Pages

Sunday, February 12, 2012

ရင်ထဲ ဆို့နင့်စွာ ခံစားမိတဲ့ ဓာတ်ပုံလေး..

မနေ့က အမေစုရဲ့ ကော့မှူးပါတီစည်းရုံးရေး ခရီးစဉ်မှာ မိန့်ခွန်းဟောပြောစင်ရဲ့ နောက်ခံမှာ ဂုဏ်ယူဝင့်ကြွားစွာ ထားဖို့အတွက်. ဝါးသင်္ခရွာခံတွေရဲ့  ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဧရာမဗီနိုင်း ဓာတ်ပုံကြီးကို သယ်ဆောင်လာတဲ့ မြင်ကွင်းပါ..။

လမ်းလို့ဆိုသာရုံ ဖုန်ထူထူလမ်းတလျှောက် ထော်လာဂျီလေးပေါ်မှာ လူအပြည့်နဲ့ ဗိုလ်ချုပ်ပုံကို တင်ဆောင်လာတဲ့ မြင်ကွင်းကို မြင်ရတဲ့အခါ.. ကျွန်တော်တို့ ပြည်သူတွေ တာဝန်ကျေပုံ၊ တာဝန်သိတတ်ပုံ၊ ဘယ်ခေတ် ဘယ်အချိန်အခါခါအဖြစ်ဖြစ် နိုင်ငံရေး အသိစိတ်ဓာတ် အပြည့်ရှိနေပုံကို မြင်တွေ့ရတာ မျက်ရည်စို့မတတ်ပါ...။ ဒီလိုနေရာလေးမှာ ဗိုလ်ချုပ်ပုံ ကြီးကြီးမားမားကို မရရအောင်လုပ်၊ အဖွဲ့ချုပ်အလံကိုထောင် တောရွာလူထုနဲ့ ယနေ့ခေတ်အထိ လက်တွဲဖော် လော်စပီကာကို တင်လာပြီး ဘေးက စက်ဘီး၊ ဆိုင်ကယ်တွေ ခြံရံပြီး ဝန့်ကြွားထည်ဝါစွာ သယ်ဆောင်လာတာပါ။

နဝတ၊ နအဖခေတ် တလျှောက် ဘယ်လိုပင် နည်းမျိုးစုံနဲ့ ပိတ်ပင်၊ တားဆီး၊ ဖိနှိပ်ချုပ်ခြယ်  ဘယ်လောက်ပဲ မှိုင်းတိုက်ခဲ့ပေမယ့် ပြည်သူတွေရဲ့ ရင်တွင်းမှာ ဘာရှိနေသလဲဆိုတာ ဒီဓာတ်ပုံ မြင်ကွင်းတွေက သက်သေပါ..။ ကျွန်တော်တို့ ပြည်သူတွေ ယခင် ၁၉၉၀ကလည်း တာဝန်ကျေခဲ့သလို ယခုလည်း တာဝန်ကျေဆဲပါ...။

ဒီဓာတ်ပုံလေးတွေကို မြင်တွေ့လိုက်ရတဲ့ အတွက် ကော့မှူးမြို့နယ် ဝါးသင်္ခရွာသူ ရွာသားတွေနဲ့ အမေစု ပါတီစည်းရုံးရေး ခရီးစဉ်တလျှောက် ကြိုဆိုပို့ဆောင် ဆန္ဒတွေ ဖော်ထုတ် ထောက်ခံပြသခဲ့ပြီး အနယ်နယ်အရပ်ရပ်က တာဝန်ကျေခဲ့တဲ့ မြန်မာပြည်သူများအား လေးစားဦးညွှတ်အပ်ပါသည်...။

ဒီမိုဝေယံ
အမေစု မိန့်ခွန်းဟောပြောဖို့အတွက် ဒီလိုနေရာမှာ ဒီလိုခမ်းနားတဲ့ စင်မြင့်နဲ့ ဗိုလ်ချုပ်ပုံကို ခမ်းခမ်းနားနား ထည်ထည်ဝါဝါ ကြိုဆို ဂုဏ်ပြုလုပ်ဆောင်ပြခဲ့တာပါ..။
အမေစုကိုချစ်ကြတဲ့ သူတွေက အမေကို သူ့အဖေအရိပ်နှင့် နေအပူကို ကာပေးထားတာကို ကိုယ်တိုင်တွေ့ခဲ့ပါတယ်လို့ Facebook မှာလာရောက် ရေးသားပေးသွားပါတယ်..။
AP,Getty Images

5 comments:

  1. အမေစုအမှတ်တရ
    တပင်စံခ၀ါချပြီးမို့
    နာကြလိမ့်အသီးတွေ
    တွန့်လို့သာကြေ
    သာသာနာမောင်း
    ရှေ့ကဆောင်
    ဒေါင်တွေကအော်
    ဒေါင်အော်လျင်မနေသာ
    သူလာလိမ့်လေ
    သန်းခေါင်လကွယ်ကဆိုး
    ခြင်္သေ့မင်းတန်ခိုးကြွယ်လျင်
    တိုးလိုကွယ်ပျက်လိမ့်ဦးမည်
    ဂူအောင်းတဲ့ခင်ကြီးပျော်ရယ်
    သမီးတော်ကိုလွတ်လိုက်ပါဦး
    ဇာနီကြက်မသူတွန်လျင်
    ဇမ္ဘူတခွင်လင်းလိုမဆုံး
    ၁၁.၂.၂၀၁၂ မောင်သုန်

    ReplyDelete
  2. ရင်ထဲခံစားမိသလို ကော့မှုးသားတွေကို လေးစားပါတယ်
    ဒီဓာတ်ပုံလေး မြင်ရလို့ ရိုက်ကူသူကို ကျေးဇူးတင်ပါတယ်။

    ReplyDelete
  3. Congratulation to Kaw Mu People for their initiatives and political mindedness.

    ReplyDelete
  4. တိုင်းပြည်ကိုလိမ်ညာပြီးအုပ်ချုပ်ရမဲ့စနစ်ဆိုးကို အချိန်နဲ့တပြေးညီတွန်းလှန်ပစ်ဘို့ အချိန်တန်ပြီလေ။ အာဏဏာပိုင် အဖွဲ့အစည်းများအနေဖြင့် အမဲစက်အတင်ခံကာ သမိုင်းတင်ကျန်ရစ်ခဲ့ရင် မိမိအပြစ်ကိုနောင်တရလို့
    ဆုံးမှာမဟုတ်ဘူး။ သန်းရွေရဲ့ ခွေးပုံဝက်ပုံတွေဟာ အင်တာနက်ကနေဘယ်တော့မှပျောက်ကွယ်သွားတော့မှာမဟုတ်ပါဘူး ဒါတွေဟာသမိုင်းရဲ့ညစ်ပတ်လွန်းတဲ့ဆိုးကျိုး တွေလေ။ နောက်လူတွေ လူမသေခင် နာမည်မသေဘို့အင်မတန်အရေးပါတယ်ဆိုတာမမေ့ပါနဲ့ လက်ရှိအာဏာရထားတဲ့လူတွေကို အသိပေးပါစေ။

    ReplyDelete
  5. Nobody can lie to the "True History", Never and Ever!
    PERIOD!!!

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။