(ကဗျာရှင် နေရဲနီ)
ပန်းမြတ်တော်ဝင်
သဇင်သည်လည်း
အမေ့ခေါင်းမှာပန်ခဲ့ပြီ။
ရဲ့ရင့်တည်ကြည်
နှင်းဆီနီလည်း
အမေ့ရင်ဝယ်ပွေ့ခဲ့ပြီ။
ပြည်သူကမ်းလင့်
အောင်ပွဲကိုကြို
သပြေညိုလည်း
အမေ့လက်သို့ရောက်ခဲ့ပြိ။
ချိုသာမိန့်ကြား
အမေ့စကားလည်း
ပြည်သူ့နားသို့ဝင်ခဲ့ပြိ။
အမေ့ဟန်ပန်
ညှိုးရော်ပြန်လည်း
အမေ့အသံ အားမာန်အပြည့်။
အာဏာရှင်ခေတ်
ဒုက္ခနွံနစ်
ဆင်းရဲတွင်းထက်
ရုန်းထွက်ဖို့ရာ
အမေ့စကား
ခွန်းချိုပျားသို့
ပြည်သူ့အတွက်
အားဆေးတစ်ခွက်။
စိတ်အားသန်သန်
ဇွဲမာန်မလျှော့
အရိုးကြေကြေ
အရေခမ်းခမ်း
ဖိနှိပ်မှုဒဏ်
အမေတွန်းလှန်ခဲ့။
ဘယ်လိုပမ်းပမ်း
ဘယ်လိုနွမ်းနွမ်း
ပြည်သူ့ရှေ့မှောက်
အမေရောက်သော်
အမေ့မျက်နှာ အပြုံးမပျက်။
အမေသည်ကား
ပြည်သူ့ရှေ့ဆောင်
ဗိုလ်မင်းရောင်မြေး
အောင်ဆန်းသွေးမို့
အာဇာနည်မျိုး သေရိုးမရှိ။
အမေ့ပီတိ ပြည်သူ့ပီတိ
အမေ့အပြုံး ပြည်သူ့အပြုံးတည့်။
ပြည်သူ့မျက်ရည် အမေ့မျက်ရည်
ပြည်သူ့ဒုက္ခ အမေ့ဒုက္ခတည့်။
အမေသည်ကား ပြည်သူ့အသက်
ပြည်သူသည်ကား အမေ့အတွက်။
နေရဲနီ



အင်မတန်ပြောင်မြောက်တဲ့လက်ရာမွန်ကဗျာတစ်ပုဒ်ကိုထပ်ပေးတဲ့အတွက်
ReplyDeleteကဗျာရှင်ဆရာနေရဲနီကိုအမေနှင့်ဒီမိုကရေစီဘက်တော်သားများကိုယ်စား
အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ
A Very good poem to pay tribute to Daw Aung San Su Kyi,the Mother of Our Country and Mother of Myanmar Democracy and all democratic politicians of Myanmar and the People of Myanmar.
ReplyDeleteThank you Sayar Nay Ye Ni
In Democracy, people can come out in streets asking government to hold general election in 6 months to let all released politicians to participate in the process: the Open Process and reform a new Hluttaw and a new government again.
ReplyDeleteDawei, Mandalay and Pathein people all can come out to Streets and asked.
This is how a democratic and a representative set-up of government and then the sanctions can be lifted.
Thank you for this poem.
ReplyDeleteဆရာရယ်ကြာလေကောင်းလေပါဘဲ။အလွန်တရာမှပီတိဖြစ်ရပါသည်။
ReplyDeleteအမေစုကို NLD ခေါင်းဆောင်တစ်ဦး အဖြစ်နဲ့သာမက အမျိုးသား
ReplyDeleteခေါင်းဆောင် (လူထုခေါင်းဆောင်) တစ်ဦးအဖြစ် ထားဝယ်ဒေသ
ခံတွေက အူလှိုက်သည်းလှိုက် ကြိုဆိုခဲ့ကြတာပါ…
ထားဝယ်လိုမြို့တွေ မြန်မာနိုင်ငံမှာ အများကြီးဖြစ်လာရင်တော့
တစ်နိုင်ငံလုံး ဒီမိုကရေစီ အရောင်တောက်ပြီပေါ့…
1947,July 19 လိုမဖြစ်အောင် ထားဝယ်သားတွေကတော့
29.01.2012 နေ့မှာ တာဝန်ကျေခဲ့ပြီ…