Pages

Sunday, February 19, 2012

ရွှေညဝါဆရာတော်ကြီး နောက်ဆုံးနေ့ ဆွမ်းခံကြွချီပွဲ၊ ပြည်သူတွေရဲ့ ကျမျက်ရည်များနဲ့ အာဏာပိုင်တွေရဲ့ နောက်ကွယ်မှ အကြပ်ကိုင် ဖိအားပေးနေမှုများ..

ယနေ့ ၁၈ရက်နေ့ ရွှေညဝါဆရာတော်ကြီးရဲ့ ၄ရက်မြောက် ဆွမ်းခံကြွချီပွဲနဲ့ ပြည်သူတွေကတော့ နေ့စဉ်ရက်ဆက် နှမြောသတနဲ့ ငိုကြွေးနေရတဲ့ မြင်ကွင်းဓာတ်ပုံတွေပါ..။
ဓာတ်ပုံ .. သတင်း.. ဒီမိုဝေယံ

မနက်ဖြန် ၁၉ရက်နေ့ မနက် ၈နာရီမှ စပြီးရွှေညဝါဆရာတော်ကြီး အနှစ်နှစ်အလလက ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ သာဓုပရိယတ္တိ စာသင်တိုက်မှ မှော်ဘီရှိ အလှူရှင်များ လှူဒါန်းထားတဲ့ ဥယျာဉ်ခြံမြေသို့ ပြောင်းရွှေ့ သီတင်းသုံးမှာ ဖြစ်ပါတယ်..။ ဆရာတော်ကြီးရဲ့ တပည့်ဒါယကာ၊ ဒါယကာမများနဲ့ အဖွဲ့အစည်းအသီးသီးမှ ဆရာတော်ကြီးရဲ့ သြဝါဒကို ခံယူပြီး ပူဇော်ကန်တော့ နှုတ်ဆက်ကြမှာ ဖြစ်သလို နေမကောင်းဖြစ်နေတဲ့ ကိုမင်းကိုနိုင် ကိုယ်တိုင် မကျန်းမာတဲ့ကြားက လာရောက်လိုက်ပါ နှုတ်ဆက် ပို့ဆောင်မှာ ဖြစ်ပါတယ်..။

ထိုသို့ ရွှေညဝါ ဆရာတော်ကြီးမှ မိမိအား မတရား အမိန့်ချမှတ်ထားသည့် အတိုင်း တလပြည့်သည့်နေ့မှာ ကျောင်းတိုက်မှ ထွက်ခွါပေးရန် ဆုံးဖြတ်ထားသည့်အတိုင်း ထွက်ခွါပေးမည် ဖြစ်သော်လည်း ပြောင်းရွှေ့နေထိုင် သီတင်းသုံးမယ့် မှော်ဘီရှိ ခြံမြေနေရာမှာတော့ ရောင်းချသူ မြေပိုင်ရှင်အား အာဏာပိုင်များမှ နည်းမျိုးစုံနဲ့ ယနေ့ (၃)ကြိမ်တိုင်တိုင် ခေါ်ယူဖိအားပေးနေကြောင်း သိရှိရပါတယ်...။

ကျောင်းမှထွက်ခွါမည့် ရွှေညဝါဆရာတော် သွားရောက်သီတင်းသုံး နေထိုင်မည့် မှော်ဘီရှိ ခြံမြေအား စအဖ ၂ဦးနှင့် ဆိုင်ကယ်စီး ရဲများ စုံစမ်းစစ်ဆေးပါသည်။ ခြံမြေအား ရောင်းထားသည့် ခြံပိုင်ရှင်အားလည်း ဘာကြောင့်ရောင်းတာလဲ ဘယ်လိုကြောင့် ရောင်းတာလဲ ဘယ်လို သက်ဆိုင်လဲ ၃ကြိမ်တိုင်တိုင် ဌာနဆိုင်ရာမှ ခေါ်ယူစစ်ဆေး နေပါသည်။

ယနေ့ ရွှေညဝါဆရာတော်အား ကျောင်းတိုက်မှ ဖယ်ရှားလိုခြင်းသည် မဟနလား၊ သာသနာအား ခုတုံးလုပ်ပြီး နောက်ကွယ်မှ ကြိုးကိုင်နေသော သက်ဆိုင်ရာ အာဏာပိုင်များလား ဆိုတာဘူးပေါ်သလို ပေါ်လာနေပါပြီ။ သာသနာကို ခုတုံးလုပ်ပြီး အာဏာပိုင် အဖွဲ့အစည်းတခုမှ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းဖြစ်သည်...။

ုယင်းကိစ္စအား မနက်ဖြန် ဆရာတော်မှ သက်ဆိုင်ရာ ဌာနဆိုင်ရာများအား ဖုန်းဆက် မေးမြန်းပါမည်..။  အဆိုပါ လာရောက် စုံစမ်းဖိအားပေး လုပ်ဆောင်ခြင်းကိစ္စအား သက်ဆိုင်ရာမှ တာဝန်ယူ ဆောင်ရွက်ပေးခြင်း မရှိဆိုလျှင်တော့ ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် ပြဿနာ အားလုံးသည် လှုပ်ရှားကြိုးကိုင် နေသူ သက်ဆိုင်ရာ အာဏာပိုင်များ၏ တာဝန်သာ ဖြစ်ပါကြောင်း...။

4 comments:

  1. ခွေးမသားလူယုတ်မာကောင်တွေ.
    တို့ပိုင်တဲ့ပြည်သူ့ငွေတွေမတရားခိုးစား.
    ဘုန်းကြီးသတ်.လူသတ်.ခိုးဆိုးလုယှက်.
    သသနာကိုလဲစော်ကား.သူခိုးစစ်တပ် ဒမြစစ်တပ်ကို
    ဒီအတိုင်းလက်ပိုက်ကြည့်မနေကြနဲ့.
    အရေးတော်ပုံစဖို့အချိန်တန်ပီ.ကျုပ်တို့တိုင်းပြည်တာလီဘန်သူပုန်အစီးခံနေရတယ်
    တာလီဘန်ထိပ်ပြောင်သိန်းစိန်.ဘာလုပ်နေတာလဲ.လူလိမ်..

    ReplyDelete
  2. စိတ်တော့မတောင်းဘူး။ ဒီခေတ်ကြီးမှာ ဘာကိုများဖုံးကွယ်ချင်နေတာလဲ။
    ဟုတ်လို့ကျော် ပုတ်လို့ပေါ်ဆိုတာ အမြဲမှန်တယ်လေ။
    ခုခေတ်မှာ ပိုမြန် ပိုသိ ပိုကျယ်ကျယ်ပြန့်ပြန့်ပြောနိုင်
    တင်ပြနိုင်ကြပြီလေ။ (အင်တာနက်ကတဆင့်ပေါ့ အဟီး သတင်းလွတ်လပ်ခွင့် မှ မရသေးတာ)

    ReplyDelete
  3. ပြောင်းလဲနေဘီဆိုတာဘာလဲ အာဏာရှင်စနစ်ကထင်ထင်ရှားရှားရှိနေသေးတယ်။၈၈တွေခေါင်းငုံ့ခံနေသလား။
    ပြည်သူတွေ ဦးပညာသီဟ နဲ့ ဦးဂမ္ဘီရ အရေးဟာအမျိုးသားရေး ဖြစ်ပါတယ်။ဒီမတရားဖိနှိပ်မှုဟာ ကိုယ့်ပေါ်ရောက်လာနိုင်ပါတယ်။

    ReplyDelete
  4. အမျိုးယုတ် ဘောင်းဘီဝတ်တွေရဲ့ ယုတ်မာပက်စက်မှုတွေက ဒီအချိန်ထိလိုက်ပြီး ဒုက္ခပေးနေတာပဲ
    စိတ်လိုက်မာန်ပါလုပ်ရင် ကျွန်ဘ၀ပြန်ရောက်သွားနိုင်တယ်၊ သတိတော့ထားကြပါ။
    ဒိလမ်းကြောင်းေ၇ာက်အောင် တွန်းပို့နေတယ်လို့ ယူဆ၇တာပဲ

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။