ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၁၇)ရက်နေ့ နေ့လည်က ရန်ကုန်မှ သံတွဲသို့ ပျံသန်းလာတဲ့ ကမ္ဘောဇလေယာဉ်ဟာ ငပလီ မဇင်လေယာဉ်ကွင်း အရောက်မှာ လေယာဉ်ဘီးချတဲ့ စံနစ် ချွတ်ယွင်းမှုကြောင့် ဝမ်းဗိုက်နဲ့ ဆင်းသက်ပြီး ပြေးလမ်းဘေးက သဲပုံထဲကို ဆင်းသက်လိုက် ရပါတယ်...။
ပြေးလမ်းဘေး သဲပုံထဲ၌ ရပ်တန့်သွားစဉ်...
အကယ်၍ သဲပုံထဲမှာ ရပ်တန့် မသွားပဲ အရှိန်မထိန်းနိုင်ဘူး ဆိုရင်တော့ မြင်ရတဲ့ အတိုင်း လေဆိပ်ဘေးက ကျောက်ဆောင် ထူထပ်တဲ့ ပင်လယ်ထဲကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်..။ မတွေးဝံ့စရာပါပဲ...။ လေယာဉ်မှူးရဲ့ ကျွမ်းကျင်မှုကြောင့်လို့ ဆိုပါတယ်..။
အဆိုပါနေ့က နေ့လည် ၁နာရီခွဲမှာ သံတွဲမှ ရန်ကုန်သို့ စီးနင်းလိုက်ပါမည့် မျက်မြင် သက်သေ ခရီးသည်တဦးရဲ့ လေယာဉ်လက်မှတ်ကို ဖော်ပြလိုက်ရပါတယ်..။ မြန်မာပြည်သူတွေ ဘေးရန်အပေါင်းမှ ကင်းဝေးကြပါစေ...။
သတင်း၊ ဓာတ်ပုံ... ဒီမိုဝေယံ..





ပြည်သူတွေအားလုံးအေးချမ်းစွာဖြင့်လိုရာခရီးကိုရောက်နိုင်ကြပါစေဗျာ၊ယာဉ်တွေဆိုတာ၊ဝေဟင်၊မြေပြင်၊ရေပြင် အားလုံးမှာ ကောင်းမွန်နေဖို့လိုပါတယ်၊ဒါမှ ကောင်းမှာပေါ့လေ၊ကောင်းအောင်လုပ်ပေးကြပါ တာဝန်ရှိ သူ များခင်ဗျာ
ReplyDelete