပြပေးဖို့ အားပေးတိုက်တွန်းပါတယ်။
ReplyDeleteချစ်ခိုင်လို နှစ်ဆယ်.တစ်ရာစု လူငယ်တွေ သဘောပေါက် သိသင့်တယ်၊ လုပ်သွားတာ ဘယ်လောက်လှလဲ၊
ReplyDeleteဗိုလ်ချုပ်အောင်ဆန်းလက်သစ်ပဲ၊ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို ဗိုလ်ချုပ် ဘယ်လိုယူသွားလဲ၊
ဂျပန်ငပုဆီမှာ စစ်သင်တန်းတက်တယ်၊ လက်နှက်လဲယူတယ်၊ စစ်စရိတ်လဲယူတယ်၊ ပြီးတော့ အင်္ဂလိပ်ကို
တိုက်တယ်၊ နောက်ပြီးတော့ ဂျပန်ကိုပြန်တိုက်တယ်၊ လိုချင်တဲ့ လွှတ်လပ်ရေးကိုလဲ ရအောင်ယူတယ်၊
ဘယ်လောက်ကောင်းတဲ့ ဦးနှောက်လဲ၊ (လာပါလာပါ အောင်ဆန်း၊ သွားပါသွားပါအောင်ဆန်း)လို့ ပြောစမှတ်တွင်ခဲ့တယ်၊ လူငယ်တွေ အားလုံး ဗိုလ်ချုပ်လက်သစ်များ ဖြစ်ပါစေ။
ဒီလိုပို့စ်လေး တင်ပေးတာ ကျေးဇူးတင်ပါတယ်...အဲ့ဒါမှလဲ ဒီလိုလူတွေ ရဲ့အကြောင်းကို သိရမှာပါ...
ReplyDeleteမနှိုင်းကောင်းတဲ့အရာဗျာ...ချစ်ခိုင်ကို ဗိုလ်ချုပ်အောင်ဆန်း နဲ့များ နှိုင်းရတယ်လို့။ ဗိုလ်ချုပ်အောင်ဆန်း အိမ်မှာမွေးတဲ့ ခွေးနဲ့တောင် မနှိုင်းသင့်ဘူး။ ချစ်ခိုင်လုပ်ရပ်တွေအားလုံး ဘယ်သူ့ကိုမှ စေါက်ကျိုးမပြုဘူး။ သူ့အတွက်သူလုပ်တာ။ အပေါ်က Anonymous ဆိုတဲ့ကောင်က ချစ်ခိုင်ရဲ့ မယားပါသားထင်တာဘဲ။
ReplyDeleteဟုတ်ပ.ချစ်ခိုင်ရဲ့.နှမပေးယောက်ဖဖြစ်မယ်.
ReplyDeletefuk ချစ်ခိုင်လို နှစ်ဆယ်.တစ်ရာစု လူငယ်တွေ သဘောပေါက် သိသင့်တယ်၊ လုပ်သွားတာ ဘယ်လောက်လှလဲ၊
ReplyDeletethu ka thu kg sar pho lote tar lay sauk yuu yai.nga tot bo goke ka thu kg sar pho lote tar ma hote bu khwe thar lay yai
သူ့ငွေတွေသုံးပြီး ဆန့်ကျင်ဘက်မလုပ်ရင်ဘဲ တော်တော်ဟုတ်နေပါပြီး။ ခုဟာက အကူအညီပေးတာဘဲ....အမေရိကန်မှာတောင် နိုင်ငံရေးသမားတွေက ဘီလျံနာတွေရဲ့ အားပေးထောက်ခံမှု ယူကြရတာဘဲလေ...
ReplyDeleteကေင်းပါတယ် ဒီမိုကရေစိဆီုအားလုံး ခံစါးခွင်ံ့ အားလုံးနဲ့ပတ်သက်တော့ ချန်မထားခဲ့ပါနဲ့
ReplyDeleteကမ္ဘာ့ နိုင်ငံရေး သံသရာမှာလည်း ဒီလိုဘဲ ကျင်လည်နေကြတာပါဘဲ။ အစွန်းနှစ်ဘက်ကို လွတ်အောင် ရှောင်နိုင်ဘို့ အရေးကြီးတယ်လို့ သုံးသပ်ပါတယ်။
ReplyDelete